ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးကျည်ထိပြီး မြောက်ဦးမြို့နယ်က ဒေသခံ ၄ ဦးဒဏ်ရာရ

ပစ်ခတ်မှုတွေကြောင့် လက်နက်ကြီးကျည်ထိပြီး မြောက်ဦးမြို့နယ်က ဒေသခံ ၄ ဦးဒဏ်ရာရ မြောက်ဦး၊ မတ် ၈- ၂၀၂၀ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက၊ မြောက်ဦးမြို့နယ် မြောင်းဘွေတံတားအနီး ဒီကနေ့မနက် ၃ နာရီ ခွဲလောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဘူးတလုံးကျေးရွာက ဒေသခံ ၄ ဦးဒဏ်ရာရရှိသွားတာ ဖြစ်ပါတယ်။ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသူတွေမှာ မြောက်ဦးမြို့နယ်၊ ဘူးတလုံးကျေးရွာက ၃ ဦးနဲ့ ပေါက်တောပြင် မူဆလင်ကျေးရွာသား မြောက်ဦးမြို့နယ် မြောင်းဘွေတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဦးထွန်းလှိုင်တို့ဖြစ်ပြီး ဦးထွန်းလှိုင်မှာ ခါးနဲ့ လက်ကို လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ ” ကျနော်တို့က မနက်မိုးမလင်းမီ ၃ နာရီ မိနစ် ၄၀ လောက်ကတည်းက ပေါက်ကွဲသံတွေကြားပါတယ်။ ပေါက်ကွဲသံတွေက တဆက်တည်းဆိုသလို လက်နက်ကြီးလက်နက်ငယ်သံတွေ ကြားရတယ်။ ကျနော့်ကို ဘူးတလုံးရွာက မူဆလင်တွေ ဖုန်းဆက်လာတယ်။ ပထမဆုံးတစ်ယောက်ဖုန်းဆက်တာက…

Read More

မင်းလှမြို့နယ်က ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာကို တိုက်နယ်ဆေးရုံမှာ သီးသန့်ထားရှိ

မင်းလှမြို့နယ်က ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာကို တိုက်နယ်ဆေးရုံမှာ သီးသန့်ထားရှိ မင်းလှ၊ မတ်၈-၂၀၂၀ ဂျန်ကိုးလ် (VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လင်းကယ်တိုက်နယ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါသံသယရှိသူတစ်ဦးကို သီးသန့်ထားရှိပြီး စောင့်ကြည့်နေတယ်လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ကို ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။ ”ဆေးရုံကိုမေးကြည့်တော့ ရန်ကုန်ကိုစစ်ဆေးဖို့ပို့ထားတယ်တဲ့၊ မျက်မြင်အရတော့ လူနာအခြေအနေကောင်းတယ်ပြောတယ်။ ကျနော်တောင် ဆေးရုံကပြောလို့သိတာမဟုတ်ဘူး၊ တပ်က လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးပြောလို့ လှမ်းမေးရတာ၊ ဒီနေ့က အစည်းအဝေးလေ အလုပ်များတော့ တချို့ကိစ္စတန်းမသိရဘူး၊ ကျနော်တို့သိလို့ မေးရင်တော့ဖြေပါတယ်”လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးမောင်ကိုကပြောပါတယ်။ အဲ့ဒီလူနာဟာ မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စု၊ ဘွဲ့ကျေးရွာမှာနေထိုင်တဲ့ အသက်၄၂နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တရုတ်ပြည်နယ်၊ ကျန်ဖွန်မြို့ကနေ ဖေဖေါ်ဝါရီလ၂၁ရက်မှာ နေအိမ်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ မတ်လ၄ရက်နေ့မှာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း စတဲ့ဝေဒနာတွေကို ခံစားနေရတဲ့အတွက် မနေ့မတ်လ၇နေ့က လင်းကယ်တိုက်နယ်ဆေးရုံကို…

Read More

ရသေ့တောင်မှာ လက်နက်ကြီးကျပြီး ငစံဘော်ရွာက နေအိမ် ၄ လုံးပျက်စီးကာ ဒေသခံတွေထွက်ပြေး ရသေ့တောင်၊ မတ် ၈- ၂၀၂၀ ခိုင်းလင်းစံ (VOM) ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှာ ဒီကနေ့မနက် ၉ နာရီက လက်နက်ကြီးငယ်တွေကျရောက်ပြီး ကျေးရွာတွင်းရှိ နေအိမ် ၄ လုံးပျက်စီးသွားကာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ငစံဘော်ရွာဒေသခံတစ်ဦးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ ငစံဘော်ကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးပြောပြတာကတော့”သူတို့က ကျနော်တို့ရွာမှာ ဘာအကြောင်းအရာ ဘာအပြစ်မှမရှိဘဲ မနက် ၉ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်သွားတယ်။ သူတို့ဆိုတာက တပ်မတော်ကိုပြောတာပါ။ ရွာအလယ်က နေအိမ် ၅ လုံးလောက် ပြိုပျက်သွားတယ်။ ကျနော်တို့ရွာ မြောက်ဖက်က ရွာနားကကပ်ပြီးပစ်သွားတယ်။ ရွာထဲကိုမဝင်ခဲ့ဘူး။ ရွာက လူတွေမှာ ယောကျ်ားအများစုက ထွက်ပြေးတိမ်းရှောင်နေရတယ်။ အမျိုးသမီးတွေက ရွာဘုန်းကြီးကျောင်းမှာ ကျန်တဲ့လူတွေကျန်ခဲ့တယ်။” လို့ ပြောပါတယ်။ ကျေးရွာတွင်းက နေအိမ်တွေပျက်စီးသွားတဲ့အပြင်…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းကစက်ရုံတွေပိတ်တာကို အစိုးရအနေနဲ့ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းကစက်ရုံတွေပိတ်တာကို အစိုးရအနေနဲ့ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆို မန္တလေး၊ မတ် ၈-၂၀၂၀ ဖြူဖြူ(VOM) တရုတ်နိုင်ငံကနေ စတင်ဖြစ်ပေါ်လာတဲ့ COVID 19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းက စက်ရုံ၊အလုပ်ရုံတချို့ပိတ်သိမ်းတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ဖြေရှင်းပေးဖို့အတွက် ရာနဲ့ချီတဲ့အလုပ်သမားတွေစုပေါင်းကာ ဒီကနေ့မနက်ပိုင်းက မန္တလေးမြို့မှာဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ စက်ရုံတွေပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေအဟာ အခက်အခဲတွေကြုံရနိုင်တဲ့အတွက် အစိုးရအနေနဲ့ စိစစ်ဆောင်ရွက်ပေးဖို့နဲ့ ကူညီဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ “ဒီလိုတွေ ပိတ်တဲ့အတွက် အလုပ်ရှင်လည်းနစ်နာသလို ကျနော်တို့ အလုပ်သမားတွေလည်း နစ်နာပါတယ်။ အဓိကကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်။ဒီအလုပ်သမားတွေ အနေနဲ့ အလုပ်အကိုင်အာမခံချက်မရှိသလိုဖြစ်နေတယ်။”လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကပြောပါတယ်။ လက်ရှိကုန်ဈေးနှုန်းနဲ့ မီတာခနှုန်းထားတွေမြင့်လာပေမယ့် အနည်းဆုံးလုပ်ခလစာက ၄၈၀၀ ကျပ်သာဖြစ်နေသေးတဲ့အတွက် မလုံလောက်တာကြောင့် ဖူလုံတဲ့လုပ်ခလစာဖြစ်ရေး၊ တစ်နှစ်တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးဖို့ကိုလည်း အလုပ်သမားတွေက အဓိကထား တောင်းဆိုခဲ့ကြပါတယ်။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်(၁)အတွင်းရှိ…

Read More

ပလက်ဝဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားတဲ့အခြေအနေကိုရောက်နေ

ပလက်ဝဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားတဲ့အခြေအနေကိုရောက်နေ ပလက်ဝ၊ မတ် ၈-၂၀၂၀ Voice Of Myanmar ရခိုင်ပြည်နယ် နဲ့ချင်းပြည်နယ်အစပ်ဖြစ်တဲ့ ပလက်ဝမြို့ဒေသခံတွေဟာ အေအေနဲ့တပ်မတော်တို့ရဲ့တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး ဆိုးရွားတဲ့အခြေအနေကို ရောက်နေတယ်လို့ ပလက်ဝဒေသခံတွေကပြောပါတယ်။ “ခုအခြေအနေက အရမ်းဆိုးရွားတဲ့အခြေအနေပေါ့ဗျာ၊ ရခိုင်တပ်နဲ့ မြန်မာ့တပ်တိုက်ပွဲကြောင့် ဆက်သွယ်ရေးလမ်းကြောင်းပိတ်တော့ ဆန်ဆီမရဘူး။ ဆန်ဝယ်ရင် ဈေးက ၇ သောင်းကျော်ရှိတယ်၊ ဈေးပဲရှိတယ် ဝယ်လို့မရဘူး။ ထမင်းမစားဘဲနဲ့ တောင်းစားလူတွေ အငတ်ခံခဲ့ရသူတွေ ရှိတယ်။ ဆီရောင်းမယ့်နေရာလည်းမရှိ ၊ ငပိက တပိသာ ၅ထောင်ဖြစ်ပြီးမကောင်းဘူး။ ဆန်ကို ရွာထဲလိုက်ဝေတယ် ၄ဗူး ၅ဗူးလောက် ဒါကို မကုန်အောင်စားနေရတယ်။ ကိုယ့်အခင်းလေးက ထွက်တာနဲ့ ရှာစားရတယ်။ ဘယ်လိုဆက်ရှင်သန်ရမလဲမသိ၊ အထက်လူကြီးတွေက လုပ်ပေးမယ်မျှော်လင့်တယ်”လို့ ပလက်ဝမြို့နယ် မီးဇာရွာက ချင်းတိုင်းရင်းသားတဦးကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ပလက်ဝလွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်ကိုပြောပြတာကတော့ “ ရိက္ခာက ပြတ်တောက်နေတယ်၊ ကျောက်တော်နဲ့…

Read More

ဖားကန့်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရန် ပြင်ဆင်နေချိန် အမျိုးသမီးလူနာတဦး ထွက်ပြေး

ဖားကန့်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရန် ပြင်ဆင်နေချိန် အမျိုးသမီးလူနာတဦး ထွက်ပြေး ဖားကန့် -မတ်-၈-၂၀၂၀ ဇော်မိုးထက် (VOM ) ရွှေလီမြို့ကပြန်လာတဲ့ အမျိုးသမီးလူနာတဦးကို ဖားကန့်မြို့ ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ကုသပေးဖို့ ပြင်ဆင်နေချိန် လူနာအမျိုးသမီးဟာ မတ်လ ၇ ရက်မနေ့ညနေပိုင်းက ထွက်ပြေးသွားခဲ့ပါတယ်။ လူနာမှာ ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာမတွေ့ရပေမယ့် စောင့်ကြည့်လူနာအဖြစ် ထားရှိရန် ပြင်ဆင်နေတုန်း လူနာဟာ ထွက်ပြေးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ပြောပါတယ် ။ ” ဆေးရုံမှာ ဆရာဝန်ကြီးက အားလုံးစစ်ဆေးပြီးပြီ ။ဘာရောဂါလက္ခဏာမှ မရှိဘူး ။ ဒါပေမယ့် ရွှေလီက ပြန်လာတဲ့သူဆိုတော့ စောင့်တော့ကြည့်ရမယ်ဆိုပြီး သီးသန့်ခန်း ပြင်ဆင်နေချိန်မှာ ထွက်ပြေးသွားတယ် လို့ ပြောတာပဲဗျ ” လို့ဆိုပါတယ်။ ထွက်ပြေးသွားသူဟာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အပိုင်း(၃)မှာ နေတဲ့ အသက်…

Read More

လားရှိုးမှာ ရခိုင်က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးသေဆုံး

လားရှိုးမှာ ရခိုင်က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးသေဆုံး စစ်တွေ၊ မတ် ၈- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်လက္ခဏာတွေကြောင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့ပြည်သူ့ဆေးရုံမှာ မတ်လ ၅ ရက်နေ့က စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး သီးသန့်ထားကုနေတုန်း သေဆုံးသွားခဲ့ပါတယ်။ အဲဒီလူနာရဲ့သွေးကို ရန်ကုန်ပို့ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးကြည့်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့ရှိကြောင်းနဲ့ လူနာဟာ အခြားရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါနဲ့အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က လားရှိုးဆေးရုံတာဝန်ခံရဲ့ပြောကြားချက်ကို ကိုးကားပြောပါတယ်။ ” ကျနော် လားရှိူးဆေးရုံတာဝန်ခံကို မေးကြည့်တော့ အဲတစ်ယောက်က Negative ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ဘူး။ အဲဒီအမျိုးသားကဆုံးသွားတဲ့တစ်ယောက်ပါ။ သူမဆုံးခင်မှာ သွေးကိုနမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်သို့ ပို့ပြီးစစ်ခဲ့တယ်။ ပိုးလုံးဝမတွေ့ဘူး။ သူကဆုံးသွားပြီး။ သူ့မှာက တခြားဆီးချိုရောဂါနဲ့ အခြားရောဂါတွေကြောင့်ဆုံးသွားတာလို့ပြောတယ်။”…

Read More
VOM News

FREE
VIEW