မင်းလှမြို့နယ်က ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာကို တိုက်နယ်ဆေးရုံမှာ သီးသန့်ထားရှိ

မင်းလှမြို့နယ်က ကိုရိုနာဗိုင်းရပ်စ် သံသယရှိလူနာကို တိုက်နယ်ဆေးရုံမှာ သီးသန့်ထားရှိ

မင်းလှ၊ မတ်၈-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လင်းကယ်တိုက်နယ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါသံသယရှိသူတစ်ဦးကို သီးသန့်ထားရှိပြီး စောင့်ကြည့်နေတယ်လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ကို ဆက်သွယ်မေးမြန်းချက်အရ သိရပါတယ်။

”ဆေးရုံကိုမေးကြည့်တော့ ရန်ကုန်ကိုစစ်ဆေးဖို့ပို့ထားတယ်တဲ့၊ မျက်မြင်အရတော့ လူနာအခြေအနေကောင်းတယ်ပြောတယ်။ ကျနော်တောင် ဆေးရုံကပြောလို့သိတာမဟုတ်ဘူး၊ တပ်က လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးပြောလို့ လှမ်းမေးရတာ၊ ဒီနေ့က အစည်းအဝေးလေ အလုပ်များတော့ တချို့ကိစ္စတန်းမသိရဘူး၊ ကျနော်တို့သိလို့ မေးရင်တော့ဖြေပါတယ်”လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးမောင်ကိုကပြောပါတယ်။

အဲ့ဒီလူနာဟာ မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စု၊ ဘွဲ့ကျေးရွာမှာနေထိုင်တဲ့ အသက်၄၂နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တရုတ်ပြည်နယ်၊ ကျန်ဖွန်မြို့ကနေ ဖေဖေါ်ဝါရီလ၂၁ရက်မှာ နေအိမ်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

မတ်လ၄ရက်နေ့မှာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း စတဲ့ဝေဒနာတွေကို ခံစားနေရတဲ့အတွက် မနေ့မတ်လ၇နေ့က လင်းကယ်တိုက်နယ်ဆေးရုံကို လာရောက်ပြသခဲ့ရာ ဆေးရုံတာဝန်ရှိသူတွေက သီးသန့်ခွဲထားပြီး သံသယလူနာအဖြစ် စောင့်ကြည့်ကုသနေတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် Covid19ကူးစက်ရောဂါဟာ တရုတ်နိုင်ငံကနေစတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကမ္ဘာနိုင်ငံ(၈၉)နိုင်ငံကို ကူးစက်ဖြစ်ပွားနေကာ မြန်မာနိုင်ငံမှာကူးစက်ခံရသူမရှိသေးဘဲ သံသယစောင့်ကြည့်လူနာ ၆ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မနေ့မတ်လ(၇)ရက်နေ့ ရက်စွဲနဲ့ တရားဝင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #မင်းလှ #ကိုရိုနာဗိုင်းရပ်စ် #စောင့်ကြည့်လူနာ #သီးသန့်ထားရှိ

zawgyi

မင္းလွၿမိဳ႕နယ္က ကိုရိုနာဗိုင္းရပ္စ္ သံသယရွိလူနာကို တုိက္နယ္ေဆးရံုမွာ သီးသန္႔ထားရိွ

မင္းလွ၊ မတ္၈-၂၀၂၀
ဂ်န္ကိုးလ္ (VOM)

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ လင္းကယ္တိုက္နယ္ေဆး႐ုံမွာ ကိုရိုနာဗိုင္းရပ္စ္ Covid 19 ေရာဂါသံသယရိွသူတစ္ဦးကို သီးသန္႔ထားရိွၿပီး ေစာင့္ၾကည့္ေနတယ္လုိ႔ မင္းလွၿမိဳ႕နယ္ တုိင္းလႊတ္ေတာ္ကိုယ္စားလွယ္ကို ဆက္သြယ္ေမးျမန္းခ်က္အရ သိရပါတယ္။

”ေဆး႐ုံကိုေမးၾကည့္ေတာ့ ရန္ကုန္ကိုစစ္ေဆးဖို႔ပို႔ထားတယ္တဲ့၊ မ်က္ျမင္အရေတာ့ လူနာအေျခအေနေကာင္းတယ္ေျပာတယ္။ က်ေနာ္ေတာင္ ေဆး႐ုံကေျပာလို႔သိတာမဟုတ္ဘူး၊ တပ္က လႊတ္ေတာ္ကိုယ္စားလွယ္ဗိုလ္မႉးေျပာလို႔ လွမ္းေမးရတာ၊ ဒီေန႔က အစည္းအေဝးေလ အလုပ္မ်ားေတာ့ တခ်ိဳ႕ကိစၥတန္းမသိရဘူး၊ က်ေနာ္တို႔သိလို႔ ေမးရင္ေတာ့ေျဖပါတယ္”လို႔ မင္းလွၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္ကိုကေျပာပါတယ္။

အဲ့ဒီလူနာဟာ မင္းလွၿမိဳ႕နယ္၊ ဘြဲ႕ေက်း႐ြာအုပ္စု၊ ဘြဲ႕ေက်း႐ြာမွာေနထုိင္တဲ့ အသက္၄၂ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး တ႐ုတ္ျပည္နယ္၊ က်န္ဖြန္ၿမိဳ႕ကေန ေဖေဖၚဝါရီလ၂၁ရက္မွာ ေနအိမ္ကို ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။

မတ္လ၄ရက္ေန႔မွာ ကိုယ္ပူျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈၾကပ္ျခင္း၊ ႂကြက္သားမ်ားနာက်င္ျခင္း စတဲ့ေဝဒနာေတြကို ခံစားေနရတဲ့အတြက္ မေန႔မတ္လ၇ေန႔က လင္းကယ္တိုက္နယ္ေဆး႐ုံကို လာေရာက္ျပသခဲ့ရာ ေဆး႐ုံတာဝန္ရွိသူေတြက သီးသန္႔ခြဲထားၿပီး သံသယလူနာအျဖစ္ ေစာင့္ၾကည့္ကုသေနတာျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ Covid19ကူးစက္ေရာဂါဟာ တရုတ္ႏုိင္ငံကေနစတင္ျဖစ္ပြားခဲ့ၿပီး ယခုအခါ အိမ္နီးခ်င္းႏိုင္ငံေတြအပါအဝင္ ကမာၻႏိုင္ငံ(၈၉)ႏိုင္ငံကို ကူးစက္ျဖစ္ပြားေနကာ ျမန္မာႏိုင္ငံမွာကူးစက္ခံရသူမရိွေသးဘဲ သံသယေစာင့္ၾကည့္လူနာ ၆ဦးရိွတယ္လုိ႔ က်န္းမာေရးနွင့္အားကစားဝန္ႀကီးဌာနက မေန႔မတ္လ(၇)ရက္ေန႔ ရက္စြဲနဲ႔ တရားဝင္ထုတ္ျပန္ထားတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #မင္းလွ #ကိုရိုနာဗိုင္းရပ္စ္ #ေစာင့္ၾကည္႔လူနာ #သီးသန္႔ထားရိွ

Related posts

Leave a Comment

VOM News

FREE
VIEW