ရသေ့တောင်မှာ လက်နက်ကြီးကျပြီး ငစံဘော်ရွာက နေအိမ် ၄ လုံးပျက်စီးကာ ဒေသခံတွေထွက်ပြေး

ရသေ့တောင်၊ မတ် ၈- ၂၀၂၀
ခိုင်းလင်းစံ (VOM)

ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှာ ဒီကနေ့မနက် ၉ နာရီက လက်နက်ကြီးငယ်တွေကျရောက်ပြီး ကျေးရွာတွင်းရှိ နေအိမ် ၄ လုံးပျက်စီးသွားကာ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ငစံဘော်ရွာဒေသခံတစ်ဦးရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ငစံဘော်ကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးပြောပြတာကတော့”သူတို့က ကျနော်တို့ရွာမှာ ဘာအကြောင်းအရာ ဘာအပြစ်မှမရှိဘဲ မနက် ၉ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်သွားတယ်။ သူတို့ဆိုတာက တပ်မတော်ကိုပြောတာပါ။ ရွာအလယ်က နေအိမ် ၅ လုံးလောက် ပြိုပျက်သွားတယ်။ ကျနော်တို့ရွာ မြောက်ဖက်က ရွာနားကကပ်ပြီးပစ်သွားတယ်။ ရွာထဲကိုမဝင်ခဲ့ဘူး။ ရွာက လူတွေမှာ ယောကျ်ားအများစုက ထွက်ပြေးတိမ်းရှောင်နေရတယ်။ အမျိုးသမီးတွေက ရွာဘုန်းကြီးကျောင်းမှာ ကျန်တဲ့လူတွေကျန်ခဲ့တယ်။” လို့ ပြောပါတယ်။

ကျေးရွာတွင်းက နေအိမ်တွေပျက်စီးသွားတဲ့အပြင် ကျေးရွာအနီးက လယ်ကွင်းမြက်ခင်းတွေကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေပျက်စီးဆုံးရံှူးသွားတဲ့ အိမ်ပိုင်ရှင်တွေမှာ ဦးသန်းထွန်း၊ ဦးမောင်မောင်သိန်း၊ ဦးမောင်စိုးဝင်း၊ ဒေါ်လှယဉ်စိန် တို့ဖြစ်ပါတယ်။

ငစံဘော်ကျေးရွာ ဒေသခံတစ်ဦးက” ရွာအနီးက လယ်ကွင်း၊ ကွင်းပြင်တွေကိုလည်း အခုပဲ အကုန်လုံးမီးရှိူ့နေကြတယ်။ ကောက်ရိုးပုံတွေကိုလည်း အကုန်မီးတိုက်နေတယ်။ တဲကနေ အိမ်ကိုမသွင်းရသေးတဲ့ စပါးတွေကိုလည်း အကုန်မီးရှိူ့နေပါတယ်။” လို့ ပြောကြားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ရာ သူ့အနေနဲ့ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပွားတာရှိမရှိကို အတိအကျမသိသေးတာကြောင့် ကျေးရွာတွင်းသို့ ပစ်ခတ်မှုရှိမရှိကို မသိသေးကြောင်းနဲ့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကိုသာ ဆက်သွယ်ဖို့ ပြောကြားခဲ့ပြီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုမှုမရှိပါဘူး။

ဆက်လက်ပြီး အေအေပြန်ကြားရေးက ခိုင်သုခကိုဆက်သွယ်ခဲ့ရာ ” အဲဖက်မှာ မနေ့က တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ဒီနေ့က သေချာမသိရသေးဘူး။ နောက် ၁၀ မိနစ်လောက်မှပြန်ဆက်လိုက်ပါ။” လို့ ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ သောင်းဒရားကျေးရွာအပြင် အခြားနီးစပ်ရာရွာတွေကို ထွက်ပြေးနေကြရတယ်လို့ ရွာသစ်ကေကျေးရွာ ဒေသံတစ်ဦးက ပြောပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင် #လက်နက်ကြီးကျ #နေအိမ်ပျက်စီး #ဒေသခံတွေထွက်ပြေး

Zawgyi

ရေသ့ေတာင္မွာ လက္နက္ႀကီးက်ၿပီး ငစံေဘာ္ရြာက ေနအိမ္ ၄ လံုးပ်က္စီးကာ ေဒသခံေတြထြက္ေျပး

ရေသ့ေတာင္၊ မတ္ ၈- ၂၀၂၀
ခိုင္းလင္းစံ (VOM)

ရေသ့ေတာင္ၿမိဳ႕နယ္၊ ငစံေဘာ္ေက်းရြာမွာ ဒီကေန႔မနက္ ၉ နာရီက လက္နက္ႀကီးငယ္ေတြက်ေရာက္ၿပီး ေက်းရြာတြင္းရိွ ေနအိမ္ ၄ လံုးပ်က္စီးသြားကာ ေဒသခံေတြထြက္ေျပးတိမ္းေ႐ွာင္ေနၾကရတယ္လို႔ ငစံေဘာ္ရြာေဒသခံတစ္ဦးရဲ႕ သတင္းေပးပို႔ခ်က္အရ သိရပါတယ္။

ငစံေဘာ္ေက်းရြာက အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးေျပာျပတာကေတာ့”သူတို႔က က်ေနာ္တို႔ရြာမွာ ဘာအေၾကာင္းအရာ ဘာအျပစ္မွမ႐ွိဘဲ မနက္ ၉ နာရီေလာက္က လက္နက္ႀကီးေတြနဲ႔ ပစ္သြားတယ္။ သူတို႔ဆိုတာက တပ္မေတာ္ကိုေျပာတာပါ။ ရြာအလယ္က ေနအိမ္ ၅ လံုးေလာက္ ျပိဳပ်က္သြားတယ္။ က်ေနာ္တို႔ရြာ ေျမာက္ဖက္က ရြာနားကကပ္ၿပီးပစ္သြားတယ္။ ရြာထဲကိုမဝင္ခဲ့ဘူး။ ရြာက လူေတြမွာ ေယာက်္ားအမ်ားစုက ထြက္ေျပးတိမ္းေ႐ွာင္ေနရတယ္။ အမ်ိဳးသမီးေတြက ရြာဘုန္းႀကီးေက်ာင္းမွာ က်န္တဲ့လူေတြက်န္ခဲ႔တယ္။” လို႔ ေျပာပါတယ္။

ေက်းရြာတြင္းက ေနအိမ္ေတြပ်က္စီးသြားတဲ့အျပင္ ေက်းရြာအနီးက လယ္ကြင္းျမက္ခင္းေတြကိုလည္း မီးရိွဳ႕ေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

ေနအိမ္ေတြပ်က္စီးဆံုးရံႉးသြားတဲ႔ အိမ္ပိုင္႐ွင္ေတြမွာ ဦးသန္းထြန္း၊ ဦးေမာင္ေမာင္သိန္း၊ ဦးေမာင္စိုးဝင္း၊ ေဒၚလွယဥ္စိန္ တို႔ျဖစ္ပါတယ္။

ငစံေဘာ္ေက်းရြာ ေဒသခံတစ္ဦးက” ရြာအနီးက လယ္ကြင္း၊ ကြင္းျပင္ေတြကိုလည္း အခုပဲ အကုန္လံုးမီးရိႉ႕ေနၾကတယ္။ ေကာက္႐ိုးပံုေတြကိုလည္း အကုန္မီးတိုက္ေနတယ္။ တဲကေန အိမ္ကိုမသြင္းရေသးတဲ့ စပါးေတြကိုလည္း အကုန္မီးရိႉ႕ေနပါတယ္။” လို႔ ေျပာၾကားပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဖုန္းဆက္သြယ္ခဲ့ရာ သူ႔အေနနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္၊ ငစံေဘာ္ေက်းရြာဖက္မွာ တိုက္ပြဲျဖစ္ပြားတာ႐ွိမ႐ွိကို အတိအက်မသိေသးတာေၾကာင့္ ေက်းရြာတြင္းသို႔ ပစ္ခတ္မႈ႐ွိမ႐ွိကို မသိေသးေၾကာင္းနဲ႔ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကိုသာ ဆက္သြယ္ဖို႔ ေျပာၾကားခဲ့ၿပီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုမႈမ႐ွိပါဘူး။

ဆက္လက္ၿပီး ေအေအျပန္ၾကားေရးက ခိုင္သုခကိုဆက္သြယ္ခဲ့ရာ ” အဲဖက္မွာ မေန႔က တိုက္ပြဲျဖစ္တာေတာ့႐ွိတယ္။ ဒီေန႔က ေသခ်ာမသိရေသးဘူး။ ေနာက္ ၁၀ မိနစ္ေလာက္မွျပန္ဆက္လိုက္ပါ။” လို႔ ေျပာပါတယ္။

ထြက္ေျပးတိမ္းေ႐ွာင္ၾကတဲ့ ေဒသခံေတြဟာ ရေသ့ေတာင္ၿမိဳ႕ေပၚနဲ႔ ေသာင္းဒရားေက်းရြာအျပင္ အျခားနီးစပ္ရာရြာေတြကို ထြက္ေျပးေနၾကရတယ္လုိ႔ ရြာသစ္ေကေက်းရြာ ေဒသံတစ္ဦးက ေျပာပါတယ္။

#VOM #voiceofmyanmar #ရေသ့ေတာင္ #လက္နက္ႀကီးက် #ေနအိမ္ပ်က္စီး #ေဒသခံေတြထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW