ပလက်ဝဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားတဲ့အခြေအနေကိုရောက်နေ

ပလက်ဝဒေသခံတွေ စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားတဲ့အခြေအနေကိုရောက်နေ

ပလက်ဝ၊ မတ် ၈-၂၀၂၀
Voice Of Myanmar

ရခိုင်ပြည်နယ် နဲ့ချင်းပြည်နယ်အစပ်ဖြစ်တဲ့ ပလက်ဝမြို့ဒေသခံတွေဟာ အေအေနဲ့တပ်မတော်တို့ရဲ့တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး ဆိုးရွားတဲ့အခြေအနေကို ရောက်နေတယ်လို့ ပလက်ဝဒေသခံတွေကပြောပါတယ်။

“ခုအခြေအနေက အရမ်းဆိုးရွားတဲ့အခြေအနေပေါ့ဗျာ၊ ရခိုင်တပ်နဲ့ မြန်မာ့တပ်တိုက်ပွဲကြောင့် ဆက်သွယ်ရေးလမ်းကြောင်းပိတ်တော့ ဆန်ဆီမရဘူး။ ဆန်ဝယ်ရင် ဈေးက ၇ သောင်းကျော်ရှိတယ်၊ ဈေးပဲရှိတယ် ဝယ်လို့မရဘူး။ ထမင်းမစားဘဲနဲ့ တောင်းစားလူတွေ အငတ်ခံခဲ့ရသူတွေ ရှိတယ်။ ဆီရောင်းမယ့်နေရာလည်းမရှိ ၊ ငပိက တပိသာ ၅ထောင်ဖြစ်ပြီးမကောင်းဘူး။ ဆန်ကို ရွာထဲလိုက်ဝေတယ် ၄ဗူး ၅ဗူးလောက် ဒါကို မကုန်အောင်စားနေရတယ်။ ကိုယ့်အခင်းလေးက ထွက်တာနဲ့ ရှာစားရတယ်။ ဘယ်လိုဆက်ရှင်သန်ရမလဲမသိ၊ အထက်လူကြီးတွေက လုပ်ပေးမယ်မျှော်လင့်တယ်”လို့ ပလက်ဝမြို့နယ် မီးဇာရွာက ချင်းတိုင်းရင်းသားတဦးကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ပလက်ဝလွှတ်တော်ကိုယ်စားလှယ် ဦးစိန်အောင်ကိုပြောပြတာကတော့ “ ရိက္ခာက ပြတ်တောက်နေတယ်၊ ကျောက်တော်နဲ့ ပလက်၀ လိုင်းကားအဆက်အသွယ်ပြတ်နေတယ်၊ အသွားအလာမလုပ်ရဲတော့ဘူး။ ကြောက်နေကြတော့ တချို့ကဆို ဆန်ပြုတ်တောင်သောက်နေပြီ၊ အိန္ဒိယစီမံကိန်းရဲ့ တံခါးကိုလည်းမီးရှို့ထားတော့ သူတို့ကလည်း ပလက်ဝကို ဆန်မပို့ရဲဘူးဖြစ်နေတယ်။ ဒုက္ခရောက်နေကြတယ်”လို့ ပြောပါတယ်။

ချင်းပြည်နယ်အစိုးရနဲ့ လူကယ်ပြန်ကလည်း ပလက်ဝမြို့ကိုပိုဖို့အတွက် ဆန်အိတ် ၆၀၀ စီစဉ်ထားပေမယ့်လည်း အဲ့ဒီဆန်အိတ်တွေကို ပလက်ဝမြို့လာတဲ့လမ်းက မိုင်၃၀လောက်ဝေးတဲ့ မြို့တမြို့မှာ နှောက်ယှက်တာတွေပြုလုပ်တဲ့အတွက် ပလက်ဝမြို့ထဲကို လာပို့လို့မရတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ သိရပါတယ်။

“ မြစ်ချောင်းအတိုင်းလည်း လာလို့မရဘူး၊ ကားလမ်းလည်း လာလို့မရဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကတော့ ချင်းပြည်နယ်အစိုးရကို တင်ပြထားတယ်”လို့ ဦးစိန်အောင်က ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းကျော်နဲ့ ရွာပေါင်း ၉၈၀ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၁၈ရက်နေ့ကတည်းက ရိက္ခာပြတ်လပ်တာကို ဒေသခံတွေကခံစားနေရပြီး အခုတခေါက်ရိက္ခာပြတ်လပ်တာကတော့ ဆိုးရွားစွာတဲ့အခြေအနေကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#VOM #voiceofmyanmar #ပလက်ဝ #စားနပ်ရိက္ခာပြတ် #ဆိုးရွားတဲ့အခြေအနေ

Zawgyi

ပလက္ဝေဒသခံေတြ စားနပ္ရိကၡာျပတ္လပ္မွဳ ဆိုးရြားတဲ့အေျခအေနကိုေရာက္ေန

ပလက္ဝ၊ မတ္ ၈-၂၀၂၀
Voice Of Myanmar

ရခုုိင္ျပည္နယ္ နဲ႕ခ်င္းျပည္နယ္အစပ္ျဖစ္တဲ့ ပလက္ဝျမိဳ႕ေဒသခံေတြဟာ ေအေအနဲ႔တပ္မေတာ္တို႔ရဲ႕တိုက္ပြဲေတြေၾကာင့္ စားနပ္ရိကၡာျပတ္လပ္ေနၿပီး ဆုိးရြားတဲ့အေျခအေနကို ေရာက္ေနတယ္လုိ႔ ပလက္ဝေဒသခံေတြကေျပာပါတယ္။

“ခုုအေျခအေနက အရမ္းဆိုုးရြားတဲ႕အေျခအေနေပါ့ဗ်ာ၊ ရခိုုင္တပ္နဲ႕ ျမန္မာ့တပ္တုုိက္ပြဲေၾကာင့္ ဆက္သြယ္ေရးလမ္းေၾကာင္းပိတ္ေတာ့ ဆန္ဆီမရဘူး။ ဆန္ဝယ္ရင္ ေစ်းက ၇ ေသာင္းေက်ာ္ရွိတယ္၊ ေစ်းပဲရွိတယ္ ဝယ္လိုု႕မရဘူး။ ထမင္းမစားဘဲနဲ႕ ေတာင္းစားလူေတြ အငတ္ခံခဲ့ရသူေတြ ရွိတယ္။ ဆီေရာင္းမယ့္ေနရာလည္းမရွိ ၊ ငပိက တပိသာ ၅ေထာင္ျဖစ္ျပီးမေကာင္းဘူး။ ဆန္ကိုု ရြာထဲလုုိက္ေဝတယ္ ၄ဗူး ၅ဗူးေလာက္ ဒါကိုု မကုုန္ေအာင္စားေနရတယ္။ ကိုုယ့္အခင္းေလးက ထြက္တာနဲ႕ ရွာစားရတယ္။ ဘယ္လိုုဆက္ရွင္သန္ရမလဲမသိ၊ အထက္လူၾကီးေတြက လုုပ္ေပးမယ္ေမွ်ာ္လင့္တယ္”လိုု႕ ပလက္ဝၿမိဳ႕နယ္ မီးဇာရြာက ခ်င္းတုုိင္းရင္းသားတဦးကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပက္သက္ၿပီး ပလက္ဝလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ေအာင္ကိုေျပာျပတာကေတာ့ “ ရိကၡာက ျပတ္ေတာက္ေနတယ္၊ ေက်ာက္ေတာ္နဲ႔ ပလက္၀ လိုင္းကားအဆက္အသြယ္ျပတ္ေနတယ္၊ အသြားအလာမလုပ္ရဲေတာ့ဘူး။ ေၾကာက္ေနၾကေတာ့ တခ်ိဳ႕ကဆို ဆန္ျပဳတ္ေတာင္ေသာက္ေနၿပီ၊ အိႏၵိယစီမံကိန္းရဲ႕ တံခါးကိုလည္းမီးရႈိ႕ထားေတာ့ သူတို႔ကလည္း ပလက္၀ကို ဆန္မပို႔ရဲဘူးျဖစ္ေနတယ္။ ဒုကၡေရာက္ေနၾကတယ္”လုိ႔ ေျပာပါတယ္။

ခ်င္းျပည္နယ္အစိုးရနဲ႔ လူကယ္ျပန္ကလည္း ပလက္ဝၿမိဳ႕ကိုပိုဖို႔အတြက္ ဆန္အိတ္ ၆၀၀ စီစဥ္ထားေပမယ့္လည္း အဲ့ဒီဆန္အိတ္ေတြကို ပလက္၀ၿမိဳ႕လာတဲ့လမ္းက မိုင္၃၀ေလာက္ေဝးတဲ့ ၿမိဳ႕တၿမိဳ႕မွာ ေႏွာက္ယွက္တာေတြျပဳလုပ္တဲ့အတြက္ ပလက္ဝၿမိဳ႕ထဲကို လာပို႔လုိ႔မရတဲ့ အေျခအေနေတြျဖစ္ေနတယ္လုိ႔ သိရပါတယ္။

“ ျမစ္ေခ်ာင္းအတိုင္းလည္း လာလို႔မရဘူး၊ ကားလမ္းလည္း လာလို႔မရျဖစ္ေနတဲ့အတြက္ ကြၽန္ေတာ္တို႔ကေတာ့ ခ်င္းျပည္နယ္အစိုးရကို တင္ျပထားတယ္”လုိ႔ ဦးစိန္ေအာင္က ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္မွာ လူဦးေရ တစ္သိန္းေက်ာ္နဲ႔ ႐ြာေပါင္း ၉၈၀ရွိၿပီး ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ၁၈ရက္ေန႔ကတည္းက ရိကၡာျပတ္လပ္တာကို ေဒသခံေတြကခံစားေနရၿပီး အခုတေခါက္ရိကၡာျပတ္လပ္တာကေတာ့ ဆိုးရြားစြာတဲ့အေျခအေနကို ျဖစ္ပြားေနတယ္လုိ႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#VOM #voiceofmyanmar #ပလက္ဝ #စားနပ္ရိကၡာျပတ္ #ဆိုးရြားတဲ့အေျခအေန

 

Related posts

Leave a Comment

VOM News

FREE
VIEW