လားရှိုးမှာ ရခိုင်က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးသေဆုံး

လားရှိုးမှာ ရခိုင်က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦးသေဆုံး

စစ်တွေ၊ မတ် ၈- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်လက္ခဏာတွေကြောင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့ပြည်သူ့ဆေးရုံမှာ မတ်လ ၅ ရက်နေ့က စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ပြီး သီးသန့်ထားကုနေတုန်း သေဆုံးသွားခဲ့ပါတယ်။

အဲဒီလူနာရဲ့သွေးကို ရန်ကုန်ပို့ပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးကြည့်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုးမတွေ့ရှိကြောင်းနဲ့ လူနာဟာ အခြားရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါနဲ့အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က လားရှိုးဆေးရုံတာဝန်ခံရဲ့ပြောကြားချက်ကို ကိုးကားပြောပါတယ်။

” ကျနော် လားရှိူးဆေးရုံတာဝန်ခံကို မေးကြည့်တော့ အဲတစ်ယောက်က Negative ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့ဘူး။ အဲဒီအမျိုးသားကဆုံးသွားတဲ့တစ်ယောက်ပါ။ သူမဆုံးခင်မှာ သွေးကိုနမူနာယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်သို့ ပို့ပြီးစစ်ခဲ့တယ်။ ပိုးလုံးဝမတွေ့ဘူး။ သူကဆုံးသွားပြီး။ သူ့မှာက တခြားဆီးချိုရောဂါနဲ့ အခြားရောဂါတွေကြောင့်ဆုံးသွားတာလို့ပြောတယ်။” လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

လူနာဟာ မတ်လ ၅ ရက်နေ့ ညနေ ၈ နာရီ ၄၀ မိနစ်မှာ လားရှိူးပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ညနေ ၉ နာရီခွဲလောက်မှာ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာတာအပြင် နှလုံးကြီးတာ၊ နှလုံးကောင်းစွာအလုပ်မလုပ်မှု၊ သေသေချာချာကုသမထားရှိတဲ့ ဆီးချိုရောဂါနဲ့ အဆုတ်ရောင်ရောဂါတွေကြောင့် အဲ့ဒီနေ့မှာပင်သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သူဟာ မတ်လ ၅ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့ကနေ မန္တလေးမြို့သို့သွားစဉ်မှာ လားရှိုးမြို့သို့အရောက်မှာ အသက်ရှူကျပ်ပြီး မောလာတာကြောင့် လားရှိူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုအလားတူ စောင့်ကြည့်လူနာတဦး သေဆုံးမှု မန္တလေး ကန်တော်နဒီဆေးရုံမှာ မတ်လ ၆ ရက်နေ့ မနက်ကဖြစ်ခဲ့ပါသေးတယ။်

ကျမ္မာရေးဝန်ကြီးဌာနကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုတွေ့ရှိတယ်လို့ ထုတ်ပြန်တာ မရှိသေးတဲ့အတွက် ခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်နေဆဲဖြစ်ပါတယ်။

Photo – Google Map
#voiceofmyanmar #VOM #လားရှိုး #ရခိုင် #ကိုရိုနာဗိုင်းရပ်စ်

လား႐ႈိးမွာ ရခိုင္က ကို႐ိုနာဗိုင္းရပ္စ္ ေစာင္႔ၾကည့္လူနာတစ္ဦးေသဆံုး

စစ္ေတြ၊ မတ္ ၈- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္မွာ ေနထိုင္တဲ႔ အသက္ (၄၀) အရြယ္ အမ်ိဳးသားတစ္ဦးဟာ ကို႐ိုနာဗိုင္းရပ္လကၡဏာေတြေၾကာင့္ ႐ွမ္းျပည္နယ္၊ လား႐ိႈးၿမိဳ႕ျပည္သူ႔ေဆးရံုမွာ မတ္လ ၅ ရက္ေန႔က ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္ၿပီး သီးသန္႔ထားကုေနတုန္း ေသဆံုးသြားခဲ႕ပါတယ္။

အဲဒီလူနာရဲ႕ေသြးကို ရန္ကုန္ပို႔ၿပီး ဓာတ္ခြဲစမ္းသပ္စစ္ေဆးၾကည့္ရာ ကို႐ိုနာဗိုင္းရပ္စ္ပိုးမေတြ႔႐ွိေၾကာင္းနဲ႔ လူနာဟာ အျခားေရာဂါေတြျဖစ္တဲ႔ ဆီးခ်ိဳေရာဂါနဲ႔အဆုတ္ေရာင္ေရာဂါေၾကာင့္ ေသဆံုးသြားခဲ့တယ္လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္ပိုင္က လား႐ိႈးေဆးရံုတာဝန္ခံရဲ႕ေျပာၾကားခ်က္ကို ကိုးကားေျပာပါတယ္။

” က်ေနာ္ လားရိႉးေဆးရံုတာဝန္ခံကို ေမးၾကည့္ေတာ့ အဲတစ္ေယာက္က Negative ပါပဲ။ ကို႐ိုနာဗိုင္းရပ္စ္ပိုး မေတြ႔ဘူး။ အဲဒီအမ်ိဳးသားကဆံုးသြားတဲ႔တစ္ေယာက္ပါ။ သူမဆံုးခင္မွာ ေသြးကိုနမူနာယူၿပီး အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန ရန္ကုန္သို႔ ပို႔ၿပီးစစ္ခဲ့တယ္။ ပိုးလံုးဝမေတြ႔ဘူး။ သူကဆံုးသြားၿပီး။ သူ႔မွာက တျခားဆီးခ်ိဳေရာဂါနဲ႔ အျခားေရာဂါေတြေၾကာင္႔ဆံုးသြားတာလို႔ေျပာတယ္။” လို႔ ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

လူနာဟာ မတ္လ ၅ ရက္ေန႔ ညေန ၈ နာရီ ၄၀ မိနစ္မွာ လားရိႉးျပည္သူ႔ေဆးရံုသို႔ေရာက္႐ွိၿပီး ညေန ၉ နာရီခြဲေလာက္မွာ ေရာဂါအေျခအေန ပိုမိုဆိုးရြားလာတာအျပင္ ႏွလံုးႀကီးတာ၊ ႏွလံုးေကာင္းစြာအလုပ္မလုပ္မႈ၊ ေသေသခ်ာခ်ာကုသမထား႐ွိတဲ႔ ဆီးခ်ိဳေရာဂါနဲ႔ အဆုတ္ေရာင္ေရာဂါေတြေၾကာင့္ အဲ့ဒီေန႔မွာပင္ေသဆံုးသြားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

သူဟာ မတ္လ ၅ ရက္ေန႔က တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ေရႊလီၿမိဳ႕ကေန မႏၱေလးၿမိဳ႕သို႔သြားစဥ္မွာ လား႐ိႈးၿမိဳ႕သို႔အေရာက္မွာ အသက္ရႉက်ပ္ၿပီး ေမာလာတာေၾကာင့္ လားရိႉးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒီလိုအလားတူ ေစာင့္ၾကည့္လူနာတဦး ေသဆံုးမွဳ မႏၱေလး ကန္ေတာ္နဒီေဆးရံုမွာ မတ္လ ၆ ရက္ေန႕ မနက္ကျဖစ္ခဲ႕ပါေသးတယ။္

က်မၼာေရးဝန္ၾကီးဌာနကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး အတည္ျပဳေတြ႔႐ွိတယ္လို႕ ထုတ္ျပန္တာ မရွိေသးတဲ႕အတြက္ ခုခ်ိန္ထိ ကိုရိုနာဗိုင္းရပ္စ္ ကင္းစင္ေနဆဲျဖစ္ပါတယ္။

Photo – Google Map
#voiceofmyanmar #VOM #လားရွိဳး #ရခိုင္ #ကိုရိုုနာဗိုင္းရပ္စ္

Related posts

Leave a Comment

VOM News

FREE
VIEW