ကျောက်တွင်းပြိုကျလို့ ပိတ်မိနေသူနှစ်ဦးဟာ တရားမဝင်ကျောက်တူးသူတွေဖြစ်နေ

ကျောက်တွင်းပြိုကျလို့ ပိတ်မိနေသူနှစ်ဦးဟာ တရားမဝင်ကျောက်တူးသူတွေဖြစ်နေ

မန္တလေး မတ် ၁၃၊ ၂၀၂၀
ဖြူဖြူ(VOM)

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်တွင်းပြိုကျကာ ပိတ်မိနေတဲ့လူနှစ်ဦးကို ဆက်လက်ရှာဖွေတူးဖော်ဖို့ လုပ်ဆောင်ရန်သင့်မသင့်ကို ဒီကနေ့ညနေပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ မိုးကုတ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်ကပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မြေမဲဒေသမှာ မတ်လ ၇ရက်နေ့က ငလျင်ကြောင့် ကျောက်တွင်းဟောင်းတစ်ခုပြိုကျခဲ့ပြီး အသက် ၆၀ အရွယ်နဲ့ ၄၀ အရွယ်အမျိုးသားနှစ်ဦးတို့ ပိတ်မိနေခဲ့တာပါ။

မိုးကုတ်မြို့နယ်ရှိ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေဟာ ကျောက်တွင်းပြိုကျတဲ့ နေ့ကတည်းက ရှာဖွေကယ်ဆယ်မှုတွေ ဆောင်ရွက်နေကြပေမယ့် အန္တရယ်ရှိအနေအထားဖြစ်တာကြောင့် ရပ်နားခဲ့ပြီး ဒီနေ့ မတ်လ ၁၃ ရက်မှာတော့ ဆက်လက်လုပ်ဆောင်ဖို့သင့်မသင့် စစ်ဆေးနိုင်ဖို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးနဲ့ အဖွဲ့ဟာ သွားရောက်စစ်ဆေးနေကြပြီလို့ သိရပါတယ်။

“တွင်းကအဟောင်းဖြစ်တဲ့အတွက် ပြိုကျနိုင်တယ်။ အန္တရာယ်ရှိတဲ့အတွက် ပြန်စိစစ်ရမှာပေါ့။ အဲဒီသတင်းအချက်အလက် ရယူရမယ်။ ကျင်းအခြေအနေကို စစ်ဆေးမယ်။ အဲဒီကနေ သုံးသပ်ချက်ထုတ်ရမှာပေါ့။”လို့ မန္တလေးတိုင်းမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ အန္တရာယ်မဖြစ်ရေးနဲ့ ဆက်လက်လုပ်ဆောင်ဖို့သင့်ပါက ကယ်ဆယ်ရေးတပ်ဖွဲ့တွေအတွက် အထောက်အကူဖြစ်မယ့် စက်ပစ္စည်းတွေနဲ့ အောက်စီဂျင်ဗူးတွေကို ပေးအပ်ခဲ့မှာဖြစ်တယ်လို့ ပြောပါတယ်။

မိုးကုတ်မြို့ရဲ့ အဓိကစီးပွားရေးဟာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းဖြစ်ပြီး ဒေသခံတွေကတော့ တစ်နိုင်တစ်ပိုင် လက်လုပ်လက်စားတွေများတယ်လို့ ဒေသခံတွေက သိရပါတယ်။

ပြိုကျမှုဖြစ်ခဲ့တဲ့ ကျောက်တွင်းအမှတ် (၃)ဟာ ပေ ၃၀၀ ကျော်အနက်ရှိပြီး တူးဖော်ခွင့်မပြုထားတဲ့ ကျောက်တွင်းဖြစ်ကာ အခုပိတ်မိသူတွေဟာ တရားမဝင်တူးဖော်ခဲ့ကြတာလို့ သိရပါတယ်။

“ငါ့ဝမ်းပူဆာမနေသာ ဆိုသလိုပဲ ဒါတွေက အရင်ကတည်းကတော့ ဖြစ်နေတာပဲ။ ဥပဒေအမြန်ဆုံးကျမှသာလျှင် ဆိုလိုတာက တရားဝင်လုပ်ပိုင်ခွင့်လေး ချပေးမှသာ ဒါတွေ လျော့ပါးသွားမယ်လို့ ယုံကြည်ပါတယ်။ တရားဝင်ချပေးဖို့ကလည်း ဥပဒေချုပ်ရုံးမှာ သူတို့ လေ့လာတာက ရက် ၉၀ မကတော့ဘူး။ ခုထိကျမလာသေးဘူး၊ အဲတော့ ခက်ပါတယ်။” လို့ မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်ကပြောပါတယ်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အတည်ပြုထုတ်ပြန်ခဲ့ပြီး လက်ရှိမှာ နည်းဥပဒေထွက်ရှိရေး လုပ်ဆောင်နေတာလို့ သိရပါတယ်။

အဲဒီနည်းဥပဒေထွက်ရှိလာမှာသာ အသေးစား အလတ်စား ကျောက်မျက်လုပ်ကွက်တွေ ချထားပေးနိုင်မှာဖြစ်ပြီး တရားမဝင်တူးဖော်လုပ်ကိုင်မှုတွေ လျော့နည်းနိုင်မှာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မိုးကုတ် #ငလျင် #ကျောက်တွင်းပြိုကျ #ပိတ်မိသူနှစ်ဦး #တရားမဝင်

Zawgyi

ေက်ာက္တြင္းၿပိဳက်လုိ႔ ပိတ္မိေနသူႏွစ္ဦးဟာ တရားမဝင္ေက်ာက္တူးသူေတြျဖစ္ေန

မႏၲေလး မတ္ ၁၃၊ ၂၀၂၀
ျဖဴျဖဴ(VOM)

မိုးကုတ္ၿမိိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေက်ာက္တြင္းၿပိဳက်ကာ ပိတ္မိေနတဲ့လူႏွစ္ဦးကို ဆက္လက္ရွာေဖြတူးေဖာ္ဖို႔ လုပ္ေဆာင္ရန္သင့္မသင့္ကို ဒီကေန႔ညေနပိုင္းမွာ ဆုံးျဖတ္သြားမယ္လို႔ မိုးကုတ္ၿမိဳ႕နယ္မဲဆႏၵနယ္ အမွတ္(၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေသာင္းတင္ကေျပာပါတယ္။

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕နယ္၊ ေျမမဲေဒသမွာ မတ္လ ၇ရက္ေန႔က ငလ်င္ေၾကာင့္ ေက်ာက္တြင္းေဟာင္းတစ္ခုၿပိဳက်ခဲ့ၿပီး အသက္ ၆၀ အ႐ြယ္နဲ႔ ၄၀ အ႐ြယ္အမ်ိဳးသားႏွစ္ဦးတို႔ ပိတ္မိေနခဲ့တာပါ။

မိုးကုတ္ၿမိဳ႕နယ္ရွိ မီးသတ္တပ္ဖြဲ႕ေတြနဲ႔ ေဒသခံေတြဟာ ေက်ာက္တြင္းၿပိဳက်တဲ့ ေန႔ကတည္းက ရွာေဖြကယ္ဆယ္မႈေတြ ေဆာင္႐ြက္ေနၾကေပမယ့္ အႏၲရယ္ရွိအေနအထားျဖစ္တာေၾကာင့္ ရပ္နားခဲ့ၿပီး ဒီေန႔ မတ္လ ၁၃ ရက္မွာေတာ့ ဆက္လက္လုပ္ေဆာင္ဖို႔သင့္မသင့္ စစ္ေဆးႏိုင္ဖို႔ မႏၲေလးတိုင္းမီးသတ္ဦးစီးဌာန ညြန္ၾကားေရးမွဴးနဲ႔ အဖြဲ႕ဟာ သြားေရာက္စစ္ေဆးေနၾကၿပီလို႔ သိရပါတယ္။

“တြင္းကအေဟာင္းျဖစ္တဲ့အတြက္ ၿပိဳက်ႏိုင္တယ္။ အႏၲရာယ္ရွိတဲ့အတြက္ ျပန္စိစစ္ရမွာေပါ့။ အဲဒီသတင္းအခ်က္အလက္ ရယူရမယ္။ က်င္းအေျခအေနကို စစ္ေဆးမယ္။ အဲဒီကေန သုံးသပ္ခ်က္ထုတ္ရမွာေပါ့။”လို႔ မႏၱေလးတိုင္းမီးသတ္ဦးစီးမႉး ဦးသန္းေဇာ္ဦးက ေျပာပါတယ္။

ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြ အႏၲရာယ္မျဖစ္ေရးနဲ႔ ဆက္လက္လုပ္ေဆာင္ဖို႔သင့္ပါက ကယ္ဆယ္ေရးတပ္ဖြဲ႕ေတြအတြက္ အေထာက္အကူျဖစ္မယ့္ စက္ပစၥည္းေတြနဲ႔ ေအာက္စီဂ်င္ဗူးေတြကို ေပးအပ္ခဲ့မွာျဖစ္တယ္လို႔ ေျပာပါတယ္။

မိုးကုတ္ၿမိဳ႕ရဲ႕ အဓိကစီးပြားေရးဟာ ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းျဖစ္ၿပီး ေဒသခံေတြကေတာ့ တစ္ႏိုင္တစ္ပိုင္ လက္လုပ္လက္စားေတြမ်ားတယ္လို႔ ေဒသခံေတြက သိရပါတယ္။

ၿပိဳက်မႈျဖစ္ခဲ့တဲ့ ေက်ာက္တြင္းအမွတ္ (၃)ဟာ ေပ ၃၀၀ ေက်ာ္အနက္ရွိၿပီး တူးေဖာ္ခြင့္မျပဳထားတဲ့ ေက်ာက္တြင္းျဖစ္ကာ အခုပိတ္မိသူေတြဟာ တရားမဝင္တူးေဖာ္ခဲ့ၾကတာလို႔ သိရပါတယ္။

“ငါ့ဝမ္းပူဆာမေနသာ ဆိုသလိုပဲ ဒါေတြက အရင္ကတည္းကေတာ့ ျဖစ္ေနတာပဲ။ ဥပေဒအျမန္ဆုံးက်မွသာလွ်င္ ဆိုလိုတာက တရားဝင္လုပ္ပိုင္ခြင့္ေလး ခ်ေပးမွသာ ဒါေတြ ေလ်ာ့ပါးသြားမယ္လို႔ ယုံၾကည္ပါတယ္။ တရားဝင္ခ်ေပးဖို႔ကလည္း ဥပေဒခ်ဳပ္႐ုံးမွာ သူတို႔ ေလ့လာတာက ရက္ ၉၀ မကေတာ့ဘူး။ ခုထိက်မလာေသးဘူး၊ အဲေတာ့ ခက္ပါတယ္။” လို႔ မိုးကုတ္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာေသာင္းတင္ကေျပာပါတယ္။

ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒကို ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလက အတည္ျပဳထုတ္ျပန္ခဲ့ၿပီး လက္ရွိမွာ နည္းဥပေဒထြက္ရွိေရး လုပ္ေဆာင္ေနတာလို႔ သိရပါတယ္။

အဲဒီနည္းဥပေဒထြက္ရွိလာမွာသာ အေသးစား အလတ္စား ေက်ာက္မ်က္လုပ္ကြက္ေတြ ခ်ထားေပးႏိုင္မွာျဖစ္ၿပီး တရားမဝင္တူးေဖာ္လုပ္ကိုင္မႈေတြ ေလ်ာ့နည္းႏိုင္မွာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မိုးကုတ္ #ငလ်င္ #ေက်ာက္တြင္းၿပိဳက် #ပိတ္မိသူႏွစ္ဦး #တရားမဝင္

Related posts

Leave a Comment

VOM News

FREE
VIEW