ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ကျပြီး တိမ်ညိုက စစ်ဘေးရှောင် ၁၂ ဦးဒဏ်ရာရ

ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ကျပြီး တိမ်ညိုက စစ်ဘေးရှောင် ၁၂ ဦးဒဏ်ရာရ မြောက်ဦး၊ မတ် ၁၃- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီလောက်က တပ်မတော်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုတွေဖြစ်ပွားတဲ့အတွက် တိမ်ညိုစစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၁၂ ဦးဒဏ်ရာရရှိသွားတယ်လို့ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးပြောပါတယ်။ ဒီပစ်ခတ်မှုထဲမှာ ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးရှိပြီး တိမ်ညိုဆေးရုံအတွင်းက လည်ပင်းကျည်ဖောက်ဒဏ်ရာရရှိတဲ့ အမျိုးသမီးလူနာစောင့်တစ်ဦးပါဝင်ပြီး ဒဏ်ရာပြင်းထန်တဲ့သူတွေဟာ စစ်တွေဆေးရုံကိုရောက်နေပြီလို့လည်း သိရပါတယ်။ ယခုပစ်ခတ်မှုဟာ ဒီကနေ့မနက် ၅ နာရီလောက်က တိမ်ညိုကျေးရွာနဲ့ ၁ မိုင်ခန့်အကွာမှာ တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ” လက်နက်ငယ်ရော၊ လက်နက်ကြီးပါပစ်ခဲ့တာ။ မနက်မိုးလင်းအာရုံ ၅ နာရီလောက်မှာ တပ်မတော်ကနေပြီး ကားတန်းနဲ့လာတယ်။ တိမ်ညိုကိုမရောက်မီ ၁ မိုင်ကျော်လောက်အကွာမှာ မိုင်းဆွဲခံရတယ်လို့ကြားတယ်။ အဲဒီကနေပြီး ဆက်တိုက်ပစ်လာတာ…

Read More

ထီးချိုင့်ပြည်သူ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦး ဆေးဝါးကုသမှုခံယူနေ

ထီးချိုင့်ပြည်သူ့ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၂ ဦး ဆေးဝါးကုသမှုခံယူနေ ထီးချိုင့် မတ် ၁၃ -၂၀၂၀ မောင်တာရာ(VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပြည်သူဆေးရုံကြီးမှာ ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာ ၂ ဦးကို သီးခြားဆောင်မှာ ထားရှိပြီး ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်ကပြောပါတယ်။ ထီးချိုင့်မြို့နယ်အတွင်းရှိ ရွာတစ်ရွာက အသက်(၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့၂ နှစ်ခန့်က ခင်ပွန်းဖြစ်သူနဲ့အတူ တရုတ်နိုင်ငံ ဝေ့ဝမ်းမြို့ကို သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၂၀ မတ်လ ၆ ရက်နေ့မှာ ဇာတိရပ်ရွာသို့ ပြန်လာခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့၊မနက်ပိုင်းမှာတော့ မမိုးမိုးစံဟာ နေမကောင်းဖြစ်တဲ့အတွက် ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံကို ပြသရာမှာ ကိုယ်အပူချိန် ၉၉ဒီဂရီ ရှိနေတဲ့အတွက် ထီးချိုင့်မြို့နယ် ပြည်သူ့ဆေးရုံက COVID- 19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအဖွဲ့ကနေ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု ရှိ/မရှိ…

Read More

ရွှေစက်တော်ဘုရားပွဲဈေးက လက်လုပ်လက်စားဈေးသည်များနဲ့ လုပ်ငန်းရှင်များအတွက် စပေါ်ငွေ တဝက်ပြန်အမ်းဖို့စီစဉ်နေ

ရွှေစက်တော်ဘုရားပွဲဈေးက လက်လုပ်လက်စားဈေးသည်များနဲ့ လုပ်ငန်းရှင်များအတွက် စပေါ်ငွေ တဝက်ပြန်အမ်းဖို့စီစဉ်နေ မကွေး၊ မတ် ၁၃ -၂၀၂၀ ဂျန်ကိုးလ် (VOM) ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရေးအတွက် ရွှေစက်တော်ဘုရားပွဲတော် ကို မတ်၁၃ရက်က စပြီး ပိတ်သိမ်းမှာ ဖြစ်တဲ့အတွက် ဘုရားပွဲအမှီပြု လုပ်ငန်းရှင်တွေရဲ့ စဘော်ငွေကို တစ်ဝက်ပြန်ပေးမယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ”ဒီ‌နေ့အစည်းအ‌ဝေးမှာ မကွေးတိုင်းမှာ ဘာပွဲလမ်းသဘင်မှ လုပ်ခွင့်မပေးဘူး။ ဘုရားပွဲမှာ တဲကျောင်းဆောက်ဖို့တို့ ဘာတို့ စပေါ်တင်ထားတာရှိတယ် လေ၊ ဘုရားကြီးအတွက် သိန်း၁၀၀တင်ထားတာ ဆိုရင် သိန်း၅၀သူတို့ကို တစ်ဝက်ပြန်ပေး ပြန်အမ်းမှာပါ”လို့ပြောဆိုပါတယ်။ ရွှေစက်တော် ဘုရားပွဲတော်မှာ သိန်းထောင်ချီရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းရှင်တွေရှိသလို ဘုရားပွဲတော် တရာသီစာအတွက် ငွေတိုးချေးငှားပြီး လက်လုပ်လက်စား ဈေးရောင်းချတဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးသည် တွေလည်း များစွာ ရှိနေပါတယ်။ ရွှေစက်တော် ဘုရားပွဲဈေးတန်းမှာ အသုပ်စုံ လာရောင်းတဲ့ မကွေးမြို့၊…

Read More

ကရင်ပြည်နယ်ဘက်ကနေ ရွှေတူးဖော်တဲ့အတွက် ယောက်သဝချောင်းမှာ ရေညစ်နွမ်းမှုဖြစ်ပြီး ဒေသခံများသောက်သုံးရေခက်ခဲ

ကရင်ပြည်နယ်ဘက်ကနေ ရွှေတူးဖော်တဲ့အတွက် ယောက်သဝချောင်းမှာ ရေညစ်နွမ်းမှုဖြစ်ပြီး ဒေသခံများသောက်သုံးရေခက်ခဲ ထန်းတပင်၊ မတ် ၁၃-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာအနီးမှာ စီးဆင်းနေတဲ့ ယောက်သဝချောင်းမှာ ကရင်ပြည်နယ်ဘက်က ရွှေတူးဖော်နေတဲ့အတွက် ရေညစ်နွမ်းမှုဖြစ်ပေါ်နေပြီး ဒေသခံတွေ သောက်သုံးရေအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ကရင်ပြည်နယ်ဘက်က ယောက်သဝချောင်းဟာ ပဲခူးတိုင်းအတွင်း ထန်းတပင်မြို့နယ်၊ သံတောင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့အတွင်း စီးဆင်းနေတဲ့ချောင်းဖြစ်ပြီး ချောင်းဖျားဘက်မှာ ရွှေတူးဖော်နေမှုတွေရှိနေတဲ့အတွက် အဲ့ဒီချောင်းဟာ ဇန်နဝါရီလကနေစတင်ပြီး ရေညစ်နွမ်းမှုဖြစ်နေရာ ချောင်းကိုအမှီပြုနေတဲ့ကျေးရွာတွေမှာ သောက်သုံးရေအခက်ခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “အရင်ဒီချောင်းက အမြဲတမ်းရေကြည်စိမ်းနေတာ၊ လွန်ခဲ့တဲ့(၃)နှစ်ကစပြီး ချောင်းဖျားဘက်က ရွှေတူးဖော်ပြီး မြေစာတွေစုပုံစွန့်ပစ်တော့ အခုလို ရေဆိုးရေညစ်တွေဖြစ်ပေါ်လာတယ်၊ သောက်သုံးလို့လုံးဝမရတော့ဘူး။ ရွာက ဘုန်းကြီးကျောင်းရေတွင်းကို အားကိုးပေမယ့် ရေပြတ်လပ်မှုနဲ့ကြုံတွေ့နေရတယ်၊ ချောင်းရေဟာ နောက်ကျိနေပြီး ရွှေတူးဖော်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုဆေးတွေ ရေမှာပါလာနိုင်တဲ့အတွက် ကျေးရွာသားတွေက ကပ်ရောဂါဖြစ်ပေါ်မှာကို စိုးရိမ်နေကြတယ်”လို့ထန်းတပင်မြို့နယ်၊ကျောက်ကြီးပေါက်ကျေးရွာသား…

Read More

ကျောက်တွင်းပြိုကျလို့ ပိတ်မိနေသူနှစ်ဦးဟာ တရားမဝင်ကျောက်တူးသူတွေဖြစ်နေ

ကျောက်တွင်းပြိုကျလို့ ပိတ်မိနေသူနှစ်ဦးဟာ တရားမဝင်ကျောက်တူးသူတွေဖြစ်နေ မန္တလေး မတ် ၁၃၊ ၂၀၂၀ ဖြူဖြူ(VOM) မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်တွင်းပြိုကျကာ ပိတ်မိနေတဲ့လူနှစ်ဦးကို ဆက်လက်ရှာဖွေတူးဖော်ဖို့ လုပ်ဆောင်ရန်သင့်မသင့်ကို ဒီကနေ့ညနေပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ မိုးကုတ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်ကပြောပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မြေမဲဒေသမှာ မတ်လ ၇ရက်နေ့က ငလျင်ကြောင့် ကျောက်တွင်းဟောင်းတစ်ခုပြိုကျခဲ့ပြီး အသက် ၆၀ အရွယ်နဲ့ ၄၀ အရွယ်အမျိုးသားနှစ်ဦးတို့ ပိတ်မိနေခဲ့တာပါ။ မိုးကုတ်မြို့နယ်ရှိ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေဟာ ကျောက်တွင်းပြိုကျတဲ့ နေ့ကတည်းက ရှာဖွေကယ်ဆယ်မှုတွေ ဆောင်ရွက်နေကြပေမယ့် အန္တရယ်ရှိအနေအထားဖြစ်တာကြောင့် ရပ်နားခဲ့ပြီး ဒီနေ့ မတ်လ ၁၃ ရက်မှာတော့ ဆက်လက်လုပ်ဆောင်ဖို့သင့်မသင့် စစ်ဆေးနိုင်ဖို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးနဲ့ အဖွဲ့ဟာ သွားရောက်စစ်ဆေးနေကြပြီလို့ သိရပါတယ်။ “တွင်းကအဟောင်းဖြစ်တဲ့အတွက် ပြိုကျနိုင်တယ်။ အန္တရာယ်ရှိတဲ့အတွက် ပြန်စိစစ်ရမှာပေါ့။ အဲဒီသတင်းအချက်အလက် ရယူရမယ်။ ကျင်းအခြေအနေကို စစ်ဆေးမယ်။…

Read More

ခေါင်လန်ဖူးကကျောင်းသား ၄၉ ဦးကို လမ်းပန်းအခက်အခဲကြောင့် ပူတာအိုအထကမှာ စာမေးပွဲဖြေခွင့်ပြု

ခေါင်လန်ဖူးကကျောင်းသား ၄၉ ဦးကို လမ်းပန်းအခက်အခဲကြောင့် ပူတာအိုအထကမှာ စာမေးပွဲဖြေခွင့်ပြု မြစ်ကြီးနား၊ မတ် ၁၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်း ခေါင်လန်ဖူးဒေသက ၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေမယ့် ကျောင်းသား ၄၉ ဦးကို လမ်းပန်းအခက်အခဲကြောင့် ပူတာအိုအထကမှာ စာမေးပွဲဖြေဆိုခွင့် ပြုထားတယ်လို့ ကချင်ပြည်နယ်ပညာရေးမှူးရုံးကပြောပါတယ်။ အဲ့ဒီကျောင်းသားတွေဟာ အစက နောင်မွန်စာစစ်ဌာနမှာ ဖြေဆိုခွင့်လျှောက်လွှာတင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီစာစစ်ဌာနမှာ သွားရောက်ဖြေဆိုရင် လမ်းခရီးဟာ အနည်းဆုံး ၃ ရက်ကနေ ၇ ရက် လောက် ကြာမြင့်မှာဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ပူတာအို အထကကျောင်းမှာပဲ ခေါင်လန်ဖူး ခုံနံပါတ်နဲ့ ဖြေဆိုခွင့် ပြုခဲ့တာဖြစ်ပါတယ်။ “အဲ့ဒီကျောင်းသားတွေဟာ အစက နောင်မွန် အထကစာစစ်ဌာနမှာ ဖြေဆိုခွင့်တင်ခဲ့တာ နှစ်တိုင်းပဲ၊ အဲ့လိုတင်ကြတာ ကျွန်မတို့ ပြည်ထောင်စုဝန်ကြီးလာတုန်းက ဒါကိုတင်ပြတော့ ဒါဆို နောင်မွန်မှာ မဖြေတော့နဲ့ ပူတာအိုမှာပဲဖြေပါ၊ စာစစ်ဦးစီးဌာနကို ပြောထားပေးမယ်လို့…

Read More

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်ဝေတာမပြုလုပ်ဖို့လို

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်ဝေတာမပြုလုပ်ဖို့လို မန္တလေး မတ် ၁၃ ဖြူဖြူ (VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ COVID 19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ ( Pandemic) အဖြစ် မတ်လ ၁၁ ရက်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၂ ရက်နေ့လည်က မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ COVID 19 စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ( SRT) နဲ့ သက်ဆိုင်ရာဌာနတွေ တွေ့ဆုံပြီး COVID 19 ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရုံးမှာ အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးကနေ SRT အနေနဲ့ ရှေ့ဆက်လုပ်ကိုင်မယ့် လုပ်ငန်းစဉ်တွေ ၊ တိုင်းနဲ့ခရိုင်တွေတိုင်းမှာ SRT Team တွေတိုးမြှင့်ဖွဲ့စည်းပြီး ၂၄ နာရီ တာဝန်ချထားဖို့၊ မြို့နယ် ခရိုင်တွေတိုင်းမှာ စောင့်ကြည့်လူနာတွေအတွက် သီးသန့်ခန်းတွေလုပ်ထားပြီး…

Read More

ကနေဒါဝန်ကြီးချုပ်ကတော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ ဝန်ကြီးချုပ်ကိုသီးခြားထား စောင့်ကြည့်နေ

ကနေဒါဝန်ကြီးချုပ်ကတော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ ဝန်ကြီးချုပ်ကိုသီးခြားထား စောင့်ကြည့်နေ တိုရွန်တို၊ မတ်-၁၃-၂၀၂၀ မျိုးဆက် (VOM) ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါရဲ့ ဇနီးဖြစ်သူ ဆိုဖီယာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပြီး ဒီဖြစ်စဉ်ကြောင့် ဝန်ကြီးချုပ်ကိုလည်း သီးခြားထားစောင့်ကြည့်နေပါတယ်။ ဝန်ကြီးချုပ်ကတော်ဟာ လန်ဒန်ကနေ မကြာသေးမီကပြန်လာပြီးနောက် ဖျားနာမှုအပါအဝင် တုပ်ကွေးလိုရောဂါလက္ခဏာတွေပြလာတဲ့အတွက် စစ်ဆေးကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ထရူဒေါဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါလက္ခဏာတွေမပြကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး သူ့ကို ၁၄ ရက်ကြာ သီးခြားထားစောင့်ကြည့်မှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မစ္စတာထရူဒေါဟာ ပြည်နယ်ဝန်ကြီးချုပ်တွေ နိုင်ငံရဲ့ပထမဆုံးခေါင်းဆောင်တွေနဲ့ အော့တဝါမှာ လာမယ့်နှစ်ရက်အကြာမှာတွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပြီး လက်ရှိအခြေအနေအရ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ လက်ရှိမှာတော့ သူဟာ ဝန်ကြီးချုပ် တာဝန်တွေကိုလည်း ဆက်လက်ထမ်းဆောင်နေပြီး မနက်ဖြန်မှာ ကနေဒါပြည်သူတွေကို မိန့်ခွန်းပြောကြားသွားမှာဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၃ ဦးရှိနေပါတယ်။ Ref :…

Read More
VOM News

FREE
VIEW