ခေါင်လန်ဖူးကကျောင်းသား ၄၉ ဦးကို လမ်းပန်းအခက်အခဲကြောင့် ပူတာအိုအထကမှာ စာမေးပွဲဖြေခွင့်ပြု

ခေါင်လန်ဖူးကကျောင်းသား ၄၉ ဦးကို လမ်းပန်းအခက်အခဲကြောင့် ပူတာအိုအထကမှာ စာမေးပွဲဖြေခွင့်ပြု

မြစ်ကြီးနား၊ မတ် ၁၃-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်အတွင်း ခေါင်လန်ဖူးဒေသက ၂၀၁၉ -၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ‌ဖြေမယ့် ကျောင်းသား ၄၉ ဦးကို လမ်းပန်းအခက်အခဲကြောင့် ပူတာအိုအထကမှာ စာမေးပွဲဖြေဆိုခွင့် ပြုထားတယ်လို့ ကချင်ပြည်နယ်ပညာရေးမှူးရုံးကပြောပါတယ်။

အဲ့ဒီကျောင်းသားတွေဟာ အစက နောင်မွန်စာစစ်ဌာနမှာ ဖြေဆိုခွင့်လျှောက်လွှာတင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီစာစစ်ဌာနမှာ သွားရောက်ဖြေဆိုရင် လမ်းခရီးဟာ အနည်းဆုံး ၃ ရက်ကနေ ၇ ရက် လောက် ကြာမြင့်မှာဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ ပူတာအို အထကကျောင်းမှာပဲ ခေါင်လန်ဖူး ခုံနံပါတ်နဲ့ ဖြေဆိုခွင့် ပြုခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီကျောင်းသားတွေဟာ အစက နောင်မွန် အထကစာစစ်ဌာနမှာ ဖြေဆိုခွင့်တင်ခဲ့တာ နှစ်တိုင်းပဲ၊ အဲ့လိုတင်ကြတာ ကျွန်မတို့ ပြည်ထောင်စုဝန်ကြီးလာတုန်းက ဒါကိုတင်ပြတော့ ဒါဆို နောင်မွန်မှာ မဖြေတော့နဲ့ ပူတာအိုမှာပဲဖြေပါ၊ စာစစ်ဦးစီးဌာနကို ပြောထားပေးမယ်လို့ ပြောခဲ့တာပါ။ အခု ကျွန်မတို့က အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ စာစစ်ဌာနကို ပြင်လိုက်တဲ့အခါမှာ အထက ပူတာအိုမှာ ဖြေဆိုဖို့ ခွင့်ပြုခဲ့တယ် “လို့ ကချင်ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့ကပြောပါတယ်။

လက်ရှိမှာ အဲ့ဒီကျောင်းသားတွေကို ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေထဲက သိန်း ၄၀၀ ‌ထောက်ပံ့စရိတ်နဲ့ နေထိုင်စားသောက်ရေးကို ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

” သူတို့မှာ နဂိုကတည်းက ဝေးလန်ခေါင်းပါးတော့ ကျောင်းကနေ ရွာပြန်ရတာ သောကြာနေ့ပြန်တယ် တနင်္လာနေ့မှ ပြန်ရောက်ကြရတော့ စာသင်ချိန် တစ်ပါတ် ၃ ရက်ပဲ ရှိခဲ့တာ၊ အရမ်းခက်ခဲကြတယ်။ ဒါကြောင့် သူတို့ကို ပူတာအိုမှာ ကမ့်သွင်းထားတာပေါ့နော် ကျောင်းတွေမှာပဲ ထားပါတယ်။ စားသောက်စရိတ်ရောကူညီပေးပါတယ်။ ခေါင်လန်ဖူးကပါလာတဲ့ ဆရာ၊ဆရာမတွေ ပူတာအိုမှာရှိတဲ့ ဆရာ၊ဆရာမတွေကရော ပူတွဲ ကူညီပေးထားပါတယ်။ ” လို့ ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းကပြောပါတယ်။

အထက ခေါင်လန်ဖူး ၊ အထက ဇန်ယော့ ၊ အထက (ခွဲ)ရှိန်းခေါင်းတို့ကနေ ကျောင်းသား ၅၀ ဖြေဆိုခွင့်တင်ခဲ့ပြီး လက်ရှိမှာ ကျောင်းသား ၁၂ ဦးနဲ့ ကျောင်းသူ ၃၇ ဦး စုစုပေါင်း ၄၉ ဦး ဖြေဆိုခဲ့တာပါ။ စခန်းသွင်း လေ့ကျင့်မှုကိုတော့ ၂၀၂၀ ဇန်နဝါရီ ၅ ရက်နေ့က စတင်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ခေါင်လန်းဖူးကျောင်းသား #ပူတာအိုမှာဖြေဆိုခွင့်ရ

Zawgyi

ေခါင္လန္ဖူးကေက်ာင္းသား ၄၉ ဦးကို လမ္းပန္းအခက္အခဲေၾကာင့္ ပူတာအိုအထကမွာ စာေမးပြဲေျဖခြင့္ျပဳ

ျမစ္ႀကီးနား၊ မတ္ ၁၃-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္အတြင္း ေခါင္လန္ဖူးေဒသက ၂၀၁၉ -၂၀၂၀ တကၠသိုလ္ဝင္စာေမးပြဲ‌ေျဖမယ့္ ေက်ာင္းသား ၄၉ ဦးကို လမ္းပန္းအခက္အခဲေၾကာင့္ ပူတာအိုအထကမွာ စာေမးပြဲေျဖဆိုခြင့္ ျပဳထားတယ္လို႔ ကခ်င္ျပည္နယ္ပညာေရးမွဴးရံုးကေျပာပါတယ္။

အဲ့ဒီေက်ာင္းသားေတြဟာ အစက ေနာင္မြန္စာစစ္ဌာနမွာ ေျဖဆိုခြင့္ေလွ်ာက္လႊာတင္ခဲ့ၾကတာျဖစ္ၿပီး အဲ့ဒီစာစစ္ဌာနမွာ သြားေရာက္ေျဖဆိုရင္ လမ္းခရီးဟာ အနည္းဆုံး ၃ ရက္ကေန ၇ ရက္ ေလာက္ ၾကာျမင့္မွာျဖစ္တဲ့အတြက္ လမ္းပန္းဆက္သြယ္ေရးေကာင္းတဲ့ ပူတာအို အထကေက်ာင္းမွာပဲ ေခါင္လန္ဖူး ခုံနံပါတ္နဲ႔ ေျဖဆိုခြင့္ ျပဳခဲ့တာျဖစ္ပါတယ္။

“အဲ့ဒီေက်ာင္းသားေတြဟာ အစက ေနာင္မြန္ အထကစာစစ္ဌာနမွာ ေျဖဆိုခြင့္တင္ခဲ့တာ ႏွစ္တိုင္းပဲ၊ အဲ့လိုတင္ၾကတာ ကၽြန္မတို႔ ျပည္ေထာင္စုဝန္ႀကီးလာတုန္းက ဒါကိုတင္ျပေတာ့ ဒါဆို ေနာင္မြန္မွာ မေျဖေတာ့နဲ႔ ပူတာအိုမွာပဲေျဖပါ၊ စာစစ္ဦးစီးဌာနကို ေျပာထားေပးမယ္လို႔ ေျပာခဲ့တာပါ။ အခု ကြၽန္မတို႔က အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္နဲ႔ စာစစ္ဌာနကို ျပင္လိုက္တဲ့အခါမွာ အထက ပူတာအိုမွာ ေျဖဆိုဖို႔ ခြင့္ျပဳခဲ့တယ္ “လုိ႔ ကခ်င္ျပည္နယ္ပညာေရးမႉး ေဒၚခင္သန္းႏြဲ႕ကေျပာပါတယ္။

လက္ရွိမွာ အဲ့ဒီေက်ာင္းသားေတြကို ျပည္နယ္အစိုးရအဖြဲ႕ရန္ပုံေငြထဲက သိန္း ၄၀၀ ‌ေထာက္ပံ့စရိတ္နဲ႔ ေနထိုင္စားေသာက္ေရးကို ေဆာင္႐ြက္ေပးထားတယ္လို႔ သိရပါတယ္။

” သူတို႔မွာ နဂိုကတည္းက ေဝးလန္ေခါင္းပါးေတာ့ ေက်ာင္းကေန ႐ြာျပန္ရတာ ေသာၾကာေန႔ျပန္တယ္ တနလၤာေန႔မွ ျပန္ေရာက္ၾကရေတာ့ စာသင္ခ်ိန္ တစ္ပါတ္ ၃ ရက္ပဲ ရွိခဲ့တာ၊ အရမ္းခက္ခဲၾကတယ္။ ဒါေၾကာင့္ သူတို႔ကို ပူတာအိုမွာ ကမ့္သြင္းထားတာေပါ့ေနာ္ ေက်ာင္းေတြမွာပဲ ထားပါတယ္။ စားေသာက္စရိတ္ေရာကူညီေပးပါတယ္။ ေခါင္လန္ဖူးကပါလာတဲ့ ဆရာ၊ဆရာမေတြ ပူတာအိုမွာရွိတဲ့ ဆရာ၊ဆရာမေတြကေရာ ပူတြဲ ကူညီေပးထားပါတယ္။ ” လို႔ ကခ်င္ျပည္နယ္လူမႈေရးဝန္ႀကီး ဦးေနဝင္းကေျပာပါတယ္။

အထက ေခါင္လန္ဖူး ၊ အထက ဇန္ေယာ့ ၊ အထက (ခြဲ)ရွိန္းေခါင္းတို႔ကေန ေက်ာင္းသား ၅၀ ေျဖဆိုခြင့္တင္ခဲ့ၿပီး လက္ရွိမွာ ေက်ာင္းသား ၁၂ ဦးနဲ႔ ေက်ာင္းသူ ၃၇ ဦး စုစုေပါင္း ၄၉ ဦး ေျဖဆိုခဲ့တာပါ။ စခန္းသြင္း ေလ့က်င့္မႈကိုေတာ့ ၂၀၂၀ ဇန္နဝါရီ ၅ ရက္ေန႔က စတင္ျပဳလုပ္ေပးခဲ့တယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #ေခါင္လန္းဖူးေက်ာင္းသား #ပူတာအိုမွာေျဖဆိုခြင့္ရ

Related posts

Leave a Comment

VOM News

FREE
VIEW