ကနေဒါဝန်ကြီးချုပ်ကတော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ ဝန်ကြီးချုပ်ကိုသီးခြားထား စောင့်ကြည့်နေ

ကနေဒါဝန်ကြီးချုပ်ကတော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ၊ ဝန်ကြီးချုပ်ကိုသီးခြားထား စောင့်ကြည့်နေ

တိုရွန်တို၊ မတ်-၁၃-၂၀၂၀
မျိုးဆက် (VOM)

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါရဲ့ ဇနီးဖြစ်သူ ဆိုဖီယာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပြီး ဒီဖြစ်စဉ်ကြောင့် ဝန်ကြီးချုပ်ကိုလည်း သီးခြားထားစောင့်ကြည့်နေပါတယ်။

ဝန်ကြီးချုပ်ကတော်ဟာ လန်ဒန်ကနေ မကြာသေးမီကပြန်လာပြီးနောက် ဖျားနာမှုအပါအဝင် တုပ်ကွေးလိုရောဂါလက္ခဏာတွေပြလာတဲ့အတွက် စစ်ဆေးကြည့်ရာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ထရူဒေါဟာ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါလက္ခဏာတွေမပြကြောင်း ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး သူ့ကို ၁၄ ရက်ကြာ သီးခြားထားစောင့်ကြည့်မှုတွေပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မစ္စတာထရူဒေါဟာ ပြည်နယ်ဝန်ကြီးချုပ်တွေ နိုင်ငံရဲ့ပထမဆုံးခေါင်းဆောင်တွေနဲ့ အော့တဝါမှာ လာမယ့်နှစ်ရက်အကြာမှာတွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပြီး လက်ရှိအခြေအနေအရ တွေ့ဆုံပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။

လက်ရှိမှာတော့ သူဟာ ဝန်ကြီးချုပ် တာဝန်တွေကိုလည်း ဆက်လက်ထမ်းဆောင်နေပြီး မနက်ဖြန်မှာ ကနေဒါပြည်သူတွေကို မိန့်ခွန်းပြောကြားသွားမှာဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၃ ဦးရှိနေပါတယ်။

Ref : BBC
Photo: Reuters

#VoiceOfMyanmar #VOM #Coronavirus #ကိုရိုနာဗိုင်းရပ်စ် #ကနေဒါဝန်ကြီးချုပ် #ကူးစက်ခံရ

………….

zawgyi

ကေနဒါ၀န္ႀကီးခ်ဳပ္ကေတာ္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရ၊ ၀န္ႀကီးခ်ဳပ္ကိုသီးျခားထား ေစာင့္ၾကည့္ေန

တို႐ြန္တို၊ မတ္-၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

ကေနဒါ၀န္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူေဒါရဲ႕ ဇနီးျဖစ္သူ ဆိုဖီယာမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရတယ္လို႔ ၀န္ႀကီးခ်ဳပ္႐ုံးက ေၾကညာခ်က္ထုတ္ျပန္လိုက္ၿပီး ဒီျဖစ္စဥ္ေၾကာင့္ ၀န္ႀကီးခ်ဳပ္ကိုလည္း သီးျခားထားေစာင့္ၾကည့္ေနပါတယ္။

၀န္ႀကီးခ်ဳပ္ကေတာ္ဟာ လန္ဒန္ကေန မၾကာေသးမီကျပန္လာၿပီးေနာက္ ဖ်ားနာမႈအပါအ၀င္ တုပ္ေကြးလိုေရာဂါလကၡဏာေတြျပလာတဲ့အတြက္ စစ္ေဆးၾကည့္ရာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရတာျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ထ႐ူေဒါဟာ လက္ရွိမွာ က်န္းမာေရးေကာင္းမြန္ၿပီး ေရာဂါလကၡဏာေတြမျပေၾကာင္း ၀န္ႀကီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားၿပီး သူ႔ကို ၁၄ ရက္ၾကာ သီးျခားထားေစာင့္ၾကည့္မႈေတြျပဳလုပ္သြားမယ္လို႔ ဆိုပါတယ္။

မစၥတာထ႐ူေဒါဟာ ျပည္နယ္၀န္ႀကီးခ်ဳပ္ေတြ ႏိုင္ငံရဲ႕ပထမဆုံးေခါင္းေဆာင္ေတြနဲ႔ ေအာ့တဝါမွာ လာမယ့္ႏွစ္ရက္အၾကာမွာေတြ႕ဆုံေဆြးေႏြးဖို႔စီစဥ္ထားၿပီး လက္ရွိအေျခအေနအရ ေတြ႕ဆုံပြဲကို ေ႐ႊ႕ဆိုင္းလိုက္ရပါတယ္။

လက္ရွိမွာေတာ့ သူဟာ ၀န္ႀကီးခ်ဳပ္ တာ၀န္ေတြကိုလည္း ဆက္လက္ထမ္းေဆာင္ေနၿပီး မနက္ျဖန္မွာ ကေနဒါျပည္သူေတြကို မိန္႔ခြန္းေျပာၾကားသြားမွာျဖစ္ပါတယ္။ ကေနဒါႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀၃ ဦးရွိေနပါတယ္။

Ref : BBC
Photo: Reuters

#VoiceOfMyanmar #VOM #Coronavirus #ကိုရိုနာဗိုင္းရပ္စ္ #ကေနဒါဝန္ၾကီးခ်ဳပ္ #ကူးစက္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW