ရွှေစက်တော်ဘုရားပွဲဈေးက လက်လုပ်လက်စားဈေးသည်များနဲ့ လုပ်ငန်းရှင်များအတွက် စပေါ်ငွေ တဝက်ပြန်အမ်းဖို့စီစဉ်နေ

ရွှေစက်တော်ဘုရားပွဲဈေးက လက်လုပ်လက်စားဈေးသည်များနဲ့ လုပ်ငန်းရှင်များအတွက် စပေါ်ငွေ တဝက်ပြန်အမ်းဖို့စီစဉ်နေ

မကွေး၊ မတ် ၁၃ -၂၀၂၀
ဂျန်ကိုးလ် (VOM)

ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန့်ပွားမှုကို ကြိုတင်ကာကွယ်ရေးအတွက် ရွှေစက်တော်ဘုရားပွဲတော် ကို မတ်၁၃ရက်က စပြီး ပိတ်သိမ်းမှာ ဖြစ်တဲ့အတွက် ဘုရားပွဲအမှီပြု လုပ်ငန်းရှင်တွေရဲ့ စဘော်ငွေကို တစ်ဝက်ပြန်ပေးမယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

”ဒီ‌နေ့အစည်းအ‌ဝေးမှာ မကွေးတိုင်းမှာ ဘာပွဲလမ်းသဘင်မှ လုပ်ခွင့်မပေးဘူး။ ဘုရားပွဲမှာ တဲကျောင်းဆောက်ဖို့တို့ ဘာတို့ စပေါ်တင်ထားတာရှိတယ် လေ၊ ဘုရားကြီးအတွက် သိန်း၁၀၀တင်ထားတာ ဆိုရင် သိန်း၅၀သူတို့ကို တစ်ဝက်ပြန်ပေး ပြန်အမ်းမှာပါ”လို့ပြောဆိုပါတယ်။

ရွှေစက်တော် ဘုရားပွဲတော်မှာ သိန်းထောင်ချီရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းရှင်တွေရှိသလို ဘုရားပွဲတော် တရာသီစာအတွက် ငွေတိုးချေးငှားပြီး လက်လုပ်လက်စား ဈေးရောင်းချတဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးသည် တွေလည်း များစွာ ရှိနေပါတယ်။

ရွှေစက်တော် ဘုရားပွဲဈေးတန်းမှာ အသုပ်စုံ လာရောင်းတဲ့ မကွေးမြို့၊ ကံသာရပ်က ဒါ်ဝင်းကြည်က “တမိသားစုလုံးေ ပြောင်းလာပြီးလုပ်တာပါ။ ကျမက အသုပ်စုံလေးရောင်းတာ တနေ့တစ်သောင်းခွဲဖိုး၊ နှစ်သောင်းလောက်ရောင်းရပါတယ်။ ခုက ရှိတဲ့ဝက်ကလေး ရောင်းပြီးရင်း တာ အရင်းမရသေးဘူး။ ခုတော့ စားစားသောက်သောက်နဲ့ ပြန်မလုံးနိုင်တော့ဘူး” လို့ သူ့ရဲ့ အခက်အခဲကို ပြောပြပါတယ်။

လတ်တလောမှာတော့ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေ၊ ဈေးဆိုင်ခန်းတွေအတွက် နစ်နာမှုအတွက် တစုံတရာ မရှိပါဘူး။

“တိုင်းဒေသကြီးဝန်ကြီး၂ပါးကတော့ ဈေးသည်တွေလဲ နစ်နာမှုမရှိအောင် ဝင်ပြီးသား ဘုရားအလှူတော်ငွေတွေလဲ တအားကြီးယုတ်လျော့ဆုူံရှုံးမှုမဖြစ်အောင် ချိန်ဆ တွက်ချက်ဖို့ လတ်တလောစီစဉ်စည်းဝေးနေတယ်လို့ သိရပါတယ်။ ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှာ ခရိုင်အုပ်ချုပ်ရေးမှူးက ဦးစီးဥက္ကဋ္ဌဖြစ်ပြီး နာယကတွေက လွှတ်တော်ဥက္ကဋ္ဌအပါအဝင် တိုင်းဝန်ကြီးချုပ် ဝန်ကြီးအားလုံးဖြစ်ကြပြီး မည်သည့်ကိစ္စမဆို နာယကဦးစီးကော်မတီတွေရဲ့ ဆုံးဖြတ်ချက်ကို ဂေါပကတွေကလိုက်နာရတယ်”လို့ ရွှေစက်တော်ဂေါပကအတွင်းရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အတည်ပြု လူနာမတွေ့ရှိရသေးတဲ့နိုင်ငံ စုစုပေါင်း (၈၄)နိုင်ငံရှိပြီး ထိုနိုင်ငံထဲတွင် မြန်မာနိုင်ငံလည်းပါဝင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတင်းထုတ်ပြန်ထားရှိပါတယ်။

ဒါပေမယ့် ကမ္ဘာ့နိုင်ငံ တရာကျော်ကို ရောဂါ ပြန့်ပွားမှု ရှိနေတာကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နံှံ့မှုကို ထိန်းချုပ်ဖို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူစုလူဝေးပွဲတွေကို လျှော့ချကန့်သတ်ဖို့ ပြင်ဆင်လာနေတာပဲ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #မကွေး #ရွှေစက်တော် #ဈေးသည် #စပေါ်ငွေပြန်အမ်းဖို့စီစဉ်နေ

Zawgyi

ေ႐ႊစက္ေတာ္ဘုရားပြဲေစ်းက လက္လုပ္လက္စားေစ်းသည္မ်ားနဲ႔ လုပ္ငန္းရွင္မ်ားအတြက္ စေပၚေငြ တဝက္ျပန္အမ္းဖို႔စီစဥ္ေန

မေကြး၊ မတ္ ၁၃ -၂၀၂၀
ဂ်န္ကိုးလ္ (VOM)

ကိုရိုနာဗိုင္းရပ္စ္ပိုး ျပန္႔ပြားမႈကို ၾကိဳတင္ကာကြယ္ေရးအတြက္ ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ ကို မတ္၁၃ရက္က စျပီး ပိတ္သိမ္းမွာ ျဖစ္တဲ့အတြက္ ဘုရားပြဲအမွီျပဳ လုပ္ငန္းရွင္ေတြရဲ႕ စေဘာ္ေငြကို တစ္ဝက္ျပန္ေပးမယ္လို႔ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာပါတယ္။

”ဒီ‌ေန႔အစည္းအ‌ေဝးမွာ မေကြးတိုင္းမွာ ဘာပြဲလမ္းသဘင္မွ လုပ္ခြင့္မေပးဘူး။ ဘုရားပြဲမွာ တဲေက်ာင္းေဆာက္ဖို႔တို႔ ဘာတို႔ စေပၚတင္ထားတာရွိတယ္ ေလ၊ ဘုရားႀကီးအတြက္ သိန္း၁၀၀တင္ထားတာ ဆိုရင္ သိန္း၅၀သူတို႔ကို တစ္ဝက္ျပန္ေပး ျပန္အမ္းမွာပါ”လို ႔ေျပာဆိုပါတယ္။

ေရႊစက္ေတာ္ ဘုရားပြဲေတာ္မွာ သိန္းေထာင္ခ်ီရင္းႏွီးျမဳပ္ႏွံတဲ့ လုပ္ငန္းရွင္ေတြရွိသလို ဘုရားပြဲေတာ္ တရာသီစာအတြက္ ေငြတိုးေခ်းငွားျပီး လက္လုပ္လက္စား ေစ်းေရာင္းခ်တဲ့ ေခါင္း႐ြက္ဗ်တ္ထိုးေစ်းသည္ ေတြလည္း မ်ားစြာ ရွိေနပါတယ္။

ေရႊစက္ေတာ္ ဘုရားပြဲေစ်းတန္းမွာ အသုပ္စံု လာေရာင္းတဲ့ မေကြးၿမိဳ႕၊ ကံသာရပ္က ဒၚဝင္းၾကည္က “တမိသားစုလုံးေ ေျပာင္းလာၿပီးလုပ္တာပါ။ က်မက အသုပ္စုံေလးေရာင္းတာ တေန႔တစ္ေသာင္းခြဲဖိုး၊ ႏွစ္ေသာင္းေလာက္ေရာင္းရပါတယ္။ ခုက ရွိတဲ့ဝက္ကေလး ေရာင္းၿပီးရင္း တာ အရင္းမရေသးဘူး။ ခုေတာ့ စားစားေသာက္ေသာက္နဲ႔ ျပန္မလုံးႏိုင္ေတာ့ဘူး” လို႔ သူ႔ရဲ႕ အခက္အခဲကို ေျပာျပပါတယ္။

လတ္တေလာမွာေတာ့ ေခါင္းရြက္ဗ်က္ထိုး ေစ်းသည္ေတြ၊ ေစ်းဆိုင္ခန္းေတြအတြက္ နစ္နာမႈအတြက္ တစုံတရာ မရွိပါဘူး။

“တိုင္းေဒသႀကီးဝန္ႀကီး၂ပါးကေတာ့ ေစ်းသည္ေတြလဲ နစ္နာမႈမရွိေအာင္ ဝင္ၿပီးသား ဘုရားအလႉေတာ္ေငြေတြလဲ တအားႀကီးယုတ္ေလ်ာ့ဆုူံရႈံးမႈမျဖစ္ေအာင္ ခ်ိန္ဆ တြက္ခ်က္ဖို႔ လတ္တေလာစီစဥ္စည္းေဝးေနတယ္လို႔ သိရပါတယ္။ ပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီမွာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ဦးစီးဥကၠ႒ျဖစ္ၿပီး နာယကေတြက လႊတ္ေတာ္ဥကၠ႒အပါအဝင္ တိုင္းဝန္ႀကီးခ်ဳပ္ ဝန္ႀကီးအားလုံးျဖစ္ၾကၿပီး မည္သည့္ကိစၥမဆို နာယကဦးစီးေကာ္မတီေတြရဲ႕ ဆုံးျဖတ္ခ်က္ကို ေဂါပကေတြကလိုက္နာရတယ္”လုိ႔ ေရႊစက္ေတာ္ေဂါပကအတြင္းေရးမွဴး ဦးခင္ေမာင္စိုးကေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတဲ့ အတည္ျပဳ လူနာမေတြ႕ရွိရေသးတဲ့ႏိုင္ငံ စုစုေပါင္း (၈၄)ႏိုင္ငံရွိၿပီး ထိုႏိုင္ငံထဲတြင္ ျမန္မာႏိုင္ငံလည္းပါဝင္ေၾကာင္း ကမၻာ့က်န္းမာေရး အဖြဲ႔က သတင္းထုတ္ျပန္ထားရွိပါတယ္။

ဒါေပမယ့္ ကမၻာ့ႏိုင္ငံ တရာေက်ာ္ကို ေရာဂါ ျပန္႔ပြားမႈ ရွိေနတာေၾကာင့္ ကမၻာ့ကပ္ေရာဂါအျဖစ္ ထုတ္ျပန္ခဲ့ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံအေနနဲ႔ ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ႏံွံ႕မႈကို ထိန္းခ်ဳပ္ဖို႔ ၾကိဳတင္ကာကြယ္တဲ့ အေနနဲ႔ လူစုလူေဝးပြဲေတြကို ေလွ်ာ့ခ်ကန္႔သတ္ဖို႔ ျပင္ဆင္လာေနတာပဲ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #မေကြး #ေရႊစက္ေတာ္ #ေစ်းသည္ #စေပၚေငြျပန္အမ္းဖို႔စီစဥ္ေန

Related posts

Leave a Comment

VOM News

FREE
VIEW