ကရင်ပြည်နယ်ဘက်ကနေ ရွှေတူးဖော်တဲ့အတွက် ယောက်သဝချောင်းမှာ ရေညစ်နွမ်းမှုဖြစ်ပြီး ဒေသခံများသောက်သုံးရေခက်ခဲ

ကရင်ပြည်နယ်ဘက်ကနေ ရွှေတူးဖော်တဲ့အတွက် ယောက်သဝချောင်းမှာ ရေညစ်နွမ်းမှုဖြစ်ပြီး ဒေသခံများသောက်သုံးရေခက်ခဲ

ထန်းတပင်၊ မတ် ၁၃-၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာအနီးမှာ စီးဆင်းနေတဲ့ ယောက်သဝချောင်းမှာ ကရင်ပြည်နယ်ဘက်က ရွှေတူးဖော်နေတဲ့အတွက် ရေညစ်နွမ်းမှုဖြစ်ပေါ်နေပြီး ဒေသခံတွေ သောက်သုံးရေအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ကရင်ပြည်နယ်ဘက်က ယောက်သဝချောင်းဟာ ပဲခူးတိုင်းအတွင်း ထန်းတပင်မြို့နယ်၊ သံတောင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့အတွင်း စီးဆင်းနေတဲ့ချောင်းဖြစ်ပြီး ချောင်းဖျားဘက်မှာ ရွှေတူးဖော်နေမှုတွေရှိနေတဲ့အတွက် အဲ့ဒီချောင်းဟာ ဇန်နဝါရီလကနေစတင်ပြီး ရေညစ်နွမ်းမှုဖြစ်နေရာ ချောင်းကိုအမှီပြုနေတဲ့ကျေးရွာတွေမှာ သောက်သုံးရေအခက်ခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“အရင်ဒီချောင်းက အမြဲတမ်းရေကြည်စိမ်းနေတာ၊ လွန်ခဲ့တဲ့(၃)နှစ်ကစပြီး ချောင်းဖျားဘက်က ရွှေတူးဖော်ပြီး မြေစာတွေစုပုံစွန့်ပစ်တော့ အခုလို ရေဆိုးရေညစ်တွေဖြစ်ပေါ်လာတယ်၊ သောက်သုံးလို့လုံးဝမရတော့ဘူး။ ရွာက ဘုန်းကြီးကျောင်းရေတွင်းကို အားကိုးပေမယ့် ရေပြတ်လပ်မှုနဲ့ကြုံတွေ့နေရတယ်၊ ချောင်းရေဟာ နောက်ကျိနေပြီး ရွှေတူးဖော်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုဆေးတွေ ရေမှာပါလာနိုင်တဲ့အတွက် ကျေးရွာသားတွေက ကပ်ရောဂါဖြစ်ပေါ်မှာကို စိုးရိမ်နေကြတယ်”လို့ထန်းတပင်မြို့နယ်၊ကျောက်ကြီးပေါက်ကျေးရွာသား ဦးစံမှုန်ကပြောပါတယ်။

အဲ့ဒီယောက်သဝချောင်းမှာ ရေညစ်နွမ်းမှုဖြစ်ပေါ်နေတာကို ကျေးရွာသားများက ထန်းတပင်မြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်ကို ပြီးခဲ့တဲ့ရက်ကခေါ်ယူပြသပြီး အမြန်ဆောင်ရွက်ပေးဖို့တင်ပြခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကလည်း ထန်းတပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကရင်ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

“ရွာမှာက ရေနက်တွင်းတူးဖော်လို့ ခက်ခဲတဲ့နေရာဖြစ်နေတယ်၊ မြေအောက်မှာ ကျောက်ဖျာတွေရှိနေတယ်။ အခုလောလောဆယ် ဆည်ရွာသားတွေက အရင်တူးဖော်ထားတဲ့ ရေတွင်းဟောင်းတွေကနေ ရေယူသုံးနေရတယ်။ ဆင်းရဲသားအများစုက ဒီချောင်းရေကို အဓိကအားထားနေရတာ၊ ကျွန်တော်ကိုခေါ်လို့ ချောင်းကိုကွင်းဆင်းလေ့လာပြီး၊ တိုင်းဒေသကြီးအစိုးရသယံဇာတဝန်ကြီးထံ ကရင်ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ တင်ပြသွားဖို့စီစဉ်နေပါတယ်။ ပြည်သူ့လွှတ်တော်ကိုလည်း တင်ပြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆောင်ရွက်သွားပါ့မယ်”လို့ ထန်းတပင်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်ကပြောပါတယ်။

ကျောက်ကြီးပေါက်ကျေးရွာဟာ ယောက်သဝချောင်းအနီးမှာတည်ရှိပြီး၊ အိမ်ထောင်စု(၂၀၀)ကျော်၊လူဦးရေ(၈၀၀)ကျော်နေထိုင်ကာ ကျေးရွာသားအများစုကလည်း တောင်သူလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ထန်းတပင် #ယောက်သဝချောင်း #ကရင်ပြည်နယ်ဘက် #ရွှေတူးဖော်တဲ့အတွက် #သောက်သုံးရေခက်ခဲ

Zawgyi

ကရင္ျပည္နယ္ဘက္ကေန ေ႐ႊတူးေဖာ္တဲ့အတြက္ ေယာက္သဝေခ်ာင္းမွာ ေရညစ္ႏြမ္းမႈျဖစ္ၿပီး ေဒသခံမ်ားေသာက္သုံးေရခက္ခဲ

ထန္းတပင္၊ မတ္ ၁၃-၂၀၂၀
ေဝဇင္ၾကည္(VOM)

ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ထန္းတပင္ၿမိဳ႕နယ္၊ ေက်ာက္ႀကီးေပါက္ေက်း႐ြာအနီးမွာ စီးဆင္းေနတဲ့ ေယာက္သဝေခ်ာင္းမွာ ကရင္ျပည္နယ္ဘက္က ေ႐ႊတူးေဖာ္ေနတဲ့အတြက္ ေရညစ္ႏြမ္းမႈျဖစ္ေပၚေနၿပီး ေဒသခံေတြ ေသာက္သုံးေရအခက္အခဲျဖစ္ေနတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

ကရင္ျပည္နယ္ဘက္က ေယာက္သဝေခ်ာင္းဟာ ပဲခူးတိုင္းအတြင္း ထန္းတပင္ၿမိဳ႕နယ္၊ သံေတာင္ၿမိဳ႕နယ္၊ ေက်ာက္ႀကီးၿမိဳ႕နယ္တို႔အတြင္း စီးဆင္းေနတဲ့ေခ်ာင္းျဖစ္ၿပီး ေခ်ာင္းဖ်ားဘက္မွာ ေ႐ႊတူးေဖာ္ေနမႈေတြရိွေနတဲ့အတြက္ အဲ့ဒီေခ်ာင္းဟာ ဇန္နဝါရီလကေနစတင္ၿပီး ေရညစ္ႏြမ္းမႈျဖစ္ေနရာ ေခ်ာင္းကိုအမွီျပဳေနတဲ့ေက်း႐ြာေတြမွာ ေသာက္သုံးေရအခက္ခဲ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။

“အရင္ဒီေခ်ာင္းက အၿမဲတမ္းေရၾကည္စိမ္းေနတာ၊ လြန္ခဲ့တဲ့(၃)ႏွစ္ကစၿပီး ေခ်ာင္းဖ်ားဘက္က ေ႐ႊတူးေဖာ္ၿပီး ေျမစာေတြစုပုံစြန္႔ပစ္ေတာ့ အခုလို ေရဆိုးေရညစ္ေတြျဖစ္ေပၚလာတယ္၊ ေသာက္သုံးလို႔လုံးဝမရေတာ့ဘူး။ ႐ြာက ဘုန္းႀကီးေက်ာင္းေရတြင္းကို အားကိုးေပမယ့္ ေရျပတ္လပ္မႈနဲ႔ႀကဳံေတြ႕ေနရတယ္၊ ေခ်ာင္းေရဟာ ေနာက္က်ိေနၿပီး ေ႐ႊတူးေဖာ္တဲ့ေနရာမွာ အသုံးျပဳတဲ့ ဓါတုေဆးေတြ ေရမွာပါလာႏိုင္တဲ့အတြက္ ေက်း႐ြာသားေတြက ကပ္ေရာဂါျဖစ္ေပၚမွာကို စိုးရိမ္ေနၾကတယ္”လို႔ထန္းတပင္ၿမိဳ႕နယ္၊ေက်ာက္ႀကီးေပါက္ေက်း႐ြာသား ဦးစံမႈန္ကေျပာပါတယ္။

အဲ့ဒီေယာက္သဝေခ်ာင္းမွာ ေရညစ္ႏြမ္းမႈျဖစ္ေပၚေနတာကို ေက်း႐ြာသားမ်ားက ထန္းတပင္ၿမိဳ႕နယ္၊ အမွတ္(၂)တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးလြင္ကို ၿပီးခဲ့တဲ့ရက္ကေခၚယူျပသၿပီး အျမန္ေဆာင္႐ြက္ေပးဖို႔တင္ျပခဲ့ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ကလည္း ထန္းတပင္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္၊ ကရင္ျပည္နယ္အစိုးရနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးမယ္လို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

“႐ြာမွာက ေရနက္တြင္းတူးေဖာ္လို႔ ခက္ခဲတဲ့ေနရာျဖစ္ေနတယ္၊ ေျမေအာက္မွာ ေက်ာက္ဖ်ာေတြရွိေနတယ္။ အခုေလာေလာဆယ္ ဆည္႐ြာသားေတြက အရင္တူးေဖာ္ထားတဲ့ ေရတြင္းေဟာင္းေတြကေန ေရယူသုံးေနရတယ္။ ဆင္းရဲသားအမ်ားစုက ဒီေခ်ာင္းေရကို အဓိကအားထားေနရတာ၊ ကြၽန္ေတာ္ကိုေခၚလို႔ ေခ်ာင္းကိုကြင္းဆင္းေလ့လာၿပီး၊ တိုင္းေဒသႀကီးအစိုးရသယံဇာတဝန္ႀကီးထံ ကရင္ျပည္နယ္အစိုးရနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္ေပးဖို႔ တင္ျပသြားဖို႔စီစဥ္ေနပါတယ္။ ျပည္သူ႔လႊတ္ေတာ္ကိုလည္း တင္ျပဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဆာင္႐ြက္သြားပါ့မယ္”လို႔ ထန္းတပင္ၿမိဳ႕နယ္၊ အမွတ္(၂)မဲဆႏၵနယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးလြင္ကေျပာပါတယ္။

ေက်ာက္ႀကီးေပါက္ေက်း႐ြာဟာ ေယာက္သဝေခ်ာင္းအနီးမွာတည္ရွိၿပီး၊ အိမ္ေထာင္စု(၂၀၀)ေက်ာ္၊လူဦးေရ(၈၀၀)ေက်ာ္ေနထိုင္ကာ ေက်း႐ြာသားအမ်ားစုကလည္း ေတာင္သူလုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳေနၾကရတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ထန္းတပင္ #ေယာက္သဝေခ်ာင္း #ကရင္ျပည္နယ္ဘက္ #ေရႊတူးေဖာ္တဲ့အတြက္ #ေသာက္သံုးေရခက္ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW