အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာသင်ကျောင်းအာလုံးပိတ်ထားဖို့ အမိန့်ထုတ် ရောမ၊ မတ်-၅-၂၀၂၀ မျိုးဆက် (VOM) အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မတ် ၅ ရက်နေ့မှစ၍ စာသင်ကျောင်းအားလုံး ပိတ်ထားရန် အမိန့်ထုတ်လိုက်သည်။ စီးရီးအေ ဘောလုံးပွဲစဉ်တွေအပါအဝင် အခြားပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲတွေကိုလည်း တစ်လကြာ ကွင်းပိတ်ကစားမှာဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၀၇ ဦးအထိရှိလာနေပြီး ဥရောပမှာ အဆိုးရွားဆုံးဖြစ်ပွားမှုဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် မနိုင်မနင်းဖြစ်မှုတွေရှိကြောင်းအီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက ပြောပါတယ်။ ရောဂါကူးစက်ခံရသူ ၃၀၀၀အနက်အများစုဟာ နိုင်ငံမြောက်ပိုင်းမှဖြစ်ပေမယ့် အီတလီနိုင်ငံရှိ ဒေသပေါင်း ၂၀ ရှိတဲ့အနက် ၁၉ခုမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေပါတယ်။ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ ၃၂၀၀ သေဆုံးသွားပြီဖြစ်ပြီး ရောဂါကူးစက်ခံထားရသူ ကိုးသောင်းကျော်ရှိနေသည်။ Ref : BBC Photo: Sky News #voiceofmyanmar #VOM…
Read MoreMonth: March 2020
ဖားကန့်လုပ်ကွက်တခုမှာ ကမ်းပါးပြိုလို့ မြေတူးစက်မောင်းသူနှစ်ဦး မြေပိ တဦးသေဆုံး
ဖားကန့်လုပ်ကွက်တခုမှာ ကမ်းပါးပြိုလို့ မြေတူးစက်မောင်းသူနှစ်ဦး မြေပိ တဦးသေဆုံး ဖားကန့် -မတ်-၅-၂၀၂၀ ဇော်မိုးထက် (VOM) ကချင်ပြည်နယ် မိုးညှင်း ခရိုင်ဖားကန့်မြို့နယ် မော်ဝမ်းကြီးကျေးရွာအုပ်စု ၊ ဆွတ်ငိုင်ယန်ကျေးရွာ အနီး ယူနတီကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီအတွင်းက လုပ်ကွက်ကမ်းပါးနံရံဟာ မတ်လ ၄ရက်နေ့ ညဉ့်အချိန်က ပြိုကျခဲ့ပါတယ်။ ယူနတီကုမ္မဏီရဲ့ လုပ်ကွက်ကမ်းပါးနံရံရဲ့ အမြင့်ပေ ရှစ်ဆယ်လောက်ကနေပြုတ်ကျခဲ့လို့ လုပ်ကွက်အတွင်းမှာ အလုပ်လုပ်နေတဲ့ ဘက်ဟိုးမောင်းတဲ့ ကုမ္မဏီ ဝန်ထမ်း နှစ်ဦး ဟာ ဘက်ဟိုးတွေနဲ့အတူ မြေကြီးတွေ ဖုံးမိသွားတယ်လို့ သွားကြည့်ခဲ့တဲ့ ဒေသခံရွာသားတဦးက ပြောပါတယ် ။ မြေပိတဲ့ ဘက်ဟိုးဆရာ နှစ်ဦးအနက် ဘက်ဟိုးဆရာ ဦးဗိုလ်စိုးနိုင် (၃၅)နှစ် (ဘ) ဦးသန်းမောင် ၅/ရဥန(နိုင်)ဝ၇၁၄ဝ၄ ၊ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ၊ကုန်းသာယာကျေးရွာ နေသူဟာ သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ် ။…
Read Moreရွှေစက်တော်ဘုရားပွဲ ကိုရိုနားဗိုင်းရပ်စ် အထူးစစ်ဆေးမည်
ရွှေစက်တော်ဘုရားပွဲ ကိုရိုနားဗိုင်းရပ်စ် အထူးစစ်ဆေးမည် မင်းဘူး-မတ်-၅-၂၀၂၀ ဂျန်ကိုးလ် (VOM) မန်းရွှေစက်တော် ဘုရားဖူးသူတွေအတွက်ကိုယ်ပူချိန်တိုင်းတာစစ်ဆေးမယ့် ကိရိယာ၅ခု နဲ့ အဝင်ဝမှာကတည်းက စစ်ဆေးသွားဖို့အပြင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွန်ှကြားရေးမှူးနဲ့အတူ ခရိုင်ဆေးရုံအုပ်ကြီးတို့ အဖွဲ့က မတ်လ၄ရက်နေ့မှာ လာရောက်လေ့လာကြည့်ရှုပြီး အကြံပြုသွားပါတယ်။ ရွှေစက်တော်ဂေါပကအတွင်းရေးမှူးဦးခင်မောင်စိုးက “ မတ်လ၄ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာဦးထွန်းတင်က အကြံပြုတယ် မုဒ်ဦးအဝင်ဝကတည်းကကိုယ်ပူချိန်းတိုင်းတဲ့ကရိယာနဲ့ စစ်ဆေးဘို့ကိုယ်ပူချိန်မြင့်နေရင် ပွဲတော်အတွင်း မဝင်ဖို့ မေတ္တာရပ်ခံဖို့အကြံပြုခဲ့သလို သန့်စင်ဆေးရည်တွေ အလွယ်တကူရရှိနိုင်အောင်လည်း စီစဉ်ပေးဖို့ အကြံပြုခဲ့တယ်၊ ဒါ့အပြင် ဘုရားမှာဖွင့်ထားတဲ့အခမဲ့ဆေးခန်းအတွက်လည်း ဆေးဝါးအကြံပြုခဲ့ပါတယ်”လို့ပြောပါတယ်၊ ဒါဟာလတ်တလောအိမ်နီးခြင်းနိုင်ငံနဲ့ အာရှ ဥရောပတို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်မှု့နဲ့ပတ်သက်ပြီး လူစုလူဝေးကိုရှောင်ရှားကြဘို့ ပညာရှင်တွေအကြံပြုပြီးနောက်ပိုင်း ဘုရားပွဲတကယ်ပိတ်မှာလားလို့ မေးခွန်းတွေထွက်ပေါ်ခဲ့ပါတယ်။ မကွေးတိုင်းအမှတ်၅ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းရဲ့ရွှေစက်တော်ဂေါပက အဖွဲ့ထံလိပ်မူတဲ့ပေးစာမှာ ဘုရားပွဲကို စနစ်တကျပိတ်သိမ်းဖို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘုရားပွဲကို ပိတ်မှာမဟုတ်ပဲ ကျမ္မာရေးဝန်ကြီးဌာနက အကြံပြုချက်တွေအတိုင်း လုပ်ဆောင်သွားမယ်ဖို့…
Read Moreကိုရိုနာကြောင့် မန္တလေးက တရုတ်ခရီးသွားလုပ်ငန်းတွေ ရပ်ထားရ
ကိုရိုနာကြောင့် မန္တလေးက တရုတ်ခရီးသွားလုပ်ငန်းတွေ ရပ်ထားရ မန္တလေး မတ် ၅-၂၀၂၀ ဖြူဖြူ (VOM) တရုတ်နိုင်ငံဝူဟန်မြို့ကစတင်ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာခရီးသွားကဏ္ဌတွေကိုလည်း ထိခိုက်မှုတွေရှိနေပြီး မန္တလေးမြို့ရှိ တရုတ်ခရီးသွားကုမ္ဗဏီအချို့လည်းရပ်နားကုန်ပြီလို့ ခရီးသွားလုပ်ငန်းရှင်အချို့ထံက သိရပါတယ်။ “တရုတ်ခရီးသွားကို အဓိက လုပ်နေတဲ့ လုပ်ငန်းတချို့ကတော့ လောလောဆယ်ရပ်နားကြတယ်လို့ သိရတယ်။ ရပ်နားတယ်ဆိုတာ ခရီးသည်အဝင်အထွက်မရှိဘူးပေါ့နော်။ ဆိုက်ရောက်ဗီဇာရပ်ထားတော့ ခရီးသည်အဝင်အထွက်မရှိလို့သူတို့လည်းလောလောဆယ်တော့ လုပ်ငန်း ခေတ္တရပ်ထားတဲ့အခြေအနေမှာပဲ ရှိပါတယ်။”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း မန္တလေးဇုန်ရဲ့ အတွင်းရေးမှူး ဦးသန့်ဇော်က ပြောပါတယ်။ မန္တလေးမြို့မှာ တရုတ်သီးသန့် ဝန်ဆောင်မှုပေးတဲ့ ခရီးသွားကုမ္ဗဏီ ၁၉ ခုရှိပြီး တဖြည်းဖြည်းရပ်တန့်လာနေပြီလို့ မန္တလေးတိုင်း ဟိုတယ်နဲ့ ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပါတယ်။ မန္တလေးကနေ တရုတ်နဲ့ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၁၆ ခုရှိရာက လက်ရှိမှာ ၂ လိုင်းသာကျန်တော့ပြီး ဆိုက်ရောက်ဗီဇာတွေရပ်နားထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အရင်က…
Read Moreပြည်ကြီးမွန်ဖေါင်တော်ပေါ်က တင်ဆက်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်
ပြည်ကြီးမွန်ဖေါင်တော်ပေါ်က တင်ဆက်တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ် ပထမဆုံးသတင်းကတော့ ရခိုင်ပြည်နယ်မှာ (COVID- 19) ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး ထပ်မံတွေရှိထားတယ်လို့ ဒီနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်တဲ့သတင်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြားမှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေဖြစ်လို့ စာမေးပွဲဖြေဆိုနေကြတဲံ့ ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးသွားရတဲ့သတင်း ဒီလို ဖြစ်နေတာတွေ လူသေဆုံးမှုတွေ မြင့်တက်နေတာတွေကြောင့် ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်အမျိုးသားပါတီ (ANP)တို့ကို လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကို တွေ့ဆုံဆွေးနွေးနိုင်ရေး အတွက် ကမ်းလှမ်းထားတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောတဲ့သတင်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးဒေသမှာ မတ်လ(၄)ရက် မနက်(၆)နာရီလောက်မှာ အင်အား ရစ်(ခ်)တာ…
Read Moreရှေးဟောင်းသုတေသနရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မင်္ဂလာဆောင်အကြို မှတ်တမ်းရိုက်ကူးမှုကို ကုန်းဘောင်ဆက်မောင်နှမတွေကန့်ကွက်
ရှေးဟောင်းသုတေသနရဲ့ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မင်္ဂလာဆောင်အကြို မှတ်တမ်းရိုက်ကူးမှုကို ကုန်းဘောင်ဆက်မောင်နှမတွေကန့်ကွက် မန္တလေး မတ် ၄-၂၀၂၀ ဖြူဖြူ ( VOM) မန္တလေးနန်းတွင်းရှိ မြနန်းစံကျော်မြေနန်းပြဿဒ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက Pre wedding ရိုက်ကူးခဲ့ခြင်းကို ကန့်ကွက်ကြောင်း မတ်လ ၅ ရက်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနကို စာတင်သွားမယ်လို့ ကုန်းဘောင်ဆက်မောင်နှမများက သိရပါတယ်။ မတ်လ ၁ ရက်နေ့မနက်ပိုင်းက မြနန်းစံကျော်မြေနန်းပြဿဒ်နေရာနဲ့ အဲဒီနေရာရှိ သီဟာသနပလ္လင်ရှေ့မှာ မင်္ဂလာအခမ်းအနား Pre Wedding ဓါတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။ မြနန်းစံကျော်မြေနန်းပြဿဒ်နေရာဟာ ဘုရင်လက်ထက်က အထွဋ်အမြတ်ထားတဲ့ ညီလာခံကျင်းပရာနေရာဖြစ်ပြီး မင်္ဂလာအခမ်းအနား ကျင်းပတဲ့ထုံးစံမရှိသလို သီဟာသနပလ္လင်ဟာလည်း နိုင်ငံတော်ရဲ့အချုပ်အခြာနေရာဖြစ်တဲ့အတွက် ဒီလိုနေရာတွေမှာ ဓါတ်ပုံရိုက်ကူးရုံတင်မဟုတ်ဘဲ အခမ်းအနားအသွင်ရိုက်ကူးခဲ့တာက ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို အဂါရဝဖြစ်စေတယ်လို့ ကုန်းဘောင်ဆက်မောင်နှမများမှာ မင်းတုန်းမင်းကြီးရဲ့ တီတော် ဦးထိပ်တင်အောင်က ပြောပါတယ်။ “အခုဖြစ်သွားတဲ့ဖြစ်စဉ်ကိုရှုတ်ချပြီးနောင်ကို ဘယ်လိုလုပ်မလဲ၊ ဝန်ကြီးဌာနအနေနဲ့ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ဖို့အစီအစဉ်ရှိမရှိ…
Read Moreမြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားတိုက်ပွဲဖြစ် ကျောင်းသားတွေ စာမေးပွဲက ထွက်ပြေးခဲ့ရ
မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားတိုက်ပွဲဖြစ် ကျောင်းသားတွေ စာမေးပွဲက ထွက်ပြေးခဲ့ရ မြောက်ဦး၊ မတ် ၄-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အကြားမှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်က တပ်မတော်နဲ့ အေအေတို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ မြောက်ဦးမြို့နယ်အရှေ့ဘက် ပိုးဖြူကျွန်းကျေးရွာကနေ ပင်းပြားမြို့နယ် မြောက်ဘက်အစွန်ဆုံး ပန်းမြောင်းကျေးရွာဘက်ကို လေးမြို့မြစ်အတွင်း ဖြတ်သန်းနေတဲ့ ကူးတို့လှေကို အေအေဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေခသံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပြီး ထိခိုက်မှုတွေမရှိခဲ့ကြောင်းနဲ့ အနီးဝန်းကျင်က ကျေးရွာသားတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ “မနက် ၉ နာရီလောက်မှာ စစ်ကြောင်းက ကျွန်တော်တို့ရွာကနေဖြတ်သွားတယ်။ ၁၁ နာရီမထိုးခင်လောက်မှာ ပစ်ခတ်သံတွကိုကြားလိုက်ရတယ်။ သူတို့မြစ်ကူးနေတဲ့အချိန် ကူးတို့လှေကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ လောလောဆယ်တော့ ရွာကလူအများစုက ထွက်ပြေးသွားကြပြီ။”လို့ ကျောက်တွင်းကုန်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့ပြီးနေက်ပိုင်း ပန်းမြောင်းကျေးရွာ အောင်မင်္ဂလာတောင်ပေါ်မှာရှိတဲ့ တပ်မတော်မြောက်…
Read Moreအစာငတ်ခံသပိတ်မှောက်တဲ့ အလုပ်သမားတွေကိစ္စ NLD ရုံးချုပ်က ကူရှင်းပေး
အစာငတ်ခံသပိတ်မှောက်တဲ့ အလုပ်သမားတွေကိစ္စ NLD ရုံးချုပ်က ကူရှင်းပေး ရန်ကုန် မတ် ၄ -၂၀၂၀ သိင်္ဂီ(VOM) မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ Pacific သံရည်ကျိုစက်ရုံအလုပ်သမားအချို့ဟာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ တစ်နေ့လုပ်ခလစာ ၉၀၀၀ ရရှိဖို့ အစာငတ်ခံ ဆန္ဒပြသပိတ်မှောက်နေပေမယ့် အလုပ်ရှင်ဘက်က မလိုက်လျောတာကြောင့် ဒီကိစ္စကိုဖြေရှင်းပေးဖို့ ရန်ကုန် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်က တာဝန်ရှိသူတွေဆီ အလုပ်သမားတွေက ဒီကနေ နေ့လယ်ပိုင်းမှာ လာရောက်တွေ့ဆုံ ညှိနိူင်းတောင်းဆိုခဲ့ပါတယ်။ အလုပ်သမားတွေ တောင်းဆိုတဲ့ကိစ္စကို ဒီကနေ့ ညနေပိုင်းမှာပဲ ပြည်တွင်းပြည်ပအလုပ်သမားရေးရာကော်မတီ( NLD )ဗဟိုရုံး တာဝန်ရှိသူတွေဟာ မြောင်းတကာစက်မှုဇုန် ဖြေရှင်းဖို့ သွားပေးနေပြီလို့ အလုပ်သမားတွေဆီက သိရပါတယ်။ “ကျနော်တို့ သပိတ်မှောက်ကာလကလည်းကြာနေပြီ၊ အစာငတ်ခံလုပ်နေတာလည်းကြာပြီ။မှော်ဘီကသက်ဆိုင်ရာတာဝန်ရှိသူတွေညှိနိူင်းပေးပေမယ့်လည်း စက်ရုံဘက်ကအဆင်မပြေပါဘူး။ ဒါကြောင့် ဒီကတာဝန်ရှိသူတွေ လာရောက်တွေ့ဆုံဖြေရှင်းပေးဖို့ တောင်းဆိုတာပါ။ ညှိနိူင်းတာပါ။ အလုပ်ခေါ်တုန်းက လစာတစ်မျိုး ၊ ခုပေးနေတာကျတမျိုးဖြစ်နေပါတယ်။ လုပ်ငန်းခွင်ကအသက်အန္တရာယ်အတွက်လည်း ဘေးမကင်းပါဘူး”လို့ဒီကနေ့…
Read Moreကျန်မာရေးနဲ့ညီညွတ်တဲ့မုန့်ရောင်းချတဲ့ ရန်ကုန်ကကျောင်း ၃၆ ကျောင်းကို စည်ပင်ကဆုပေး
ကျန်မာရေးနဲ့ညီညွတ်တဲ့မုန့်ရောင်းချတဲ့ ရန်ကုန်ကကျောင်း ၃၆ ကျောင်းကို စည်ပင်ကဆုပေး ရန်ကုန်-မတ်-၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းက အခြေခံပညာကျောင်း ၃၆ ကျောင်း ကျောင်းမုန့်ဆိုင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ ရောင်းချမှုကြောင့် ဆုရသွားပါတယ်။ ဆုပေးမှုကိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ မတ်လ ၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့တာပါ။ ကလေးတွေအများဆုံးထိတွေ့နေတဲ့ ကျောင်းမုန့်ဆိုင်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာရောင်းချမှုရှိ မရှိ ၊ ဆိုးဆေးတွေ ၊ တာရှည်ခံဆေးတွေ ၊ အစားအစာမှာ ထည့်ဖြည့်တဲ့ပစ္စည်းတွေပါဝင်နေမှု၊ FDA က စားသုံးဖို့ မသင့်ဘူးလို့ ပြောထားတဲ့ ပစ္စည်းတွေ ၊ သက်တမ်းလွန်မုန့်တွေ ရောင်းချမှု ရှိ/ မရှိ ၊ ပြည်ပက မုန့်တွေမှာ စက်ရုံလိပ်စာ ၊ ပါဝင်ပစ္စည်းတွေ ဖော်ပြထားမှု ရှိမရှိ စစ်ဆေးပြီး အကဲဖြတ်ဆုံးဖြတ်တာလို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရတဲ့အပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက…
Read Moreရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေကို နိုင်ငံရေးပါတီသုံးခု တွေ့ဆုံဆွေးနွေးဖို့ ALD ဖိတ်ခေါ်
ရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးအခြေအနေကို နိုင်ငံရေးပါတီသုံးခု တွေ့ဆုံဆွေးနွေးဖို့ ALD ဖိတ်ခေါ် စစ်တွေ၊ မတ် ၄- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်နဲ့ပတ်သတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီသုံးခုတွေဆုံဆွေးနွေးဖို့ ALD ကကမ်းလှမ်းထားကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရခိုင်အမျိုးသားပါတီ(ANP)တို့ကို လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကို တွေ့ဆုံဆွေးနွေးနိုင်ရေး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကကမ်းလှမ်းတာဖြစ်ကြောင်း သိရပါတယ်။ ” အဲဒါက စီစဉ်နေတုန်းပဲရှိသေးတယ်။ ခေါင်းစဉ်ကတော့ ဖိတ်စာမှာပါတဲ့အတိုင်း ရခိုင်ပြည်နိုင်ငံရေး ဆွေးနွေးဖို့ပေါ့။ ကို့ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတဲ့ဖြစ်စဉ်တွေက သိတဲ့အတိုင်းပဲလေ။ အဲကိစ္စတွေကို ဆွေးနွေးမှာပေါ့။” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ANPနဲ့ AFP ပါတီတွေရဲ့ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကို ရခိုင်နိုင်ငံရေးပါတီတွေက ဆွေးနွေးကြဖို့ ALD ရဲ့ဖိတ်ခေါ်ချက်အပေါ် အမြင်သဘောထားကိုသိလို့တာကြောင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ တွေ့ဆုံဆွေးနွေးဖို့ နေရာကတော့…
Read More