ကိုရိုနာကြောင့် မန္တလေးက တရုတ်ခရီးသွားလုပ်ငန်းတွေ ရပ်ထားရ

#voiceofmyanmar # မႏၲေလး #VOM #ခရီးသြားလုပ္ငန္းေတြရပ္

ကိုရိုနာကြောင့် မန္တလေးက တရုတ်ခရီးသွားလုပ်ငန်းတွေ ရပ်ထားရ

မန္တလေး မတ် ၅-၂၀၂၀
ဖြူဖြူ (VOM)

တရုတ်နိုင်ငံဝူဟန်မြို့ကစတင်ပြန့်နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာခရီးသွားကဏ္ဌတွေကိုလည်း ထိခိုက်မှုတွေရှိနေပြီး မန္တလေးမြို့ရှိ တရုတ်ခရီးသွားကုမ္ဗဏီအချို့လည်းရပ်နားကုန်ပြီလို့ ခရီးသွားလုပ်ငန်းရှင်အချို့ထံက သိရပါတယ်။

“တရုတ်ခရီးသွားကို အဓိက လုပ်နေတဲ့ လုပ်ငန်းတချို့ကတော့ လောလောဆယ်ရပ်နားကြတယ်လို့ သိရတယ်။ ရပ်နားတယ်ဆိုတာ ခရီးသည်အဝင်အထွက်မရှိဘူးပေါ့နော်။ ဆိုက်ရောက်ဗီဇာရပ်ထားတော့ ခရီးသည်အဝင်အထွက်မရှိလို့သူတို့လည်းလောလောဆယ်တော့ လုပ်ငန်း ခေတ္တရပ်ထားတဲ့အခြေအနေမှာပဲ ရှိပါတယ်။”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း မန္တလေးဇုန်ရဲ့ အတွင်းရေးမှူး ဦးသန့်ဇော်က ပြောပါတယ်။

မန္တလေးမြို့မှာ တရုတ်သီးသန့် ဝန်ဆောင်မှုပေးတဲ့ ခရီးသွားကုမ္ဗဏီ ၁၉ ခုရှိပြီး တဖြည်းဖြည်းရပ်တန့်လာနေပြီလို့ မန္တလေးတိုင်း ဟိုတယ်နဲ့ ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပါတယ်။

မန္တလေးကနေ တရုတ်နဲ့ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၁၆ ခုရှိရာက လက်ရှိမှာ ၂ လိုင်းသာကျန်တော့ပြီး ဆိုက်ရောက်ဗီဇာတွေရပ်နားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အရင်က နေ့စဉ်တရုတ်ခရီးသွား ၁၂၀၀-၂၀၀၀ ကြားဝင်ရောက်လေ့ရှိတာပါ။

ကိုရိုနာအလွန်မှာ ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးဖို့အတွက်ကိုတော့ အဆင့်သင့်ဖြစ်အောင်စီမံ ဆောင်ရွက်မှုလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ ဦးစန်းယုက ပြောပါတယ်။

ဒါ့အပြင် ဦးစန်းယုက “အလားအလာရှိတဲ့ ဥရောပနိုင်ငံတွေကို ဗီဇာဖြေလျှော့နိုင်ရေးအတွက် ဆောင်ရွက်နေတယ်။ tourism transpotation (ခရီးသွား သယ်ယူပို့ဆောင်ရေး) ကလည်းအရေးကြီးတာဖြစ်တဲ့အတွက် transpotation နဲ့ပတ်သက်ပြီး သက်ဆိုင်ရာလေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်လျှက်ရှိတယ်။”လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ အနောက်နိုင်ငံခရီးသွားတွေက ဝင်ရောက်နေဆဲဖြစ်ပြီး ဥရောပခရီးသွားလုပ်ငန်းတွေကတော့ ဆက်လက်လည်ပတ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း (မန္တလေး)က သိရပါတယ်။

#voiceofmyanmar # မန္တလေး #VOM #ခရီးသွားလုပ်ငန်းတွေရပ်

zawgyi

ကိုရိုနာေၾကာင့္ မႏၱေလးက တရုတ္ခရီးသြားလုပ္ငန္းေတြ ရပ္ထားရ

မႏၲေလး မတ္ ၅-၂၀၂၀
ျဖဴျဖဴ (VOM)

တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕ကစတင္ျပန႔္ႏွံ႔လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏိုင္ငံတကာခရီးသြားကဏၭေတြကိုလည္း ထိခိုက္မႈေတြရွိေနၿပီး မႏၲေလးၿမိဳ႕ရွိ တ႐ုတ္ခရီးသြားကုမၺဏီအခ်ိဳ႕လည္းရပ္နားကုန္ၿပီလို႔ ခရီးသြားလုပ္ငန္းရွင္အခ်ိဳ႕ထံက သိရပါတယ္။

“တ႐ုတ္ခရီးသြားကို အဓိက လုပ္ေနတဲ့ လုပ္ငန္းတခ်ိဳ႕ကေတာ့ ေလာေလာဆယ္ရပ္နားၾကတယ္လို႔ သိရတယ္။ ရပ္နားတယ္ဆိုတာ ခရီးသည္အဝင္အထြက္မရွိဘူးေပါ့ေနာ္။ ဆိုက္ေရာက္ဗီဇာရပ္ထားေတာ့ ခရီးသည္အဝင္အထြက္မရွိလို႔သူတို႔လည္းေလာေလာဆယ္ေတာ့ လုပ္ငန္း ေခတၱရပ္ထားတဲ့အေျခအေနမွာပဲ ရွိပါတယ္။”လို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္အသင္း မႏၲေလးဇုန္ရဲ႕ အတြင္းေရးမႉး ဦးသန႔္ေဇာ္က ေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာ တ႐ုတ္သီးသန႔္ ဝန္ေဆာင္မႈေပးတဲ့ ခရီးသြားကုမၺဏီ ၁၉ ခုရွိၿပီး တျဖည္းျဖည္းရပ္တန႔္လာေနၿပီလို႔ မႏၲေလးတိုင္း ဟိုတယ္နဲ႔ ခရီးသြားလာေရးၫႊန္ၾကားမႈဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးစန္းယုက ေျပာပါတယ္။

မႏၲေလးကေန တ႐ုတ္နဲ႔ ေျပးဆြဲေနတဲ့ ေလေၾကာင္းလိုင္း ၁၆ ခုရွိရာက လက္ရွိမွာ ၂ လိုင္းသာက်န္ေတာ့ၿပီး ဆိုက္ေရာက္ဗီဇာေတြရပ္နားထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

အရင္က ေန႔စဥ္တ႐ုတ္ခရီးသြား ၁၂၀၀-၂၀၀၀ ၾကားဝင္ေရာက္ေလ့ရွိတာပါ။

ကို႐ိုနာအလြန္မွာ ခရီးသြားလုပ္ငန္းျပန္လည္ဖြံ႕ၿဖိဳးဖို႔အတြက္ကိုေတာ့ အဆင့္သင့္ျဖစ္ေအာင္စီမံ ေဆာင္႐ြက္မႈလုပ္ငန္းေတြလုပ္ေဆာင္ေနတယ္လို႔ ဦးစန္းယုက ေျပာပါတယ္။

ဒါ့အျပင္ ဦးစန္းယုက “အလားအလာရွိတဲ့ ဥေရာပႏိုင္ငံေတြကို ဗီဇာေျဖေလွ်ာ့ႏိုင္ေရးအတြက္ ေဆာင္႐ြက္ေနတယ္။ tourism transpotation (ခရီးသြား သယ္ယူပို႔ေဆာင္ေရး) ကလည္းအေရးႀကီးတာျဖစ္တဲ့အတြက္ transpotation နဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာေလေၾကာင္းလိုင္းေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္လွ်က္ရွိတယ္။”လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္အထိ အေနာက္ႏိုင္ငံခရီးသြားေတြက ဝင္ေရာက္ေနဆဲျဖစ္ၿပီး ဥေရာပခရီးသြားလုပ္ငန္းေတြကေတာ့ ဆက္လက္လည္ပတ္ေနတယ္လို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္အသင္း (မႏၲေလး)က သိရပါတယ္။

#voiceofmyanmar # မႏၲေလး #VOM #ခရီးသြားလုပ္ငန္းေတြရပ္

Related posts

Leave a Comment

VOM News

FREE
VIEW