ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲ လူဦးရေအကန့်အသတ်နဲသာကျင်းပမယ်

Photo -သီတဂူအဓိပတိဆရာတော်ရဲ့ (၈၂) နှစ်ပြည့် မွေးနေ့ ကောင်းမှုတော်စေတီတော်တွင် သံဃာတော်များအား ဆွမ်းကြီးလောင်းနေစဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲ လူဦးရေအကန့်အသတ်နဲသာကျင်းပမယ် စစ်ကိုင်း၊ မတ် ၅ -၂၀၂၀ မောင်တာရာ (VOM) နိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အတွက် ဒီနှစ် ကျင်းပမယ့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲကို လူဦးရေအကန့်အသတ်နဲသာကျင်းပမယ်လို့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။ တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသောအားဖြင့်လည်းကောင်း၊ ရဟန်းရှင်လူ ဒကာ ဒကာမတို့ရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်မိသောကြောင့်လည်းကောင်း မွေးနေ့ပူဇာ အလှူမင်္ဂလာကို လူဦးရေအကန့်အသတ်နဲ့သာ ကျင်းပပြုလုပ်မယ်လို့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သီတဂူဝန်ဆောင်သံဃာတော် (ဥက္ကဌ) ဘဒ္ဒန္တကောဝိဒ က မိန့်ကြားပါတယ်။…

Read More

ပဲခူးရွှေမော်ဓောဘုရားကျင်းပမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်သံသယတွေ့ရင် ချက်ချင်းရပ်မည်

#voiceofmyanmar #VOM #ပဲခူး #ေရႊေမာ္ေဓါ

ပဲခူးရွှေမော်ဓောဘုရားကျင်းပမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်သံသယတွေ့ရင် ချက်ချင်းရပ်မည် ပဲခူး မတ် ၅ -၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်း ပဲခူးမြို့ ပဲခူးရွှေမော်ဓောဘုရားကြီးပွဲတော်ကိုအစဉ်အလာမပျက်ကျင်းပမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်သံသယတွေ့ရှိပါက ပွဲတော်ကိုချက်ချင်းရပ်ဆိုင်းသွားမယ်လို့ ပဲခူးရွှေမော်ဓောဘုရားကြီးဂေါပကအဖွဲ့ထံမှသိရပါတယ်။ အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တားမြစ်ထားတဲ့အမိန့်မရမချင်း မူလစီစဉ်ထားတဲ့အတိုင်းဘုရားပွဲကျင်းပဖို့ ဒီနေ့မတ်လ၅ရက်နေ့မှာ ကျင်းပဖို့ဂေါပကစုံညီအစည်းအဝေးကဆုံးဖြတ်လိုက်ပါတယ်လို့ သိရပါတယ်။ ‟ညွှန်ကြားချက်တစ်စုံတစ်ရာမလာ မချင်း ပွဲတော်ဆက်လက်ကျင်းပမယ်လို့ဆုံးဖြတ်လိုက်တာပါ ကျနော်တို့ ဒီနှစ်ဘုရားဖူးလာတဲ့ ပြည်သူတွေကို မက်စ်တွေအခမဲ့ဝေဖို့စီစဉ်ထားပါတယ ်ကျနော်တို့ရောင်းတဲ့ဆိုင်တွေကိုလည်း FDAနဲ့စစစ်ဆေးဖို့ရှိပါတယ် အစဉ်အလာအရကျင်းပကြတာပေါ့ မြို့နယ်ကရော အခြားကရော လာကြတာပေါ့ မြို့ပတ်ဝန်းကျင်ကကျေးရွာတွေကလည်းတစ်နှစ်လုံးရှာဖွေထားပြီးပွဲ တော်မှာ သူတို့လာပြီးတော့ဘုရားဖူးတယ်ပျော်ပွဲရွှင်ပွဲလာကြတယ်တချို့ဆို ရွာစောင့်တောင် မဲနှိုက်ထားကြတယ် ကပ်ရောဂါဆိုတာတော့ မမျော်မှန်နိုင်တဲ့ဘေးဥပါဒ်ကျရောက်စေတဲ့ရောဂါပေါ့။ ကျေ နာ်တို့သိထားတာတော့ (လွဲချင်လည်းလွဲနိုင်ပါတယ်) လက်ရှိအရေအတွက် ဆယ်ဦးမပြည့်ဘူးသံသယရှိတာ အဲဒီလူတွေလည်း ပြန်ကောင်းလာတယ်ပေါ့ လက်ရှိဒေသဆိုင်ရာအပူချိန်နဲ့ဆိုရင် ရောဂါကူးစက်နိုင်မှုမရှိနိုင်ဖူးလို့ သုံးသပ်တာပေါ့ အစိုးရနဲ့ကျန်းမာရေးဌာန တားမြစ်ချက်မရှိရင် ဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်တာပါလို့” ပဲခူးရွှေမော်ဓောဘုရားကြီးဂေါပကအဖွဲ့ဝင် စီမံဘဏ္ဏာ ဦးမြင့်စိုးက VOMကိုပြောပါတယ်။…

Read More

ပိတ်ထားတဲ့ ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ် စက်ရုံလုပ်သားများအားလုံး စက်ရုံပြန်ဖွင့်ရင် မူလအတိုင်းပြန်ခန့်ဖို့ ကတိရရှိ

ပိတ်ထားတဲ့ ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ် စက်ရုံလုပ်သားများအားလုံး စက်ရုံပြန်ဖွင့်ရင် မူလအတိုင်းပြန်ခန့်ဖို့ ကတိရရှိ ပုသိမ် ၊မတ် ၅ -၂၀၂၀ ကိုအောင် (VOM) တရုတ်နိုင်ငံ တွင်ဖြစ်ပွားနေတဲ့ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် ကုန်ကြမ်းပြတ်တောက် သွားတာလို့ ရက်အကန့်အသတ်မရှိယာယီ ပိတ်လိုက်တဲ့ ကန်ထောင့်မြို့ ဟွာမှုန် အထည်ချုပ် စက်ရုံမှ အလုပ်သမားအားလုံးကို မူလအတိုင်း အလုပ်ပြန်ခန့်ဖို့သဘောတူခဲ့ပြီလို့ တိုင်းဒေသကြီး အစိုးရ ရုံးကနေသိရပါတယ် စက်ရုံပြန်လည် လည်ပတ်ပါက လက်ရှိယာယီရပ်နားခြင်းခံထားရတဲ့ လုပ်သမားများ အားလုံးကို မူလနေရာ ရာထူး အတိုင်းပြန်လည် ခန့်ထားပေးပါမယ်လို့အလုပ်ရှင် ဘက် မှ တာဝန်ရှိသူများ ပါဝင်တဲ့အဖွဲ့ က မတ်လ ၅ ရက်နေ့ ညနေပိုင်းကသဘော တူ ညီမှု ကတိ ပြုလုပ်ခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်း ကပြောပါတယ် ” အစိုးရအဖွဲ့…

Read More

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေးမှာလုပ်မယ့် မြန်မာ့သနပ်ခါး အရောင်းပွဲတော် ရက်အကန့်သတ်မရှိရွေ့ဆိုင်း

#voiceofmyanmar #VOM #သနပ်ခါးပွဲတော်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေးမှာလုပ်မယ့် မြန်မာ့သနပ်ခါး အရောင်းပွဲတော် ရက်အကန့်သတ်မရှိရွေ့ဆိုင်း မန္တလေး၊မတ် ၅ -၂၀၂၀ မောင်တာရာ (VOM) မြန်မာ့ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကနေ ဦးစီးပြီး မန္တလေးမြို့မှာ ကျင်းပမယ့် မြန်မာ့သနပ်ခါး အရောင်းပွဲတော်နဲ့ သနပ်ခါးလှပျိုမေပြိုင်ပွဲကို လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကယက်ကြောင့် ရက်ရွေ့ဆိုင်းထားတယ်လို့ အဆိုပါ အသင်းကနေ သိရပါတယ်။ မန္တလေးမြို့၊ကျောက်တော်ကြီး ဘုရားမှာ မတ်လ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ မြန်မာ့သနပ်ခါး အရောင်းပွဲတော် နဲ့ သနပ်ခါးလှပျိုမေပြိုင်ပွဲကို ကျင်းပဖို့ မူလက စီစဉ်ထားတာပါ။ မြန်မာ့ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုး ပြောပြတာက ”ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြောင့် စိုးရိမ်ရလို့မို့ အမှုဆောင်တွေနဲ့တိုင်ပင်ပြီးတော့ ကျင်းပမယ့်ကို ရွေ့ဆိုင်းလိုက်တာပါ၊ အကုန်လုံး လုပ်ကိုင်ပြီးသားဆို ရွေ့ရတာခက်သွားမှာမို့ပါ၊ပွဲတော်ကိုတော့ ဘယ်နေ့…

Read More

စစ်ကိုင်းက ကိုရိုနာဗိုင်းရပ်စ် သံသယရှိ စောင့်ကြည့်လူနာမှာ ဗိုင်းရပ်စ်ပိုးမတွေ့

#voiceofmyanmar #VOM #စစ္ကိုုင္း #ကိုုရိုုနာ

စစ်ကိုင်းက ကိုရိုနာဗိုင်းရပ်စ် သံသယရှိ စောင့်ကြည့်လူနာမှာ ဗိုင်းရပ်စ်ပိုးမတွေ့ စစ်ကိုင်း ၊ မတ် – ၅-၂၀၂၀ မောင်တာရာ (VOM) ကိုရိုနာ ဗိုင်းရပ်စ် သံသယ လက္ခဏာတွေကြောင့် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံကို ပို့ဆောင်ပြီး စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ ကုသနေတဲ့ စစ်ကိုင်းမြို့နယ်က အသက် ၂၄ နှစ် အရွယ် အမျိုးသားတစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိခဲ့ဘူးလို့ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးဌာနကသိရပါတယ် ဓါတ်ခွဲနမူနာရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)ကို ပေးပို့စစ်ဆေးရာမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိတဲ့အကြောင်း စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးဌာနက ဒုခရိုင်ဦးမှူး ဒေါက်တာခိုင်ခင်ထားက ပြောပါတယ်။ ”မန္တလေး ကန်တော်နဒီဆေးရုံမှာ စစ်ကိုင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ရှိတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်ရပ်စ် သံယနာလူနာအဖြစ် သီးခြားခွဲထားတယ်လို့ အကြောင်းကြားလာပါတယ်။…

Read More

ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျဉ်စထိမှန်ပြီး အရပ်သား ၂ ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျဉ်စထိမှန်ပြီး အရပ်သား ၂ ဦးဒဏ်ရာရ ကျောက်တော်၊ မတ် ၅- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မနေ့ မတ်လ ၄ ရက်နေ့က ပြိုင်းတိုင်းကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကျဉ်ထိမှန်ပြီး ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။ “မနေ့ကညနေ ၉ နာရီမှာ ဦးအကျန်မောင်ရဲ့သမီး ဒေါ်အေးမျှက ဗုံးခိုကျင်းနားမှာ ထိုင်နေတာ။ အဲဒါမှာ သူ့လက်ကိုလာမှန်တာ။ စိုးကြည်တင်မှာက ဘယ်ဘက် လက်မောင်းအောက်ကို ကျည်ဖောက်သွားတာ။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး။ သွေးတိတ်သွားပြီ။ လူနာတင်ယာဉ်ခေါ်ဖို့လည်း အခက်အခဲဖြစ်နေတယ်။ လမ်းကြောင်း အခြေအနေက မကောင်းဘူး။” လို့ ဒေသခံ ပြိုင်းတိုင်းရွာသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိတဲ့ အမျိုးသမီးတွေဟာ ပြိုင်းတိုင်းကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မစိုးကြည်တင်မှာ ဘယ်ဘက်လက်မောင်းအောက်ဒဏ်ရာနဲ့ ဒေါ်အေးမျှ အသက် (၅၇)မှာ ဘယ်ဘက်လက်ပျဉ်ဒဏ်ရာရရှိ…

Read More

အမျိုးသမီးတွေ ရာသီသွေးစဆင်းတဲ့ပထမရက်ကို ခွင့်အဖြစ်တရားဝင်သတ်မှတ်ပေးဖို့တောင်းဆို

#voiceofmyanmar #VOM #ရာသီသွေးစပေါ်ရက် #အသံ

အမျိုးသမီးတွေ ရာသီသွေးစဆင်းတဲ့ပထမရက်ကို ခွင့်အဖြစ်တရားဝင်သတ်မှတ်ပေးဖို့တောင်းဆို ရန်ကုန် ၊ မတ် ၅ ၊၂၀၂၀ သိဂီ ၤ(VOM) ရာသီသွေးလာချိန်မှာဖြစ်ပေါ်လေ့ရှိတဲ့ စိတ်အဆင်မပြေမှုတွေကြောင့် အမျိုးသမီးတွေဟာ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ရာမှာ အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တာကြောင့် စိတ်ပိုင်ဆိုင်ရာ အနားယူပြင်ဆင်ဖို့လိုအပ်တဲ့အတွက် ရာသီသွေး ဆင်းတဲ့ပထမရက်ကို ခွင့်အဖြစ် အမျိုးသမီးတွေ ရရှိသင့်တယ်လို့ အသံ အဖွဲ့က ထုတ်ပြန်ပါတယ်။ အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ မောင်ဆောင်းခက သူတို့ တောင်းဆိုရတာနဲ့ပတ်သက်လို့ ခုလို ပြောပါတယ်။ “ကျွန်တော်တို့ကအက်တီဗစ်အဖွဲ့အစည်းဖြစ်လို့ တချို့ဥပဒေတွေသိပ်ဂရုမစိုက်ဘူး။ ကျွန်တော်တို့ယုံကြည်တဲ့အထဲမှာဒီဟာက ဒီအခွင့်အရေးက ရသင့်ရထိုက်တယ်လို့မြင်လို့ပေးတာဖြစ်တယ်။ အထူးသဖြင့် တစ်လမှာ တစ်ရက်ပေးလိုက်တာကလည်းဘာမှမဖြစ်ဘူး။ ဥပမာ အဲ့ဒီလိုဖြစ်နေချိန် နာကျင်ပြီးစိတ်အဆင်မပြေဘဲရုံးမှာအလုပ်လုပ်နေတာထက် အိမ်မှာပြန်အနားယူပြီးနောက်နေ့မှ အေးဆေးလာလုပ်တာကအလုပ်ပိုတွင်လိမ့်မယ်။ ပျော်ရွှင်ပြီး အလုပ်ပေါ်မှာ ကျေနပ်ချစ်ခင်ဖို့ သူတို့ရသင့်ရထိုက်တဲ့အခွင့်အရေးကို ကျွန်တော်တို့ကပြန်စဉ်းစားပေးဖို့လိုအပ်တယ်လို့ ယုံကြည့်တယ်။ ဒါကြောင့်ဒီဟာမျိုးပေးသင့်တယ်။ခုလို စတိတ်မန့်ထုတ်ပြီး ထုတ်ပြောတယ်ဆိုတာ အခြားအဖွဲ့တွေကိုအားပေးစေချင်တာဖြစ်တယ်။ ဒီလိုဟာမျိုးက ရှိသင့်ရှိထိုက်တယ်ဆို တာကို သွားပြီး အလတ်…

Read More

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာသင်ကျောင်းအာလုံးပိတ်ထားဖို့ အမိန့်ထုတ်

#voiceofmyanmar #VOM #အီတလီ #ကိုရိုနာဗိုင်းရပ်စ်

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာသင်ကျောင်းအာလုံးပိတ်ထားဖို့ အမိန့်ထုတ် ရောမ၊ မတ်-၅-၂၀၂၀ မျိုးဆက် (VOM) အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မတ် ၅ ရက်နေ့မှစ၍ စာသင်ကျောင်းအားလုံး ပိတ်ထားရန် အမိန့်ထုတ်လိုက်သည်။ စီးရီးအေ ဘောလုံးပွဲစဉ်တွေအပါအဝင် အခြားပရော်ဖက်ရှင်နယ် အားကစားပြိုင်ပွဲတွေကိုလည်း တစ်လကြာ ကွင်းပိတ်ကစားမှာဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၀၇ ဦးအထိရှိလာနေပြီး ဥရောပမှာ အဆိုးရွားဆုံးဖြစ်ပွားမှုဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် မနိုင်မနင်းဖြစ်မှုတွေရှိကြောင်းအီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက ပြောပါတယ်။ ရောဂါကူးစက်ခံရသူ ၃၀၀၀အနက်အများစုဟာ နိုင်ငံမြောက်ပိုင်းမှဖြစ်ပေမယ့် အီတလီနိုင်ငံရှိ ဒေသပေါင်း ၂၀ ရှိတဲ့အနက် ၁၉ခုမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေရှိနေပါတယ်။ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ ၃၂၀၀ သေဆုံးသွားပြီဖြစ်ပြီး ရောဂါကူးစက်ခံထားရသူ ကိုးသောင်းကျော်ရှိနေသည်။ Ref : BBC Photo: Sky News #voiceofmyanmar #VOM…

Read More

ဖားကန့်လုပ်ကွက်တခုမှာ ကမ်းပါးပြိုလို့ မြေတူးစက်မောင်းသူနှစ်ဦး မြေပိ တဦးသေဆုံး

ဖားကန့်လုပ်ကွက်တခုမှာ ကမ်းပါးပြိုလို့ မြေတူးစက်မောင်းသူနှစ်ဦး မြေပိ တဦးသေဆုံး ဖားကန့် -မတ်-၅-၂၀၂၀ ဇော်မိုးထက် (VOM) ကချင်ပြည်နယ် မိုးညှင်း ခရိုင်ဖားကန့်မြို့နယ် မော်ဝမ်းကြီးကျေးရွာအုပ်စု ၊ ဆွတ်ငိုင်ယန်ကျေးရွာ အနီး ယူနတီကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီအတွင်းက လုပ်ကွက်ကမ်းပါးနံရံဟာ မတ်လ ၄ရက်နေ့ ညဉ့်အချိန်က ပြိုကျခဲ့ပါတယ်။ ယူနတီကုမ္မဏီရဲ့ လုပ်ကွက်ကမ်းပါးနံရံရဲ့ အမြင့်ပေ ရှစ်ဆယ်လောက်ကနေပြုတ်ကျခဲ့လို့ လုပ်ကွက်အတွင်းမှာ အလုပ်လုပ်နေတဲ့ ဘက်ဟိုးမောင်းတဲ့ ကုမ္မဏီ ဝန်ထမ်း နှစ်ဦး ဟာ ဘက်ဟိုးတွေနဲ့အတူ မြေကြီးတွေ ဖုံးမိသွားတယ်လို့ သွားကြည့်ခဲ့တဲ့ ဒေသခံရွာသားတဦးက ပြောပါတယ် ။ မြေပိတဲ့ ဘက်ဟိုးဆရာ နှစ်ဦးအနက် ဘက်ဟိုးဆရာ ဦးဗိုလ်စိုးနိုင် (၃၅)နှစ် (ဘ) ဦးသန်းမောင် ၅/ရဥန(နိုင်)ဝ၇၁၄ဝ၄ ၊ စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ၊ကုန်းသာယာကျေးရွာ နေသူဟာ သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ် ။…

Read More

ရွှေစက်တော်ဘုရားပွဲ ကိုရိုနားဗိုင်းရပ်စ် အထူးစစ်ဆေးမည်

#voiceofmyanmar #VOM #ရွှေစက်တော်

ရွှေစက်တော်ဘုရားပွဲ ကိုရိုနားဗိုင်းရပ်စ် အထူးစစ်ဆေးမည် မင်းဘူး-မတ်-၅-၂၀၂၀ ဂျန်ကိုးလ် (VOM) မန်းရွှေစက်တော် ဘုရားဖူးသူတွေအတွက်ကိုယ်ပူချိန်တိုင်းတာစစ်ဆေးမယ့် ကိရိယာ၅ခု နဲ့ အဝင်ဝမှာကတည်းက စစ်ဆေးသွားဖို့အပြင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွန်ှကြားရေးမှူးနဲ့အတူ ခရိုင်ဆေးရုံအုပ်ကြီးတို့ အဖွဲ့က မတ်လ၄ရက်နေ့မှာ လာရောက်လေ့လာကြည့်ရှုပြီး အကြံပြုသွားပါတယ်။ ရွှေစက်တော်ဂေါပကအတွင်းရေးမှူးဦးခင်မောင်စိုးက “ မတ်လ၄ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာဦးထွန်းတင်က အကြံပြုတယ် မုဒ်ဦးအဝင်ဝကတည်းကကိုယ်ပူချိန်းတိုင်းတဲ့ကရိယာနဲ့ စစ်ဆေးဘို့ကိုယ်ပူချိန်မြင့်နေရင် ပွဲတော်အတွင်း မဝင်ဖို့ မေတ္တာရပ်ခံဖို့အကြံပြုခဲ့သလို သန့်စင်ဆေးရည်တွေ အလွယ်တကူရရှိနိုင်အောင်လည်း စီစဉ်ပေးဖို့ အကြံပြုခဲ့တယ်၊ ဒါ့အပြင် ဘုရားမှာဖွင့်ထားတဲ့အခမဲ့ဆေးခန်းအတွက်လည်း ဆေးဝါးအကြံပြုခဲ့ပါတယ်”လို့ပြောပါတယ်၊ ဒါဟာလတ်တလောအိမ်နီးခြင်းနိုင်ငံနဲ့ အာရှ ဥရောပတို့မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်မှု့နဲ့ပတ်သက်ပြီး လူစုလူဝေးကိုရှောင်ရှားကြဘို့ ပညာရှင်တွေအကြံပြုပြီးနောက်ပိုင်း ဘုရားပွဲတကယ်ပိတ်မှာလားလို့ မေးခွန်းတွေထွက်ပေါ်ခဲ့ပါတယ်။ မကွေးတိုင်းအမှတ်၅ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းရဲ့ရွှေစက်တော်ဂေါပက အဖွဲ့ထံလိပ်မူတဲ့ပေးစာမှာ ဘုရားပွဲကို စနစ်တကျပိတ်သိမ်းဖို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘုရားပွဲကို ပိတ်မှာမဟုတ်ပဲ ကျမ္မာရေးဝန်ကြီးဌာနက အကြံပြုချက်တွေအတိုင်း လုပ်ဆောင်သွားမယ်ဖို့…

Read More
VOM News

FREE
VIEW