ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေးမှာလုပ်မယ့် မြန်မာ့သနပ်ခါး အရောင်းပွဲတော် ရက်အကန့်သတ်မရှိရွေ့ဆိုင်း

#voiceofmyanmar #VOM #သနပ္ခါးပြဲေတာ္

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေးမှာလုပ်မယ့် မြန်မာ့သနပ်ခါး အရောင်းပွဲတော် ရက်အကန့်သတ်မရှိရွေ့ဆိုင်း

မန္တလေး၊မတ် ၅ -၂၀၂၀
မောင်တာရာ (VOM)

မြန်မာ့ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကနေ ဦးစီးပြီး မန္တလေးမြို့မှာ ကျင်းပမယ့် မြန်မာ့သနပ်ခါး အရောင်းပွဲတော်နဲ့ သနပ်ခါးလှပျိုမေပြိုင်ပွဲကို လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကယက်ကြောင့် ရက်ရွေ့ဆိုင်းထားတယ်လို့ အဆိုပါ အသင်းကနေ သိရပါတယ်။

မန္တလေးမြို့၊ကျောက်တော်ကြီး ဘုရားမှာ မတ်လ ၂၇ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ မြန်မာ့သနပ်ခါး အရောင်းပွဲတော် နဲ့ သနပ်ခါးလှပျိုမေပြိုင်ပွဲကို ကျင်းပဖို့ မူလက စီစဉ်ထားတာပါ။

မြန်မာ့ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုး ပြောပြတာက

”ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကြောင့် စိုးရိမ်ရလို့မို့ အမှုဆောင်တွေနဲ့တိုင်ပင်ပြီးတော့ ကျင်းပမယ့်ကို ရွေ့ဆိုင်းလိုက်တာပါ၊ အကုန်လုံး လုပ်ကိုင်ပြီးသားဆို ရွေ့ရတာခက်သွားမှာမို့ပါ၊ပွဲတော်ကိုတော့ ဘယ်နေ့ ပြန်လည်ကျင်းပမယ်ဆိုတာတော့ မသတ်မှတ်ရသေးပါဘူး၊’လို့ ဆိုပါတယ်။

မြန်မာ့သနပ်ခါးဈေးကွက်ပိုမိုဖွံ့ဖြိုးစေရန် နဲ့ ပြည်ပနိုင်ငံတွေအထိ အဆင့်မြင့်ထုတ်ကုန်အဖြစ်တင်ပို့ရောင်းချနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကို ဖော်ထုတ်ခြင်း နဲ့ မြန်မာ အမျိုးသမီးတွေ သနပ်ခါးကို မြတ်နိုးတန်းဖိုးထားတတ်လာစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာ့ သနပ်ခါး အရောင်းပွဲတော်ကို ၂၀၁၇ ခုနှစ်က စတင်ပြီး ကျင်းပလာတာ ဒီနှစ်နဲ့ဆို တတိယအကြိမ် ရှိပြီဖြစ်ပါတယ်။

ဒီနှစ် တတိယအကြိမ်မြောက် အနေနဲ့ ကျင်းပမယ့် မြန်မာ့ သနပ်ခါး အရောင်းပွဲတော် ကိုတော့ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ရက်ရွေ့ဆိုင်းထားပြီး ပြန်လည်ကျင်းပမယ့်ရက်ကို မသတ်မှတ်ရသေးပါဘူး။

ဓါတ်ပုံ Top Angel Floral Service
#voiceofmyanmar #VOM #သနပ်ခါးပွဲတော်

Zawgyi

ကုိရုိနာဗုိင္းရပ္စ္ေႀကာင့္ မႏၲေလးမွာလုုပ္မယ့္ ၿမန္မာ့သနပ္ခါး အေရာင္းပြဲေတာ္ ရက္အကန္႕သတ္မရွိေရြ႕ဆုိင္း

မႏၲေလး၊မတ္ ၅ -၂၀၂၀
ေမာင္တာရာ (VOM)

ၿမန္မာ့ သနပ္ခါး စုိက္ပ်ဳိးထုတ္လုပ္ တင္ပုိ႕ေရာင္းခ်သူမ်ားအသင္းကေန ဦးစီးၿပီး မႏၲေလးၿမဳိ႕မွာ က်င္းပမယ့္ ၿမန္မာ့သနပ္ခါး အေရာင္းပြဲေတာ္နဲ့ သနပ္ခါးလွပ်ဳိေမၿပဳိင္ပြဲကုိ လတ္တေလာ ကုိရုိနာဗုိင္းရပ္စ္ ကယက္ေႀကာင့္ ရက္ေရြ႕ဆုိင္းထားတယ္လုိ႔ အဆုိပါ အသင္းကေန သိရပါတယ္။

မႏၲေလးၿမဳိ႕၊ေက်ာက္ေတာ္ႀကီး ဘုရားမွာ မတ္လ ၂၇ ရက္ေန႔ မွ ၂၉ ရက္ေန႔ အထိ ၿမန္မာ့သနပ္ခါး အေရာင္းပြဲေတာ္ နဲ့ သနပ္ခါးလွပ်ဳိေမၿပဳိင္ပြဲကုိ က်င္းပဖိုု႕ မူလက စီစဥ္ထားတာပါ။

ၿမန္မာ့ သနပ္ခါး စုိက္ပ်ဳိးထုတ္လုပ္ တင္ပုိ႕ေရာင္းခ်သူမ်ားအသင္း ဥကၠဌ ဦးေက်ာ္မုိး ေျပာျပတာက

”ကုိရုိနာဗုိင္းရပ္စ္ကူးစက္ေရာဂါ ေႀကာင့္ စုိးရိမ္ရလုိ႕မုိ႔ အမႈေဆာင္ေတြနဲ႕တုိင္ပင္ၿပီးေတာ့ က်င္းပမယ့္ကုိ ေရြ႕ဆုိင္းလုိက္တာပါ၊ အကုန္လုံး လုပ္ကုိင္ၿပီးသားဆုိ ေရြ႕ရတာခက္သြားမွာမုိ့ပါ၊ပြဲေတာ္ကုိေတာ့ ဘယ္ေန႔ ျပန္လည္က်င္းပမယ္ဆုိတာေတာ့ မသတ္မွတ္ရေသးပါဘူး၊’လိုု႕ ဆိုုပါတယ္။

ၿမန္မာ့သနပ္ခါးေစ်းကြက္ပိုမိုဖြံ႕ၿဖိုးေစရန္ နဲ႕ ၿပည္ပႏုိင္ငံေတြအထိ အဆင့္ျမင့္ထုတ္ကုန္အျဖစ္တင္ပို့ေရာင္းခ်ႏုိင္ရန္၊ ၿမန္မာ့ယဥ္ေက်းမႈ အေမြအႏွစ္ကုိ ေဖာ္ထုတ္ျခင္း နဲ႔ ၿမန္မာ အမ်ုိးသမီးေတြ သနပ္ခါးကုိ ျမတ္ႏုိးတန္းဖုိးထားတတ္လာေစရန္ စတဲ့ ရည္ရြယ္ခ်က္ေတြနဲ႕ ၿမန္မာ့ သနပ္ခါး အေရာင္းပြဲေတာ္ကုိ ၂၀၁၇ ခုႏွစ္က စတင္ၿပီး က်င္းပလာတာ ဒီႏွစ္နဲ႕ဆုိ တတိယအႀကိမ္ ရွိျပီၿဖစ္ပါတယ္။

ဒီႏွစ္ တတိယအႀကိမ္ေၿမာက္ အေနနဲ႕ က်င္းပမယ့္ ၿမန္မာ့ သနပ္ခါး အေရာင္းပြဲေတာ္ ကုိေတာ့ ကုိရုိနာဗုိင္းရပ္စ္ ဂယက္ေႀကာင့္ ရက္ေရြ႕ဆုိင္းထားၿပီး ျပန္လည္က်င္းပမယ့္ရက္ကိုု မသတ္မွတ္ရေသးပါဘူး။

ဓါတ္ပံု Top Angel Floral Service
#voiceofmyanmar #VOM #သနပ္ခါးပြဲေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW