စက်တင်ဘာ ၉ – ၂၀၂၆ SN (VOM) ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ၊ စာရေးဆရာ၊ နိုတြီပဗ္ဗလစ် တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်စိုး (အောင်စိုးဦး၊ ကိုအလင်္ကာ) ရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့၊ မနက် ၁၀ နာရီမှာ ရေဝေးသုသာန်မှာ ပြုလုပ်မယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။ သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ညွန်းအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ၊ နော်ရင်မွှေးဇာတ်ကား ဖန်တီးသူ ဆရာဦးအောင်စိုးဦးဟာ မနေ့ စက်တင်ဘာ ၈ ရက်၊ ည ၇ နာရီ ၂၃ မိနစ်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီလို့ သိရပါတယ်။ ဆရာကြီး ကွယ်လွန်တာနဲ့ပတ်သက်လို့ သရုပ်ဆောင် ဝေဋ္ဌုကျော်က “ဆရာ ဘဝတပါးကို ကူးပြောင်းသွားကြောင်း သိရတဲ့အတွက် ကျန်ရစ်သူ မိသားစုနဲ့ အတူ…
Read MoreDay: September 9, 2026
နေပြည်တော်မှာ ဒုဗိုလ်မှူးကြီးစီးလာတဲ့ဆိုင်ကယ်ကို ဗိုလ်ကြီးကားက ဝင်တိုက်မိပြီး ဒုဗိုလ်မှူးကြီးသေဆုံး ၊ဒုအရာခံဗိုလ် ဒဏ်ရာရ
စက်တင်ဘာ ၉ ၊ ၂၀၂၆ CC (VOM) နေပြည်တော် ၊ပျဥ်းမနားမြို့နယ်ထဲမှာ ဒုဗိုလ်မှူးကြီး နဲ့ အရာခံဗိုလ်တို့ စီးလာတဲ့ဆိုင်ကယ်ကို ပြည်ထဲရေး ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ကြီးက ဝင်တိုက်မိပြီး ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က စက်တင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီလောက်မှာ ပျဥ်းမနားမြို့နယ် ၊ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၁)ရပ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် မှာ ဗိုလ်ကြီးဝင်းနိုင်ထွန်းမောင်းလာတဲ့ကားက ဒုဗိုလ်မှူးနဲ့ အရာခံဗိုလ်တို့စီးလာတဲ့ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်မိခဲ့တာ လို့သိရပါတယ်။ အဲဒီယာဥ်တိုက်မှုကြောင့် ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်း (ထဆရ- ၁ တပ်ရင်းမှူး၊ ဆအတ-၃၊ အင်းတကော်သို့တပ်ပြောင်းသူ)က ဆေးရုံမှာ သေဆုံးခဲ့ပြီး ထဆရ(၁)မှဒုအရာခံဗိုလ် ပြည့်ငြိမ်းက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ” ယာဥ်တိုက်မှု ဖြစ်စဥ်ကမှန်ပါတယ်။ ည ၁၁ နာရီလောက်ပါ…
Read Moreသူတို့အိမ် အခန်း (၂၁၆)
ဆူးငှက် ခြွေနိုင်မှ ရံသတဲ့ —————– သရက်ကုန်း လယ်တော အိမ်ကလေးရောက်တော့ အမေပျော်နေပါသည်။ မနက်လင်း မျက်နှာသစ် စားသောက်ပြီးတာနှင့် သီချင်းလေး တအေးအေးနှင့် အိမ်ရှေ့ထွက်ထိုင်နေတော့သည်။ အသက်ကလည်း ၉၀ကျော်စ ပြုပေမယ့် အမေ့မှာ ဘာရောဂါမှ ကြီးကြီးမားမား မရှိ။ မှတ်ဉာဏ်ကအစ ကောင်းနေသည်။ တကယ်တော့ အမေသည် တောမှာမွေးပြီး အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်ခဲ့ရသလို အိမ်ထောင်ကျ၍ မန္တလေးရောက်လာတော့လည်း အချိန်၁၀နီးပါး ဆီဗျပ်ကို ခေါင်းပေါ်ရွက်ကာ ၄ပြင်၄ရပ် အရပ်တကာ ခြေကျင်သွားလာ နေရတာ အသက် ၆၀ကျော်အထိမို့ ကျန်းမာရေး ကောင်းနေပုံရသည်။ တစ်ခုပါပဲ၊ အခုသရက်ကုန်းအိမ်ရောက်တော့ အရင်က ဒေါင်းရိုးစိုင်ပြွန်ရိပ်သာ ဝင်းထဲနေစဉ်ကလို၊ ဟေမာဇလရပ် အောင်ရတနာတိုက်မှာ နေစဉ်ကလို သမီးတွေမြေးတွေ ဆွေတွေမျိုးတွေ သိုင်းသိုင်းဝန်းဝန်း မရှိလု့ိ တောင်တွေး…
Read Moreသိန္နီမြို့နယ်မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ
စက်တင်ဘာ ၈၊ ၂၀၂၆ Shy V + NN (VOM) ကိုးကန့် MNDAA ထိန်းချုပ်ရာ သိန္နီမြို့နယ် မန်မိုင်ရွာအနီးမှာ ဒီနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် အစောပိုင်းက ယမ်းသိုလှောင်ရုံ ပေါက်ကွဲလို့ လူ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လေယာဥ် မဟုတ်ပါဘူး။ ခြံထဲက ယမ်းအိတ်တွေ မတော်တဆ ပေါက်ကွဲတာပါ။ သိန္နီ မန့်မိုင် အထက်ကုန်း ရာဘာခြံဘက်နား။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရွာတွေဘက်အထိတုန်ခါပြီး နေအိမ်မျက်နှာကျက်တွေပါ ပြုတ်ကျတာတွေရှိတယ်လို့ သူက ပြောပါတယ်။ “မနက် ၅ နာရီခွဲ ၆ နာရီ ဝန်းကျင်လောက် အသံ အကျယ်ကြီးကြားတယ်။ ထိသူ အများကြီးပဲ။ သေသူလည်းများတယ်။ ဘယ်လောက် ဆိုတာ အတိအကျ…
Read More