ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲ လူဦးရေအကန့်အသတ်နဲသာကျင်းပမယ်

Photo -သီတဂူအဓိပတိဆရာေတာ္ရဲ႕ (၈၂) ႏွစ္ျပည့္ ေမြးေန႔ ေကာင္းမႈေတာ္ေစတီေတာ္တြင္ သံဃာေတာ္မ်ားအား ဆြမ္းႀကီးေလာင္းေနစဥ္

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲ လူဦးရေအကန့်အသတ်နဲသာကျင်းပမယ်

စစ်ကိုင်း၊ မတ် ၅ -၂၀၂၀
မောင်တာရာ (VOM)

နိုင်ငံတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အတွက် ဒီနှစ် ကျင်းပမယ့် သီတဂူဆရာတော်ကြီးရဲ့ မွေးနေ့ပူဇာပွဲကို လူဦးရေအကန့်အသတ်နဲသာကျင်းပမယ်လို့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။

တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသောအားဖြင့်လည်းကောင်း၊ ရဟန်းရှင်လူ ဒကာ ဒကာမတို့ရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်မိသောကြောင့်လည်းကောင်း မွေးနေ့ပူဇာ အလှူမင်္ဂလာကို လူဦးရေအကန့်အသတ်နဲ့သာ ကျင်းပပြုလုပ်မယ်လို့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ သီတဂူဝန်ဆောင်သံဃာတော် (ဥက္ကဌ) ဘဒ္ဒန္တကောဝိဒ က မိန့်ကြားပါတယ်။

”အရင်နှစ်တွေက ဆရာတော်ကြီးမွေးနေ့ သုံးရက်ကျင်းပတယ်ဆို တပေါင်းလပြည့်နေ့မှာ လာရောက်တဲ့ ဦးရေ က ငါးထောင် နဲ့ တစ်သောင်းကြား လာတယ်။ကျန်ရက်တွေကျ လူဦးရေ ၃၀၀၀ လောက် လာကြတယ်။ဒီနှစ်ကျ ကိုရိုနာဗိုင်းရပ် အနေအခြေကြောင့် ဆရာတော်ကြီးရဲ့ မွေးနေ့ကို လူဦးရေအကန့်အသတ်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်။”လို့ဆရာတော်က မိန့်ကြားပါတယ်။

သီတဂူအဓိပတိဆရာတော်ရဲ့ (၈၃) နှစ်ပြည့် မွေးနေ့ပူဇာ အလှူမင်္ဂလာ အဖြစ် စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ သံဃာတော် အပါး ၂၀၀၀ နဲ့ သီလရှင်ဆရာလေး အပါး ၁၀၀၀ တို့ကို လှူဖွယ်ဝတ္ထု အမျိုးမျိုး တို့ကို လှူဒါန်း ပူဇော်ရန် စီစဉ်ထားပြီး ယခင်နှစ်များလို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်း လျှောက်လမ်း ဝဲ−ယာတွေမှာ ဧည့်ခံတဲ့ စတုဒိသာကျွေးမွေးခြင်းတွေကိုတော့ ပြုလုပ်တော့မှာ မဟုတ်ပါဘူး။

Photo -သီတဂူအဓိပတိဆရာတော်ရဲ့ (၈၂) နှစ်ပြည့် မွေးနေ့ ကောင်းမှုတော်စေတီတော်တွင် သံဃာတော်များအား ဆွမ်းကြီးလောင်းနေစဉ်

#voiceofmyanmar #VOM #စစ်ကိုင်း #သီတဂူဆရာတော်

ကုိရုိနာဗုိင္းရပ္စ္ေႀကာင့္ သီတဂူဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ပူဇာပြဲ လူဦးေရအကန႔္အသတ္နဲသာက်င္းပမယ္

စစ္ကိုင္း၊ မတ္ ၅ -၂၀၂၀
ေမာင္တာရာ (VOM)

ႏုိင္ငံတဝွမ္းမွာ ကုိရုိနာဗုိင္းရပ္စ္ ၿဖစ္ပြားေနတဲ့ အတြက္ ဒီႏွစ္ က်င္းပမယ့္ သီတဂူဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ပူဇာပြဲကုိ လူဦးေရအကန႔္အသတ္နဲသာက်င္းပမယ္လုိ႔ စစ္ကိုင္းေတာင္ရိုး သီတဂူကမၻာ့ဗုဒၶတကၠသိုလ္က ဒီေန႔ ညပုိင္းမွာ ထုတ္ျပန္ေႀကာ္ၿငာခဲ့ပါတယ္။

တရုတ္ႏုိင္ငံက စတင္ၿဖစ္ပြားခဲ့ေသာ ကုိရုိနာဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္အစိုးရ၊ က်န္းမာေရးႏွင့္ အား ကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာေသာအားျဖင့္လည္းေကာင္း၊ ရဟန္းရွင္လူ ဒကာ ဒကာမတို့ရဲ႕ က်န္းမာေရးကို စိုးရိမ္ပူပန္မိေသာေၾကာင့္လည္းေကာင္း ေမြးေန႔ပူဇာ အလွူမဂၤလာကို လူဦးေရအကန႔္အသတ္နဲ့သာ က်င္းပျပဳလုပ္မယ္လုိ႔ စစ္ကိုင္းေတာင္ရိုး သီတဂူကမၻာ့ဗုဒၶတကၠသိုလ္မွ သီတဂူဝန္ေဆာင္သံဃာေတာ္ (ဥကၠဌ) ဘဒၵႏၲေကာဝိဒ က မိန္႕ႀကားပါတယ္။

”အရင္ႏွစ္ေတြက ဆရာေတာ္ႀကီးေမြးေန႕ သုံးရက္က်င္းပတယ္ဆုိ တေပါင္းလျပည့္ေန့မွာ လာေရာက္တဲ့ ဦးေရ က ငါးေထာင္ နဲ႕ တစ္ေသာင္းႀကား လာတယ္။က်န္ရက္ေတြက် လူဦးေရ ၃၀၀၀ ေလာက္ လာႀကတယ္။ဒီႏွစ္က် ကုိရုိနာဗုိင္းရပ္ အေနအေျခေႀကာင့္ ဆရာေတာ္ႀကီးရဲ႕ ေမြးေန႔ကုိ လူဦးေရအကန႔္အသတ္နဲ႕ က်င္းပရၿခင္းၿဖစ္ပါတယ္။”လိုု႕ဆရာေတာ္က မိန္႕ႀကားပါတယ္။

သီတဂူအဓိပတိဆရာေတာ္ရဲ႕ (၈၃) ႏွစ္ျပည့္ ေမြးေန႔ပူဇာ အလွူမဂၤလာ အျဖစ္ စစ္ကိုင္းေတာင္ရိုး သီတဂူကမၻာ့ဗုဒၶတကၠသိုလ္မွာ သံဃာေတာ္ အပါး ၂၀၀၀ နဲ႕ သီလရွင္ဆရာေလး အပါး ၁၀၀၀ တို့ကုိ လွူဖြယ္ဝတၳဳ အမ်ိဳးမ်ိဳး တို့ကို လွူဒါန္း ပူေဇာ္ရန္ စီစဥ္ထားၿပီး ယခင္ႏွစ္မ်ားလုိ႔ သီတဂူကမၻာ့ဗုဒၶတကၠသိုလ္အတြင္း ေလၽွာက္လမ္း ဝဲ−ယာေတြမွာ ဧည့္ခံတဲ႕ စတုဒိသာေကၽြးေမြးျခင္းေတြကုိေတာ့ ျပဳလုပ္ေတာ့မွာ မဟုတ္ပါဘူး။

Photo -သီတဂူအဓိပတိဆရာေတာ္ရဲ႕ (၈၂) ႏွစ္ျပည့္ ေမြးေန႔ ေကာင္းမႈေတာ္ေစတီေတာ္တြင္ သံဃာေတာ္မ်ားအား ဆြမ္းႀကီးေလာင္းေနစဥ္

#voiceofmyanmar #VOM #စစ္ကိုုင္း #သီတဂူဆရာေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW