ပိတ်ထားတဲ့ ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ် စက်ရုံလုပ်သားများအားလုံး စက်ရုံပြန်ဖွင့်ရင် မူလအတိုင်းပြန်ခန့်ဖို့ ကတိရရှိ

ပိတ်ထားတဲ့ ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ် စက်ရုံလုပ်သားများအားလုံး စက်ရုံပြန်ဖွင့်ရင် မူလအတိုင်းပြန်ခန့်ဖို့ ကတိရရှိ

ပုသိမ် ၊မတ် ၅ -၂၀၂၀
ကိုအောင် (VOM)

တရုတ်နိုင်ငံ တွင်ဖြစ်ပွားနေတဲ့ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြောင့် ကုန်ကြမ်းပြတ်တောက် သွားတာလို့ ရက်အကန့်အသတ်မရှိယာယီ ပိတ်လိုက်တဲ့ ကန်ထောင့်မြို့ ဟွာမှုန် အထည်ချုပ် စက်ရုံမှ အလုပ်သမားအားလုံးကို မူလအတိုင်း အလုပ်ပြန်ခန့်ဖို့သဘောတူခဲ့ပြီလို့ တိုင်းဒေသကြီး အစိုးရ ရုံးကနေသိရပါတယ်

စက်ရုံပြန်လည် လည်ပတ်ပါက လက်ရှိယာယီရပ်နားခြင်းခံထားရတဲ့ လုပ်သမားများ အားလုံးကို မူလနေရာ ရာထူး အတိုင်းပြန်လည် ခန့်ထားပေးပါမယ်လို့အလုပ်ရှင် ဘက် မှ တာဝန်ရှိသူများ ပါဝင်တဲ့အဖွဲ့ က မတ်လ ၅ ရက်နေ့ ညနေပိုင်းကသဘော တူ ညီမှု ကတိ ပြုလုပ်ခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်း ကပြောပါတယ်

” အစိုးရအဖွဲ့ နဲ့ တာဝန်ရှိသူများရှေ့မှာ သ ဘောတူနားလည်မှု ကတိကဝတ်လက်မှတ်ရေး ထိုးကြပါတယ်” ဟုဝန်ကြီးက ပြောပါတယ်

“ကျွန်မတို့က၂ချက် ကတိရခဲ့တာပေါ့ လူတစ်ထောင်ကျော် ပြန်ခန့်ဖိုရယ်
စက်ရုံပြန်ဖွင့်တာနဲ့ မူလနေ ရာ ရာထူး ပြန်ရဖို့ ကတိနှစ်မျိုးရခဲ့တော့ လက်ရှိအလုပ်လက်မဲ့ဖြစ်နေတာမျှော်လင့်ချက်တစ်ခုရခဲ့ပါတယ်”ဟုအလုပ်သမားခေါင်းဆောင် မသီရိက ပြောပါတယ်။

စက်ရုံကို ရုတ်တရက် ယာယီပိတ် လိုက်တာကြောင့်စက်ရုံပြန်ဖွင့်ပါက အလုပ်ရှင်မှ သပိတ် မှောက် အလုပ်သမားတွေကို အလုပ်က အပြီးထုတ်မှာ ကို မလိုလားလို့ အလုပ်အားလုံး ခွဲခြားမှုမရှိ အလုပ်ပြန်ခန့် ရန် အလုပ်သမား အချင်းချင်း ရိုင်းပင်း ကူညီရေးအဖွဲ့ မှ အကြံညာဏ် ရယူ၍ တိုင်းအစိုးရ ထံ အကူအညီတောင်းခံ ခဲ့ခြင်း ဖြစ်တယ်လို့ သူကရှင်းပြပါတယ်

တရုတ်နိုင်ငံ၌ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် ကုန်ကြမ်းပစ္စည်းများပြတ်တောက်ကာစက်ရုံကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က စတင်ပီး အကန့်အသတ် မရှိ ယာ ယီ ပိတ်ခဲ့တာကြောင့် စက်ရုံ ပြန်ဖွင့်ပါက လုပ်သားများ အားလုံး အလုပ်ပြန် လည် ရရှိရေး အတွက် ကူညီပေးရန် တိုင်းအစိုးရထံ မတ် လ ၃ ရက်နေ့က တင်ပြခဲ့ကြပြီးယနေ့ ကတိတစ်ခုရခဲ့တာပါ။

ကန်ကြီးထောင့် ဟွာမူန်အထည်ချုပ်စက်ရုံဟာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဧရာဝတီတိုင်းတွင်း ပထမဆုံးပိတ်သိမ်းခဲ့တဲ့စက်ရုံဖြစ်ပြီး အလုပ်သမားနစ်နာကြေးသိန်း၄၀၀၀ကျော်ပေးချေခဲ့ရတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ဟွာမှုန် #ကံကြီးဒေါင့်

 

ပိတ္ထားတဲ႕ ကန္ႀကီးေထာင့္ဟြာမူန္ အထည္ခ်ဳပ္ စက္႐ုံလုပ္သားမ်ားအားလုံး စက္႐ုံျပန္ဖြင့္ရင္ မူလအတိုင္းျပန္ခန႔္ဖို႔ ကတိရရွိ

ပုသိမ္ ၊မတ္ ၅ -၂၀၂၀
ကိုေအာင္ (VOM)

တ႐ုတ္ႏိုင္ငံ တြင္ျဖစ္ပြားေနတဲ့ကို႐ိုနာ ဗိုင္းရပ္စ္ ေရာဂါေၾကာင့္ ကုန္ၾကမ္းျပတ္ေတာက္ သြားတာလို႕ ရက္အကန႔္အသတ္မရွိယာယီ ပိတ္လိုက္တဲ့ ကန္ေထာင့္ၿမိဳ႕ ဟြာမႈန္ အထည္ခ်ဳပ္ စက္႐ုံမွ အလုပ္သမားအားလုံးကို မူလအတိုင္း အလုပ္ျပန္ခန႔္ဖို႔သေဘာတူခဲ့ျပီလို႔ တိုင္းေဒသႀကီး အစိုးရ ႐ုံးကေနသိရပါတယ္

စက္႐ုံျပန္လည္ လည္ပတ္ပါက လက္ရွိယာယီရပ္နားျခင္းခံထားရတဲ့ လုပ္သမားမ်ား အားလုံးကို မူလေနရာ ရာထူး အတိုင္းျပန္လည္ ခန႔္ထားေပးပါမယ္လို႔အလုပ္ရွင္ ဘက္ မွ တာဝန္ရွိသူမ်ား ပါဝင္တဲ့အဖြဲ႕ က မတ္လ ၅ ရက္ေန႔ ညေနပိုင္းကသေဘာ တူ ညီမႈ ကတိ ျပဳလုပ္ခဲ့​တယ္လို႔လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအား အရင္း အျမစ္ ဝန္​ႀကီး ေဒါက္တာစိုးဝင္း ကေျပာပါတယ္

” အစိုးရအဖြဲ႕ နဲ႔ တာဝန္ရွိသူမ်ားေရွ႕မွာ သ ေဘာတူနားလည္မႈ ကတိကဝတ္လက္မွတ္ေရး ထိုးၾကပါတယ္” ဟုဝန္ႀကီးက ေျပာပါတယ္

“ကြၽန္မတို႔က၂ခ်က္ ကတိရခဲ့တာေပါ့ လူတစ္ေထာင္ေက်ာ္ ျပန္ခန႔္ဖိုရယ္
စက္႐ုံျပန္ဖြင့္တာနဲ႔ မူလေန ရာ ရာထူး ျပန္ရဖို႔ ကတိနွစ္မ်ိဳးရခဲ့ေတာ့ လက္ရွိအလုပ္လက္မဲ့ျဖစ္ေနတာေမွ်ာ္လင့္ခ်က္တစ္ခုရခဲ့ပါတယ္”ဟုအလုပ္သမားေခါင္းေဆာင္ မသီရိက ေျပာပါတယ္။

စက္႐ုံကို ႐ုတ္တရက္ ယာယီပိတ္ လိုက္တာေၾကာင့္စက္႐ုံျပန္ဖြင့္ပါက အလုပ္ရွင္မွ သပိတ္ ေမွာက္ အလုပ္သမားေတြကို အလုပ္က အျပီးထုုတ္မွာ ကို မလိုလားလိုု႕ အလုပ္အားလုံး ခြဲျခားမႈမရွိ အလုပ္ျပန္ခန႔္ ရန္ အလုပ္သမား အခ်င္းခ်င္း ႐ိုင္းပင္း ကူညီေရးအဖြဲ႕ မွ အႀကံညာဏ္ ရယူ၍ တိုင္းအစိုးရ ထံ အကူအညီေတာင္းခံ ခဲ့ျခင္း ျဖစ္တယ္လို႔ သူကရွင္းျပပါတယ္

တ႐ုတ္ႏိုင္ငံ၌ ျဖစ္ပြားေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါေၾကာင့္ ကုန္ၾကမ္းပစၥည္းမ်ားျပတ္ေတာက္ကာစက္႐ုံကို ေဖေဖာ္ဝါရီ ၂၉ ရက္​ေန႔က စတင္ပီး အကန႔္အသတ္ မရွိ ယာ ယီ ပိတ္ခဲ့​တာေၾကာင့္ စက္႐ုံ​ ျပန္ဖြင့္ပါက လုပ္သားမ်ား အားလုံး အလုပ္ျပန္ လည္ ရရွိေရး အတြက္ ကူညီေပးရန္ တိုင္းအစိုးရထံ မတ္ လ ၃ ရက္ေန႔က တင္ျပခဲ့​ၾကျပီးယေန႔ ကတိတစ္ခုရခဲ့တာပါ။

ကန္ႀကီးေထာင့္ ဟြာမူန္အထည္ခ်ဳပ္စက္႐ုံဟာ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ဧရာ၀တီတိုင္းတြင္း ပထမဆုံးပိတ္သိမ္းခဲ့တဲ့စက္႐ုံျဖစ္ၿပီး အလုပ္သမားနစ္နာေၾကးသိန္း၄၀၀၀ေက်ာ္ေပးေခ်ခဲ့ရတယ္လိုု႔သိရပါတယ္။

#voiceofmyanmar #VOM #ဟြာမွဳန္ #ကံၾကီးေဒါင့္

Related posts

Leave a Comment

VOM News

FREE
VIEW