ရွှေစက်တော်ဘုရားပွဲ ကိုရိုနားဗိုင်းရပ်စ် အထူးစစ်ဆေးမည်

#voiceofmyanmar #VOM #ေရႊစက္ေတာ္

ရွှေစက်တော်ဘုရားပွဲ ကိုရိုနားဗိုင်းရပ်စ် အထူးစစ်ဆေးမည်

မင်းဘူး-မတ်-၅-၂၀၂၀
ဂျန်ကိုးလ် (VOM)

မန်းရွှေစက်တော် ဘုရားဖူးသူတွေအတွက်ကိုယ်ပူချိန်တိုင်းတာစစ်ဆေးမယ့် ကိရိယာ၅ခု
နဲ့ အဝင်ဝမှာကတည်းက စစ်ဆေးသွားဖို့အပြင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွန်ှကြားရေးမှူးနဲ့အတူ ခရိုင်ဆေးရုံအုပ်ကြီးတို့
အဖွဲ့က မတ်လ၄ရက်နေ့မှာ လာရောက်လေ့လာကြည့်ရှုပြီး အကြံပြုသွားပါတယ်။

ရွှေစက်တော်ဂေါပကအတွင်းရေးမှူးဦးခင်မောင်စိုးက
“ မတ်လ၄ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာဦးထွန်းတင်က
အကြံပြုတယ် မုဒ်ဦးအဝင်ဝကတည်းကကိုယ်ပူချိန်းတိုင်းတဲ့ကရိယာနဲ့
စစ်ဆေးဘို့ကိုယ်ပူချိန်မြင့်နေရင် ပွဲတော်အတွင်း
မဝင်ဖို့ မေတ္တာရပ်ခံဖို့အကြံပြုခဲ့သလို သန့်စင်ဆေးရည်တွေ အလွယ်တကူရရှိနိုင်အောင်လည်း စီစဉ်ပေးဖို့ အကြံပြုခဲ့တယ်၊ ဒါ့အပြင် ဘုရားမှာဖွင့်ထားတဲ့အခမဲ့ဆေးခန်းအတွက်လည်း ဆေးဝါးအကြံပြုခဲ့ပါတယ်”လို့ပြောပါတယ်၊

ဒါဟာလတ်တလောအိမ်နီးခြင်းနိုင်ငံနဲ့ အာရှ ဥရောပတို့မှာ ဖြစ်ပွားနေတဲ့
ကိုရိုနာဗိုင်းရပ်ကူးစက်မှု့နဲ့ပတ်သက်ပြီး လူစုလူဝေးကိုရှောင်ရှားကြဘို့ ပညာရှင်တွေအကြံပြုပြီးနောက်ပိုင်း ဘုရားပွဲတကယ်ပိတ်မှာလားလို့ မေးခွန်းတွေထွက်ပေါ်ခဲ့ပါတယ်။

မကွေးတိုင်းအမှတ်၅ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းရဲ့ရွှေစက်တော်ဂေါပက အဖွဲ့ထံလိပ်မူတဲ့ပေးစာမှာ
ဘုရားပွဲကို စနစ်တကျပိတ်သိမ်းဖို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘုရားပွဲကို ပိတ်မှာမဟုတ်ပဲ ကျမ္မာရေးဝန်ကြီးဌာနက အကြံပြုချက်တွေအတိုင်း လုပ်ဆောင်သွားမယ်ဖို့ စီစဉ်နေကြပါတယ်။

ကိုယ်ပူချိန်တိုင်းကိရိယာတွေဟာတစ်ခုကို၅သောင်းကျော်ခန့်ကျသင့်နိုင်ပြီး တခြားဆေးဝါးတွေလည်း ဘုရားကြီးရဲ့နဝကမ္မ ရန်ပုံငွေနဲ့ ဝယ်ယူသွားမယ်လို့သိရပါတယ်။

ဘုရားပွဲတော်ကတော့ပုံမှန်အတိုင်းစည်ကားနေပြီး တည်းခိုဆောင်တွေလည်း ရှေ့တပတ်စာအထိ ဘွတ်ကင်တွေပြည့်နေပါတယ်။

ရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း၅ရက်နေ့ကနေ မြန်မာနှစ်ဆန်းတရက်နေ့အထိ ကျင်းပမြဲဖြစ်ပြီး နှစ်စဉ်ဘုရားပွဲလာသူသိန်းချီရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ရွှေစက်တော်

zawgyi

ေရႊစက္ေတာ္ဘုုရားပြဲ ကိုုရိုုနားဗိုုင္းရပ္စ္ အထူးစစ္ေဆးမည္

မင္းဘူး-မတ္-၅-၂၀၂၀
ဂ်န္ကိုုးလ္ (VOM)

မန္းေ႐ႊစက္ေတာ္ ဘုရားဖူးသူေတြအတြက္ကိုယ္ပူခ်ိန္တိုင္းတာစစ္ေဆးမယ့္ ကိရိယာ၅ခု
နဲ႔ အဝင္ဝမွာကတည္းက စစ္ေဆးသြားဖိုု႕အျပင္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ၫြႏ္ွၾကားေရးမႉးနဲ႔အတူ ခ႐ိုင္ေဆး႐ုံအုပ္ႀကီးတို႔
အဖြဲ႕က မတ္လ၄ရက္ေန႔မွာ လာေရာက္ေလ့လာၾကည့္ရႈၿပီး အႀကံျပဳသြားပါတယ္။

ေ႐ႊစက္ေတာ္ေဂါပကအတြင္းေရးမႉးဦးခင္ေမာင္စိုးက
“ မတ္လ၄ရက္မွာ က်န္းမာေရးဝန္ႀကီးဌာနက ေဒါက္တာဦးထြန္းတင္က
အႀကံျပဳတယ္ မုဒ္ဦးအဝင္ဝကတည္းကကိုယ္ပူခ်ိန္းတိုင္းတဲ့ကရိယာနဲ႔
စစ္ေဆးဘို႔ကိုုယ္ပူခ်ိန္ျမင့္ေနရင္ ပြဲေတာ္အတြင္း
မဝင္ဖိုု႕ ေမတၱာရပ္ခံဖို႔အႀကံျပဳခဲ့သလို သန႔္စင္ေဆးရည္ေတြ အလြယ္တကူရရွိႏိုင္ေအာင္လည္း စီစဥ္ေပးဖိုု႕ အႀကံျပဳခဲ့တယ္၊ ဒါ့အျပင္ ဘုရားမွာဖြင့္ထားတဲ့အခမဲ့ေဆးခန္းအတြက္လည္း ေဆးဝါးအႀကံျပဳခဲ့ပါတယ္”လို႔ေျပာပါတယ္၊

ဒါဟာလတ္တေလာအိမ္နီးျခင္းႏိုင္ငံနဲ႔ အာရွ ဥေရာပတို႔မွာ ျဖစ္ပြားေနတဲ့
ကို႐ိုနာဗိုင္းရပ္ကူးစက္မႈ႕နဲ႔ပတ္သက္ၿပီး လူစုလူေဝးကိုေရွာင္ရွားၾကဘို႔ ပညာရွင္ေတြအႀကံျပဳၿပီးေနာက္ပိုင္း ဘုရားပြဲတကယ္ပိတ္မွာလားလို႔ ေမးခြန္းေတြထြက္ေပၚခဲ့ပါတယ္။

မေကြးတိုင္းအမွတ္၅ မဲဆႏၵနယ္ေျမ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ထြန္းရဲ႕ေ႐ႊစက္ေတာ္ေဂါပက အဖြဲ႕ထံလိပ္မူတဲ့ေပးစာမွာ
ဘုရားပြဲကို စနစ္တက်ပိတ္သိမ္းဖိုု႕ ေျပာဆိုထားပါတယ္။ ဒါေပမယ့္ ဘုုရားပြဲကိုု ပိတ္မွာမဟုုတ္ပဲ က်မၼာေရးဝန္ၾကီးဌာနက အၾကံျပဳခ်က္ေတြအတိုုင္း လုုပ္ေဆာင္သြားမယ္ဖိုု႕ စီစဥ္ေနၾကပါတယ္။

ကိုယ္ပူခ်ိန္တိုင္းကိရိယာေတြဟာတစ္ခုကို၅ေသာင္းေက်ာ္ခန႔္က်သင့္ႏိုင္ၿပီး တျခားေဆးဝါးေတြလည္း ဘုရားႀကီးရဲ႕နဝကမၼ ရန္ပုံေငြနဲ႔ ဝယ္ယူသြားမယ္လို႔သိရပါတယ္။

ဘုရားပြဲေတာ္ကေတာ့ပုံမွန္အတိုင္းစည္ကားေနၿပီး တည္းခိုေဆာင္ေတြလည္း ေရွ႕တပတ္စာအထိ ဘြတ္ကင္ေတြျပည့္ေနပါတယ္။

ေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ကို ႏွစ္စဥ္ တပို႔တြဲလဆန္း၅ရက္ေန႔ကေန ျမန္မာႏွစ္ဆန္းတရက္ေန႔အထိ က်င္းပၿမဲျဖစ္ၿပီး ႏွစ္စဥ္ဘုရားပြဲလာသူသိန္းခ်ီရွိခဲ႕ပါတယ္။

#voiceofmyanmar #VOM #ေရႊစက္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW