ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျဉ်စထိမှန်ပြီး အရပ်သား ၂ ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျဉ်စထိမှန်ပြီး အရပ်သား ၂ ဦးဒဏ်ရာရ

ကျောက်တော်၊ မတ် ၅- ၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မနေ့ မတ်လ ၄ ရက်နေ့က ပြိုင်းတိုင်းကျေးရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကျဉ်ထိမှန်ပြီး ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါတယ်။

“မနေ့ကညနေ ၉ နာရီမှာ ဦးအကျန်မောင်ရဲ့သမီး ဒေါ်အေးမျှက ဗုံးခိုကျင်းနားမှာ ထိုင်နေတာ။ အဲဒါမှာ သူ့လက်ကိုလာမှန်တာ။ စိုးကြည်တင်မှာက ဘယ်ဘက် လက်မောင်းအောက်ကို ကျည်ဖောက်သွားတာ။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး။ သွေးတိတ်သွားပြီ။ လူနာတင်ယာဉ်ခေါ်ဖို့လည်း အခက်အခဲဖြစ်နေတယ်။ လမ်းကြောင်း အခြေအနေက မကောင်းဘူး။” လို့ ဒေသခံ ပြိုင်းတိုင်းရွာသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိတဲ့ အမျိုးသမီးတွေဟာ ပြိုင်းတိုင်းကျေးရွာနေ အသက် ၁၃ နှစ်အရွယ် မစိုးကြည်တင်မှာ ဘယ်ဘက်လက်မောင်းအောက်ဒဏ်ရာနဲ့ ဒေါ်အေးမျှ အသက် (၅၇)မှာ ဘယ်ဘက်လက်ပျဉ်ဒဏ်ရာရရှိ သွားတာဖြစ်ပါတယ်။

မနေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်မှာ ပြိုင်းတိုင်းရွာက ဦးတင်မောင်ရဲ့ နေအိမ်ခေါင်မိုး ပျက်စီးသွားကြောင်းလည်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း ပြိုင်းတိုင်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးဒဏ်ရာရရှိသွားကြောင်းသိရပါတယ်။

#voiceofmyanmar #VOM #ကျောက်တော် #ရခိုင်ပြည်နယ်

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ဥ္စထိမွန္ၿပီး အရပ္သား ၂ ဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ မတ္ ၅- ၂၀၂၀
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မေန႔ မတ္လ ၄ ရက္ေန႔က ၿပိဳင္းတိုုင္းေက်းရြာထဲကို လက္နက္ႀကီးက်ေရာက္ေပါက္ကြဲတာေၾကာင့္ က်ဥ္ထိမွန္ၿပီး ေဒသခံအမ်ိဳးသမီးနွစ္ဦး ဒဏ္ရာရ႐ွိသြားေၾကာင္း သတင္းရ႐ွိပါတယ္။

“မေန႔ကညေန ၉ နာရီမွာ ဦးအက်န္ေမာင္ရဲ႕သမီး ေဒၚေအးမွ်က ဗံုးခိုက်င္းနားမွာ ထိုင္ေနတာ။ အဲဒါမွာ သူ႔လက္ကိုလာမွန္တာ။ စိုးၾကည္တင္မွာက ဘယ္ဘက္ လက္ေမာင္းေအာက္ကို က်ည္ေဖာက္သြားတာ။ ဒဏ္ရာကေတာ့ မစိုးရိမ္ရဘူး။ ေသြးတိတ္သြားၿပီ။ လူနာတင္ယာဥ္ေခၚဖို႔လည္း အခက္အခဲျဖစ္ေနတယ္။ လမ္းေၾကာင္း အေျခအေနက မေကာင္းဘူး။” လို႔ ေဒသခံ ၿပိဳင္းတိုင္းရြာသားတစ္ဦးက ေျပာပါတယ္။

လက္နက္ႀကီးက်ည္စထိမွန္ဒဏ္ရာရ႐ွိတဲ့ အမ်ိဳးသမီးေတြဟာ ၿပိဳင္းတိုင္းေက်းရြာေန အသက္ ၁၃ ႏွစ္အရြယ္ မစိုးၾကည္တင္မွာ ဘယ္ဘက္လက္ေမာင္းေအာက္ဒဏ္ရာနဲ႔ ေဒၚေအးမ်ွ အသက္ (၅၇)မွာ ဘယ္ဘက္လက္ပ်ဥ္ဒဏ္ရာရ႐ွိ သြားတာျဖစ္ပါတယ္။

မေန႔က လက္နက္ႀကီးက်ေရာက္ေပါက္ကြဲမႈ ျဖစ္စဥ္မွာ ျပိဳင္းတိုင္းရြာက ဦးတင္ေမာင္ရဲ႕ ေနအိမ္ေခါင္မိုး ပ်က္စီးသြားေၾကာင္းလည္း သတင္းရ႐ွိပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၃ ရက္ေန႔ကလည္း ၿပိဳင္းတိုင္းေက်းရြာမွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီး အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီး တစ္ဦးဒဏ္ရာရ႐ွိသြားေၾကာင္းသိရပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ေတာ္ #ရခိုင္ျပည္နယ္

Related posts

Leave a Comment

VOM News

FREE
VIEW