ပဲခူးရွှေမော်ဓောဘုရားကျင်းပမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်သံသယတွေ့ရင် ချက်ချင်းရပ်မည်

#voiceofmyanmar #VOM #ပဲခူး #ေရႊေမာ္ေဓါ

ပဲခူးရွှေမော်ဓောဘုရားကျင်းပမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်သံသယတွေ့ရင် ချက်ချင်းရပ်မည်

ပဲခူး မတ် ၅ -၂၀၂၀
ဝေဇင်ကြည်(VOM)

ပဲခူးတိုင်း ပဲခူးမြို့ ပဲခူးရွှေမော်ဓောဘုရားကြီးပွဲတော်ကိုအစဉ်အလာမပျက်ကျင်းပမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်သံသယတွေ့ရှိပါက ပွဲတော်ကိုချက်ချင်းရပ်ဆိုင်းသွားမယ်လို့ ပဲခူးရွှေမော်ဓောဘုရားကြီးဂေါပကအဖွဲ့ထံမှသိရပါတယ်။

အစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ တားမြစ်ထားတဲ့အမိန့်မရမချင်း မူလစီစဉ်ထားတဲ့အတိုင်းဘုရားပွဲကျင်းပဖို့ ဒီနေ့မတ်လ၅ရက်နေ့မှာ ကျင်းပဖို့ဂေါပကစုံညီအစည်းအဝေးကဆုံးဖြတ်လိုက်ပါတယ်လို့ သိရပါတယ်။

‟ညွှန်ကြားချက်တစ်စုံတစ်ရာမလာ မချင်း ပွဲတော်ဆက်လက်ကျင်းပမယ်လို့ဆုံးဖြတ်လိုက်တာပါ ကျနော်တို့ ဒီနှစ်ဘုရားဖူးလာတဲ့ ပြည်သူတွေကို မက်စ်တွေအခမဲ့ဝေဖို့စီစဉ်ထားပါတယ ်ကျနော်တို့ရောင်းတဲ့ဆိုင်တွေကိုလည်း FDAနဲ့စစစ်ဆေးဖို့ရှိပါတယ် အစဉ်အလာအရကျင်းပကြတာပေါ့ မြို့နယ်ကရော အခြားကရော လာကြတာပေါ့ မြို့ပတ်ဝန်းကျင်ကကျေးရွာတွေကလည်းတစ်နှစ်လုံးရှာဖွေထားပြီးပွဲ တော်မှာ သူတို့လာပြီးတော့ဘုရားဖူးတယ်ပျော်ပွဲရွှင်ပွဲလာကြတယ်တချို့ဆို ရွာစောင့်တောင် မဲနှိုက်ထားကြတယ် ကပ်ရောဂါဆိုတာတော့ မမျော်မှန်နိုင်တဲ့ဘေးဥပါဒ်ကျရောက်စေတဲ့ရောဂါပေါ့။ ကျေ နာ်တို့သိထားတာတော့ (လွဲချင်လည်းလွဲနိုင်ပါတယ်) လက်ရှိအရေအတွက် ဆယ်ဦးမပြည့်ဘူးသံသယရှိတာ အဲဒီလူတွေလည်း ပြန်ကောင်းလာတယ်ပေါ့ လက်ရှိဒေသဆိုင်ရာအပူချိန်နဲ့ဆိုရင် ရောဂါကူးစက်နိုင်မှုမရှိနိုင်ဖူးလို့ သုံးသပ်တာပေါ့ အစိုးရနဲ့ကျန်းမာရေးဌာန တားမြစ်ချက်မရှိရင် ဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်တာပါလို့” ပဲခူးရွှေမော်ဓောဘုရားကြီးဂေါပကအဖွဲ့ဝင် စီမံဘဏ္ဏာ ဦးမြင့်စိုးက VOMကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘုရာပွဲကျင်းပရာမှ ရရှိတဲ့ ဘဏ္ဏာငွေက သိန်းတစ်ထောင်သုံးရာငါးဆယ်ရ ရှိခဲ့ပြီးဇာတ်ပွဲလေလံက မတ်လ၁၄ရက်နေ့စတင်မှာဖြစ်ကြောင်းနဲ့ ဈေးဆိုင်ခန်းတွေက မနှစ်ကဈေးအတိုင်းထက် ငါးထောင်ပိုသွားမည်ဖြစ်ပြီးပိုကောက်တဲ့ငါးထောင်ကိုဆောက်လုပ်ရေးကန်ထရိုက်က ယူတာဖြစ်ကြောင်း ဘုရားဂေါပကကယူတာမဟုတ်ကြောင်း ရောဂါနဲ့ပတ်သက်တဲ့သုံးသပ်ချက်တွေက ရွှေစက်တော်ဘုရားပွဲလည်းကျင်းပနေတာဖြစ်ပြီး ဘုရားပွဲကျင်းပမယ်ဆိုကတည်းက တိုင်းအစိုးရကို စီမံချက်တင်ရကြောင်း
အဲဒီစီမံချက်ကိုခွင့်ပြုမိန့်ကျထားကြောင်း တိုင်းအစိုးရရော ကျန်းမာရေးဝန်ကြီးဌာနရောတားမြစ်ချက်မလာတဲ့အတွက် မူလစီစဉ်ထားတဲ့အတိုင်း ပွဲလေလံတွေလည်းသတင်းစာထဲမှာကြောငြာထားကြောင်းသိရပါတယ်။

ပွဲတော်ကာလကိုနှစ်စဉ် တန်ခူးလဆန်း၉ရက်နေ့ကနေ တန်ခူးလပြညိ့ကျော်၄ရက်နေ့အထိဆယ်ရက်ကျင်းပမှာဖြစ်ရာဈေးရောင်းကာလတစ်လကြာမည်ဖြစ်ပြီး ဘုရားဖူးလာတဲ့ပြည်သူတွေကိုကျန်းမာရေး နဲ့ပတ်သက်တာတွေ လုံခြုံရေးနဲ့ပတ်သက်တာတွေ သေသျေချာချာ ဆောင်ရွက်ထားမှာဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင် နဲ့လာရောက်ဖူးနိုင်အောင်စီစဉ် ဆောင်ရွက်ထားပါတယ်လို့လည်း ဂေါပကအဖွဲ့ကဆက်လက်ပြောဆိုပါတယ်။

တရုတ်နိုင်ငံဂူဟန်မြို့က နေစတင်ဖြစ်ပွားကိုရိုနာဗိုင်းရပ်စ် ခေါ် covid 19ဗိုင်းရပ်ကြောင့် တကမ္ဘာလုံးမှာ ကူးစက်ခံရသူပေါင်း ၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူပေါင်း ၃၁၁၀ ယောက်ရှိကာကမ္ဘာ့ဘဏ်က အရေးပေါ်ရံပုံငွေ ၁၂ ဘီလီယန်သတ်မှတ်ပေးထားကြောင်း သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ရွှေမော်ဓေါ

zawgyi

ပဲခူးေ႐ႊေမာ္ေဓာဘုရားက်င္းပမွာျဖစ္ေပမယ့္ ကိုရိုနာဗိုင္းရပ္စ္သံသယေတြ႕ရင္ ခ်က္ခ်င္းရပ္မည္

ပဲခူး မတ္ ၅ -၂၀၂၀
ေဝဇင္ၾကည္(VOM)

ပဲခူးတိုင္း ပဲခူးၿမိဳ႕ ပဲခူးေ႐ႊေမာ္ေဓာဘုရားႀကီးပြဲေတာ္ကိုအစဥ္အလာမပ်က္က်င္းပမွာျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္သံသယေတြ႕ရွိပါက ပြဲေတာ္ကိုခ်က္ခ်င္းရပ္ဆိုင္းသြားမယ္လို႔ ပဲခူးေ႐ႊေမာ္ေဓာဘုရားႀကီးေဂါပကအဖြဲ႕ထံမွသိရပါတယ္။

အစိုးရအဖြဲ႕နဲ႔ က်န္းမာေရးဝန္ႀကီးဌာနက တစ္စုံတစ္ရာ တားျမစ္ထားတဲ့အမိန႔္မရမခ်င္း မူလစီစဥ္ထားတဲ့အတိုင္းဘုရားပြဲက်င္းပဖို႔ ဒီေန႔မတ္လ၅ရက္ေန႔မွာ က်င္းပဖို ႔ေဂါပကစုံညီအစည္းအေဝးကဆုံးျဖတ္လိုက္ပါတယ္လို႔ သိရပါတယ္။

‟ၫႊန္ၾကားခ်က္တစ္စုံတစ္ရာမလာ မခ်င္း ပြဲေတာ္ဆက္လက္က်င္းပမယ္လို႔ဆုံးျဖတ္လိုက္တာပါ က်ေနာ္တို႔ ဒီႏွစ္ဘုရားဖူးလာတဲ့ ျပည္သူေတြကို မက္စ္ေတြအခမဲ့ေဝဖို႔စီစဥ္ထားပါတယ ္က်ေနာ္တို႔ေရာင္းတဲ့ဆိုင္ေတြကိုလည္း FDAနဲ႔စစစ္ေဆးဖို႔ရွိပါတယ္ အစဥ္အလာအရက်င္းပၾကတာေပါ့ ျမိဳ႕နယ္ကေရာ အျခားကေရာ လာၾကတာေပါ့ ၿမိဳ႕ပတ္ဝန္းက်င္ကေက်း႐ြာေတြကလည္းတစ္ႏွစ္လုံးရွာေဖြထားၿပီးပြဲ ေတာ္မွာ သူတို႔လာၿပီးေတာ့ဘုရားဖူးတယ္ေပ်ာ္ပြဲ႐ႊင္ပြဲလာၾကတယ္တခ်ိဳ႕ဆို ႐ြာေစာင့္ေတာင္ မဲႏႈိက္ထားၾကတယ္ ကပ္ေရာဂါဆိုတာေတာ့ မေမ်ာ္မွန္ႏိုင္တဲ့ေဘးဥပါဒ္က်ေရာက္ေစတဲ့ေရာဂါေပါ့။ က်ေ နာ္တို႔သိထားတာေတာ့ (လြဲခ်င္လည္းလြဲႏိုင္ပါတယ္) လက္ရွိအေရအတြက္ ဆယ္ဦးမျပည့္ဘူးသံသယရွိတာ အဲဒီလူေတြလည္း ျပန္ေကာင္းလာတယ္ေပါ့ လက္ရွိေဒသဆိုင္ရာအပူခ်ိန္နဲ႔ဆိုရင္ ေရာဂါကူးစက္ႏိုင္မႈမရွိႏိုင္ဖူးလို႔ သုံးသပ္တာေပါ့ အစိုးရနဲ႔က်န္းမာေရးဌာန တားျမစ္ခ်က္မရွိရင္ ေဆာင္႐ြက္မယ္ဆိုၿပီး ေဆာင္႐ြက္တာပါလို႔” ပဲခူးေ႐ႊေမာ္ေဓာဘုရားႀကီးေဂါပကအဖြဲ႕ဝင္ စီမံဘဏၰာ ဦးျမင့္စိုးက VOMကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ဘုရာပြဲက်င္းပရာမွ ရရွိတဲ့ ဘဏၰာေငြက သိန္းတစ္ေထာင္သုံးရာငါးဆယ္ရ ရွိခဲ့ၿပီးဇာတ္ပြဲေလလံက မတ္လ၁၄ရက္ေန႔စတင္မွာျဖစ္ေၾကာင္းနဲ႔ ေဈးဆိုင္ခန္းေတြက မႏွစ္ကေဈးအတိုင္းထက္ ငါးေထာင္ပိုသြားမည္ျဖစ္ၿပီးပိုေကာက္တဲ့ငါးေထာင္ကိုေဆာက္လုပ္ေရးကန္ထ႐ိုက္က ယူတာျဖစ္ေၾကာင္း ဘုရားေဂါပကကယူတာမဟုတ္ေၾကာင္း ေရာဂါနဲ႔ပတ္သက္တဲ့သုံးသပ္ခ်က္ေတြက ေ႐ႊစက္ေတာ္ဘုရားပြဲလည္းက်င္းပေနတာျဖစ္ၿပီးဘုရားပြဲက်င္းပမယ္ဆိုကတည္းက တိုင္းအစိုးရကို စီမံခ်က္တင္ရေၾကာင္း အဲဒီစီမံခ်က္ကိုခြင့္ျပဳမိန႔္က်ထားေၾကာင္း တိုင္းအစိုးရေရာ က်န္းမာေရးဝန္ႀကီးဌာနေရာတားျမစ္ခ်က္မလာတဲ့အတြက္ မူလစီစဥ္ထားတဲ့အတိုင္း ပြဲေလလံေတြလည္း
သတင္းစာထဲမွာေၾကာျငာထားေၾကာင္းသိရပါတယ္။

ပြဲေတာ္ကာလကိုႏွစ္စဥ္ တန္ခူးလဆန္း၉ရက္ေန႔ကေန တန္ခူးလျပညိ့ေက်ာ္၄ရက္ေန႔အထိဆယ္ရက္က်င္းပမွာျဖစ္ရာေဈးေရာင္းကာလတစ္လၾကာမည္ျဖစ္ၿပီး ဘုရားဖူးလာတဲ့ျပည္သူေတြကိုက်န္းမာေရး နဲ႔ပတ္သက္တာေတြ လုံၿခဳံေရးနဲ႔ပတ္သက္တာေတြ ေသေသ်ခ်ာခ်ာ ေဆာင္႐ြက္ထားမွာျဖစ္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ နဲ႔လာေရာက္ဖူးႏိုင္ေအာင္စီစဥ္ ေဆာင္႐ြက္ထားပါတယ္လို႔လည္း ေဂါပကအဖြဲ႕ကဆက္လက္ေျပာဆိုပါတယ္။

တ႐ုတ္ႏိုင္ငံဂူဟန္ၿမိဳ႕က ေနစတင္ျဖစ္ပြားကို႐ိုနာဗိုင္းရပ္စ္ ေခၚ covid 19ဗိုင္းရပ္ေၾကာင့္ တကမာၻလုံးမွာ ကူးစက္ခံရသူေပါင္း ၉၀၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူေပါင္း ၃၁၁၀ ေယာက္ရွိကာကမာၻ႔ဘဏ္က အေရးေပၚရံပုံေငြ ၁၂ ဘီလီယန္သတ္မွတ္ေပးထားေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားအရသိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး #ေရႊေမာ္ေဓါ

Related posts

Leave a Comment

VOM News

FREE
VIEW