အမျိုးသမီးတွေ ရာသီသွေးစဆင်းတဲ့ပထမရက်ကို ခွင့်အဖြစ်တရားဝင်သတ်မှတ်ပေးဖို့တောင်းဆို

#voiceofmyanmar #VOM #ရာသီေသြးစေပၚရက္ #အသံ

အမျိုးသမီးတွေ ရာသီသွေးစဆင်းတဲ့ပထမရက်ကို ခွင့်အဖြစ်တရားဝင်သတ်မှတ်ပေးဖို့တောင်းဆို

ရန်ကုန် ၊ မတ် ၅ ၊၂၀၂၀
သိဂီ ၤ(VOM)

ရာသီသွေးလာချိန်မှာဖြစ်ပေါ်လေ့ရှိတဲ့ စိတ်အဆင်မပြေမှုတွေကြောင့် အမျိုးသမီးတွေဟာ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ရာမှာ အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တာကြောင့် စိတ်ပိုင်ဆိုင်ရာ အနားယူပြင်ဆင်ဖို့လိုအပ်တဲ့အတွက် ရာသီသွေး ဆင်းတဲ့ပထမရက်ကို ခွင့်အဖြစ် အမျိုးသမီးတွေ ရရှိသင့်တယ်လို့ အသံ အဖွဲ့က ထုတ်ပြန်ပါတယ်။

အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ မောင်ဆောင်းခက သူတို့ တောင်းဆိုရတာနဲ့ပတ်သက်လို့ ခုလို ပြောပါတယ်။

“ကျွန်တော်တို့ကအက်တီဗစ်အဖွဲ့အစည်းဖြစ်လို့ တချို့ဥပဒေတွေသိပ်ဂရုမစိုက်ဘူး။ ကျွန်တော်တို့ယုံကြည်တဲ့အထဲမှာဒီဟာက ဒီအခွင့်အရေးက ရသင့်ရထိုက်တယ်လို့မြင်လို့ပေးတာဖြစ်တယ်။ အထူးသဖြင့် တစ်လမှာ တစ်ရက်ပေးလိုက်တာကလည်းဘာမှမဖြစ်ဘူး။ ဥပမာ အဲ့ဒီလိုဖြစ်နေချိန် နာကျင်ပြီးစိတ်အဆင်မပြေဘဲရုံးမှာအလုပ်လုပ်နေတာထက် အိမ်မှာပြန်အနားယူပြီးနောက်နေ့မှ အေးဆေးလာလုပ်တာကအလုပ်ပိုတွင်လိမ့်မယ်။ ပျော်ရွှင်ပြီး အလုပ်ပေါ်မှာ ကျေနပ်ချစ်ခင်ဖို့ သူတို့ရသင့်ရထိုက်တဲ့အခွင့်အရေးကို ကျွန်တော်တို့ကပြန်စဉ်းစားပေးဖို့လိုအပ်တယ်လို့ ယုံကြည့်တယ်။ ဒါကြောင့်ဒီဟာမျိုးပေးသင့်တယ်။ခုလို စတိတ်မန့်ထုတ်ပြီး ထုတ်ပြောတယ်ဆိုတာ အခြားအဖွဲ့တွေကိုအားပေးစေချင်တာဖြစ်တယ်။ ဒီလိုဟာမျိုးက ရှိသင့်ရှိထိုက်တယ်ဆို တာကို သွားပြီး အလတ် လုပ်လိုက်တာပါ။”လို့ ဆိုပါတယ်။

အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးညွှန့်ဝင်းကတော့ အသံအဖွဲ့ရဲ့ တောင်းဆိုချက် မဖြစ်နိုင်သေးကြောင်း ခုလိုဆိုပါတယ်။

“အမျိုးသမီးများ ရာသီသွေးစဆင်းတဲ့ပထမရက်ကို ခွင့်ရက်အဖြစ်တရားဝင်အသိအမှတ်ပြုပေးဖို့ ဥပဒေမှာပြဋ္ဌာန်းထားတာမရှိပါဘူး။ အစိုးရကဥပဒေမထုတ်ပြန်ဘဲနဲ့ ပါးစပ်ထဲရှိတာကို လျှောက်ပြောနေကြတယ်။ သူတို့တွေကဥပဒေပြုလို့ရတဲ့သူတွေမှမ ဟုတ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ခွင့်ယူလို့မရပါဘူး။ ဥပဒေမှာပြဋ္ဌာန်းတာမရှိပါဘူး။”လို့ ပြောပါတယ်။

အမျိုးသမီးတွေ ရာသီသွေးဆင်းတဲ့တဲ့ပထမရက်ကို ခွင့်အဖြစစ် ပေးတဲ့ကိစ္စမှာ အသံအဖွဲ့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဂျန်ဒါကိစ္စဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပေးဖို့ ပြောဆိုလိုက်ပါတယ်။

ရာသီသွေးဆင်းတဲ့ ပထမဆုံးရက်ဟာ ခန္ဒာကိုယ်ပိုင်းဆိုင်ရာ လိုအပ်ချက် ၊စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ Personal Hygiene အတွက်အနားယူဖို့လိုအပ်ကြောင်းနဲ့ ၊ ရာသီသွေးဆင်းခြင်းဟာ ခန္ဒာကိုယ်ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် အမျိုးသမီးတွေအတွက် ခွင့်ရပိုင်ခွင့်ရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ရာသီသွေးစပေါ်ရက် #အသံ

Zawgyi

အမ်ိဳးသမီးေတြ ရာသီေသြးစဆင္းတဲ့ပထမရက္ကို ခြင့္အျဖစ္တရား၀င္သတ္မွတ္ေပးဖိုု႕ေတာင္းဆိုု

ရန္ကုန္ ၊ မတ္ ၅ ၊၂၀၂၀
သိဂီ ၤ(VOM)

ရာသီေသြးလာခ်ိန္မွာျဖစ္ေပၚေလ့ရွိတဲ့ စိတ္အဆင္မေျပမႈေတြေၾကာင့္ အမ်ိဳးသမီးေတြဟာ လုပ္ငန္းခြင္အတြင္းအလုပ္လုပ္ရာမွာ အဆင္မေျပမႈေတြျဖစ္ေပၚႏုိင္တာေၾကာင့္ စိတ္ပုိင္ဆုိင္ရာ အနားယူျပင္ဆင္ဖုိ႔လိုအပ္တဲ့အတြက္ ရာသီေသြး ဆင္းတဲ့ပထမရက္ကုိ ခြင့္အျဖစ္ အမ်ိဳးသမီးေတြ ရရွိသင့္တယ္လို႔ အသံ အဖြဲ႕က ထုုတ္ျပန္ပါတယ္။

အသံအဖြဲ႔ အမႈေဆာင္ဒါရုိက္တာျဖစ္သူ ေမာင္ေဆာင္းခက သူတိုု႕ ေတာင္းဆိုုရတာနဲ႕ပတ္သက္လိုု႕ ခုုလိုု ေျပာပါတယ္။

“ကၽြန္ေတာ္တုိ႔ကအက္တီဗစ္အဖြဲ႔အစည္းျဖစ္လုိ႔ တခ်ိဳ႔ဥပေဒေတြသိပ္ဂရုမစိုက္ဘူး။ ကၽြန္ေတာ္တုိ႔ယုံၾကည္တဲ့အထဲမွာဒီဟာက ဒီအခြင့္အေရးက ရသင့္ရထုိက္တယ္လုိ႔ျမင္လို႔ေပးတာျဖစ္တယ္။ အထူးသျဖင့္ တစ္လမွာ တစ္ရက္ေပးလုိက္တာကလည္းဘာမွမျဖစ္ဘူး။ ဥပမာ အဲ့ဒီလိုျဖစ္ေနခ်ိန္ နာက်င္ၿပီးစိတ္အဆင္မေျပဘဲရုံးမွာအလုပ္လုပ္ေနတာထက္ အိမ္မွာျပန္အနားယူၿပီးေနာက္ေန႔မွ ေအးေဆးလာလုပ္တာကအလုပ္ပုိတြင္လိမ့္မယ္။ ေပ်ာ္ရႊင္ၿပီး အလုပ္ေပၚမွာ ေက်နပ္ခ်စ္ခင္ဖုိ႔ သူတုိ႔ရသင့္ရထုိိက္တဲ့အခြင့္အေရးကို ကၽြန္ေတာ္တုိ႔ကျပန္စဥ္းစားေပးဖို႔လိုအပ္တယ္လုိ႔ ယုံၾကည့္တယ္။ ဒါေၾကာင့္ဒီဟာမ်ိဳးေပးသင့္တယ္။ခုလို စတိတ္မန္႔ထုတ္ၿပီး ထုတ္ေျပာတယ္ဆိုတာ အျခားအဖြဲ႔ေတြကုိအားေပးေစခ်င္တာျဖစ္တယ္။ ဒီလုိဟာမ်ိဳးက ရွိသင့္ရွိထုိ္က္တယ္ဆုိ တာကို သြားၿပီး အလတ္ လုပ္လိုက္တာပါ။”လုိ႔ ဆိုပါတယ္။

အလုပ္ရုံႏွင့္အလုပ္သမားဥပေဒ စိစစ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ဦးညႊန္႔၀င္းကေတာ့ အသံအဖြဲ႕ရဲ႕ ေတာင္းဆိုုခ်က္ မျဖစ္နုုိင္ေသးေၾကာင္း ခုုလိုုဆိုုပါတယ္။

“အမ်ိဳးသမီးမ်ား ရာသီေသြးစဆင္းတဲ့ပထမရက္ကို ခြင့္ရက္အျဖစ္တရား၀င္အသိအမွတ္ျပဳေပးဖုိ႔ ဥပေဒမွာျပ႒ာန္းထားတာမရွိပါဘူး။ အစိုးရကဥပေဒမထုတ္ျပန္ဘဲနဲ႔ ပါးစပ္ထဲရွိတာကုိ ေလွ်ာက္ေျပာေနၾကတယ္။ သူတုိ႔ေတြကဥပေဒျပဳလုိ႔ရတဲ့သူေတြမွမ ဟုတ္တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ခြင့္ယူလို႔မရပါဘူး။ ဥပေဒမွာျပ႒ာန္းတာမရွိပါဘူး။”လို႔ ေျပာပါတယ္။

အမ်ိဳးသမီးေတြ ရာသီေသြးဆင္းတဲ့တဲ့ပထမရက္ကုိ ခြင့္အျဖစစ္ ေပးတဲ့ကိစၥမွာ အသံအဖြဲ႔ရဲ႕ မိတ္ဖက္အဖြဲ႔အစည္းေတြျဖစ္တဲ့ လူ႔အခြင့္အေရး၊ အမ်ိဳးသမီးအခြင့္အေရး၊ ဂ်န္ဒါကိစၥေဆာင္ရြက္ေနတဲ့ မိတ္ဖက္အဖြဲ႔အစည္းေတြအေနနဲ႔လည္း ပူးေပါင္းပါ၀င္ေပးဖို႔ ေျပာဆိုလိုက္ပါတယ္။

ရာသီေသြးဆင္းတဲ့ ပထမဆုံးရက္ဟာ ခႏၵာကုိယ္ပုိင္းဆုိင္ရာ လုိအပ္ခ်က္ ၊စိတ္ပုိင္းဆုိင္ရာ လိုအပ္ခ်က္ေတြနဲ႔ Personal Hygiene အတြက္အနားယူဖုိ႔လိုအပ္ေၾကာင္းနဲ႔ ၊ ရာသီေသြးဆင္းျခင္းဟာ ခႏၵာကုိယ္က်န္းမာေရးကို အေထာက္အကူျပဳတာေၾကာင့္ အမ်ိဳးသမီးေတြအတြက္ ခြင့္ရပုိင္ခြင့္ရွိတယ္လို႔ အသံအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

#voiceofmyanmar #VOM #ရာသီေသြးစေပၚရက္ #အသံ

Related posts

Leave a Comment

VOM News

FREE
VIEW