မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး

မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး ဧပြီ-၂၁-၂၀၂၀ နေလင်း(VOM) ဧပြီ ၂၀ရက်ညနေ ၅ နာရီခန့်က မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ လက်နက်ငယ်နဲ့ပစ်ခတ်ခံရတဲ့ WHO ပိုင်ကားမောင်းသူ ဦးပြည့်စုံဝင်းမောင်ဟာ ဆေးကုသမှုခံရင်း ခုနမက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ မင်းပြားဆေးရုံရဲ့ တာဝန်ရှိတဲ့ ဆရာဝန်ကြီးက ” ဟုတ်ပါတယ် ဒရိုင်ဘာက ဆုံးသွားပါပြီ ဒဏ်ရာအခြေအနေကတော့ပြောပိုင်ခွင့်မရှိပါဘူး နောက်တယောက်ကတော့ အခြေအနေကောင်းပါတယ် ” လို့ ပြောပါတယ်။ အစိုးရသတင်းစဉ်ကထုတ်ပြန်ချက်မှာ ကိုပြည့်စုံဝင်းမောင်နဲ့ ကျန်းမာရေးကြီးကြပ် ဦးအောင်မျိုးဦးတို့ဟာ ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်နမူနာတွေ ရန်ကုန်ကိုပို့ဆောင်ဖို့ စစ်တွေကနေထွက်ခွာလာတုန်း မင်းပြားရာမောင်ဇက်ဆိပ်နားမှာ ULA/AA  အကြမ်းဖက်အဖွဲ့ရဲက လက်နက်ငယ်နဲ့ ပစ်ခတ်ခံရကြောင်းဖေါ်ပြထားပါတယ်။ ဒီပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးပြည့်စုံဝင်မောင်ရဲ့ ဘယ်ဘက်တင်ပါးဖေါက်ဝင်ဒဏ်ရာနဲ့ ယာဖက်တတောင်ဆစ်စုတ်ပြတ်ဒဏ်ရာရရှိပြီး ဦးအောင်မျိုးဦးရဲ့ ယာဖက်လက်ဖဝါးစုတ်ပြတ်၊ လက်မပြတ်ခါနီးဒဏ်ရာရှိလို့ မင်းပြားဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဖေါ်ပြပါရှိပါတယ်။…

Read More
VOM News

FREE
VIEW