မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး

မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး

ဧပြီ-၂၁-၂၀၂၀
နေလင်း(VOM)

ဧပြီ ၂၀ရက်ညနေ ၅ နာရီခန့်က မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ လက်နက်ငယ်နဲ့ပစ်ခတ်ခံရတဲ့ WHO ပိုင်ကားမောင်းသူ ဦးပြည့်စုံဝင်းမောင်ဟာ ဆေးကုသမှုခံရင်း ခုနမက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

မင်းပြားဆေးရုံရဲ့ တာဝန်ရှိတဲ့ ဆရာဝန်ကြီးက ” ဟုတ်ပါတယ် ဒရိုင်ဘာက ဆုံးသွားပါပြီ ဒဏ်ရာအခြေအနေကတော့ပြောပိုင်ခွင့်မရှိပါဘူး နောက်တယောက်ကတော့ အခြေအနေကောင်းပါတယ် ” လို့ ပြောပါတယ်။

အစိုးရသတင်းစဉ်ကထုတ်ပြန်ချက်မှာ ကိုပြည့်စုံဝင်းမောင်နဲ့ ကျန်းမာရေးကြီးကြပ် ဦးအောင်မျိုးဦးတို့ဟာ ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်နမူနာတွေ ရန်ကုန်ကိုပို့ဆောင်ဖို့ စစ်တွေကနေထွက်ခွာလာတုန်း မင်းပြားရာမောင်ဇက်ဆိပ်နားမှာ ULA/AA  အကြမ်းဖက်အဖွဲ့ရဲက လက်နက်ငယ်နဲ့ ပစ်ခတ်ခံရကြောင်းဖေါ်ပြထားပါတယ်။

ဒီပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးပြည့်စုံဝင်မောင်ရဲ့ ဘယ်ဘက်တင်ပါးဖေါက်ဝင်ဒဏ်ရာနဲ့ ယာဖက်တတောင်ဆစ်စုတ်ပြတ်ဒဏ်ရာရရှိပြီး ဦးအောင်မျိုးဦးရဲ့ ယာဖက်လက်ဖဝါးစုတ်ပြတ်၊ လက်မပြတ်ခါနီးဒဏ်ရာရှိလို့ မင်းပြားဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဖေါ်ပြပါရှိပါတယ်။

ဒီပစ်ခတ်ခံရတဲ့ကိစ္စကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဗီအိုအမ်က မေးကြည့်တော့
” ဖြစ်စဉ်က ရာမောင်တံတားအလွန် ယာဘက်တောင်ကုန်းကပစ်တာပါ။ ၊ဒဏ်ရာပြင်းထန်စွာရသူကတော့ညတစ်နာရီဆုံးသွားပါတယ်၊ပစ်တာကညနေငါးရီ၊တမင်သက်သက်လုပ်တာပါ၊ပစ်တဲ့နေရာနဲ့ကားလမ်းဘယ်လောက်မှမဝေးပါဘူး၊သိသိနဲ့လုပ်တာပေါ့နော် aa အကြမ်းဖက်အဖွဲ့ပစ်ခတ်ပြီးနောက်ပိုင်းမှာတပ်နဲ့ထိတွေ့မှုဖြစ်ပါတယ်၊ တပ်ကတောင်ကုန်းကိုတက်ရှင်းတယ်၊ တပ်ဘက်ကဒဏ်ရာရသူအနည်ကျဉ်းရှိတယ် ”  လို့ဖြေပါတယ်  ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အေအေအဖွဲ့ကို ဆက်သွယ်ဖို့အတွက် ပြည်တွင်းမီဒီယာတခုဖြစ်တဲ့ ဗီအိုအမ်အနေနဲ့ အခက်အခဲရှိတာကြောင့် ဆက်သွယ်မေးမြန်ခွင့်မသာခဲ့ပေမယ့် အေအေရဲ့ https://vk.com/arakanarmyinfodesk မှာ ထုတ်ပြန်ထားတာကတော့ သူတို့လုပ်တာမဟုတ်ဘူးလို့ငြင်းဆိုထားပြီး ဒဏ်ရာရသူတွေကို ဘေးကင်းရာပို့ဆောင်ပေးခဲ့တယ်လို့ ဖေါ်ပြထားတာကိုတွေ့ရပါတယ်။

#voiceofmyanmar #AA #ကိုဗစ် #မင်းပြား #WHO
ဓါတ်ပုံမှာ ကွယ်လွန်သူ ကိုပြည့်စုံဝင်းမောင်ဖြစ်ပြီး ဓါတ်ပုံကိုတော့ တင်ငြိမ်းဦး ဖေ့ဘုတ်မှာ ကူးယူထားပါသည်။

Zawgyi

မင္းျပားမွာ ပစ္ခတ္ခံရတဲ့ WHOက ကားေမာင္းသူ ေဆးကုသရင္း ဒဏ္ရာေၾကာင့္ေသဆုံး

ဧၿပီ-၂၁-၂၀၂၀
ေနလင္း(VOM)

ဧၿပီ ၂၀ရက္ညေန ၅ နာရီခန႔္က မင္းျပားၿမိဳ႕နယ္ ရာေမာင္ဇက္ဆိပ္အနီးမွာ လက္နက္ငယ္နဲ႔ပစ္ခတ္ခံရတဲ့ WHO ပိုင္ကားေမာင္းသူ ဦးျပည့္စုံဝင္းေမာင္ဟာ ေဆးကုသမႈခံရင္း ခုနမက္အေစာပိုင္းက ကြယ္လြန္သြားခဲ့ပါတယ္။

မင္းျပားေဆး႐ုံရဲ႕ တာဝန္ရွိတဲ့ ဆရာဝန္ႀကီးက ” ဟုတ္ပါတယ္ ဒ႐ိုင္ဘာက ဆုံးသြားပါၿပီ ဒဏ္ရာအေျခအေနကေတာ့ေျပာပိုင္ခြင့္မရွိပါဘူး ေနာက္တေယာက္ကေတာ့ အေျခအေနေကာင္းပါတယ္ ” လို႔ ေျပာပါတယ္။

အစိုးရသတင္းစဥ္ကထုတ္ျပန္ခ်က္မွာ ကိုျပည့္စုံဝင္းေမာင္နဲ႔ က်န္းမာေရးႀကီးၾကပ္ ဦးေအာင္မ်ိဳးဦးတို႔ဟာ ရခိုင္ျပည္နယ္က ကိုဗစ္-၁၉ ေရာဂါေစာင့္ၾကည့္ခံရသူေတြရဲ႕ ႏွာေခါင္းနဲ႔ အာေခါင္တို႔ဖတ္နမူနာေတြ ရန္ကုန္ကိုပို႔ေဆာင္ဖို႔ စစ္ေတြကေနထြက္ခြာလာတုန္း မင္းျပားရာေမာင္ဇက္ဆိပ္နားမွာ ULA/AA  အၾကမ္းဖက္အဖြဲ႕ရဲက လက္နက္ငယ္နဲ႔ ပစ္ခတ္ခံရေၾကာင္းေဖၚျပထားပါတယ္။

ဒီပစ္ခတ္မႈေၾကာင့္ ယာဥ္ေမာင္း ဦးျပည့္စုံဝင္ေမာင္ရဲ႕ ဘယ္ဘက္တင္ပါးေဖါက္ဝင္ဒဏ္ရာနဲ႔ ယာဖက္တေတာင္ဆစ္စုတ္ျပတ္ဒဏ္ရာရရွိၿပီး ဦးေအာင္မ်ိဳးဦးရဲ႕ ယာဖက္လက္ဖဝါးစုတ္ျပတ္၊ လက္မျပတ္ခါနီးဒဏ္ရာရွိလို႔ မင္းျပားေဆး႐ုံကို ပို႔ေဆာင္ကုသခဲ့တယ္လို႔ ေဖၚျပပါရွိပါတယ္။

ဒီပစ္ခတ္ခံရတဲ့ကိစၥကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကို ဗီအိုအမ္က ေမးၾကည့္ေတာ့
” ျဖစ္စဥ္က ရာေမာင္တံတားအလြန္ ယာဘက္ေတာင္ကုန္းကပစ္တာပါ။ ၊ဒဏ္ရာျပင္းထန္စြာရသူကေတာ့ညတစ္နာရီဆုံးသြားပါတယ္၊ပစ္တာကညေနငါးရီ၊တမင္သက္သက္လုပ္တာပါ၊ပစ္တဲ့ေနရာနဲ႔ကားလမ္းဘယ္ေလာက္မွမေဝးပါဘူး၊သိသိနဲ႔လုပ္တာေပါ့ေနာ္ aa အၾကမ္းဖက္အဖြဲ႕ပစ္ခတ္ၿပီးေနာက္ပိုင္းမွာတပ္နဲ႔ထိေတြ႕မႈျဖစ္ပါတယ္၊ တပ္ကေတာင္ကုန္းကိုတက္ရွင္းတယ္၊ တပ္ဘက္ကဒဏ္ရာရသူအနည္က်ဥ္းရွိတယ္ ”  လို႔ေျဖပါတယ္  ။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေအေအအဖြဲ႕ကို ဆက္သြယ္ဖို႔အတြက္ ျပည္တြင္းမီဒီယာတခုျဖစ္တဲ့ ဗီအိုအမ္အေနနဲ႔ အခက္အခဲရွိတာေၾကာင့္ ဆက္သြယ္ေမးျမန္ခြင့္မသာခဲ့ေပမယ့္ ေအေအရဲ႕ https://vk.com/arakanarmyinfodesk မွာ ထုတ္ျပန္ထားတာကေတာ့ သူတို႕လုပ္တာမဟုတ္ဘူးလို႕ျငင္းဆိုထားၿပီး ဒဏ္ရာရသူေတြကို ေဘးကင္းရာပို႕ေဆာင္ေပးခဲ႕တယ္လို႕ ေဖၚျပထားတာကိုေတြ႕ရပါတယ္။

#voiceofmyanmar #AA #ကိုဗစ္ #မင္းျပား #WHO
ဓါတ္ပံုမွာ ကြယ္လြန္သူ ကိုျပည့္စံုဝင္းေမာင္ျဖစ္ၿပီး ဓါတ္ပံုကိုေတာ့ တင္ၿငိမ္းဦး ေဖ့ဘုတ္မွာ ကူးယူထားပါသည္။

Related posts

Leave a Comment

VOM News

FREE
VIEW