အနာဂတ်မရေရာတဲ့ မြန်မာ့မီဒီယာ

အနာဂတ်မရေရာတဲ့ မြန်မာ့မီဒီယာ ရန်ကုန်၊ ဧပြီ ၂၉-၂၀၂၀ သိင်္ဂီ(VOM) “ငါအလုပ်လုပ်နေရဲ့သားနဲ့ ဒီစာရင်းထဲဘာလို့ပါရတာလဲ၊ဒီအချိန်ကြီးကျမှ လုပ်ရသလား။ဒီအချိန်မှာ အလုပ်သစ်က ရှာရခက်တယ်လေ ” ဆိုပြီး စိတ်မကောင်းဖြစ်မိကြောင်းပြောပြလာသူကတော့ မြန်မာတိုင်းမ် သတင်းဌာနရဲ့ အလုပ်သမားလျှော့ချစာရင်းမှာ ပါ၀င်ခဲ့သူ အယ်ဒီတာတစ်ဦးက ပြောပါတယ်။ သူဟာမြန်မာတိုင်းမ်သတင်းစာမှာ အချိန် ၃ နှစ်ကျော်တာ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။ ခုတော့ လူဦးရေလျှော့ချခံလိုက်ရပါပြီ။သူနဲ့အတူ သတင်းသမား ၇၀ နီးပါး လူဦးရေလျှော့ချခံခဲ့ရတာပါ။ “အလုပ်ကထုတ်တာမဟုတ်ဘူး၊ ဆိုင်းငံတာဆိုပေမယ့်လည်း ခုကထုတ်လိုက်တဲ့ပုံစံဖြစ်နေတယ်။ မိသားစု စိတ်ဓာတ်မရှိတာပေါ့။ ဒီကာလမှာ အလုပ်သစ်ရှာဖို့ခက်တယ် ၊ဒီကာလပြီးရင်တောင် အလုပ်သစ်ခေါ်တာ ရှိချင်မှရှိမယ်။ ကိုဗစ်ကာလက ဘယ်အထိရှည်မလဲ မသိနိုင်ဘူး။လောလောဆယ်တော့ တိုင်ထားတယ်။ ဖြေရှင်း ပေးနေကြတယ်။ နစ်နာကြေးကို အချိန်ဆွဲချင်တာလို့မြင်တယ်။ မပေးလို့တော့မရဘူးပေါ့။”လို့ သူက ထပ်မံပြောဆိုပါတယ်။ ဒါ့အပြင် မီဒီယာတိုက်ကြီးဖြစ်တဲ့ဧရာ၀တီသတင်းဌာနကလည်း လူဦးရေလျှော့ချခဲ့သလို အကုန်သိသတင်းဌာနကလည်း ဝန်ထမ်းတွေကို အလုပ်ကနေ ယာယီရပ်နားလိုက်ပြန်ပါတယ်။ ခုချိန်ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်နေတာကြောင့်…

Read More

ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ

ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ ကလေး၊ ဧပြီ ၂၉၊ ၂၀၂၀ ငြိမ်းသူမင်း (VOM) ကိုဗစ်၁၉ ပြန့်နှံ့မှု ကာကွယ်ရေးအတွက် lockdown ချထားတဲ့၊ ပထမဆုံး ကိုဗစ်၁၉ လူနာ တွေ့ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကို Lockdown ဖြည်ရေး အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြထားတယ်လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။ ဝန်ကြီးက “ခု ပြည်ထောင်စုကို သဘောထား တင်ပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် အတိုင်းပဲ ဆက်လုပ်ဖို့ပေါ့နော်။ Lockdown ချ ထားတာ တစ်လကျော်လာပြီ ဆိုတော့ ဖြေသင့်ပြီလို့ သုံးသပ်တယ်။ အဲ့ဒီအပေါ်မှာ ဝန်ကြီးဌာနရဲ့ အကြံပြုချက် တောင်းထားပါတယ်။ လောလောဆယ် မှာတော့…

Read More

သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ်

သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ် စစ်ကိုင်း ဧပြီ ၂၅ -၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူဝိပဿနာမှာ Quarantine ဝင်နေတဲ့ အိန္ဒိယနိုင်ငံပြန် သံဃာတော်များ အပါအဝင် ၂၇၁ဦးရဲ့ ဆေးစစ်ချက်မှာ Covid 19 ပိုးမရှိဘူးလို့ လူမှုကွန်ယက်မှာ ပြန့်နှံ့နေတာဟာ မှန်ကန်မှု မရှိသေးဘူးလို့ စစ်ကိုင်းခရိုင္ ကျန်းမာရေးဌာန VOM (Voice Of Myanmar) ကိုပြောပါတယ်။ “အဲ့ဒါက ဓါတ်ခွဲစစ်ဆေးတဲ့ အဖြေက မသေချာသေးဘူး။ သူတို့မနေ့ည ထုတ်ပြန်ချက် ဆိုတာကလေ။ အခုလက်ရှိဆရာတို့ဆီကို တရားဝင်အကြောင်းကြား စာမရောက်သေးဘူး ဓာတ်ခွဲ နမူနာတွေကို ဒီနေ့မှစစ်မယ်လို့လည်း ဆရာတို့ကြားတယ်။ အခုဟာ က မနေ့ကစစ်ဆေးမှုမှာ အကုန်ပြီးပြီဆိုပြီး လူမှုကွန်ယက်မှာရေးတာက မှန်း ရေးနေကြတဲ့သဘောတွေ ဖြစ်နေတာပေါ့။ ဆရာတို့ မျက်စိလည်သွားလို့သေချာ စုံစမ်းလိုက်တဲ့အခါ…

Read More

ပိတ်ထားတဲ့ သတင်းဝဘ်ဆိုဒ်များအရေး မီဒီယာကောင်စီနဲ့ ညှိနှိုင်းစေလို

ပိတ်ထားတဲ့ သတင်းဝဘ်ဆိုဒ်များအရေး မီဒီယာကောင်စီနဲ့ ညှိနှိုင်းစေလို ရန်ကုန်၊ ဧပြီ ၂၅ သိင်္ဂီ( VOM) ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းမီဒီယာ လိုင်စင်ရရှိထားတဲ့ တရားဝင်သတင်းဌာနတချို့ရဲ့ ဝက်ဆိုက်တွေဟာ ယနေ့အထိ ပိတ်ခံထားရဆဲဖြစ်ပါတယ်။ ဒီလို ပိတ်ခံထားရတဲ့ သတင်းဝက်ဆိုက်တွေကို ပြန်လည်ဖွင့်ပေးဖို့ အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာကောင်စီနဲ့ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သင့်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ အကယ်၍ ပိတ်ခံထားရတဲ့ သတင်းဝက်ဆိုက်တွေကိုသာ ပြန်လည်ဖွင့်မပေးဘူးဆိုပါက ၎င်းလုပ်ရပ်ဟာ သတင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပေါ် ချိုးဖောက် ပိတ်ပင် တားမြစ်သလို ဖြစ်သွားနိုင်တယ်လို့ The Voice ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက သုံးသပ်ပြောဆိုပါတယ်။ “သတင်းပေ့ခ်ျတွေနဲ့ပတ်သက်ရင် ဆက်သွယ်ရေးဌာနနဲ့သတင်းကောင်စီ ညှိနှိုင်းဖို့လို တယ်။ ဒါကိုမညှိနှိုင်းဘဲ သူတို့ဘာသာလုပ်လိုက်တာပေါ့။ သတင်းတု သတင်းယောင်တွေအကြား သတင်း ပေ့ခ်ျတွေ ပါသွား တာမကောင်းဘူး။ ယုံကြည်စိတ်ချရတဲ့…

Read More

မန္တလေးဆေးရုံကြီးမှာ တရက်အတွင်း စောင့်ကြည့်လူနာ ၇ ယောက် သေဆုံး

မန္တလေးဆေးရုံကြီးမှာ တရက်အတွင်း စောင့်ကြည့်လူနာ ၇ ယောက် သေဆုံး မန္တလေး၊ ဧပြီ ၂၅၊ ၂၀၂၀။ ရှိုင်းအောင် (VOM) မန္တလေးမြို့ပြည်သူဆေးရုံကြီးမှာ သံသယလူနာအဖြစ် စောင့်ကြည့်ခံထားရတဲ့ သူတွေထဲက ၇ ယောက်ဟာ မနေ့ ဧပြီ ၂၄ ရက်နေ့မှာပဲ သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ပြောပါတယ်။ စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့ သံသယလူနာ ၇ ယောက်ထဲက တစ်ချို့ဟာ ရောဂါအခံ ုပြင်းပြင်းထန်ထန်ရှိတဲ့အတွက်ကြောင့် သေဆုံးသွားတာဖြစ်ပြီး ဓာတ်ခွဲနမူနာပေးပို့ထားတဲ့ အထဲက ၃ ယောက်က Negative ဖြစ်ပြီး ကျန်တဲ့ ၄ ယောက်ရဲ့ အဖြေကိုတော့ မသိရသေးဘူးလို့ ဒေါက်တာဒေါ်စုစုထွေး က ပြောပါတယ်။ ” တစ်ကိုယ်ရည် ရောဂါအခံရှိတဲ့သူတွေကျတော့လည်း သူရဲ့ကိုယ်ခံအားကျနေတဲ့အတွက် COVID-19 ဗိုင်းရပ်စ်ပိုးက သူ့အတွက်ကိုလည်း ကူးဆက်ဖို့ အခွင့်အရေးကများတာပဲ အဲ့လိုလူတွေကိုလည်း စောင့်ကြည့်လူနာထားတဲ့နေရာမှာထားပြီး…

Read More

အိပ်ပျော်နေသော ရွာသား နှစ်ဦး ဆင်နင်း၍ သေဆုံး

အိပ်ပျော်နေသော ရွာသား နှစ်ဦး ဆင်နင်း၍ သေဆုံး ဖားကန့် ၊ ဧပြီ ၂၄၊ ၂၀၂၀ ဇော်မိုးထက် (VOM) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ တော်မှော်ကျေးရွာနှင့်( ၆)မိုင် အကွာတွင် နေထိုင်သော မိသားစုနေအိမ်တလုံးကို တော်ဆင်ရိုင်း (3)ကောင်မှ ဧပြီလ ၂၃ ရက်နေ့ နံက် တနာရီချိန်က ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ တောမှော်ကျေးရွာသား တဦးက ပြောပါတယ် ။ ” မနေ့ညက တနာရီလောက်က ဖြစ်သွားတာ။ မိသားစု လေးယောက်ရှိတာ နှစ်ယောက် ထွက်ပြေးလို့ လွတ်သွားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ သေသွားတယ် ” လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အတည်ပြု ပြောပါတယ် ။ တောဆင်ရိုင်း သုံကောင်ဟာ လူနေအိမ်အား လာဖျက်စီးပြီး၊ နေအိမ်အတွင်း အိပ်နေသော…

Read More

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက်

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက်

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက် တီဟီရန်၊ ဧပြီ-၂၄-၂၀၂၀ မျိုးဆက် (VOM) ပါရှန်ပင်လယ်ကွေ့မှာ အီရန်သင်္ဘောတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာမယ်ဆိုရင် အမေရိကန် စစ်သင်္ဘောတွေကို ဖျက်ဆီးသွားဖို့ အီရန်စစ်ဘက်ကို အမိန့်ပေးထားတယ်လို့ တော်လှန်ရေး အစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟူစိန်ဆာလာမီက ဧပြီ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်စစ်သင်္ဘောတွေ ဒါမှမဟုတ် ကုန်တင်သင်္ဘောတွေကို အမေရိကန်တွေက ခြိမ်းခြောက်မှု တွေပြုလုပ်လာမယ်ဆိုရင် အမေရိကန်သင်္ဘောမှန်သမျှကို ပစ်ခတ်ဖျက်ဆီးပစ်ဖို့ အီရန်ရေတပ်ကို အမိန့်ပေးထားတယ်လို့ သူကပြောပါတယ်။ အမေရိကန်သင်္ဘောတွေကို လာရောက်နှောက်ယှက်တဲ့ အီရန်ကင်းလှည့်ရေယာဉ်မှန်သမျှကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ အမေရိကန်ရေတပ်ကို ညွှန်ကြားထားကြောင်း ဒေါ်နယ်ထရန့်က ဧပြီ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အီရန်ဗိုလ်ချုပ်ကြီးကလည်း အခုလိုသတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး အီရန်ရှိ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးကို အီရန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။ အီရန်မှာ အမေရိကန်ရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီး ဆွစ်ဇာလန်ကိုယ်စားလှယ်အဖွဲ့က ကိုယ်စားပြုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အီရန်နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်ကနှုတ်ထွက်ခဲ့ပြီး အီရန်အပေါ်…

Read More

နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို တရုတ်နိုင်ငံဖက်က ရက် ၆၀ ပိတ်

နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို တရုတ်နိုင်ငံဖက်က ရက် ၆၀ ပိတ် ဧပြီ ၂၄၊ ၂၀၂၀ VOM မြန်မာနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ ခရီးသွားလာ၊ ဖြတ်သန်းခွင့်တွေကို ရက် ၆၀ ကြာ ယာယီရပ်ဆိုင်းလိုက်တယ်လို့ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်အစိုးရက ကြေငြာပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၀ ကျော်လာတဲ့အချိန်မှာ ရောဂါပြန့်နှံ့ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရေးအတွက် အခုလို ယာယီပိတ်ပင်ရပ်ဆိုင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံထဲကို မသွားဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို၊ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တရုတ်နိုင်ငံထဲကို မဝင်လာဖို့၊ ခိုးဝင် ခိုးထွက်တာတွေ မိခဲ့ရင် ထောင်ဒဏ်နဲ့ အရေးယူမှာ ဖြစ်သလို၊ တရုတ်နိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းပေးနိုင်ရင်၊ သတင်းပေးနိုင်ရင် တရုတ်ယွမ်ငွေ တထောင်၊ ဆုချီးမြှင့်မယ်လို့ တရုတ်ဖက်က ထုတ်ပြန်ကြေငြာထားပါတယ်။ ဒါ့အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ရဲအင်အားကိုလည်း တိုးချဲ့ချထားပြီးတော့…

Read More

မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက်

မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက် ကလေး၊ ဧပြီ ၂၄-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာကို ခြောက်ကြိမ်မြောက် ဆေးစစ်မှုပြုလုပ်ခဲ့အပြီးမှာတော့ Negative အဖြေထွက်ခဲ့တယ်လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်ကပြောပါတယ်။ လူနာအမှတ်(၁) ရဲ့ ခြောက်ကြိမ်မြောက် ဆေးစစ်တဲ့ အဖြေရလဒ်ကို ဒီကနေ့မနက်မှာ သိရှိခဲ့ရတာ ဖြစ်ပြီး လူနာအမှတ်(၁)ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ရက်ပေါင်း(၃၁) ရက်မြောက်နေ့မှာ ကူးစက်ခံထားရတဲ့ပိုး မရှိတော့ဘူးလို့ အဖြေရရှိခဲ့တာဖြစ်ပါတယ်။ “သူကတော့ အစထဲက ကျန်းမာရေးကောင်းမွန်နေတဲ့သူပါ။ အခု Negative ထွက်တော့ ဒုတိယအကြိမ် ထပ်စစ်လို့ Negative ထပ် ထွက်တယ်ဆိုရင်တော့ သူက ဆေးရုံကနေ ဆင်းလို့ရပြီလို့ ဆရာဝန်ကြီးတွေကပြောပါတယ်”လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင် က ပြောပါတယ်။ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ…

Read More

ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား

ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မကုန်ခင်ထုတ်လုပ်နိုင်မှာလား ၂၀၂၀ နှစ်ဦးပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတုပ်ကွေးရောဂါကူးဆက်ပျံ့နှံနေတဲ့ သတင်းတွေထွက်လာတဲ့ အခါမှာဒီသတင်းတွေကိုအထူးအာရုံစိုက်ပြီးနားထောင်နေသူတစ်ဦးကတော့ယူကေနိုင်ငံအောက်စဖို့ဒ်တက္ကသိုလ် ဆေးဝါးဆိုင်ရာဆေးပညာပါမောက္ခ Sarah Gilbert ပါ။ ဝူဟန်တုပ်ကွေးသတင်းတွေမကြားရခင်ကထဲက ပါမောက္ခဆာရာဂေလ်ဘတ်နဲ့ သူ့ရဲ့သုတေသနအဖွဲ့ဟာကမ္ဘာပေါ်မှာ ကာကွယ်ဆေးမရှိသေးတဲ့ ဗိုင်းရပ်စ်ပိုးတွေ တားမနိုင်ဆီးမရ ကူးဆက်ပျံ့နှံ့ခဲ့ရင် ကာကွယ်နိုင်အောင်လို့ ကာကွယ်ဆေးတွေ ရှာဖွေနေပါတယ်။ ဓါတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Middle East Respiratory Syndrome (MERS) ကာကွယ်ဆေး နဲ့ X ရောဂါလို့နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးစမ်းသပ် နေပါတယ်။ Xရောဂါက အမျိုးအမည်မသိတဲ့ကပ်ရောဂါတစ်ခုလို့သတ်မှတ်ထားပြီး ကပ်ရောဂါဖြစ်လာရင် အဆင်သင့်ဖြစ်အောင်ပြင်ဆင်နေကြတာပါ။ ဝူဟန်မှာ လူကနေလူကိုကူးဆက်တဲ့ တုပ်ကွေးတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ဇန္နဝါရီလလယ်လောက်မှာ အသက်ရှုလမ်းကြောင်းကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ၂ ( SARS-CoV-2) ဂျီနိုမျိုးဗီဇကို သူတို့ရရှိပါတယ်။ ဒီမျိုးဗီဇကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး စမ်းသပ်ရှာဖွေရမှာဖြစ်ပါတယ်။ ပါမောက္ခ‌ဂေလ်ဘတ်နဲ့အဖွဲ့ကသူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို လိုအပ်ရင် သုံးနိုင်အောင်လို့ စာတမ်းပြုစုဖို့သာမူလကရည်ရွယ်ထားပါတယ်။…

Read More
VOM News

FREE
VIEW