တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ

တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ ဧပြီ ၂၃၊ ၂၀၂၀။ VOM ကိုရိုနာဗိုင်းစပ်ပိုး ကူးစက်ခံရမှု ပထမဆုံး လူနာဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က လူနာနံပါတ် ၁ ဟာ ၆ ကြိမ်မြောက် ဆေးစစ်ပြီးတဲ့အထိ positive ပဲ ဖြစ်နေသေးတာကြောင့် ဆေးရုံဆင်းခွင့် မရသေးသလို၊ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ကပ်တဲလ်ရွာကိုလည်း lockdown ကာလ တပတ် ထပ်တိုးထားတယ်လို့ သိရပါတယ်။ “သူ့ကို စစ်ဆေးမှုလုပ်တာ ၆ ခေါက်ရှိပြီ၊ ၆ ခေါက်လုံး positive ဖြစ်နေသေးတော့ သူ့ကို တီးတိန်ဆေးရုံမှာပဲ သီးသန့် ထားရသေးတယ်။ သူ့ကျန်းမာရေးကတော့ အကုန်ကောင်းနေတယ်။ ဘာမှ ထူးထူးထွေထွေမရှိဘူး။ positive ဖြစ်နေသေးတာတခုပဲ ရှိတယ်” လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး…

Read More

မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး

မင်းပြားမှာ ပစ်ခတ်ခံရတဲ့ WHOက ကားမောင်းသူ ဆေးကုသရင်း ဒဏ်ရာကြောင့်သေဆုံး ဧပြီ-၂၁-၂၀၂၀ နေလင်း(VOM) ဧပြီ ၂၀ရက်ညနေ ၅ နာရီခန့်က မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ လက်နက်ငယ်နဲ့ပစ်ခတ်ခံရတဲ့ WHO ပိုင်ကားမောင်းသူ ဦးပြည့်စုံဝင်းမောင်ဟာ ဆေးကုသမှုခံရင်း ခုနမက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။ မင်းပြားဆေးရုံရဲ့ တာဝန်ရှိတဲ့ ဆရာဝန်ကြီးက ” ဟုတ်ပါတယ် ဒရိုင်ဘာက ဆုံးသွားပါပြီ ဒဏ်ရာအခြေအနေကတော့ပြောပိုင်ခွင့်မရှိပါဘူး နောက်တယောက်ကတော့ အခြေအနေကောင်းပါတယ် ” လို့ ပြောပါတယ်။ အစိုးရသတင်းစဉ်ကထုတ်ပြန်ချက်မှာ ကိုပြည့်စုံဝင်းမောင်နဲ့ ကျန်းမာရေးကြီးကြပ် ဦးအောင်မျိုးဦးတို့ဟာ ရခိုင်ပြည်နယ်က ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်နမူနာတွေ ရန်ကုန်ကိုပို့ဆောင်ဖို့ စစ်တွေကနေထွက်ခွာလာတုန်း မင်းပြားရာမောင်ဇက်ဆိပ်နားမှာ ULA/AA  အကြမ်းဖက်အဖွဲ့ရဲက လက်နက်ငယ်နဲ့ ပစ်ခတ်ခံရကြောင်းဖေါ်ပြထားပါတယ်။ ဒီပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးပြည့်စုံဝင်မောင်ရဲ့ ဘယ်ဘက်တင်ပါးဖေါက်ဝင်ဒဏ်ရာနဲ့ ယာဖက်တတောင်ဆစ်စုတ်ပြတ်ဒဏ်ရာရရှိပြီး ဦးအောင်မျိုးဦးရဲ့ ယာဖက်လက်ဖဝါးစုတ်ပြတ်၊ လက်မပြတ်ခါနီးဒဏ်ရာရှိလို့ မင်းပြားဆေးရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဖေါ်ပြပါရှိပါတယ်။…

Read More
VOM News

FREE
VIEW