ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက်

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက်

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက်

တီဟီရန်၊ ဧပြီ-၂၄-၂၀၂၀
မျိုးဆက် (VOM)

ပါရှန်ပင်လယ်ကွေ့မှာ အီရန်သင်္ဘောတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာမယ်ဆိုရင် အမေရိကန် စစ်သင်္ဘောတွေကို ဖျက်ဆီးသွားဖို့ အီရန်စစ်ဘက်ကို အမိန့်ပေးထားတယ်လို့ တော်လှန်ရေး အစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟူစိန်ဆာလာမီက ဧပြီ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

အီရန်စစ်သင်္ဘောတွေ ဒါမှမဟုတ် ကုန်တင်သင်္ဘောတွေကို အမေရိကန်တွေက ခြိမ်းခြောက်မှု တွေပြုလုပ်လာမယ်ဆိုရင် အမေရိကန်သင်္ဘောမှန်သမျှကို ပစ်ခတ်ဖျက်ဆီးပစ်ဖို့ အီရန်ရေတပ်ကို အမိန့်ပေးထားတယ်လို့ သူကပြောပါတယ်။

အမေရိကန်သင်္ဘောတွေကို လာရောက်နှောက်ယှက်တဲ့ အီရန်ကင်းလှည့်ရေယာဉ်မှန်သမျှကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ အမေရိကန်ရေတပ်ကို ညွှန်ကြားထားကြောင်း ဒေါ်နယ်ထရန့်က ဧပြီ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အီရန်ဗိုလ်ချုပ်ကြီးကလည်း အခုလိုသတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး အီရန်ရှိ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးကို အီရန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။

အီရန်မှာ အမေရိကန်ရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီး ဆွစ်ဇာလန်ကိုယ်စားလှယ်အဖွဲ့က ကိုယ်စားပြုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အီရန်နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်ကနှုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်ခဲ့တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေခဲ့ပါတယ်။

နောက်ဆုံးဖြစ်ပွားခဲ့တဲ့တင်းမာမှုကတော့ ပင်လယ်ကွေ့ရှိအမေရိကန်စစ်သင်္ဘောအနီးကို အီရန်ရေတပ်မှ သင်္ဘော ၁၁ စင်းက အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားထိ အနီးကပ်ဖြတ်သန်းခုတ်မောင်းခဲ့ရာကနေ အပြန်အလှန်ခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref : NHK
Photo: US Navy
#voiceofmyanmar #VOM #တီဟီရန် #အမေရိကန် #အီရန်ခြိမ်းခြောက်

Zawgyi

ပင္လယ္ေကြ႕ရွိ အေမရိကန္စစ္သေဘၤာေတြကို တိုက္ခိုက္ဖ်က္ဆီးပစ္မယ္လို႔ အီရန္ၿခိမ္းေျခာက္

တီဟီရန္၊ ဧၿပီ-၂၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ပါရွန္ပင္လယ္ေကြ႕မွာ အီရန္သေဘၤာေတြရဲ႕လုံၿခဳံေရးကို ၿခိမ္းေျခာက္လာမယ္ဆိုရင္ အေမရိကန္ စစ္သေဘၤာေတြကို ဖ်က္ဆီးသြားဖို႔ အီရန္စစ္ဘက္ကို အမိန္႔ေပးထားတယ္လို႔ ေတာ္လွန္ေရး အေစာင့္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီးဟူစိန္ဆာလာမီက ဧၿပီ ၂၃ ရက္မွာ ေျပာၾကားလိုက္ပါတယ္။

အီရန္စစ္သေဘၤာေတြ ဒါမွမဟုတ္ ကုန္တင္သေဘၤာေတြကို အေမရိကန္ေတြက ၿခိမ္းေျခာက္မႈ ေတြျပဳလုပ္လာမယ္ဆိုရင္ အေမရိကန္သေဘၤာမွန္သမွ်ကို ပစ္ခတ္ဖ်က္ဆီးပစ္ဖို႔ အီရန္ေရတပ္ကို အမိန္႔ေပးထားတယ္လို႔ သူကေျပာပါတယ္။

အေမရိကန္သေဘၤာေတြကို လာေရာက္ေႏွာက္ယွက္တဲ့ အီရန္ကင္းလွည့္ေရယာဥ္မွန္သမွ်ကို တိုက္ခိုက္ဖ်က္ဆီးပစ္ဖို႔ အေမရိကန္ေရတပ္ကို ၫႊန္ၾကားထားေၾကာင္း ေဒၚနယ္ထရန္႔က ဧၿပီ ၂၂ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီးေနာက္ အီရန္ဗိုလ္ခ်ဳပ္ႀကီးကလည္း အခုလိုသတိေပးေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဒၚနယ္ထရန္႔ရဲ႕ေျပာဆိုမႈနဲ႔ပတ္သက္ၿပီး အီရန္ရွိ ဆြစ္ဇာလန္ႏိုင္ငံသံအမတ္ႀကီးကို အီရန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ဆင့္ေခၚ ကန္႔ကြက္ခဲ့ပါတယ္။

အီရန္မွာ အေမရိကန္ရဲ႕အေရးကိစၥနဲ႔ပတ္သက္ၿပီး ဆြစ္ဇာလန္ကိုယ္စားလွယ္အဖြဲ႕က ကိုယ္စားျပဳေဆာင္႐ြက္ေပးေနတာျဖစ္ပါတယ္။

အီရန္န်ဴကလီးယားသေဘာတူစာခ်ဳပ္ကေန အေမရိကန္ကႏႈတ္ထြက္ခဲ့ၿပီး အီရန္အေပၚ အေရးယူပိတ္ဆို႔မႈေတြျပန္လည္ခ်မွတ္ခဲ့တာေၾကာင့္ ႏွစ္ႏိုင္ငံအၾကား တင္းမာမႈေတြျမင့္တက္ေနခဲ့ပါတယ္။

ေနာက္ဆုံးျဖစ္ပြားခဲ့တဲ့တင္းမာမႈကေတာ့ ပင္လယ္ေကြ႕ရွိအေမရိကန္စစ္သေဘၤာအနီးကို အီရန္ေရတပ္မွ သေဘၤာ ၁၁ စင္းက အႏၲရာယ္ျဖစ္ေလာက္တဲ့ အေနအထားထိ အနီးကပ္ျဖတ္သန္းခုတ္ေမာင္းခဲ့ရာကေန အျပန္အလွန္ၿခိမ္းေျခာက္ေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Ref : NHK
Photo: US Navy
#voiceofmyanmar #VOM #တီဟီရန္ #အေမရိကန္ #အီရန္ၿခိမ္းေျခာက္

Related posts

Leave a Comment

VOM News

FREE
VIEW