အိပ်ပျော်နေသော ရွာသား နှစ်ဦး ဆင်နင်း၍ သေဆုံး

အိပ်ပျော်နေသော ရွာသား နှစ်ဦး ဆင်နင်း၍ သေဆုံး ဖားကန့် ၊ ဧပြီ ၂၄၊ ၂၀၂၀ ဇော်မိုးထက် (VOM) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ တော်မှော်ကျေးရွာနှင့်( ၆)မိုင် အကွာတွင် နေထိုင်သော မိသားစုနေအိမ်တလုံးကို တော်ဆင်ရိုင်း (3)ကောင်မှ ဧပြီလ ၂၃ ရက်နေ့ နံက် တနာရီချိန်က ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နှစ်ဦး သေဆုံးခဲ့တယ်လို့ တောမှော်ကျေးရွာသား တဦးက ပြောပါတယ် ။ ” မနေ့ညက တနာရီလောက်က ဖြစ်သွားတာ။ မိသားစု လေးယောက်ရှိတာ နှစ်ယောက် ထွက်ပြေးလို့ လွတ်သွားတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ သေသွားတယ် ” လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အတည်ပြု ပြောပါတယ် ။ တောဆင်ရိုင်း သုံကောင်ဟာ လူနေအိမ်အား လာဖျက်စီးပြီး၊ နေအိမ်အတွင်း အိပ်နေသော…

Read More

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက်

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက်

ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ အီရန်ခြိမ်းခြောက် တီဟီရန်၊ ဧပြီ-၂၄-၂၀၂၀ မျိုးဆက် (VOM) ပါရှန်ပင်လယ်ကွေ့မှာ အီရန်သင်္ဘောတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာမယ်ဆိုရင် အမေရိကန် စစ်သင်္ဘောတွေကို ဖျက်ဆီးသွားဖို့ အီရန်စစ်ဘက်ကို အမိန့်ပေးထားတယ်လို့ တော်လှန်ရေး အစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟူစိန်ဆာလာမီက ဧပြီ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်စစ်သင်္ဘောတွေ ဒါမှမဟုတ် ကုန်တင်သင်္ဘောတွေကို အမေရိကန်တွေက ခြိမ်းခြောက်မှု တွေပြုလုပ်လာမယ်ဆိုရင် အမေရိကန်သင်္ဘောမှန်သမျှကို ပစ်ခတ်ဖျက်ဆီးပစ်ဖို့ အီရန်ရေတပ်ကို အမိန့်ပေးထားတယ်လို့ သူကပြောပါတယ်။ အမေရိကန်သင်္ဘောတွေကို လာရောက်နှောက်ယှက်တဲ့ အီရန်ကင်းလှည့်ရေယာဉ်မှန်သမျှကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ အမေရိကန်ရေတပ်ကို ညွှန်ကြားထားကြောင်း ဒေါ်နယ်ထရန့်က ဧပြီ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အီရန်ဗိုလ်ချုပ်ကြီးကလည်း အခုလိုသတိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး အီရန်ရှိ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီးကို အီရန်နိုင်ငံခြားရေး၀န်ကြီးဌာနက ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။ အီရန်မှာ အမေရိကန်ရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီး ဆွစ်ဇာလန်ကိုယ်စားလှယ်အဖွဲ့က ကိုယ်စားပြုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အီရန်နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်ကနှုတ်ထွက်ခဲ့ပြီး အီရန်အပေါ်…

Read More

နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို တရုတ်နိုင်ငံဖက်က ရက် ၆၀ ပိတ်

နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ကို တရုတ်နိုင်ငံဖက်က ရက် ၆၀ ပိတ် ဧပြီ ၂၄၊ ၂၀၂၀ VOM မြန်မာနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တွေကနေ ခရီးသွားလာ၊ ဖြတ်သန်းခွင့်တွေကို ရက် ၆၀ ကြာ ယာယီရပ်ဆိုင်းလိုက်တယ်လို့ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်အစိုးရက ကြေငြာပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၀ ကျော်လာတဲ့အချိန်မှာ ရောဂါပြန့်နှံ့ကူးစက်မှုကို ထိန်းချုပ်ကာကွယ်ရေးအတွက် အခုလို ယာယီပိတ်ပင်ရပ်ဆိုင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံထဲကို မသွားဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားသလို၊ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တရုတ်နိုင်ငံထဲကို မဝင်လာဖို့၊ ခိုးဝင် ခိုးထွက်တာတွေ မိခဲ့ရင် ထောင်ဒဏ်နဲ့ အရေးယူမှာ ဖြစ်သလို၊ တရုတ်နိုင်ငံထဲ ခိုးဝင်တဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းပေးနိုင်ရင်၊ သတင်းပေးနိုင်ရင် တရုတ်ယွမ်ငွေ တထောင်၊ ဆုချီးမြှင့်မယ်လို့ တရုတ်ဖက်က ထုတ်ပြန်ကြေငြာထားပါတယ်။ ဒါ့အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ရဲအင်အားကိုလည်း တိုးချဲ့ချထားပြီးတော့…

Read More

မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက်

မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက် ကလေး၊ ဧပြီ ၂၄-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာကို ခြောက်ကြိမ်မြောက် ဆေးစစ်မှုပြုလုပ်ခဲ့အပြီးမှာတော့ Negative အဖြေထွက်ခဲ့တယ်လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်ကပြောပါတယ်။ လူနာအမှတ်(၁) ရဲ့ ခြောက်ကြိမ်မြောက် ဆေးစစ်တဲ့ အဖြေရလဒ်ကို ဒီကနေ့မနက်မှာ သိရှိခဲ့ရတာ ဖြစ်ပြီး လူနာအမှတ်(၁)ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ရက်ပေါင်း(၃၁) ရက်မြောက်နေ့မှာ ကူးစက်ခံထားရတဲ့ပိုး မရှိတော့ဘူးလို့ အဖြေရရှိခဲ့တာဖြစ်ပါတယ်။ “သူကတော့ အစထဲက ကျန်းမာရေးကောင်းမွန်နေတဲ့သူပါ။ အခု Negative ထွက်တော့ ဒုတိယအကြိမ် ထပ်စစ်လို့ Negative ထပ် ထွက်တယ်ဆိုရင်တော့ သူက ဆေးရုံကနေ ဆင်းလို့ရပြီလို့ ဆရာဝန်ကြီးတွေကပြောပါတယ်”လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင် က ပြောပါတယ်။ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ…

Read More
VOM News

FREE
VIEW