သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ်

သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ်

စစ်ကိုင်း ဧပြီ ၂၅ -၂၀၂၀
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူဝိပဿနာမှာ Quarantine ဝင်နေတဲ့ အိန္ဒိယနိုင်ငံပြန် သံဃာတော်များ အပါအဝင် ၂၇၁ဦးရဲ့ ဆေးစစ်ချက်မှာ Covid 19 ပိုးမရှိဘူးလို့ လူမှုကွန်ယက်မှာ ပြန့်နှံ့နေတာဟာ မှန်ကန်မှု မရှိသေးဘူးလို့ စစ်ကိုင်းခရိုင္ ကျန်းမာရေးဌာန VOM (Voice Of Myanmar) ကိုပြောပါတယ်။

“အဲ့ဒါက ဓါတ်ခွဲစစ်ဆေးတဲ့ အဖြေက မသေချာသေးဘူး။ သူတို့မနေ့ည ထုတ်ပြန်ချက် ဆိုတာကလေ။ အခုလက်ရှိဆရာတို့ဆီကို တရားဝင်အကြောင်းကြား စာမရောက်သေးဘူး ဓာတ်ခွဲ နမူနာတွေကို ဒီနေ့မှစစ်မယ်လို့လည်း ဆရာတို့ကြားတယ်။ အခုဟာ က မနေ့ကစစ်ဆေးမှုမှာ အကုန်ပြီးပြီဆိုပြီး လူမှုကွန်ယက်မှာရေးတာက မှန်း ရေးနေကြတဲ့သဘောတွေ ဖြစ်နေတာပေါ့။ ဆရာတို့ မျက်စိလည်သွားလို့သေချာ စုံစမ်းလိုက်တဲ့အခါ မှာ ကျန်းမာရေးဝန်ကြီးဌာနက၊ နေ့အလိုက်ကို ထုတ်ပြန်တာအပေါ်မှာ မှန်းပြီး ပြောနေကြတာ။ အဲ့ဒီတော့ အခုလက်ရှိ မတွေ့ရှိဘူးဆိုတာက မသေချာသေးဘူး ဆရာတို့ဆီ တရားဝင်အကြောင်းကြားစာ ရောက်မှဘဲတရားဝင်ထုတ်ပြန်မှဘဲ၊ ဆက်ထုတ်ပြန်ပေးမယ်လို့” စစ်ကိုင်းခရိုင္ ကျန်းမာရေးဦးစီးမှူး ဒေါက်တာသော်တာထက်က ပြောပါတယ်။

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စာပေပညာသွား‌ရောက်သင်ကြားနေတဲ့ မြန်မာရဟန်းတော်၂၀၀ ကျော်နဲ့ ပိတ်မိနေတဲ့ လူပုဂ္ဂိုလ်တွေကိုပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်း က စင်းလုံးဌားလေယာဉ်တွေနဲ့ ပြန်လည်ပင့်ဆောင်ခေါ်ယူခဲ့ပြီး ခုညပိုင်းမှာ စစ်ကိုင်းမှာ သီတဂူဆရာတော်ဘုရားကြီး အထောက်အပံ့နဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့သီတဂူဝိပဿနာတို့မှာ Quarantine လုပ်ထားပါတယ်။

ဧပြီလ ၂၃ရက်နေ့ မနက်မှာ၊ အားလုံးဆီက ဓာတ်ခွဲနမူနာ ဆေးစစ်ချက်ယူပြီး ညပိုင်းမှာ ရန်ကုန်ကို ပို့ခဲ့တာကြောင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းကို ဓာတ်ခွဲနမူနာတွေက ၂၄ ရက်နေ့ မနက်ပိုင်းမှာမှ ရောက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင္ကျန်းမာရေးဦးစီးဌာန ကနေသိရပါတယ်။

လူမှုကွန်ယက်မှာ အိန္ဒိယ ပြန်လာတဲ့ ၂၇၁ အဖွဲ့ Negative လို့ တင်နေကြတာတွေ နဲ့ပက်သက်ပြီး သီတဂူ ဗုဒ္ဓတက္ကသိုလ် ကိုမေးတဲ့အခါမှာတော့ “ငါတို့လည်းမသိရသေးဘူး တင်နေကြတာ အထင်မမြင်နဲ့တင်နေကြတာဖြစ်တယ်။ စစ်ကိုင်းတိုင်းကျန်းမာရေးက တရားဝင်ထုတ်ပြန် မှ သာအတည်ဖြစ်တယ်လို့” သီတဂူဗုဒ္ဓတက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဥူ းကုမာရ က မိန့်ကြားပါတယ်။

အပြည်ပြည်ဆိုင်ရာဝိပဿနာတက္ကသိုလ်မှာ Quarantine ဝင်နေတဲ့ သံဃာတွေကို စစ်ကိုင်း တပ်မ ၃၃ ကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး၊ သီတဂူဗုဒ္ဓတက္ကသိုလ်ဘက်ကိုတော့ စစ်ကိုင်းတိုင်း၊ တိုင်းကျန်းမာရေးအဖွဲ့က တာဝန်ယူ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ Quarantine အဆောင်တိုင်းမှာ သံဃာတစ်ပါးချင်းကို သီးသန့်အခန်း၊ အဲယားကွန်း၊ ရေခဲသတ္တာ၊ ရေနွေးကျိုစက် နဲ့ သီးခြား အိမ်သာ၊ ရေချိုးခန်းတွေနဲ့ အပြည်အစုံ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သီတဂူကျော်ဆန်းဝင်း

#VoiceOfMyanmar #VOM #COVID19 #ကိုဗစ်၁၉ #သီတဂူ

……………

zawgyi

သီတဂူ မွာ Quarantine ဝင္ေနသူေတြရဲ႕ စစ္ေဆးခ်က္ကိစၥမ်ား ေကာလဟလသာျဖစ္

စစ္ကိုင္း ဧၿပီ ၂၅ -၂၀၂၀
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကိုင္းၿမိဳ႕ရွိ သီတဂူဗုဒၶတကၠသိုလ္နဲ႔ သီတဂူဝိပႆနာမွာ Quarantine ဝင္ေနတဲ့ အိႏၵိယႏိုင္ငံျပန္ သံဃာေတာ္မ်ား အပါအဝင္ ၂၇၁ဦးရဲ႕ ေဆးစစ္ခ်က္မွာ Covid 19 ပိုးမရွိဘူးလို႔ လူမႈကြန္ယက္မွာ ျပန္႔ႏွံ႔ေနတာဟာ မွန္ကန္မႈ မရွိေသးဘူးလို႔ စစ္ကိုင္းခရိုင္က်န္းမာေရးဌာန VOM (Voice Of Myanmar) ကိုေျပာပါတယ္။

“အဲ့ဒါက ဓါတ္ခြဲစစ္ေဆးတဲ့ အေျဖက မေသခ်ာေသးဘူး။ သူတို႔မေန႔ည ထုတ္ျပန္ခ်က္ ဆိုတာကေလ။ အခုလက္ရွိဆရာတို႔ဆီကို တရားဝင္အေၾကာင္းၾကား စာမေရာက္ေသးဘူး ဓာတ္ခြဲ နမူနာေတြကို ဒီေန႔မွစစ္မယ္လို႔လည္း ဆရာတို႔ၾကားတယ္။ အခုဟာ က မေန႔ကစစ္ေဆးမႈမွာ အကုန္ၿပီးၿပီဆိုၿပီး လူမႈကြန္ယက္မွာေရးတာက မွန္း ေရးေနၾကတဲ့သေဘာေတြ ျဖစ္ေနတာေပါ့။ ဆရာတို႔ မ်က္စိလည္သြားလို႔ေသခ်ာ စုံစမ္းလိုက္တဲ့အခါ မွာ က်န္းမာေရးဝန္ၾကီးဌာနက၊ ေန႔အလိုက္ကို ထုတ္ျပန္တာအေပၚမွာ မွန္းျပီး ေျပာေနၾကတာ။ အဲ့ဒီေတာ့ အခုလက္ရွိ မေတြ႕ရွိဘူးဆိုတာက မေသခ်ာေသးဘူး ဆရာတို႔ဆီ တရားဝင္အေၾကာင္းၾကားစာ ေရာက္မွဘဲတရားဝင္ထုတ္ျပန္မွဘဲ၊ ဆက္ထုတ္ျပန္ေပးမယ္လို႔” စစ္ကိုင္းခရိုင္ က်န္းမာေရးဦးစီးမႉး ေဒါက္တာေသာ္တာထက္က ေျပာပါတယ္။

ျမန္မာႏိုင္ငံကေန အိႏၵိယႏိုင္ငံကို စာေပပညာသြား‌ေရာက္သင္ၾကားေနတဲ့ ျမန္မာရဟန္းေတာ္၂၀၀ ေက်ာ္နဲ႔ ပိတ္မိေနတဲ့ လူပုဂၢိဳလ္ေတြကိုၿပီးခဲ့တဲ့ ဧၿပီလ ၂၂ ရက္ေန႔ ညေနပိုင္း က စင္းလုံးဌားေလယာဥ္ေတြနဲ႔ ျပန္လည္ပင့္ေဆာင္ေခၚယူခဲ့ၿပီး ခုညပိုင္းမွာ စစ္ကိုင္းမွာ သီတဂူဆရာေတာ္ဘုရားႀကီး အေထာက္အပံ့နဲ႔ သီတဂူဗုဒၶတကၠသိုလ္နဲ႔သီတဂူဝိပႆနာတို႔မွာ Quarantine လုပ္ထားပါတယ္။

ဧၿပီလ ၂၃ရက္ေန႔ မနက္မွာ၊ အားလံုးဆီက ဓာတ္ခြဲနမူနာ ေဆးစစ္ခ်က္ယူၿပီး ညပိုင္းမွာ ရန္ကုန္ကို ပို႔ခဲ့တာေၾကာင့္ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲခန္းကို ဓာတ္ခြဲနမူနာေတြက ၂၄ ရက္ေန႔ မနက္ပိုင္းမွာမွ ေရာက္ခဲ့တယ္လို႔ စစ္ကိုင္းခရိုင္ က်န္းမာေရးဦးစီးဌာန ကေနသိရပါတယ္။

လူမႈကြန္ယက္မွာ အိႏၵိယ ျပန္လာတဲ့ ၂၇၁ အဖြဲ႕ Negative လို႔ တင္ေနၾကတာေတြ နဲ႔ပက္သက္ၿပီး သီတဂူ ဗုဒၶတကၠသိုလ္ ကိုေမးတဲ့အခါမွာေတာ့ “ငါတို႔လည္းမသိရေသးဘူး တင္ေနၾကတာ အထင္မျမင္နဲ႔တင္ေနၾကတာျဖစ္တယ္။ စစ္ကိုင္းတိုင္းက်န္းမာေရးက တရားဝင္ထုတ္ျပန္ မွ သာအတည္ျဖစ္တယ္လို႔” သီတဂူဗုဒၶတကၠသိုလ္ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ဥဴ းကုမာရ က မိန္႔ၾကားပါတယ္။

အျပည္ျပည္ဆိုင္ရာဝိပႆနာတကၠသိုလ္မွာ Quarantine ဝင္ေနတဲ့ သံဃာေတြကို စစ္ကိုင္း တပ္မ ၃၃ ကေန က်န္းမာေရးေစာင့္ေရွာက္မႈေပးေနျပီး၊ သီတဂူဗုဒၶတကၠသိုလ္ဘက္ကိုေတာ့ စစ္ကိုင္းတိုင္း၊ တိုင္းက်န္းမာေရးအဖြဲ႔က တာဝန္ယူ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ ေပးေနပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ Quarantine အေဆာင္တိုင္းမွာ သံဃာတစ္ပါးခ်င္းကို သီးသန္႔အခန္း၊ အဲယားကြန္း၊ ေရခဲသတၱာ၊ ေရေႏြးက်ိဳစက္ နဲ႔ သီးျခား အိမ္သာ၊ ေရခ်ိဳးခန္းေတြနဲ႔ အျပည္အစုံ စီစဥ္ေပးထားတယ္လို႔ သိရပါတယ္။

ဓာတ္ပံု – သီတဂူေက်ာ္ဆန္းဝင္း

#VoiceOfMyanmar #VOM #COVID19 #ကိုဗစ္၁၉ #သီတဂူ

Related posts

Leave a Comment

VOM News

FREE
VIEW