သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ်

သီတဂူ မှာ Quarantine ဝင်နေသူတွေရဲ့ စစ်ဆေးချက်ကိစ္စများ ကောလဟလသာဖြစ် စစ်ကိုင်း ဧပြီ ၂၅ -၂၀၂၀ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ သီတဂူဝိပဿနာမှာ Quarantine ဝင်နေတဲ့ အိန္ဒိယနိုင်ငံပြန် သံဃာတော်များ အပါအဝင် ၂၇၁ဦးရဲ့ ဆေးစစ်ချက်မှာ Covid 19 ပိုးမရှိဘူးလို့ လူမှုကွန်ယက်မှာ ပြန့်နှံ့နေတာဟာ မှန်ကန်မှု မရှိသေးဘူးလို့ စစ်ကိုင်းခရိုင္ ကျန်းမာရေးဌာန VOM (Voice Of Myanmar) ကိုပြောပါတယ်။ “အဲ့ဒါက ဓါတ်ခွဲစစ်ဆေးတဲ့ အဖြေက မသေချာသေးဘူး။ သူတို့မနေ့ည ထုတ်ပြန်ချက် ဆိုတာကလေ။ အခုလက်ရှိဆရာတို့ဆီကို တရားဝင်အကြောင်းကြား စာမရောက်သေးဘူး ဓာတ်ခွဲ နမူနာတွေကို ဒီနေ့မှစစ်မယ်လို့လည်း ဆရာတို့ကြားတယ်။ အခုဟာ က မနေ့ကစစ်ဆေးမှုမှာ အကုန်ပြီးပြီဆိုပြီး လူမှုကွန်ယက်မှာရေးတာက မှန်း ရေးနေကြတဲ့သဘောတွေ ဖြစ်နေတာပေါ့။ ဆရာတို့ မျက်စိလည်သွားလို့သေချာ စုံစမ်းလိုက်တဲ့အခါ…

Read More

ပိတ်ထားတဲ့ သတင်းဝဘ်ဆိုဒ်များအရေး မီဒီယာကောင်စီနဲ့ ညှိနှိုင်းစေလို

ပိတ်ထားတဲ့ သတင်းဝဘ်ဆိုဒ်များအရေး မီဒီယာကောင်စီနဲ့ ညှိနှိုင်းစေလို ရန်ကုန်၊ ဧပြီ ၂၅ သိင်္ဂီ( VOM) ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းမီဒီယာ လိုင်စင်ရရှိထားတဲ့ တရားဝင်သတင်းဌာနတချို့ရဲ့ ဝက်ဆိုက်တွေဟာ ယနေ့အထိ ပိတ်ခံထားရဆဲဖြစ်ပါတယ်။ ဒီလို ပိတ်ခံထားရတဲ့ သတင်းဝက်ဆိုက်တွေကို ပြန်လည်ဖွင့်ပေးဖို့ အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာကောင်စီနဲ့ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သင့်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ အကယ်၍ ပိတ်ခံထားရတဲ့ သတင်းဝက်ဆိုက်တွေကိုသာ ပြန်လည်ဖွင့်မပေးဘူးဆိုပါက ၎င်းလုပ်ရပ်ဟာ သတင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပေါ် ချိုးဖောက် ပိတ်ပင် တားမြစ်သလို ဖြစ်သွားနိုင်တယ်လို့ The Voice ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက သုံးသပ်ပြောဆိုပါတယ်။ “သတင်းပေ့ခ်ျတွေနဲ့ပတ်သက်ရင် ဆက်သွယ်ရေးဌာနနဲ့သတင်းကောင်စီ ညှိနှိုင်းဖို့လို တယ်။ ဒါကိုမညှိနှိုင်းဘဲ သူတို့ဘာသာလုပ်လိုက်တာပေါ့။ သတင်းတု သတင်းယောင်တွေအကြား သတင်း ပေ့ခ်ျတွေ ပါသွား တာမကောင်းဘူး။ ယုံကြည်စိတ်ချရတဲ့…

Read More

မန္တလေးဆေးရုံကြီးမှာ တရက်အတွင်း စောင့်ကြည့်လူနာ ၇ ယောက် သေဆုံး

မန္တလေးဆေးရုံကြီးမှာ တရက်အတွင်း စောင့်ကြည့်လူနာ ၇ ယောက် သေဆုံး မန္တလေး၊ ဧပြီ ၂၅၊ ၂၀၂၀။ ရှိုင်းအောင် (VOM) မန္တလေးမြို့ပြည်သူဆေးရုံကြီးမှာ သံသယလူနာအဖြစ် စောင့်ကြည့်ခံထားရတဲ့ သူတွေထဲက ၇ ယောက်ဟာ မနေ့ ဧပြီ ၂၄ ရက်နေ့မှာပဲ သေဆုံးခဲ့တယ်လို့ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်စုစုဒွေးက ပြောပါတယ်။ စောင့်ကြည့်လူနာအဖြစ်ထားရှိတဲ့ သံသယလူနာ ၇ ယောက်ထဲက တစ်ချို့ဟာ ရောဂါအခံ ုပြင်းပြင်းထန်ထန်ရှိတဲ့အတွက်ကြောင့် သေဆုံးသွားတာဖြစ်ပြီး ဓာတ်ခွဲနမူနာပေးပို့ထားတဲ့ အထဲက ၃ ယောက်က Negative ဖြစ်ပြီး ကျန်တဲ့ ၄ ယောက်ရဲ့ အဖြေကိုတော့ မသိရသေးဘူးလို့ ဒေါက်တာဒေါ်စုစုထွေး က ပြောပါတယ်။ ” တစ်ကိုယ်ရည် ရောဂါအခံရှိတဲ့သူတွေကျတော့လည်း သူရဲ့ကိုယ်ခံအားကျနေတဲ့အတွက် COVID-19 ဗိုင်းရပ်စ်ပိုးက သူ့အတွက်ကိုလည်း ကူးဆက်ဖို့ အခွင့်အရေးကများတာပဲ အဲ့လိုလူတွေကိုလည်း စောင့်ကြည့်လူနာထားတဲ့နေရာမှာထားပြီး…

Read More
VOM News

FREE
VIEW