တောင်တရုတ်ပင်လယ်အရေးကြောင့် တရုတ်နဲ့စစ်မခင်းနိုင်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

မနီလာ၊ ဇူလိုင်-၂၈-၂၀၂၀
မျိုးဆက် (VOM)

တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုပြသာနာအပေါ် တရုတ်နိုင်ငံနဲ့ စစ်မခင်းနိုင်ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောဆိုလိုက်ပါတယ်။

ဇူလိုင် ၂၇ ရက်ကပြောကြားတဲ့ နိုင်ငံတော်မိန့်ခွန်းတစ်ရပ်မှာ ဒူတာတေးက မှတ်ချက်ပြုပြောဆို လိုက်တာဖြစ်ပြီး တရုတ်နိုင်ငံဟာ အငြင်းပွားဖွယ်ရေပြင်မှာ လက်ရှိရှိနေတဲ့အတွက် မိမိတို့ ဘာမှမတတ်နိုင်ဘူးလို့လည်း ဒူတာတေးကပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်စေဖို့ လုပ်ဆောင်နေချိန်မှာပဲ သမ္မတဒူတေးရဲ့ ပြောဆိုမှုထွက်ပေါ်လာတာဖြစ်ပြီး နိုင်ငံအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ လေ့ကျင့်မှုတွေပြုဖို့ ခွင့်ပြုထားတဲ့ တပ်ဖွဲ့ဝင်များဖြန့်ကြက်ရေး သဘောတူညီချက် အဆုံးသတ်လိုက်တဲ့ အစောပိုင်းဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်အစိုးရက ဆိုင်းငံ့ခဲ့ပါတယ်။

ဖိလစ်ပိုင်ဟာ အငြင်းပွားဖွယ်ရေပြင်ရှိ ထိန်းချုပ်ထားတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေပါတယ်။ လက်ရှိအခြေအနေအရ တရုတ်နိုင်ငံအပေါ် ဖိလစ်ပိုင်နိုင်ငံရဲ့ ရပ်တည်ချက်သဘောထား ပြောင်းလဲမှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ကာကွယ်ဆေးတွေကို ဖိလစ်ပိုင်နိုင်ငံအတွက် ဦးစားပေးသုံးစွဲခွင့်ပြုဖို့ တရုတ်သမ္မတ ရှီကျင်းပင်ဆီကို တောင်းဆိုခဲ့တယ်လို့ ဒူတာတေးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : NHK
Photo: Reuters
#voiceofmyanamr #VOM #မနီလာ

Zawgyi

ေတာင္တရုတ္ပင္လယ္အေရးေၾကာင္႔ တရုတ္နဲ႔စစ္မခင္းနိုင္ဘူးလို႔ ဖိလစ္ပိုင္သမၼတ ဒူတာေတးေျပာ

မနီလာ၊ ဇူလိုင္-၂၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ေတာင္တရုတ္ပင္လယ္မွာ နယ္ေျမပိုင္ဆိုင္မႈျပသာနာအေပၚ တရုတ္နုိင္ငံနဲ႔ စစ္မခင္းနိုင္ဘူးလို႔ ဖိလစ္ပိုင္သမၼတ ဒူတာေတးက ေျပာဆိုလုိက္ပါတယ္။

ဇူလိုင္ ၂၇ ရက္ကေျပာၾကားတဲ႔ နုိင္ငံေတာ္မိန္႔ခြန္းတစ္ရပ္မွာ ဒူတာေတးက မွတ္ခ်က္ျပဳေျပာဆို လုိက္တာျဖစ္ျပီး တရုတ္နိုင္ငံဟာ အျငင္းပြားဖြယ္ေရျပင္မွာ လက္ရိွရိွေနတဲ႔အတြက္ မိမိတို႔ ဘာမွမတတ္နိုင္ဘူးလို႔လည္း ဒူတာေတးကေျပာပါတယ္။

ဖိလစ္ပိုင္နိုင္ငံဟာ အေမရိကန္နဲ႔ ဆက္ဆံေရးျပန္လည္ေကာင္းမြန္ေစဖို႔ လုပ္ေဆာင္ေနခ်ိန္မွာပဲ သမၼတဒူေတးရဲ႕ ေျပာဆိုမႈထြက္ေပၚလာတာျဖစ္ျပီး နုိင္ငံအတြင္းမွာ အေမရိကန္တပ္ဖြဲ႔၀င္ေတြ ေလ႔က်င္႔မႈေတြျပဳဖို႔ ခြင္႔ျပဳထားတဲ႔ တပ္ဖြဲ႔၀င္မ်ားျဖန္႔ၾကက္ေရး သေဘာတူညီခ်က္ အဆံုးသတ္လိုက္တဲ႔ အေစာပိုင္းဆံုးျဖတ္ခ်က္ကို ဖိလစ္ပိုင္အစိုးရက ဆိုင္းငံ့ခဲ႔ပါတယ္။

ဖိလစ္ပိုင္ဟာ အျငင္းပြားဖြယ္ေရျပင္ရိွ ထိန္းခ်ဳပ္ထားတဲ႔ ကြ်န္းတစ္ကြ်န္းေပၚမွာ ဆိပ္ကမ္းတစ္ခုကို တည္ေဆာက္ေနပါတယ္။ လက္ရိွအေျခအေနအရ တရုတ္နုိင္ငံအေပၚ ဖိလစ္ပိုင္နိုင္ငံရဲ႕ ရပ္တည္ခ်က္သေဘာထား ေျပာင္းလဲမႈတစ္ရပ္အျဖစ္ က်ယ္က်ယ္ျပန္႔ျပန္႔ ရႈျမင္ေနၾကပါတယ္။

ဒါ႔အျပင္ တရုတ္နုိင္ငံက ထုတ္လုပ္ေနတဲ႔ ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရး ကာကြယ္ေဆးေတြကို ဖိလစ္ပိုင္နိုင္ငံအတြက္ ဦးစားေပးသံုးစြဲခြင္႔ျပဳဖို႔ တရုတ္သမၼတ ရိွီက်င္းပင္ဆီကို ေတာင္းဆိုခဲ႔တယ္လို႔ ဒူတာေတးက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Ref : NHK
Photo: Reuters
#voiceofmyanamr #VOM #မနီလာ

Related posts

Leave a Comment

VOM News

FREE
VIEW