မိတ္ထီလာ စည်ပင်သာယာ‌ရေးအဖွဲ့မှ တာဝန်ရှိသူအချို့ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံရ

မိတ္ထီလာ စည်ပင်သာယာ‌ရေးအဖွဲ့မှ တာဝန်ရှိသူအချို့ အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးခံရ

နေပြည်တော်၊ဩဂုတ် ၇-၂၀၂၀
ကောင်းလက်ျာ(VOM)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနဲ့
တာဝန်ရှိသူအချို့ကို မနေ့ဩဂုတ်လ ၆ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အငယ်တန်းအင်ဂျင်နီယာ၂ ဦးရဲ့လုပ်ရပ်က နိုင်ငံတော်အတွက် ငွေကြေး နစ်နာဆုံးရှူံးလို့ အမှုဖွင့်ခဲ့တာပါ။ နောက်တစ်ခုက ငွေထုတ်ပေးတာမှာ တာဝန်ရှိလို့ သူတို့ကိုပါ အမှုဖွင့် ထားတယ်”လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးထင်ကျော်က ပြောပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ် ပထမ ၆ လပတ်ဘတ်ဂျက်နဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်
ရှိသူတွေဖြစ်ကြတဲ့ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူး နဲ့ အငယ်တန်းအင်ဂျင်နီယာတစ်ဦးတို့ဟာ ငွေကြေးအလွဲ သုံးစားပြုလုပ်ခဲ့တဲ့အပေါ် စီစစ်ဖော်ထုတ်ပေးဖို့ကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားစာအရ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးခဲ့ရာမှာတော့ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အငယ်တန်း အင်ဂျင်နီ ယာ-၂ ဦးမျိုးဇော်ဟာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မီနီဘတ်ဂျက်ထဲက အမှိုက်ကျင်းပြင်ဆင်ခြင်းလုပ်ငန်းအတွက် မူလခွင့်ပြုငွေကျပ်သိန်း ၁၅၀ ကို ငွေလက်ခံရယူသူ လက်မှတ်မပါ၊ အမှန်တကယ်ပေး‌ချေခြင်းမရှိတဲ့ ငှားရမ်းခပြေစာ၂ စောင်အသုံးပြုထုတ် ယူခဲ့ပြီး Dozer ငှားရမ်းခ ငွေကျပ် ၁၅ သိန်းသာ ပေးချေခဲ့တာကြောင့် နိုင်ငံတော်ဘဏ္ဍာငွေကျပ်၁၃၅သိန်း နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့အရေးယူခဲ့တာဖြစ်ပါတယ်။

အငယ်တန်းအင်ဂျင်နီယာ‌ တောင်းခံတင်ပြတဲ့ငွေကျပ်သိန်း ၁၅၀ ကို ထုတ်ယူ ခွင့်ပြုတဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင် အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ နဲ့အရေးယူထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းဆိုသူကလည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိတ္ထီလာမြို့၊ပေါက်ချောင်းရပ်ကွက်မှာ အရှည်ပေ ၃၀၀၀ ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မ ကွန်ကိရစ်လမ်းခင်းလုပ်ငန်းဆောင်ရွက်ရာမှာ တင်ဒါခေါ်ယူခြင်းမရှိခြင်း၊ ဘတ်ဂျက်ခွင့်ပြုငွေက ပိုလျှံငွေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စီမံခန့်ခွဲမှုမရှိတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေ ၆,၇၁၀,၀၇၄ ကျပ်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်အတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၆ အရအရေးယူထားတာဖြစ်ပါတယ်။

အင်ဂျင်နီယာမှူး ရာထူးတာဝန်အရ လုပ်ငန်းဆောင်ရွက်ရာမှာငွေထုတ်ယူခွင့်ပြုခဲ့တဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ ဩဂုတ် ၆ ရက်နေ့က မိတ္ထီလာမြို့မရဲစခန်းမှာ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo – ACC Myanmar
#voiceofmyanmar #VOM #မိထ္ထီလာ

Zawgyi

မိတၳီလာ စည္ပင္သာယာ‌ေရးအဖြဲ႕မွ တာဝန္ရွိသူအခ်ိဳ႕ အဂတိလိုက္စားမႈနဲ႔ ဖမ္းဆီးခံရ

ေနျပည္ေတာ္၊ဩဂုတ္ ၇-၂၀၂၀
ေကာင္းလက္်ာ(VOM)

မႏၲေလးတိုင္း၊ မိတၳီလာၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ အမႈေဆာင္အရာရွိနဲ႔
တာဝန္ရွိသူအခ်ိဳ႕ကို မေန႔ဩဂုတ္လ ၆ ရက္ေန႔က အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္အေရးယူခဲ့တယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္‌ေရးေကာ္မရွင္အဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

“အငယ္တန္းအင္ဂ်င္နီယာ၂ ဦးရဲ႔လုပ္ရပ္က ႏိုင္ငံေတာ္အတြက္ ေငြေၾကး နစ္နာဆုံးရႉံးလို႔ အမႈဖြင့္ခဲ့တာပါ။ ေနာက္တစ္ခုက ေငြထုတ္ေပးတာမွာ တာဝန္ရွိလို႔ သူတို႔ကိုပါ အမႈဖြင့္ ထားတယ္”လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္အဖြဲ႔ဝင္ ဦးထင္ေက်ာ္က ေျပာပါတယ္။

၂၀၁၈-၂၀၁၉ ခုႏွစ္ ပထမ ၆ လပတ္ဘတ္ဂ်က္နဲ႔ စည္ပင္သာယာေရးလုပ္ငန္းေတြေဆာင္႐ြက္ရာမွာ မိတၳီလာၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕တာဝန္
ရွိသူေတြျဖစ္ၾကတဲ့ အမႈေဆာင္အရာရွိ၊ အင္ဂ်င္နီယာမွဴး နဲ႔ အငယ္တန္းအင္ဂ်င္နီယာတစ္ဦးတို႔ဟာ ေငြေၾကးအလြဲ သုံးစားျပဳလုပ္ခဲ့တဲ့အေပၚ စိီစစ္ေဖာ္ထုတ္ေပးဖို ႔ေကာ္မရွင္ကို တိုင္ၾကားခဲ့တယ္လို႔ သိရပါတယ္။

တိုင္ၾကားစာအရ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႔ဖြဲ႔ၿပီး စစ္ေဆးခဲ့ရာမွာေတာ့ မိတၳီလာၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕က အငယ္တန္း အင္ဂ်င္နီ ယာ-၂ ဦးမ်ိဳးေဇာ္ဟာ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မီနီဘတ္ဂ်က္ထဲက အမႈိက္က်င္းျပင္ဆင္ျခင္းလုပ္ငန္းအတြက္ မူလခြင့္ျပဳေငြက်ပ္သိန္း ၁၅၀ ကို ေငြလက္ခံရယူသူ လက္္မွတ္မပါ၊ အမွန္တကယ္ေပး‌ေခ်ျခင္းမရွိတဲ့ ငွားရမ္းခေျပစာ၂ ေစာင္အသုံးျပဳထုတ္ ယူခဲ့ၿပီး Dozer ငွားရမ္းခ ေငြက်ပ္ ၁၅ သိန္းသာ ေပးေခ်ခဲ့တာေၾကာင့္ ႏိုင္ငံေတာ္ဘ႑ာေငြက်ပ္၁၃၅သိန္း နစ္နာဆုံးရႈံးမႈ ျဖစ္ေပၚေစခဲ့တယ္လို႔ စစ္ေဆးေပၚေပါက္တာေၾကာင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ နဲ႔အေရးယူခဲ့တာျဖစ္ပါတယ္။

အငယ္တန္းအင္ဂ်င္နီယာ‌ ေတာင္းခံတင္ျပတဲ့ေငြက်ပ္သိန္း ၁၅၀ ကို ထုတ္ယူ ခြင့္ျပဳတဲ႔ အမႈေဆာင္အရာရွိ ဒုတိယၫႊန္ၾကားေရးမႉး ဦးခင္ေမာင္တင္ အေပၚ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ နဲ႔အေရးယူထားတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ အင္ဂ်င္နီယာမႉး ဦးျမင့္ဝင္းဆိုသူကလည္း ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ မိတၳီလာၿမိဳ႕၊ေပါက္ေခ်ာင္းရပ္ကြက္မွာ အရွည္ေပ ၃၀၀၀ ၊ အက်ယ္ ၁၆ ေပ၊ အျမင့္ ၆ လက္မ ကြန္ကိရစ္လမ္းခင္းလုပ္ငန္းေဆာင္႐ြက္ရာမွာ တင္ဒါေခၚယူျခင္းမရွိျခင္း၊ ဘတ္ဂ်က္ခြင့္ျပဳေငြက ပိုလွ်ံေငြေတြကို လုပ္ထုံးလုပ္နည္းနဲ႔အညီ စီမံခန႔္ခြဲမႈမရွိတဲ့အတြက္ ႏိုင္ငံေတာ္ဘ႑ာေငြမွ ေငြ ၆,၇၁၀,၀၇၄ က်ပ္နစ္နာဆုံးရႈံးမႈျဖစ္ေပၚေစခဲ့တယ္လို႔ စစ္ေဆးေပၚေပါက္အတဲ့အတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ၅၆ အရအေရးယူထားတာျဖစ္ပါတယ္။

အင္ဂ်င္နီယာမႉး ရာထူးတာဝန္အရ လုပ္ငန္းေဆာင္႐ြက္ရာမွာေငြထုတ္ယူခြင့္ျပဳခဲ့တဲ့ အမႈေဆာင္အရာရွိ ဒုတိယၫႊန္ၾကားေရးမႉး ဦးခင္ေမာင္တင္အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ အရ ဩဂုတ္ ၆ ရက္ေန႔က မိတၳီလာၿမိဳ႕မရဲစခန္းမွာ ပထမ သတင္းေပးတိုင္ၾကားခ်က္ဖြင့္လွစ္ၿပီး တရားစြဲဆိုအေရးယူေဆာင္႐ြက္လ်က္ရွိတယ္လို႔ ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Photo – ACC Myanmar
#voiceofmyanmar #VOM #မိထၳီလာ

Related posts

Leave a Comment

VOM News

FREE
VIEW