ပေါက်ကွဲမှုကြီးဖြစ်ခဲ့တဲ့ ဘေရွတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေ

ပေါက်ကွဲမှုကြီးဖြစ်ခဲ့တဲ့ ဘေရွတ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေ ဘေရွတ်၊ သြဂုတ်-၇-၂၀၂၀ မျိုးဆက် (VOM) လက်ဘနွန်နိုင်ငံဘေရွတ်မြို့မှာ သြဂုတ် ၆ ရက်ကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ ပါလီမန်အနီးရှိ ဆန္ဒပြသူ ဒါဇင်များစွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့တာကြောင့် ထိခိုက်မှုတွေလည်းရှိနေပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ဘေးကင်းလုံခြုံမှုမရှိပဲ သိုလှောင်ထားတဲ့ အမိုနီယမ်နိုင်ထရစ်တန်ချိန် ၂၇၅၀ ကြောင့်ဖြစ်ပွားခဲ့တဲ့ သြဂုတ် ၄ ရက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဆန္ဒပြသူတွေက အမျက်ဒေါသထွက်နေကြပါတယ်။ အစိုးရရဲ့ပေါ့ဆမှုကြောင့် လူ ၁၃၇ ဦးသေဆုံးပြီး ငါးထောင်ကျော်ဒါဏ်ရာရရှိခဲ့တဲ့ ပေါက်ကွဲမှုကြီးဖြစ်ခဲ့တာလို့ လက်ဘနွန်ပြည်သူ အများအပြားက ဝေဖန်ပြောဆိုနေကြပါတယ်။ ပေါက်ကွဲမှုကြောင့် မြို့တော်ရှိ ခရိုင်တစ်ခုလုံးပျက်စီးသွားခဲ့ပြီး နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပြိုလဲခဲ့ကာ လူဒါဇင်များစွာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ ၁၆ ဦးကိုဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့် လက်ဘနွန်အစိုးရက ထုတ်ပြန်ထားပါတယ်။…

Read More

ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD ယှဉ်ပြိုင်မယ်

ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD ယှဉ်ပြိုင်မယ် မန္တလေး သြဂုတ် ၇-၂၀၂၀ ဖြူဖြူ (VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေတွေ အားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ မူလက အမျိုးသားလွှတ်တော်အတွက် ၇ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၅ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၂၉ နေရာနဲ့ တိုင်းရင်းသားလူမျိုးရေးရာအတွက်တစ်နေရာ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အခုတော့ အမျိုးသားလွှတ်တော်အတွက် ၅ နေရာ ပြည်သူ့လွှတ်တော်အတွက် ၂ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၅ နေရာထပ်တိုးလိုက်တာဖြစ်ပါတယ်။ “အစကတော့ ကျနော်တို့လည်း နည်းနည်းလေး သတိထားနေရတာပေါ့။ ဒါပေမယ့် ပြိုင်ချင်တဲ့သူတွေက တအားများတဲ့အခါကျတော့၊ စောစောပိုင်းကတော့ ပြိုင်ချင်တဲ့လူရှိပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ပို့သင့်လားမပို့သင့်လား စဉ်းစားပါရပါတယ်။ အခုကျတော့လည်း လျှောက်တဲ့သူကလည်းများတယ်၊ သူတို့ကိုယ်တိုင်ကလည်း စိတ်အားထက်သန်တယ်ဆိုတော့ပေါ့။” လို့ ဒေါက်တာဇော်မြင့်မောင်က…

Read More

အခွန်ဆိုင်ရာ ကင်းလွတ်သက်သာခွင့်တွေကို အစိုးရနဲ့ လွှတ်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက်သင့်

အခွန်ဆိုင်ရာ ကင်းလွတ်သက်သာခွင့်တွေကို အစိုးရနဲ့ လွှတ်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက်သင့် နေပြည်တော်၊ သြဂုတ် ၇-၂၀၂၀ စွမ်းရဲထွဋ် (VOM) အခွန်ဆိုင်ရာ ကင်းလွတ်သက်သာခွင့်တွေကို အစိုးရနဲ့ လွှတ်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက်သင့်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းတွေရဲ့ အခွန်ငွေရရှိမှုနဲ့ စပ်လျဉ်းပြီး တော့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့  ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်အပေါ် ပြန်လည်ရှင်းလင်းစဉ်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “နိုင်ငံတကာအဖွဲ့အစည်းများကလည်း မိမိတို့နိုင်ငံမှာ အခွန်ဆိုင်ရာကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေဟာ များပြားနေတယ်ဆိုတဲ့အကြောင်းကို ထောက်ပြလျှက် အခွန်ဆိုရာမှာ ပြည်သူအများနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ပို့ကုန်တစ်စုကို အခွန်ကင်းလွတ်သက်သာခွင့်ပြုလိုက်ခြင်းဟာ ပြည်သူအများပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေကို ထို တစ်ဦးတစ်ယောက်၊ ပုဂ္ဂိုလ်တစ်စုအား ခွဲဝေပေးလိုက်ရတဲ့သဘောဖြစ်ပါတယ်”လို့ ဒုတိယ…

Read More

ICJ အမှုမှာ မြန်မာတာဝန်ရှိသူတွေရဲ့ အကောင့်အချက်အလက်တွေပေးဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုမှု Facebook ပယ်ချ

ICJ အမှုမှာ မြန်မာတာဝန်ရှိသူတွေရဲ့ အကောင့်အချက်အလက်တွေပေးဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုမှု Facebook ပယ်ချ ဝါရှင်တန်၊ သြဂုတ် ၇-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂါလီတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး မြန်မာနိုင်ငံကို အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ ပို့စ်တွေနဲ့ဆက်သွယ်မှုတွေကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့တောင်းဆိုချက်ကို ဖေ့စ်ဘွတ်ခ်က လက်မခံပဲ ပယ်ချလိုက်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုမှုဟာ အသုံးပြုသူများရဲ့ အဆက်အသွယ်တွေကို ဆက်သွယ်ရေးကုမ္ပဏီတွေက ထုတ်ဖော်ပြောကြားတာမျိုးမပြုရဘူးဆိုတဲ့ အမေရိကန်ရဲ့ ဥပဒေနဲ့မလွတ်ကင်းတာကြောင့် တောင်းဆိုမှုကိုပယ်ချဖို့ ဝါရှင်တန်ဒီစီက ခရိုင်တရားရုံးမှာ ဖေ့စ်ဘွတ်ခ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့မှ အဓိကပုဂ္ဂိုလ်တွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေ စာရွက်စာတမ်း အထောက်အထားအားလုံးကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ဇွန်လအတွင်း တောင်းဆိုခဲ့တာဖြစ်ပြီး တောင်းဆိုမှုဟာ အလွန်ကျယ်ပြန့်တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်က အချက်အလက်တွေပေးဖို့ ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး ဂမ်ဘီယာရှေ့နေချုပ် Dawda Jallow…

Read More

Vince Myanmar စက်ရုံရှေ့မှာ အလုပ်သမား သပိတ်စခန်းဖွင့်

Vince Myanmar စက်ရုံရှေ့မှာ အလုပ်သမား သပိတ်စခန်းဖွင့် ရန်ကုန်-သြဂုတ် ၇-၂၀၂၀ သိင်္ဂီ (VOM) Vince Myanmar ဖိနပ်စက်ရုံဆီက ဥပဒေနဲ့ညီတဲ့ရပိုင်ခွင့်တွေရရှိဖို့ အလုပ်သမားတွေဟာ ဒီကနေ့ သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းက စက်ရုံရှေ့မှာ အလုပ်သမား သပိတ်စခန်းဖွင့် လိုက်ပြီလို့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုစည်သူအောင်ကပြောပါတယ်။ “ဒီနေ့စက်ရုံရှေ့ရောက်တော့ အလုပ်သမားတွေကို လက်မှတ်ထိုးပြီး စက်ရုံထဲအလုပ်ဝင်လုပ်ဖို့ပြောတယ်။ အလုပ်သမားတစ်ယောက်မှမဝင်ဘူး။ ကျနော်တို့လိုချင်တာက အဲ့ဒါ မဟုတ်ဘူး။ စက်ရုံကိုယာယီပိတ်မယ့်အချိန် တနေ့၄၈၀၀ နဲ့ အလုပ်သမားတွေကိုပေးဖို့ပါ။ သူတို့က ပိတ်မယ့်ရက်လဲအတိအကျမပြောဘူး။ သူတိူ့ဘာသာ ၁၅ ရက်နေ့ကစပိတ်မယ်ပြောနေတယ်။ အလုပ်ပါးချိန် ၄၅ ရက်လောက်နားမယ်ပေါ့၊ အဲ့ဒီရက်တွေကို ၁၉၂၀ ပဲပေးမယ်ပြောလို့ ခုလိုသပိတ်စခန်းဖွင့်တောင်းဆိုနေတာဖြစ်တယ်”လို့ ဆိုပါတယ်။ Vince Myanmar စက်ရုံ အလုပ်ရှင်ဟာ စက်ရုံကို သြဂုတ်လ ၁၅ ရက်နောက်ပိုင်းကစပြီးယာယီပိတ်ဖို့ ပြင်ဆင်နေရာ စက်ရုံပိတ်မယ့်ရက်အတွက်…

Read More

အဆိုတော်ယုန်လေးကို အနုပညာ လုပ်ကိုင်ခွင့် တစ်နှစ် ပိတ်သိမ်း

အဆိုတော်ယုန်လေးကို အနုပညာ လုပ်ကိုင်ခွင့် တစ်နှစ် ပိတ်သိမ်း ရန်ကုန်-သြဂုတ် ၇-၂၀၂၀ သိင်္ဂီ (VOM) အဆိုတော် ယုန်လေးကို အနုပညာ လုပ်ကိုင်ခွင့် တစ်နှစ် ပိတ်သိမ်းလိုက်ပြီလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကသိရပါတယ်။ ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းကို ဖန်တီးပုံဖော်ရိုက်ကူးခဲ့တာကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အမှုဆောင်(CEC) အစည်းအဝေး မှာ အနုပညာလုပ်ငန်းတွေ ရိုက်ကူးခွင့်ကို တစ်နှစ်ပိတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ “ ယုန်လေးကို တစ်နှစ်တိတိ အနုပညာအလုပ်တွေ မလုပ်ဖို့ ရပ်နားခိုင်းလိုက်ပါပြီ။ ဒါရိုက်တာ အလုပ်ကိုရော၊ သရုပ်ဆောင်အလုပ်ကိုရော၊ သီချင်းတွေ ဆိုတာရော ဘာတစ်ခုမှ လုပ်ခွင့်မရှိပါဘူး” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကပြော ပါတယ်။ ဒါ့အပြင် ယုန်လေးရဲ့ MTV ဟာ ကိုဗစ် ၁၉ ရပ်ရောဂါကာလအတွင်း ရိုက်ကူးခဲ့တာဖြစ်လို့ သက်ဆိုင်ရာကျန်းမာရေးနဲ့…

Read More

မောင်တောမှာ ခရီးသည်တင်ကားပစ်ခတ်ခံရပြီး လူနှစ်ဦးဒဏ်ရာရ

မောင်တောမှာ ခရီးသည်တင်ကားပစ်ခတ်ခံရပြီး လူနှစ်ဦးဒဏ်ရာရ မောင်တော၊ ဩဂုတ် ၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မောင်တောမြို့နယ်မှာ မနေ့ ဩဂုတ်လ ၆ ရက်နေ့ ညပိုင်းက ခရီးသည်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး ကားပေါ်မှာပါလာတဲ့ ယာဉ်မောင်းဖြစ်သူနဲ့ ယာဉ်အကူတို့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မနေ့ည၇ နာရီလောက်က မောင်တောမြို့နယ် အင်ဒင်ကျေးရွာဖက်ကို ခရီးသည်နှစ်ယောက် ပို့ဆောင်ပြီး အပြန်လမ်းဖြစ်တဲ့ မြင်းလွှတ်၊ မျောချောင်းရပ်ကွပ်ကို မရောက်မီ မောင်တော- အငူမော်ကားလမ်းရဲ့ ညာဖက်ချုံပုတ်ကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဒဏ်ရာရရှိသွားတဲ့ ယာဉ်မောင်းဖြစ်သူက ပြောပါတယ်။ ပစ်ခတ်ခံရစဉ်မှာ ဘယ်နှစ်ချက်လောက်ပစ်ခတ်တယ်ဆိုတာကို အတိအကျမသိကြောင်းနဲ့ ပစ်ခတ်ခံရပြီး ခဏအကြာမှာ ယာဉ်အကူဖြစ်သူ ဒဏ်ရာရနေတာကို သိရှိရကြောင်း ပေါင်ကို ကျည်ထိဒဏ်ရာရရှိသွားတဲ့ ယာဉ်မောင်းဖြစ်သူက ပြောပါတယ်။ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသူတွေကတော့ ယာဉ်မောင်း ဦးအောင်မျိုးသန်း အသက် (၃၀) နှစ်မှာ…

Read More

မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာက လူနေအိမ်ငါးလုံး မီးလောင်

မီးအားမြှင့်စက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာက လူနေအိမ်ငါးလုံး မီးလောင် မုံရွာ ၊ သြဂုတ် ၇ -၂၀၂၀ ကိုတိုးကြီး (VOM) မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာမှာ ဒီကနေ့မနက် ၁၀ နာရီက မီးအားမြှင့်စက် အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ လူနေအိမ်ငါးလုံးကို မီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ ဒေါ်ဝင်းနု နေအိမ်က မီးအားမြှင့်စက် အပူရှိန်လွန်ကဲပြီး မီးစတင်လောင်တာဖြစ်တယ် ၊ နေအိမ်ငါးလုံး မီးကူးဆက်လောင်တယ် ၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ ၂၃၇၉၀၀၀ ဖြစ်တယ် ၊ လူနဲ့ တိရိစ္ဆာန် ထိခိုက် သေဆုံးမှုမရှိပါဘူး ”လို့ မီးငြိမ်းသတ်ရာမှာ လိုက်ပါခဲ့သူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဉ်ကို မီးငြိမ်းသတ်ယာဉ် (၆)စီး နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့က ငြိမ်းသတ်ခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ကို…

Read More

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်တစ်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်မယ်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်တစ်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်မယ် ရန်ကုန်၊ဇူလိုင် ၇-၂၀၂၀ အေးချမ်းသူ(VOM) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ကိုယ်စားလှယ်လောင်းတစ်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိူင်ကပြောပါတယ်။ “လက်ရှိအနေအထားမှာတော့ ကိုယ်စားလှယ်လောင်းစာရင်းတင်နေတာ တစ်ထောင်နီးပါးရှိနေပြီ တစ်ထောင်ကျော်ရင်လည်းကျော်သွားလိမ့်မယ် သြဂုတ် ၈ရက်နေ့တော့ အတိအကျသိမှာပါ”လို့ ဦးကိုကိုနိူင်ကပြောပါတယ်။ ပါတီဥက္ကဌသူရဦးရွှေမန်းအနေနဲ့ မည်သည့်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သြဂုတ်လ ၈ရက်နေ့မှာ ပြောဆိုသွားမှာဖြစ်တယ်လို့ ဦးကိုကိုနိူင်ကပြောပါတယ်။ လက်တလောလူမှုကွန်ယက်စာမျက်နှာမှာ ဖြစ်ပေါ်နေတဲ့ NoVote ကိစွနဲ့ ပတ်သတ်ပြီးဦးကိုကိုနိုင်ပြောပြတာက”ကျွန်တော်နိုင်ငံရဲ့ဥပဒေအရ မဲပေးခြင်း၊မပေးခြင်းဆိုသည်မှာ ပြည်သူတစ်ယောက်ရဲ့အခွင့်အရေးဖြစ်ပါတယ်၊ ဥပဒေအရ မဲပေးရမယ်လို့သတ်မှတ်ချက်မရှိသလို သူရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်၊ ဒီမီုကရေစီဆိုတဲ့အပြောင်းအလဲကို ပိုပြီးပီပြင် အောင်လုပ်မယ်ဆိုရင် ပြည်သူရဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ကျနော်ကတော့ မဲ့ပေးခြင်းကို ထောက်ခံပါတယ်”လို့ ပြောပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဒီကနေအ့ချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို အမည်စာရင်းရေးသွင်းနေပြီး သြဂုတ်…

Read More

ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား

ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား ပုသိမ်၊ သြဂုတ် ၇-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မအလည်ပိုင်း သီဟလမ်းနှင့် အနော်ရထာလမ်းဒေါ့င်ရှိ (CB BANK)အတွင်းမှာ သေနတ်ပြပြီးလုယက်မူ ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မူးရုံးကပြောပါတယ်။ “လုယက်မူဖြစ်တာတော့မှန်ပါတယ်၊ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲပါ၊အသေးစိတ် မသိရသေးဘူး”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှုးကြီးထွန်းရွှေကပြောပါတယ်။ ဒီကနေ့မနက် ၁၀နာရီခွဲအချိန်ခန့်က မိုးကာအင်္ကျီ အဖြူဝတ်ဆင်ပြီး နှာခေါင်စီးmaskတက်ဆင်လာသူတစ်ဦးက သေနတ်လို့ယူဆရတဲ့ လက်နက်အတိုတစ်လက်ကိုင်ဆောင်လာပြီး ဘဏ်ကဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေကျပ် သိန်း(၁၂၀)ကို လုယူထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ကနဦးဖော်ပြချက်အရသိရပါတယ်။ လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ထွက်ပြေးသွားသူနောက်ကို လိုက်လံစုံစမ်းဖမ်းဆီးဖို့ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှုးရုံးကနေသိရပါတယ်။ Photo-Min Yan Aung #voiceofmyanmar #VOM #ပန်းတနော် Zawgyi ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား ပုသိမ်၊ သြဂုတ် ၇-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မအလည်ပိုင်း သီဟလမ်းနှင့်…

Read More
VOM News

FREE
VIEW