ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်တစ်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်မယ်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်တစ်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်မယ်

ရန်ကုန်၊ဇူလိုင် ၇-၂၀၂၀
အေးချမ်းသူ(VOM)

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ကိုယ်စားလှယ်လောင်းတစ်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့အထွေထွေအတွင်းရေးမှူး ဦးကိုကိုနိူင်ကပြောပါတယ်။

“လက်ရှိအနေအထားမှာတော့ ကိုယ်စားလှယ်လောင်းစာရင်းတင်နေတာ တစ်ထောင်နီးပါးရှိနေပြီ တစ်ထောင်ကျော်ရင်လည်းကျော်သွားလိမ့်မယ် သြဂုတ် ၈ရက်နေ့တော့ အတိအကျသိမှာပါ”လို့ ဦးကိုကိုနိူင်ကပြောပါတယ်။

ပါတီဥက္ကဌသူရဦးရွှေမန်းအနေနဲ့ မည်သည့်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သြဂုတ်လ ၈ရက်နေ့မှာ ပြောဆိုသွားမှာဖြစ်တယ်လို့ ဦးကိုကိုနိူင်ကပြောပါတယ်။

လက်တလောလူမှုကွန်ယက်စာမျက်နှာမှာ ဖြစ်ပေါ်နေတဲ့ NoVote ကိစွနဲ့ ပတ်သတ်ပြီးဦးကိုကိုနိုင်ပြောပြတာက”ကျွန်တော်နိုင်ငံရဲ့ဥပဒေအရ မဲပေးခြင်း၊မပေးခြင်းဆိုသည်မှာ ပြည်သူတစ်ယောက်ရဲ့အခွင့်အရေးဖြစ်ပါတယ်၊ ဥပဒေအရ မဲပေးရမယ်လို့သတ်မှတ်ချက်မရှိသလို သူရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်၊ ဒီမီုကရေစီဆိုတဲ့အပြောင်းအလဲကို ပိုပြီးပီပြင်
အောင်လုပ်မယ်ဆိုရင် ပြည်သူရဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ကျနော်ကတော့ မဲ့ပေးခြင်းကို ထောက်ခံပါတယ်”လို့ ပြောပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဒီကနေအ့ချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို အမည်စာရင်းရေးသွင်းနေပြီး သြဂုတ် ၈ရက်နေ့မှာ ပါတီဥက္ကဌကနေ လူမှုကွန်ရက်စာမျက်နှာမှာ ရှင်းလင်းပြောဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက ကိုယ္စားလွယ္တစ္ေထာင္နီးပါး ဝင္ေရာက္ယွဥ္ၿပိဳင္မယ္

ရန္ကုန္၊ဇူလိုင္ ၇-၂၀၂၀
ေအးခ်မ္းသူ(VOM)

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအသီးသီးမွာ ကိုယ္စားလွယ္ေလာင္းတစ္ေထာင္နီးပါး ဝင္ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ ပါတီရဲ႕အေထြေထြအတြင္းေရးမွဴး ဦးကိုကိုႏိူင္ကေျပာပါတယ္။

“လက္ရွိအေနအထားမွာေတာ့ ကိုယ္စားလွယ္ေလာင္းစာရင္းတင္ေနတာ တစ္ေထာင္နီးပါးရွိေနၿပီ တစ္ေထာင္ေက်ာ္ရင္လည္းေက်ာ္သြားလိမ့္မယ္ ၾသဂုတ္ ၈ရက္ေန႔ေတာ့ အတိအက်သိမွာပါ”လို႔ ဦးကိုကိုႏိူင္ကေျပာပါတယ္။

ပါတီဥကၠဌသူရဦးေ႐ႊမန္းအေနနဲ႔ မည္သည့္ၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာကို သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ၾသဂုတ္လ ၈ရက္ေန႔မွာ ေျပာဆိုသြားမွာျဖစ္တယ္လို႔ ဦးကိုကိုႏိူင္ကေျပာပါတယ္။

လက္တေလာလူမႈကြန္ယက္စာမ်က္ႏွာမွာ ျဖစ္ေပၚေနတဲ့ NoVote ကိစြနဲ႔ ပတ္သတ္ၿပီးဦးကိုကိုႏိုင္ေျပာျပတာက”ကၽြန္ေတာ္ႏိုင္ငံရဲ႔ဥပေဒအရ မဲေပးျခင္း၊မေပးျခင္းဆိုသည္မွာ ျပည္သူတစ္ေယာက္ရဲ႔အခြင့္အေရးျဖစ္ပါတယ္၊ ဥပေဒအရ မဲေပးရမယ္လို႔သတ္မွတ္ခ်က္မရွိသလို သူရဲ႕ေ႐ြးခ်ယ္မႈပဲျဖစ္ပါတယ္၊ ဒီမီုကေရစီဆိုတဲ့အေျပာင္းအလဲကို ပိုၿပီးပီျပင္
ေအာင္လုပ္မယ္ဆိုရင္ ျပည္သူရဲ႕အခန္းက႑ဟာ အေရးႀကီးပါတယ္။ က်ေနာ္ကေတာ့ မဲ့ေပးျခင္းကို ေထာက္ခံပါတယ္”လို႔ ေျပာပါတယ္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းစာရင္းကို ဒီကေနအ႔ခ်ိန္ထိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဆီကို အမည္စာရင္းေရးသြင္းေနၿပီး ၾသဂုတ္ ၈ရက္ေန႔မွာ ပါတီဥကၠဌကေန လူမႈကြန္ရက္စာမ်က္ႏွာမွာ ရွင္းလင္းေျပာဆိုသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW