အဆိုတော်ယုန်လေးကို အနုပညာ လုပ်ကိုင်ခွင့် တစ်နှစ် ပိတ်သိမ်း

အဆိုတော်ယုန်လေးကို အနုပညာ လုပ်ကိုင်ခွင့် တစ်နှစ် ပိတ်သိမ်း

ရန်ကုန်-သြဂုတ် ၇-၂၀၂၀
သိင်္ဂီ (VOM)

အဆိုတော် ယုန်လေးကို အနုပညာ လုပ်ကိုင်ခွင့် တစ်နှစ် ပိတ်သိမ်းလိုက်ပြီလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကသိရပါတယ်။

ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်းကို ဖန်တီးပုံဖော်ရိုက်ကူးခဲ့တာကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အမှုဆောင်(CEC) အစည်းအဝေး မှာ အနုပညာလုပ်ငန်းတွေ ရိုက်ကူးခွင့်ကို တစ်နှစ်ပိတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

“ ယုန်လေးကို တစ်နှစ်တိတိ အနုပညာအလုပ်တွေ မလုပ်ဖို့ ရပ်နားခိုင်းလိုက်ပါပြီ။ ဒါရိုက်တာ အလုပ်ကိုရော၊ သရုပ်ဆောင်အလုပ်ကိုရော၊ သီချင်းတွေ ဆိုတာရော ဘာတစ်ခုမှ လုပ်ခွင့်မရှိပါဘူး” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကပြော ပါတယ်။

ဒါ့အပြင် ယုန်လေးရဲ့ MTV ဟာ ကိုဗစ် ၁၉ ရပ်ရောဂါကာလအတွင်း ရိုက်ကူးခဲ့တာဖြစ်လို့ သက်ဆိုင်ရာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေလည်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

စည်းလုံးသင့်ပြီ မြန်မာပြည် MTV နဲ့ပတ်သက်ပြီး မနေ့က သြဂုတ်လ ၆ ရက်နေ့မှာ ယုန်လေးဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို လာရောက် ဖြေရှင်းခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အဲ့ဒီ MTVကိုလည်း သူ့ရဲ့ အကောင့်ကနေဖြုတ်ချထားပေမယ့် တခြားသော သူတွေကနေ တဆင့်ပြန်တင်တာတွေရှိနေပါတယ်။ ဒီMTV နဲ့ပတ်သက်ပြီး ယုန်လေးဟာ ပြင်းထန်စွာ ဝေဖန်ခံနေရဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ယုန်လေး #ရုပ်ရှင်အစည်းအရုံး

Zawgyi

အဆိုေတာ္ယုန္ေလးကို အႏုပညာ လုပ္ကိုင္ခြင့္ တစ္ႏွစ္ ပိတ္သိမ္း

ရန္ကုန္-ၾသဂုတ္ ၇-၂၀၂၀
သိဂႌ (VOM)

အဆိုေတာ္ ယုန္ေလးကို အႏုပညာ လုပ္ကိုင္ခြင့္ တစ္ႏွစ္ ပိတ္သိမ္းလိုက္ၿပီလို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးကသိရပါတယ္။

ငါတို႔အားလုံးရဲ႕ေျမ (စည္းလုံးသင့္ၿပီ ျမန္မာျပည္) သီခ်င္းကို ဖန္တီးပုံေဖာ္႐ိုက္ကူးခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကေန ဒီကေန႔ ျပဳလုပ္ခဲ့တဲ့ အမႈေဆာင္(CEC) အစည္းအေဝး မွာ အႏုပညာလုပ္ငန္းေတြ ႐ိုက္ကူးခြင့္ကို တစ္ႏွစ္ပိတ္ဖို႔ ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

“ ယုန္ေလးကို တစ္ႏွစ္တိတိ အႏုပညာအလုပ္ေတြ မလုပ္ဖို႔ ရပ္နားခိုင္းလိုက္ပါၿပီ။ ဒါ႐ိုက္တာ အလုပ္ကိုေရာ၊ သ႐ုပ္ေဆာင္အလုပ္ကိုေရာ၊ သီခ်င္းေတြ ဆိုတာေရာ ဘာတစ္ခုမွ လုပ္ခြင့္မရွိပါဘူး” လို႔ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္ကေျပာ ပါတယ္။

ဒါ့အျပင္ ယုန္ေလးရဲ႕ MTV ဟာ ကိုဗစ္ ၁၉ ရပ္ေရာဂါကာလအတြင္း ႐ိုက္ကူးခဲ့တာျဖစ္လို႔ သက္ဆိုင္ရာက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေနလည္း စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္သြားဖို႔ရွိတယ္လို႔ ေျပာပါတယ္။

စည္းလုံးသင့္ၿပီ ျမန္မာျပည္ MTV နဲ႔ပတ္သက္ၿပီး မေန႔က ၾသဂုတ္လ ၆ ရက္ေန႔မွာ ယုန္ေလးဟာ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးကို လာေရာက္ ေျဖရွင္းခဲ့ပါေသးတယ္။

လက္ရွိမွာေတာ့ အဲ့ဒီ MTVကိုလည္း သူ႔ရဲ႕ အေကာင့္ကေနျဖဳတ္ခ်ထားေပမယ့္ တျခားေသာ သူေတြကေန တဆင့္ျပန္တင္တာေတြရွိေနပါတယ္။ ဒီMTV နဲ႔ပတ္သက္ၿပီး ယုန္ေလးဟာ ျပင္းထန္စြာ ေဝဖန္ခံေနရဆဲျဖစ္ပါတယ္။

#voiceofmyanmar #VOM #ယုန္ေလး #႐ုပ္ရွင္အစည္းအ႐ုံး

Related posts

Leave a Comment

VOM News

FREE
VIEW