ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD ယှဉ်ပြိုင်မယ်

ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေအားလုံးမှာ NLD ယှဉ်ပြိုင်မယ်

မန္တလေး သြဂုတ် ၇-၂၀၂၀
ဖြူဖြူ (VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေတွေ အားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

မူလက အမျိုးသားလွှတ်တော်အတွက် ၇ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၁၅ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၂၉ နေရာနဲ့ တိုင်းရင်းသားလူမျိုးရေးရာအတွက်တစ်နေရာ
ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

အခုတော့ အမျိုးသားလွှတ်တော်အတွက် ၅ နေရာ ပြည်သူ့လွှတ်တော်အတွက် ၂ နေရာ၊ ပြည်နယ်လွှတ်တော်အတွက် ၅ နေရာထပ်တိုးလိုက်တာဖြစ်ပါတယ်။

“အစကတော့ ကျနော်တို့လည်း နည်းနည်းလေး သတိထားနေရတာပေါ့။ ဒါပေမယ့် ပြိုင်ချင်တဲ့သူတွေက တအားများတဲ့အခါကျတော့၊ စောစောပိုင်းကတော့ ပြိုင်ချင်တဲ့လူရှိပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ပို့သင့်လားမပို့သင့်လား စဉ်းစားပါရပါတယ်။ အခုကျတော့လည်း လျှောက်တဲ့သူကလည်းများတယ်၊ သူတို့ကိုယ်တိုင်ကလည်း စိတ်အားထက်သန်တယ်ဆိုတော့ပေါ့။” လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒါကြောင့် NLD ပါတီအနေနဲ့ မူလက ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရှိခဲ့ပြီး ၁၂ နေရာထပ်တိုးလိုက်တဲ့အတွက် ၁၂၄၃ ရှိလာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် NLD ပါတီအနေနဲ့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေထဲက ၁၄ ယောက်ကိုလည်း ပြန်လည် လဲလှယ်ထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

တိုင်စာပေးပို့မှုတွေရောက်ရှိလာတာကြောင့်လည်းပါသလို ကျန်းမာရေးအခြေအနေအရလည်း လဲလှယ်လိုက်ရတာရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း တံတားဦးမြို့နယ်အတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တစ်ဦးကိုလည်း ကျန်းမာရေးအရ လဲလှယ်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ရခိုင္ျပည္နယ္ မဲဆႏၵနယ္ေျမအားလုံးမွာ NLD ယွဥ္ၿပိဳင္မယ္

မႏၲေလး ၾသဂုတ္ ၇-၂၀၂၀
ျဖဴျဖဴ (VOM)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)အေနနဲ႔ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ရခိုင္ျပည္နယ္ မဲဆႏၵနယ္ေျမေတြ အားလုံးအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ ပါတီရဲ႕ ဒုဥကၠဌ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

မူလက အမ်ိဳးသားလႊတ္ေတာ္အတြက္ ၇ ေနရာ၊ ျပည္သူ႔လႊတ္ေတာ္အတြက္ ၁၅ ေနရာ၊ ျပည္နယ္လႊတ္ေတာ္အတြက္ ၂၉ ေနရာနဲ႔ တိုင္းရင္းသားလူမ်ိဳးေရးရာအတြက္တစ္ေနရာ
ပါဝင္ယွဥ္ၿပိဳင္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

အခုေတာ့ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၅ ေနရာ ျပည္သူ႔လႊတ္ေတာ္အတြက္ ၂ ေနရာ၊ ျပည္နယ္လႊတ္ေတာ္အတြက္ ၅ ေနရာထပ္တိုးလိုက္တာျဖစ္ပါတယ္။

“အစကေတာ့ က်ေနာ္တို႔လည္း နည္းနည္းေလး သတိထားေနရတာေပါ့။ ဒါေပမယ့္ ၿပိဳင္ခ်င္တဲ့သူေတြက တအားမ်ားတဲ့အခါက်ေတာ့၊ ေစာေစာပိုင္းကေတာ့ ၿပိဳင္ခ်င္တဲ့လူရွိေပမယ့္ ပြင့္ပြင့္လင္းလင္းေျပာရရင္ ပို႔သင့္လားမပို႔သင့္လား စဥ္းစားပါရပါတယ္။ အခုက်ေတာ့လည္း ေလွ်ာက္တဲ့သူကလည္းမ်ားတယ္၊ သူတို႔ကိုယ္တိုင္ကလည္း စိတ္အားထက္သန္တယ္ဆိုေတာ့ေပါ့။” လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ဒါေၾကာင့္ NLD ပါတီအေနနဲ႔ မူလက ကိုယ္စားလွယ္ေလာင္း ၁၁၃၁ ဦးရွိခဲ့ၿပီး ၁၂ ေနရာထပ္တိုးလိုက္တဲ့အတြက္ ၁၂၄၃ ရွိလာၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ NLD ပါတီအေနနဲ႔ ေ႐ြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ေတြထဲက ၁၄ ေယာက္ကိုလည္း ျပန္လည္ လဲလွယ္ထားတယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

တိုင္စာေပးပို႔မႈေတြေရာက္ရွိလာတာေၾကာင့္လည္းပါသလို က်န္းမာေရးအေျခအေနအရလည္း လဲလွယ္လိုက္ရတာရွိတယ္လို႔ သိရပါတယ္။

မႏၲေလးတိုင္း တံတားဦးၿမိဳ႕နယ္အတြက္ ေ႐ြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္တစ္ဦးကိုလည္း က်န္းမာေရးအရ လဲလွယ္ထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW