ICJ အမှုမှာ မြန်မာတာဝန်ရှိသူတွေရဲ့ အကောင့်အချက်အလက်တွေပေးဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုမှု Facebook ပယ်ချ

ICJ အမှုမှာ မြန်မာတာဝန်ရှိသူတွေရဲ့ အကောင့်အချက်အလက်တွေပေးဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုမှု Facebook ပယ်ချ

ဝါရှင်တန်၊ သြဂုတ် ၇-၂၀၂၀
မျိုးဆက် (VOM)

ဘင်္ဂါလီတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုပြီး မြန်မာနိုင်ငံကို အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ ပို့စ်တွေနဲ့ဆက်သွယ်မှုတွေကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့တောင်းဆိုချက်ကို ဖေ့စ်ဘွတ်ခ်က လက်မခံပဲ ပယ်ချလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုမှုဟာ အသုံးပြုသူများရဲ့ အဆက်အသွယ်တွေကို ဆက်သွယ်ရေးကုမ္ပဏီတွေက ထုတ်ဖော်ပြောကြားတာမျိုးမပြုရဘူးဆိုတဲ့ အမေရိကန်ရဲ့ ဥပဒေနဲ့မလွတ်ကင်းတာကြောင့် တောင်းဆိုမှုကိုပယ်ချဖို့ ဝါရှင်တန်ဒီစီက ခရိုင်တရားရုံးမှာ ဖေ့စ်ဘွတ်ခ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့မှ အဓိကပုဂ္ဂိုလ်တွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေ စာရွက်စာတမ်း အထောက်အထားအားလုံးကို ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ဇွန်လအတွင်း တောင်းဆိုခဲ့တာဖြစ်ပြီး တောင်းဆိုမှုဟာ အလွန်ကျယ်ပြန့်တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်က အချက်အလက်တွေပေးဖို့ ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး ဂမ်ဘီယာရှေ့နေချုပ် Dawda Jallow ကမှတ်ချက်ပြုပြောဆိုတာမျိုးမရှိပါဘူး။

မြန်မာနိုင်ငံဟာ ၁၉၄၈ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက သည်ဟိဂ်ရှိ တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ကာ မြန်မာ့တပ်မတော်အနေနဲ့ အာဆာသောင်းကျန်းသူတွေနဲ့သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူနည်းစု ဘင်္ဂလီတွေကို စနစ်တကျ ဖိနှိပ်ခဲ့တာမျိုးမရှိဘူးလို့ မြန်မာအာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

ICJ အမႈမွာ ျမန္မာတာ၀န္ရိွသူေတြရဲ႕ အေကာင္႔အခ်က္အလက္ေတြေပးဖို႔ ဂမ္ဘီယာရဲ႕ ေတာင္းဆိုမႈ Facebook ပယ္ခ်

၀ါရွင္တန္၊ ၾသဂုတ္ ၇-၂၀၂၀
မ်ိဳးဆက္ (VOM)

ဘဂၤါလီေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုျပီး ျမန္မာနိုင္ငံကို အိုင္စီေဂ်မွာ တရားစြဲဆိုထားတဲ႔ အမႈနဲ႔ပတ္သက္ျပီး ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔တာ၀န္ရိွသူေတြရဲ႕ ပို႔စ္ေတြနဲ႔ဆက္သြယ္မႈေတြကို ထုတ္ျပန္ေပးဖို႔ ဂမ္ဘီယာနုိင္ငံရဲ႕ေတာင္းဆိုခ်က္ကို ေဖ႔စ္ဘြတ္ခ္က လက္မခံပဲ ပယ္ခ်လိုက္ပါတယ္။

ဂမ္ဘီယာႏိုင္ငံရဲ႔ ေတာင္းဆိုမႈဟာ အသံုးျပဳသူမ်ားရဲ႕ အဆက္အသြယ္ေတြကို ဆက္သြယ္ေရးကုမၸဏီေတြက ထုတ္ေဖာ္ေျပာၾကားတာမ်ိဳးမျပဳရဘူးဆိုတဲ႔ အေမရိကန္ရဲ႕ ဥပေဒနဲ႔မလြတ္ကင္းတာေၾကာင္႔ ေတာင္းဆိုမႈကိုပယ္ခ်ဖို႔ ၀ါရွင္တန္ဒီစီက ခရိုင္တရားရံုးမွာ ေဖ႔စ္ဘြတ္ခ္က တိုက္တြန္းေျပာဆိုခဲ႔ပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔မွ အဓိကပုဂၢဳိလ္ေတြရဲ႕ ဆက္သြယ္ေျပာဆိုမႈေတြ စာရြက္စာတမ္း အေထာက္အထားအားလံုးကို ထုတ္ျပန္ေပးဖို႔ ဂမ္ဘီယာနုိင္ငံက ဇြန္လအတြင္း ေတာင္းဆိုခဲ႔တာျဖစ္ျပီး ေတာင္းဆိုမႈဟာ အလြန္က်ယ္ျပန္႔တယ္လို႔ ေဖ႔စ္ဘြတ္ခ္က ေျပာပါတယ္။

ေဖ႔စ္ဘြတ္္ခ္က အခ်က္အလက္ေတြေပးဖို႔ ပယ္ခ်လိုက္တာနဲ႔ပတ္သက္ျပီး ဂမ္ဘီယာေရွ႕ေနခ်ဳပ္ Dawda Jallow ကမွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳးမရိွပါဘူး။

ျမန္မာနိုင္ငံဟာ ၁၉၄၈ခုနွစ္ လူမ်ိဳးတုန္းသတ္ျဖတ္မႈဆုိင္ရာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုျပီး ဂမ္ဘီယာနိုင္ငံက သည္ဟိဂ္ရိွ တရားရံုးမွာ တရားစြဲဆိုခဲ႔တာျဖစ္ကာ ျမန္မာ႔တပ္မေတာ္အေနနဲ႔ အာဆာေသာင္းက်န္းသူေတြနဲ႔သာ တိုက္ခိုက္ခဲ႔ျခင္းျဖစ္ျပီး လူနည္းစု ဘဂၤလီေတြကို စနစ္တက် ဖိနွိပ္ခဲ႔တာမ်ိဳးမရိွဘူးလို႔ ျမန္မာအာဏာပိုင္ေတြက ျငင္းဆိုထားပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW