ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား

ပန်းတနော်CBဘဏ်မှာ သေနတ်ပြပြီး လုယက်မူဖြစ်ပွား

ပုသိမ်၊ သြဂုတ် ၇-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မအလည်ပိုင်း သီဟလမ်းနှင့် အနော်ရထာလမ်းဒေါ့င်ရှိ (CB BANK)အတွင်းမှာ သေနတ်ပြပြီးလုယက်မူ ဖြစ်ပွားခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မူးရုံးကပြောပါတယ်။
“လုယက်မူဖြစ်တာတော့မှန်ပါတယ်၊ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲပါ၊အသေးစိတ် မသိရသေးဘူး”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှုးကြီးထွန်းရွှေကပြောပါတယ်။

ဒီကနေ့မနက် ၁၀နာရီခွဲအချိန်ခန့်က မိုးကာအင်္ကျီ အဖြူဝတ်ဆင်ပြီး နှာခေါင်စီးmaskတက်ဆင်လာသူတစ်ဦးက သေနတ်လို့ယူဆရတဲ့ လက်နက်အတိုတစ်လက်ကိုင်ဆောင်လာပြီး ဘဏ်ကဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေကျပ် သိန်း(၁၂၀)ကို လုယူထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ကနဦးဖော်ပြချက်အရသိရပါတယ်။

လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့အနေနဲ့ထွက်ပြေးသွားသူနောက်ကို လိုက်လံစုံစမ်းဖမ်းဆီးဖို့ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှုးရုံးကနေသိရပါတယ်။

Photo-Min Yan Aung
#voiceofmyanmar #VOM #ပန်းတနော်

Zawgyi

ပန္းတေနာ္CBဘဏ္မွာ ေသနတ္ျပၿပီး လုယက္မူျဖစ္ပြား

ပုသိမ္၊ ၾသဂုတ္ ၇-၂၀၂၀
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ မအူပင္ခ႐ိုင္၊ ပန္းတေနာ္ၿမိဳ႕နယ္ ၿမိဳ႕မအလည္ပိုင္း သီဟလမ္းႏွင့္ အေနာ္ရထာလမ္းေဒါ့င္ရွိ (CB BANK)အတြင္းမွာ ေသနတ္ျပၿပီးလုယက္မူ ျဖစ္ပြားခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕မူး႐ုံးကေျပာပါတယ္။
“လုယက္မူျဖစ္တာေတာ့မွန္ပါတယ္၊ သက္ဆိုင္ရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးဆဲပါ၊အေသးစိတ္ မသိရေသးဘူး”လို႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕က ဒုတိယရဲမႈးႀကီးထြန္းေ႐ႊကေျပာပါတယ္။

ဒီကေန႔မနက္ ၁၀နာရီခြဲအခ်ိန္ခန႔္က မိုးကာအက်ႌ အျဖဴဝတ္ဆင္ၿပီး ႏွာေခါင္စီးmaskတက္ဆင္လာသူတစ္ဦးက ေသနတ္လို႔ယူဆရတဲ့ လက္နက္အတိုတစ္လက္ကိုင္ေဆာင္လာၿပီး ဘဏ္ကဝန္ထမ္းေတြကို ၿခိမ္းေျခာက္ကာ ေငြက်ပ္ သိန္း(၁၂၀)ကို လုယူထြက္ေျပးသြား​တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ကနဦးေဖာ္ျပခ်က္အရသိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕အေနနဲ႔ထြက္ေျပးသြားသူေနာက္ကို လိုက္လံစုံစမ္းဖမ္းဆီးဖို႔ႀကိဳးပမ္းေနဆဲျဖစ္တယ္လို႔ ဧရာ၀တီတိုင္းရဲတပ္ဖြဲ႕မႈး႐ုံးကေနသိရပါတယ္။

Photo-Min Yan Aung
#voiceofmyanmar #VOM #ပန္းတေနာ္

Related posts

✕
VOM News

FREE
VIEW