ရခိုင်ပြည်နယ်ကနေလာတဲ့ ယာဉ်လိုင်းတွေကို ယာယီရပ်ဆိုင်းထားခြင်းမရှိဘဲ ပိတ်ဆို့စစ်ဆေးမူများပြုလုပ်

ရခိုင်ပြည်နယ်ကနေလာတဲ့ ယာဉ်လိုင်းတွေကို ယာယီရပ်ဆိုင်းထားခြင်းမရှိဘဲ ပိတ်ဆို့စစ်ဆေးမူများပြုလုပ်

ရန်ကုန် သြဂုတ် ၂၂ . ၂၀၂၀
ယဉ်ပပထွန်း (VOM)

ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုဝင်လာတဲ့ကားတွေကို ပဲခူးအထွက်နဲ့တိုက်ကြီးဂိတ်တွေမှာ ပိတ်ဆို့ စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက VOM ကိုပြောပါတယ် ။

“ဧရာဝတီတိုင်းဘက်ကလာတဲ့ကားတွေကို ထန်းတပင်ကနေပြီး လှိုင်သာယာမရောက်ခင် အဖွဲ့စုံနဲ့စစ်ဆေးနေပါတယ်။ ဧရာဝတီတိုင်းဘက်မှာလဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေရော စစ်ဆေးနေတဲ့အတွက် ဒီဘက်မှာ လက်ရှိအချိန်ထိ ကျွံလာတာမရှိသေးပါဘူး “လို့ ဦးအောင်ဘုန်းကျော်စံဦးကပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ဘက်ကိုသွားရမယ့်ကားတွေကို ရပ်ဆိုင်းဖို့အတွက် ညွှန်ကြားထားတာမရှိသေးပါဘူးလို့ သိရပါတယ်။

” ရခိုင်ဘက်ကိုသွားရမယ့်ကားတွေကို ရပ်ဆိုင်းဖို့အတွက် ညွှန်ကြားထားတာမရှိသေးပါဘူး၊ ရခိုင်ဘက်ကလာတဲ့ ယာဉ်လိုင်းတွေကို သက်ဆိုင်ရာလမ်းကြောင်းဖြစ်တဲ့ ဧရာဝတီတိုင်းလမ်းကြောင်းတွေရယ်၊ ပဲခူးဘက်ကဝင်လာတဲ့ ယာဉ်လိုင်းတွေကိုလည်း ပဲခူးအထွက်နဲ့တိုက်ကြီးတိုးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမူတွေပြုလုပ်ပြီးတော့ ခရီးသည်တွေနဲ့ယာဉ်မောင်းတွေကို Quarantine ဝင်အောင်လုပ်ဆောင်မူတွေပြုလုပ်နေပါတယ်”လို့ မင်္ဂလာဒုံမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောပါတယ်။

ဒါ့အပြင် ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပြေးဆွဲပေးနေတဲ့ ကားလိုင်းတွေကိုလည်း ယာယီပိတ်သိမ်းခိုင်းတာ ညွှန်ကြားထားမူမရှိသေးပါလို့ ရန်ကုန်တိုင်း အများပြည်သူသယ်ပို့ဆောင်ရေး ကြီးကြပ်မှူအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က VOM ကိုပြောပါတယ်။

” ကျွန်တော်တို့ဘက်က ဘာမှရပ်ဆိုင်းဖို့ ထုတ်ပြန်ထားတာမရှိပါဘူး ။COVID – 19 ရောဂါကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီကလဲ သွားတဲ့လာတဲ့လူတွေပေါ်မှာပဲ Quarantine ဝင်တာကို ဘယ်လိုလုပ်ရမယ်ဆိုတာထုတ်ပြန်ထားတယ် ။ ယာဉ်လိုင်းတွေမှာ သွားတဲ့လူမရှိရင်တော့ ယာဉ်လိုင်းတွေရပ်သွားလိမ့်မယ် ။သယ်ယူပို့ဆေင်ရေးအပိုင်းမှာ ဘာမှတော့ထုတ်ပြန်ပြီးပေးထားတဲ့အပိုင်းမရှိသေးဘူး ” လို့ ဦးလှအောင်ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ COVID -19 ရောဂါပြန့်ပွားနေတာကြောင့် ရခိုင်ပြည်နယ်ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၅ လိုင်းကလည်း ယာယီရပ်ဆိုင်းထားတာတွေကို ပြုလုပ်ထားတယ်လို့ သိရပါတယ် ။

မြန်မာအမျိုးသားလေကြောင်းလိုင်းက စက်တင်ဘာ ၅ ရက်အထိ၊ Golden Myanmar လေကြောင်းလိုင်းက သြဂုတ် ၃၁ရက်အထိ၊ Air Thanlwin လေကြောင်းလိုင်းက သြဂုတ် ၃၁ ရက်အထိ၊ မန်းရတနာပုံလေကြောင်းလိုင်းက စက်တင်ဘာလအကုန်အထိ ယာယီရပ်ဆိုင်းထားပြီး့Air KBZ လေကြောင်းလိုင်းကတော့ ပြေးဆွဲမူကို လျော့ပြီးပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်အတွင်းမှာပြေးဆွဲနေတဲ့ ပြည်တွင်းရေကြောင်းနဲ့ ပုဂ္ဂိလိကရေယာဉ်တွေကိုလည်း သြဂုတ်၂၁ ရက်စတင်ကာ ယာယီရပ်ဆိုင်းထားတယ်လို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး( ရခိုင်ဌာနခွဲ) လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်လင်းက ပြောပါတယ်။

” ပြည်တွင်းရေကြောင်းက ဧရာဝတီတိုင်းဘက်ကိုပြေးတာက ကုန်တင်သင်္ဘောပဲပြေးတာပါ ။ လူစီးသင်္ဘောမပြေးပါဘူး ။ရခိုင်ဘက်ကလာတာလည်း ဆက်စပ်မူမရှိပါဘူး၊ မတင်ပါဘူး”လို့ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး ( မြစ်ဝကျွန်းပေါ်ဌာနခွဲ) လက်ထေက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်ကပြောပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ COVID – 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၄၃၅ ဦး၊ သေဆုံးသူ ၆ ဦးရှိနေပြီး ဒုတိယလှိုင်းအဖြစ်ဝင်လာတဲ့ ကိုဗစ် ၁၉ရောဂါဟာ လူအချင်းချင်းထိတွေ့ရုံတင်မကဘဲ အသက်ရှုလမ်းကြောင်းကနေလည်း ကူးစက်နိုင်တာလည်းဖြစ်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရခိုင္ျပည္နယ္ကေနလာတဲ့ ယာဥ္လိုင္းေတြကို ယာယီရပ္ဆိုင္းထားျခင္းမရွိဘဲ ပိတ္ဆို့စစ္ေဆးမူမ်ားျပဳလုပ္

ရန္ကုန္ ၾသဂုတ္ ၂၂ . ၂၀၂၀
ယဥ္ပပထြန္း (VOM)

ရခိုင္ျပည္နယ္ကေန ရန္ကုန္ကိုဝင္လာတဲ့ကားေတြကို ပဲခူးအထြက္နဲ ့တိုက္ၾကီးဂိတ္ေတြမွာ ပိတ္ဆို ့ စစ္ေဆးမူေတြ ျပဳလုပ္ေနတယ္လို ့ ရန္ကုန္တိုင္း၊ ထန္းတပင္ၿမိဳ႔နယ္ အမွတ္ ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ဘုန္းေက်ာ္စံဦးက VOM ကိုေျပာပါတယ္ ။

“ဧရာဝတီတိုင္းဘက္ကလာတဲ့ကားေတြကုိ ထန္းတပင္ကေနျပီး လိႈင္သာယာမေရာက္ခင္ အဖြဲ ့စံုနဲ ့စစ္ေဆးေနပါတယ္။ ဧရာဝတီတိုင္းဘက္မွာလဲ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ဌာနဆိုင္ရာေတြေရာ စစ္ေဆးေနတဲ့အတြက္ ဒီဘက္မွာ လက္႐ွိအခ်ိန္ထိ ကြ်ံလာတာမ႐ွိေသးပါဘူး “လုိ ့ ဦးေအာင္ဘုန္းေက်ာ္စံဦးကေျပာပါတယ္။

လက္႐ွိမွာေတာ့ ရခိုင္ဘက္ကိုသြားရမယ့္ကားေတြကို ရပ္ဆိုင္းဖို႔အတြက္ ညႊန္ၾကားထားတာမ႐ွိေသးပါဘူးလို႔ သိရပါတယ္။

” ရခိုင္ဘက္ကိုသြားရမယ့္ကားေတြကို ရပ္ဆိုင္းဖို႔အတြက္ ညႊန္ၾကားထားတာမ႐ွိေသးပါဘူး၊ ရခိုင္ဘက္ကလာတဲ့ ယာဥ္လိုင္းေတြကို သက္ဆိုင္ရာလမ္းေၾကာင္းျဖစ္တဲ့ ဧရာဝတီတိုင္းလမ္းေၾကာင္းေတြရယ္၊ ပဲခူးဘက္ကဝင္လာတဲ့ ယာဥ္လိုင္းေတြကိုလည္း ပဲခူးအထြက္နဲ ့တိုက္ၾကီးတိုးဂိတ္ေတြမွာ က်န္းမာေရးစစ္ေဆးမူေတြျပဳလုပ္ျပီးေတာ့ ခရီးသည္ေတြနဲ ့ယာဥ္ေမာင္းေတြကို Quarantine ဝင္ေအာင္လုပ္ေဆာင္မူေတြျပဳလုပ္ေနပါတယ္”လို႔ မဂၤလာဒံုျမိဳ ့နယ္ အမွတ္ (၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသနၱာမုိးကေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္ကေန ရခိုင္ျပည္နယ္ကို ေျပးဆဲြေပးေနတဲ့ ကားလိုင္းေတြကိုလည္း ယာယီပိတ္သိမ္းခိုင္းတာ ညႊန္ၾကားထားမူမ႐ွိေသးပါလို႔ ရန္​ကုန္​တိုင္​း အမ်ားျပည္​သူသယ္​ပို႔​ေဆာင္​​ေရး ႀကီးျကပ္မႉအာဏာပိုင္​အဖြဲ႔ (YRTA) တဲြဖက္အတြင္းေရးမွဴး ဦးလွေအာင္က VOM ကိုေျပာပါတယ္။

” ကြ်န္ေတာ္တို ့ဘက္က ဘာမွရပ္ဆိုင္းဖို ့ ထုတ္ျပန္ထားတာမရွိပါဘူး ။COVID – 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အမိ်ဳးသားအဆင့္ဗဟိုေကာ္မတီကလဲ သြားတဲ့လာတဲ့လူေတြေပၚမွာပဲ Quarantine ဝင္တာကို ဘယ္လိုလုပ္ရမယ္ဆိုတာထုတ္ျပန္ထားတယ္ ။ ယာဥ္လိုင္းေတြမွာ သြားတဲ့လူမ႐ွိရင္ေတာ့ ယာဥ္လိုင္းေတြရပ္သြားလိ္မ့္မယ္ ။သယ္ယူပို ့ေဆင္ေရးအပိုင္းမွာ ဘာမွေတာ့ထုတ္ျပန္ျပီးေပးထားတဲ့အပိုင္းမ႐ွိေသးဘူး ” လို ့ ဦးလွေအာင္ကေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ COVID -19 ေရာဂါျပန္ ့ပြားေနတာေၾကာင့္ ရခိုင္ျပည္နယ္ကို ေျပးဆဲြေနတဲ့ ေလေၾကာင္းလိုင္း ၅ လိုင္းကလည္း ယာယီရပ္ဆိုင္းထားတာေတြကို ျပဳလုပ္ထားတယ္လို႕ သိရပါတယ္ ။

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းက စက္တင္ဘာ ၅ ရက္အထိ၊ Golden Myanmar ေလေၾကာင္းလိုင္းက ၾသဂုတ္ ၃၁ရက္အထိ၊ Air Thanlwin ေလေၾကာင္းလိုင္းက ၾသဂုတ္ ၃၁ ရက္အထိ၊ မန္းရတနာပံုေလေၾကာင္းလိုင္းက စက္တင္ဘာလအကုန္အထိ ယာယီရပ္ဆိုင္းထားျပီး ့Air KBZ ေလေၾကာင္းလိုင္းကေတာ့ ေျပးဆဲြမူကို ေလ်ာ့ျပီးေျပးဆဲြေပးေနတယ္လို႔ သိရပါတယ္။

ဒါအျပင္ ရခိုင္ျပည္နယ္အတြင္းမွာေျပးဆဲြေနတဲ့ ျပည္တြင္းေရေၾကာင္းနဲ ့ ပုဂၢိလိကေရယာဥ္ေတြကိုလည္း ၾသဂုတ္၂၁ ရက္စတင္ကာ ယာယီရပ္ဆိုင္းထားတယ္လို႔ ျပည္တြင္းေရေၾကာင္းပို ့ေဆာင္ေရး( ရခိုင္ဌာနခဲြ) လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးေအာင္လင္းက ေျပာပါတယ္။

” ျပည္တြင္းေရေၾကာင္းက ဧရာဝတီတုိင္းဘက္ကိုေျပးတာက ကုန္တင္သေဘၤာပဲေျပးတာပါ ။ လူစီးသေဘၤာမေျပးပါဘူး ။ရခိုင္ဘက္ကလာတာလည္း ဆက္စပ္မူမရွိပါဘူး၊ မတင္ပါဘူး”လို႔ ျပည္တြင္းေရေၾကာင္းပို့ ေဆာင္ေရး ( ျမစ္ဝကြ်န္းေပၚဌာနခဲြ) လက္ေထက္အေထြေထြမန္ေနဂ်ာ ဦးလွဝင္းနိုင္ကေျပာပါတယ္။

အခုလက္႐ွိ ျမန္မာနိုင္ငံမွာ COVID – 19 ေရာဂါ ဓာတ္ခဲြအတည္ျပဳလူနာ ၄၃၅ ဦး၊ ေသဆံုးသူ ၆ ဦး႐ွိေနၿပီး ဒုတိယလိႈင္းအျဖစ္ဝင္လာတဲ့ ကိုဗစ္ ၁၉ေရာဂါဟာ လူအခ်င္းခ်င္းထိေတြ႕ရံုတင္မကဘဲ အသက္ရႈလမ္းေၾကာင္းကေနလည္း ကူးစက္ႏိုင္တာလည္းျဖစ္တယ္လို႔ ဆရာဝန္အသိုင္းအဝိုင္းကေန သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW