ကိုဗစ်ကာလမှာ သတင်းထောက် ၂၀၀ ကျော် အလုပ်ရပ်နားခံရပြီး လစာဖြတ်ခံရသူနဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့

ကိုဗစ်ကာလမှာ သတင်းထောက် ၂၀၀ ကျော် အလုပ်ရပ်နားခံရပြီး လစာဖြတ်ခံရသူနဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့ ရန်ကုန် ၊သြဂုတ် ၂၃-၂၀၂၀ သိင်္ဂီ (VOM) ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ဖြစ်ပွားနေတဲ့ကာလမှာ သတင်းထောက် (၂၀၀) ကျော် အလုပ်ရပ်နားခံခဲ့ရပြီး လစာဖြတ်ခံရသူ နဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ သတင်းထောက်ပေါင်း ၆၀၀ လောက်ရှိနေပြီး အဲ့ဒီထဲကနေ ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်အကိုင်ရပ်ဆိုင်းခံလိုက်ရတဲ့ သတင်းထောက်ပေါင်း ၂၁၇ ဦး ၊ လစာဖြတ်ခံရသူပေါင်း ၆၇ ဦး ၊ ဆိုင်းငံခံလိုက်ရသူပေါင်း ၁၆ ဦး ရှိခဲ့တဲ့အတွက် သတင်းထောက် ၅၀ ရာခိုင်နူန်းခန့် အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့တယ်လို့ ဒေတာပြုစုနေသူ Myanmar free press က ကိုဂျေပိုင်ကပြောပါတယ်။ “တစ်နိုင်ငံလုံးစာရင်းပါ။ ကျန်တာတွေလည်းရှိသေးတယ်။ တနိုင်ငံလုံးမရတဲ့တိုက်တွေလည်းရှိတယ်။ အထူးသဖြင့် ဌာနကြီးတချို့က…

Read More

မြစ်ကြီးနားမြို့ရှိ အများပြည်သူသုံး အားကစားပစ္စည်တွေ ဖယ်ရှားမှု ဝေဖန်မှုတချို့ရှိနေ

မြစ်ကြီးနားမြို့ရှိ အများပြည်သူသုံး အားကစားပစ္စည်တွေ ဖယ်ရှားမှု ဝေဖန်မှုတချို့ရှိနေ မြစ်ကြီးနား၊ သြဂုတ် ၂၃-၂၀၂၀ ရန်အောင်ထွန်း(VOM) မြစ်ကြီနားမြို့ ၊ ကမ်းနာလမ်း ၊ စည်ပင်သာယာရုံးအနီး ဧရာဝတီမြစ်ကမ်းပါးပေါ်က အများပြည်သူ ကိုယ်လက်ကျန်းမာရေး အားကစားလုပ်ဖို့ပြုလုပ်ထားတဲ့ အားကစားပစ္စည်းတွေကို မနေ့သြဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ဖယ်ရှားပစ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ အများပြည်သူ ကိုယ်လက်ကျန်းမာရေး အားကစားလုပ်နေကြတဲ့နေရာကို ကားပါကင်လုပ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ ကန့်ကွက်နေသူတစ်ဦးက ပြောပါတယ်။ အခုအားကစားပစ္စည်းတွေ ဖျက်ပစ်လိုက်တဲ့ ဆိပ်ကမ်းရဲ့ အောက်ဘက်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုထားတဲ့ ရေပေါ်စားသောက်ဆိုင်တစ်ခုကို သြဂုတ်လ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီစားသောက်ဆိုင်အတွက် ကားပါကင်မရှိလို့ အခုလိုဆောင်ရွက်တာကို ဝေဖန်နေကြတဲ့အပေါ်မှာတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနော်လီက “သူတို့ဌာနအနေနဲ့ ဆိုင်အတွက် ကားပါကင်နေရာ ခွင့်ပြုပေးထားခြင်းမရှိဘူး”လို့ ပြောပါတယ်။ အားကစားပစ္စည်းတွေ ဖယ်ရှားခဲ့တဲ့အတွက်လည်း ပြန်လုပ်ပေးဖို့ စီမံထားတာလည်း…

Read More

ရခိုင်ပြည်နယ်ကနေလာတဲ့ ယာဉ်လိုင်းတွေကို ယာယီရပ်ဆိုင်းထားခြင်းမရှိဘဲ ပိတ်ဆို့စစ်ဆေးမူများပြုလုပ်

ရခိုင်ပြည်နယ်ကနေလာတဲ့ ယာဉ်လိုင်းတွေကို ယာယီရပ်ဆိုင်းထားခြင်းမရှိဘဲ ပိတ်ဆို့စစ်ဆေးမူများပြုလုပ် ရန်ကုန် သြဂုတ် ၂၂ . ၂၀၂၀ ယဉ်ပပထွန်း (VOM) ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကိုဝင်လာတဲ့ကားတွေကို ပဲခူးအထွက်နဲ့တိုက်ကြီးဂိတ်တွေမှာ ပိတ်ဆို့ စစ်ဆေးမူတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးက VOM ကိုပြောပါတယ် ။ “ဧရာဝတီတိုင်းဘက်ကလာတဲ့ကားတွေကို ထန်းတပင်ကနေပြီး လှိုင်သာယာမရောက်ခင် အဖွဲ့စုံနဲ့စစ်ဆေးနေပါတယ်။ ဧရာဝတီတိုင်းဘက်မှာလဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေရော စစ်ဆေးနေတဲ့အတွက် ဒီဘက်မှာ လက်ရှိအချိန်ထိ ကျွံလာတာမရှိသေးပါဘူး “လို့ ဦးအောင်ဘုန်းကျော်စံဦးကပြောပါတယ်။ လက်ရှိမှာတော့ ရခိုင်ဘက်ကိုသွားရမယ့်ကားတွေကို ရပ်ဆိုင်းဖို့အတွက် ညွှန်ကြားထားတာမရှိသေးပါဘူးလို့ သိရပါတယ်။ ” ရခိုင်ဘက်ကိုသွားရမယ့်ကားတွေကို ရပ်ဆိုင်းဖို့အတွက် ညွှန်ကြားထားတာမရှိသေးပါဘူး၊ ရခိုင်ဘက်ကလာတဲ့ ယာဉ်လိုင်းတွေကို သက်ဆိုင်ရာလမ်းကြောင်းဖြစ်တဲ့ ဧရာဝတီတိုင်းလမ်းကြောင်းတွေရယ်၊ ပဲခူးဘက်ကဝင်လာတဲ့ ယာဉ်လိုင်းတွေကိုလည်း ပဲခူးအထွက်နဲ့တိုက်ကြီးတိုးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမူတွေပြုလုပ်ပြီးတော့ ခရီးသည်တွေနဲ့ယာဉ်မောင်းတွေကို Quarantine ဝင်အောင်လုပ်ဆောင်မူတွေပြုလုပ်နေပါတယ်”လို့…

Read More

ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုကြောင်း ကြေငြာထားပေမယ့် မြေပြင်အခြေအနေမှာ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ရရှိ

ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ပြုကြောင်း ကြေငြာထားပေမယ့် မြေပြင်အခြေအနေမှာ ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ရရှိ ရန်ကုန်၊ သြဂုတ် ၂၂-၂၀၂၀ သိဂီ ၤ(VOM) ဇူလိုင်လအတွက် မီတာခကို ၁၅၀ ယူနစ်ကင်းလွတ်ခွင့်ပြုကြောင်း အစိုးရက ကြေငြာခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ပြည်သူတွေဟာ ၇၅ ယူနစ်ကင်းလွတ်ခွင့် ၃၈၀၀ ကျပ်သာ ရရှိတယ်လို့ သိရပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကနေ ဇူလိုင်လကို အရင်က ၇၅ ယူနစ်သာ ကင်းလွတ်ခွင့်ပြုထားရာကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ဇူလိုင်လအပါအဝင် သြဂုတ်လကနေ ဒီဇင်ဘာလကုန်( ၂၀၂၀ နှစ်ကုန်အထိ) ကို လစဉ် ယူနစ် ၁၅၀ ( ၁၁၅၀၀ကျပ်) ကို ဓာတ်အားခ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ ထပ်မံထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြေပြင်အခြေအနေမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက ပြည်သူတွေအနေနဲ့ ၁၅၀ ကင်းလွတ်ခွင့်အပြည့်မရဘဲ ၇၅ ယူနစ်ကင်းလွတ်ခွင့်သာရရှိတဲ့အပေါ်မှာ…

Read More

၂၁ပင်လုံညီလာခံအပေါ် တပ်မတော်၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ရဲ့ သဘောထားအမြင်များ

၂၁ပင်လုံညီလာခံအပေါ် တပ်မတော်၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ရဲ့ သဘောထားအမြင်များ နေပြည်တော်၊သြဂုတ် ၂၂-၂၀၂၀ အေးချမ်းသူ(VOM) နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်ရှင်းစင်တာ(MICC ll)မှာ ကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို VOMက စုစည်းထားတာဖြစ်ပါတယ်။ ဗိုလ်မှုးကြီးခွန်ဥက္ကာ(ပအိုပ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO)ကတော့ ” နိုင်ငံရေးသဘောတူညီချက် ကောင်းကောင်းမွန်မွန် ဖြစ်ပေါ်လာတာနဲ့အညီ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစီးခြင်းကိုလည်း တစ်ခါတည်းဆွေးနွေးသွားမယ်။ မချန်ထားဘူးပေါ့ နိုင်ငံရေးသဘောတူညီချက်မရခင်ကတော့ ဒီကိစွကိုခဏမဆွေးနွေးဘဲထားမယ်။ သဘောတူချက် တစ်ဆင့်ပြီးတစ်ဆင့် ကောင်းကောင်းမွန်မွန်ရတယ်ဆိုရင် တပ်မတော်က ဆွေးနွေးချင်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိုပါ တစ်ပါတည်းဆွေးနွေးသွားမယ်။ ဒါက အားလုံးသဘောတူညီချက်၊ ဒါကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုံခြုံရေးဆိုင်ရာဆွေးနွေးတာရော အရှိန်အဟုန်နဲ့ ဆက်သွားမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့) ပြောတာကတော့ ” မြန်မာစကားမှာ “တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်မယ် ” ဆိုတာ စကားပုံလှတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် စစ်ရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ်…

Read More

သတ္တုတွင်း(၂) ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို အဂတိအမှုနဲ့ အရေးယူ

သတ္တုတွင်း(၂) ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို အဂတိအမှုနဲ့ အရေးယူ ဟုမ္မလင်း ၊ သြဂုတ် ၂၂ – ၂၀၂၀ ကိုတိုးကြိး (VOM) စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာန(၂)မှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း ၄ ယောက်ကို မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ “ ရဲစခန်းမှူးဟောင်း နုတ်ထွက်သွားပြီးဖြစ်တဲ့ ရဲအုပ် မျိုးမင်းညွှန့် နဲ့ သတ္တုတွင်းက ဦးအောင်နိုင်ကို မိုင်းကိုင်းနယ်မြေရဲစခန်းမှာ ၂၀.၈. ၂၀၂၀ ရက်နေ့က အဂတိမှု နှစ်မှုနဲ့ အမှုဖွင့်ထားတယ်၊ ဟုမ္မလင်းမြို့မရဲစခန်းမှာလည်း အမှုဖွင့်ထားတာရှိသေးတယ် ”လို့ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာက ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ရွှေလုပ်ငန်းရှင် နစ်နာသူတွေရဲ့ တင်ပြတိုင်တန်းစာအရ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ က စစ်ဆေးဆောင်ရွက်ရာမှာ စစ်ကိုင်းတိုင်း သတ္တုတွင်း…

Read More

ကိုဗစ်-၁၉ ကပ်ရောဂါဟာ နှစ်နှစ်အတွင်းအဆုံးသတ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော

ကိုဗစ်-၁၉ ကပ်ရောဂါဟာ နှစ်နှစ်အတွင်းအဆုံးသတ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော ဂျီနီဗာ၊ သြဂုတ်-၂၂-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတွေဟာ နှစ်နှစ်အတွင်း အဆုံးသတ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့ကထုတ်ဖော်ပြောဆိုပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးရောဂါ အဆုံးသတ်ဖို့ နှစ်နှစ်ကြာမြင့်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ရှိနည်းပညာတိုးတက်ထွန်းကားမှုတွေက ကပ်ရောဂါကို အချိန်တိုးအတွင်း ရပ်တန့်စေနိုင်တယ်လို့ သြဂုတ် ၂၁ ရက်က ဂျီနီဗာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တက်ဒရို့က ပြောပါတယ်။ လူမှုဆက်သွယ်မှုတွေ ပိုရှိလာတာနဲ့အမျှ ဗိုင်းရပ်စ်ဟာ ကူးစက်ပျံ့ပွားဖို့ အခွင့်အလမ်းကောင်းတွေရှိနေကြောင်း၊ တစ်ချိန်တည်းမှာပဲ မိမိတို့မှာရှိတဲ့ နည်းပညာတွေ၊ အသိပညာတွေက ဒါကိုရပ်တန့်နိုင်မယ်လို့ သူကပြောဆိုပြီး နိုင်ငံတွေစည်းလုံးကြဖို့ တစ်ကမ္ဘာလုံးစည်းလုံးကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ သန်း ၅၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် လူ…

Read More

ပထမဦးဆုံး မော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲမယ်

ပထမဦးဆုံး မော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲမယ် နေပြည်တော်၊ဩဂုတ်၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန် – မော်လမြိုင် ပြေးဆွဲနေတဲ့ အစုန်-အဆန် မီးရထား‌လေးစင်းအပြင် အမှတ် ၈၃ အဆန်နဲ့ အမှတ် ၈၄အစုန် ခေတ်မီ လေအိပ်မီးရထားနှစ်စင်းကို ဒီကနေ့ ည ၈ နာ ရီကစတင်ပြီး တိုးချဲ့ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားတိုင်း-၈(သွားလာရေး)မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောပါတယ်။ “မီးရထား လေးစင်းအပြင် အစုန်နဲ့ အဆန် လေအိပ်ရထားနှစ်စင်း တိုးချဲ့ပြေးဆွဲသွားမှာပါ။ ကနေ့ည ၈ နာရီမှာရန်ကုန်ဘူတာကြီးကနေ စတင်ထွက်ခွာမယ်”လို့ မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောပါတယ်။ ကိုဗစ်ကာလ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်- မော်လမြိုင်နဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအပါအဝင် မီးရထားပြေးဆွဲမှုတွေကို သုံးလနီးပါး ရပ်နားခဲ့ပြီးနောက်ပိုင်း ဇွန်လခန့်ကနေစတင်ကာ ကျန်းမာ‌ရေးဦးစီးဌာနရဲ့ သတ်မှတ်ချက်များနဲ့အညီ ပြန်လည်ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေတဲ့ အမှတ်-၈၁ အဆန်၊ အမှတ်-၈၂ အစုန်ရထား၊အမှတ်-၈၉…

Read More

စစ်တွေကနေ မောင်တောခရိုင်ကို သွားရောက်သူတွေ Quarantine ၂၁ရက်ဝင်ရမယ်

စစ်တွေကနေ မောင်တောခရိုင်ကို သွားရောက်သူတွေ Quarantine ၂၁ရက်ဝင်ရမယ် စစ်တွေ၊ ဩဂုတ် ၂၂- ၂၀၂၀ ကောင်းလက်ျာ၊ ထက်အောင်စိုင်း (VOM) လက်ရှိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှု တစ်ဟုန်ထိုးမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကနေ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေကို ဘယ်လို အကြောင်းကိစ္စနဲ့ သွားလာသူမဆို နေအိမ်တွင်းမှာ ၂၁ ရက် Quarantine ဝင်ရမှာဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က VOM ကို အတည်ပြုပြောပါတယ်။ လက်တလော မောင်တောခရိုင်ထဲက မြို့တွေကိုလာတဲ့သူတိုင်း စစ်တွေကဆိုရင် Home Quarantine ဝင်ရမှာဖြစ်ပြီး နှာခေါင်းနဲ့အာခေါင် တို့ဖတ်ယူကာ စစ်ဆေးမယ့်အပြင် နေအိမ်ပြင်ပကို ထွက်ခွာသွားလာနေတာတွေ့ရင် အုပ်ချုပ်ရေးဌာနကို တိုင်ကြားနိုင်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ပြောတာက “ စစ်တွေကနေ မောင်တောကို လာတဲ့လူတွေကို Quarantine…

Read More

ကိုဗစ်အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့ ရာအိမ်မှူးကို အရေးယူပေးဖို့တောင်းဆို

ကိုဗစ်အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့ ရာအိမ်မှူးကို အရေးယူပေးဖို့တောင်းဆို မန္တလေး၊ သြဂုတ် ၂၂-၂၀၂၀ ဖြူဖြူ (VOM) ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးကုန်းကျေးရွာမှာ ရာအိမ်မှူးတစ်ဦးကနေ ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေးကိုအကြောင်းပြပြီး ကျေးရွာသူ၊ ကျေးရွာသားတွေဆီကနေ ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေတဲ့အတွက် အရေးယူပေးဖို့ ဒီကနေ့မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။ “ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးသမားတွေကို ကျွေးမယ်၊ သုံးမယ်ဆိုပြီးပြောကောက်တာ။ တကယ့်တကယ်ကျ ကျွေးလည်းမကျွေးရဘူး။ ရွာမှာလည်း အဲလိုမျိုးလူတွေ(Quarantine) ဝင်နေသူတွေမရှိဘူး။”လို့ ဒေသခံ ဒေါ်စိုးဝင်းကပြောပါတယ်။ အဲ့ဒီရာအိမ်မှူးဟာ နေအိမ် တစ်အိမ်ကို ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းနှုန်းနဲ့ ကောက်ယူမှုတွေလုပ်ခဲ့ပြီး ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အမှန်တကယ်သုံးစွဲကြောင်း ရှင်းတမ်းလည်းထုတ်မပေးတာကြောင့် အရေးယူပေးဖို့အတွက် ကျေးရွာဒေသခံအချို့က မန္တလေးမြို့ ၊မီဒီယာစင်တာမှာ ရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဧပြီလကတည်းက ကောက်ယူခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြီးခဲ့တဲ့လက…

Read More
VOM News

FREE
VIEW