ပထမဦးဆုံး မော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲမယ်

ပထမဦးဆုံး မော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲမယ်

နေပြည်တော်၊ဩဂုတ်၂၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန် – မော်လမြိုင် ပြေးဆွဲနေတဲ့ အစုန်-အဆန် မီးရထား‌လေးစင်းအပြင် အမှတ် ၈၃ အဆန်နဲ့ အမှတ် ၈၄အစုန် ခေတ်မီ လေအိပ်မီးရထားနှစ်စင်းကို ဒီကနေ့ ည ၈ နာ ရီကစတင်ပြီး တိုးချဲ့ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားတိုင်း-၈(သွားလာရေး)မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောပါတယ်။

“မီးရထား လေးစင်းအပြင် အစုန်နဲ့ အဆန် လေအိပ်ရထားနှစ်စင်း တိုးချဲ့ပြေးဆွဲသွားမှာပါ။ ကနေ့ည ၈ နာရီမှာရန်ကုန်ဘူတာကြီးကနေ စတင်ထွက်ခွာမယ်”လို့ မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောပါတယ်။

ကိုဗစ်ကာလ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်- မော်လမြိုင်နဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအပါအဝင် မီးရထားပြေးဆွဲမှုတွေကို သုံးလနီးပါး ရပ်နားခဲ့ပြီးနောက်ပိုင်း ဇွန်လခန့်ကနေစတင်ကာ ကျန်းမာ‌ရေးဦးစီးဌာနရဲ့ သတ်မှတ်ချက်များနဲ့အညီ ပြန်လည်ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေတဲ့ အမှတ်-၈၁ အဆန်၊ အမှတ်-၈၂ အစုန်ရထား၊အမှတ်-၈၉ အဆန်၊ အမှတ်-၉၀ အစုန်မီးရထားတွေသာမက နောက်ဆုံးပေါ်ခေတ်မီလေအိတ်မီးရထား အမှတ်-၈၃ အဆန်၊ အမှတ်-၈၄ အစုန်ရထားကို ဒီကနေ့ဩဂုတ်၂၂ ရက်နေ့မှာပဲ စတင်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စတင်ပြေးဆွဲပေးမယ့် လေအိပ်မီးရထားတွေမှာ ရိုးရိုးတန်းတွဲဆိုင်း ၅ ဆိုင်းနဲ့ အထက်တန်းတွဲဆိုင်း ၄ ဆိုင်းကို ထည့်သွင်းထားတဲ့အပြင် ရထားတွဲဆိုင်းအားလုံးမှာ CCTV ကင်မရာတွေ တပ်ဆင်ထားမှာဖြစ်တဲ့အပြင် မြန်မာ့မီးရထားဝန်ထမ်းတွေက အစားအသောက်တွေကိုလည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့စတင်ပြေးဆွဲမယ့် ရန်ကုန်-မော် လမြိုင် လေအိတ်ရထားတွေဟာ ရန်ကုန်ဘက်ကနေ ည ၈ နာရီမှာစတင်ထွက်ခွာကာ နောက်တစ်နေ့မနက် ၅နာရီကျော်မှာတော့ မော်လမြိုင်ကို ရောက်ရှိမှာဖြစ်ပြီး မော်လမြိုင်ကနေ ည ၉ နာရီထွက်ခွာလာရင် နောက်တစ်နေ့မနက် ၆ နာရီမှာ ရန်ကုန်ကိုရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့မီးရထားကနေပြေးဆွဲနေတဲ့ မီးရထားတွေဟာ ကိုဗစ်ကာလ ကျန်းမာရေးဝန်ကြိးဌာနရဲ့ ညွန်ကြားချက်အရ ခရီးသည်တစ်ဦးကို ထိုင်ခုံနှစ်ခုံနူန်းနဲ့ စီနင်းလိုက်ပါရမှာဖြစ်ပြီး အမှတ်-၈၃ အဆန်နဲ့ အမှတ်-၈၄ အစုန် လေအိပ်မီးရထားခတွေကတော့ ရိုးရိုးတန်းခရီးသည်တစ်ဦးကို ၄၀၀၀ကျပ် ၊အထက်တန်းလက်မှတ် ၈၀၀၀ကျပ် ကျသင့်မှာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ပထမဦးဆံုး ေမာ္လၿမိဳင္-ရန္ကုန္ ေလအိတ္ရထားေျပးဆြဲမယ္

ေနျပည္ေတာ္၊ဩဂုတ္၂၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရန္ကုန္ – ေမာ္လၿမိဳင္ ေျပးဆြဲေနတဲ့ အစုန္-အဆန္ မီးရထား‌ေလးစင္းအျပင္ အမွတ္ ၈၃ အဆန္နဲ႔ အမွတ္ ၈၄အစုန္ ေခတ္မီ ေလအိပ္မီးရထားႏွစ္စင္းကို ဒီကေန႔ ည ၈ နာ ရီကစတင္ၿပီး တိုးခ်ဲ႕ေျပးဆြဲသြားမယ္လို႔ ျမန္မာ့မီးရထားတိုင္း-၈(သြားလာေရး)မန္ေနဂ်ာ ဦးတင္ထြန္းေအာင္က ေျပာပါတယ္။

“မီးရထား ေလးစင္းအျပင္ အစုန္နဲ႔ အဆန္ ေလအိပ္ရထားႏွစ္စင္း တိုးခ်ဲ႕ေျပးဆြဲသြားမွာပါ။ ကေန႔ည ၈ နာရီမွာရန္ကုန္ဘူတာႀကီးကေန စတင္ထြက္ခြာမယ္”လို႔ မန္ေနဂ်ာ ဦးတင္ထြန္းေအာင္က ေျပာပါတယ္။

ကိုဗစ္ကာလ ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ျပည္၊ ရန္ကုန္- ေမာ္လၿမိဳင္နဲ႔ မႏၲေလး-ျမစ္ႀကီးနားလမ္းပိုင္းအပါအဝင္ မီးရထားေျပးဆြဲမႈေတြကို သုံးလနီးပါး ရပ္နားခဲ့ၿပီးေနာက္ပိုင္း ဇြန္လခန႔္ကေနစတင္ကာ က်န္းမာ‌ေရးဦးစီးဌာနရဲ႕ သတ္မွတ္ခ်က္မ်ားနဲ႔အညီ ျပန္လည္ေျပးဆြဲေပးေနတာလည္း ျဖစ္ပါတယ္။

လက္ရွိ ရန္ကုန္-ေမာ္လၿမိဳင္ေျပးဆြဲေနတဲ့ အမွတ္-၈၁ အဆန္၊ အမွတ္-၈၂ အစုန္ရထား၊အမွတ္-၈၉ အဆန္၊ အမွတ္-၉၀ အစုန္မီးရထားေတြသာမက ေနာက္ဆုံးေပၚေခတ္မီေလအိတ္မီးရထား အမွတ္-၈၃ အဆန္၊ အမွတ္-၈၄ အစုန္ရထားကို ဒီကေန႔ဩဂုတ္၂၂ ရက္ေန႔မွာပဲ စတင္ေျပးဆြဲသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

စတင္ေျပးဆြဲေပးမယ့္ ေလအိပ္မီးရထားေတြမွာ ႐ိုး႐ိုးတန္းတြဲဆိုင္း ၅ ဆိုင္းနဲ႔ အထက္တန္းတြဲဆိုင္း ၄ ဆိုင္းကို ထည့္သြင္းထားတဲ့အျပင္ ရထားတြဲဆိုင္းအားလံုးမွာ CCTV ကင္မရာေတြ တပ္ဆင္ထားမွာျဖစ္တဲ့အျပင္ ျမန္မာ့မီးရထားဝန္ထမ္းေတြက အစားအေသာက္ေတြကိုလည္း ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။

ဒီကေန႔စတင္ေျပးဆြဲမယ့္ ရန္ကုန္-ေမာ္ လၿမိဳင္ ေလအိတ္ရထားေတြဟာ ရန္ကုန္ဘက္ကေန ည ၈ နာရီမွာစတင္ထြက္ခြာကာ ေနာက္တစ္ေန႔မနက္ ၅နာရီေက်ာ္မွာေတာ့ ေမာ္လၿမိဳင္ကို ေရာက္ရွ္ိမွာျဖစ္ၿပီး ေမာ္လၿမိဳင္ကေန ည ၉ နာရီထြက္ခြာလာရင္ ေနာက္တစ္ေန႔မနက္ ၆ နာရီမွာ ရန္ကုန္ကိုေရာက္ရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာ့မီးရထားကေနေျပးဆြဲေနတဲ့ မီးရထားေတြဟာ ကိုဗစ္ကာလ က်န္းမာေရးဝန္ႀကိးဌာနရဲ႕ ၫြန္ၾကားခ်က္အရ ခရီးသည္တစ္ဦးကို ထိုင္ခုံႏွစ္ခုံႏူန္းနဲ႔ စီနင္းလိုက္ပါရမွာျဖစ္ၿပီး အမွတ္-၈၃ အဆန္နဲ႔ အမွတ္-၈၄ အစုန္ ေလအိပ္မီးရထားခေတြကေတာ့ ႐ုိး႐ိုးတန္းခရီးသည္တစ္ဦးကို ၄၀၀၀က်ပ္ ၊အထက္တန္းလက္မွတ္ ၈၀၀၀က်ပ္ က်သင့္မွာပဲ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW