စစ်တွေကနေ မောင်တောခရိုင်ကို သွားရောက်သူတွေ Quarantine ၂၁ရက်ဝင်ရမယ်

စစ်တွေကနေ မောင်တောခရိုင်ကို သွားရောက်သူတွေ Quarantine ၂၁ရက်ဝင်ရမယ်

စစ်တွေ၊ ဩဂုတ် ၂၂- ၂၀၂၀
ကောင်းလက်ျာ၊ ထက်အောင်စိုင်း (VOM)

လက်ရှိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှု တစ်ဟုန်ထိုးမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကနေ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေကို ဘယ်လို အကြောင်းကိစ္စနဲ့ သွားလာသူမဆို နေအိမ်တွင်းမှာ ၂၁ ရက် Quarantine ဝင်ရမှာဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က VOM ကို အတည်ပြုပြောပါတယ်။

လက်တလော မောင်တောခရိုင်ထဲက မြို့တွေကိုလာတဲ့သူတိုင်း စစ်တွေကဆိုရင် Home Quarantine ဝင်ရမှာဖြစ်ပြီး နှာခေါင်းနဲ့အာခေါင် တို့ဖတ်ယူကာ စစ်ဆေးမယ့်အပြင် နေအိမ်ပြင်ပကို ထွက်ခွာသွားလာနေတာတွေ့ရင် အုပ်ချုပ်ရေးဌာနကို တိုင်ကြားနိုင်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ပြောတာက “ စစ်တွေကနေ မောင်တောကို လာတဲ့လူတွေကို Quarantine ဝင်ခိုင်မယ်ဆိုတာ ဟုတ်ပါတယ်။ စစ်တွေကလာတဲ့ သူတွေကို သီးသန့်ထားဖို့ အဆောင်တွေလည်း အကုန်အဆင်ပြေပါတယ်။ အရင်တုန်းကလည်း ထားတာပါ။ ပုံမှန်အတိုင်းပါပဲ။ ၁၄ ရက်သီးသန့်ထားမယ်။ တို့ဖက်နမူနာယူမယ်။ ပိုးမတွေ့ဘူးဆိုရင် အိမ်မှာ (Home Quarantine) (၇) ရက်ထပ်ထားမယ်။ ကျနော်တို့ ခရိုင်ကအရင်လည်းဖြစ်ခဲ့ဖူးတာဆိုတော့ လုပ်စရာရှိတာတော့ ဆက်လုပ်နေပါတယ်။ အခုကတော့ စစ်တွေကဝင်လာတဲ့လူတွေ သေချာစစ်ဖို့ပဲလိုတာပေါ့။” လို့ ပြောပါတယ်။

မောင်တောအခရိုင်အတွင်းမှာ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေကို အရေးယူနေကြောင်းနဲ့ လက်ရှိအချိန်မှာ ပြည်ပကခိုးဝင်လာသူ မရှိတော့ဘူးလို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

အခုလ ၁၆ ရက်နေ့ကနေစပြီး စစ်တွေမှာ ကိုဗစ်၁၉ရောဂါပိုး တွေ့ရှိတာကြောင့် စစ်တွေမြို့ကနေ အခြေစိုက်ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေယာယီရပ်နားထားပြီး မနေ့ ဩဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းကထွက်ခွာတဲ့ ရေကြောင်းခရီစဉ်တွေက လူတွေနဲ့ တခြားစစ်တွေမြို့နယ်ဖက်က လာရောက်သူတွေကို သီးသန့်ခွဲခြားနေထိုင်တဲ့ ပုံစံနဲ့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့တဲ့ လူနာသစ် (၁၆) ယောက်ထပ်တွေ့ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်မြို့တည်းမှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၄၀ကျော်အထိရှိလာပြီဖြစ်ပါတယ်။

မြောက်ဦးမြို့မှာလည်း ကိုဗစ်၁၉ရောဂါပိုးတွေ့တဲ့လူနာတစ်ဦးတွေ့ရှိတဲ့အပြင် ကိုဗစ်ဒုတိယလှိုင်းအန္တရာယ် စိုးရိမ်ရတာကြောင့် စစ်တွေမြို့ကို ညမထွက်ရအမိန့်နဲ့ မိမိအိမ်မှာနေထိုင်ရေး (Stay Home)အမိန့်တွေကို ထုတ်ပြန်ထားပြီး ကိုဗစ်ပိုးကူးစက်မှုကို လျော့ချဖို့ ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။

စစ်တွေမြို့မှာ ကိုဗစ်ပိုးတွေ့လူနာတွေများလာတာကြောင့် ဩဂုတ် ၂၁ ရက်နေ့ကစတင်ကာ မောင်တောမြို့တွင်းကို ဝင်ရောက်လာတဲ့ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ အိမ်စီး‌ကားတွေအပြင် သုံးဘီးအငှားယာဉ်နဲ့ ဆိုင်ကယ်သမားတွေကို အပူချိန်တိုင်းတာစစ်‌ဆေးတာတွေ နှာခေါင်းစည်း (Mask) တွေ အခမဲ့ပေးဝေတာတွေလည်းရှိတယ်လို့ မောင်တောဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်းအုန်းကတော့” ကျနော်တို့ကတော့ ပြည်တွင်းမှာ ကိုဗစ်ကူးစပ်မှုတွေနဲ့ ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ခရိုင်အစည်းအဝေးတစ်ခု လုပ်သင့်တယ်ဆိုပြီး တင်ပြထားတယ်လေ။ ဒီနေ့မဟုတ်ရင် မနက်ဖြန်လောက်တော့ အစည်းအဝေးခေါ်ဖို့ရှိတယ်။ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ အများကြီးရှိတာတွေ့ရပါတယ်။ မနေ့ကလည်း မောင်တောမြို့အဝင်မှာ သက်ဆိုင်ရာတွေက နှာခေါင်းစည်း (Mask) တွေဝေတယ်၊ အပူတိုင်းတာတွေကို တွေ့ပါတယ်။” လို့ လက်ရှိမောင်တောခရိုင်အခြေအနေနဲ့ ပတ်သတ်ပြီး ပြောပါတယ်။

ဒီကနေ့ စစ်တွေမှာတွေ့တဲ့ ကိုဗစ်အတည်ပြုပိုးတွေ့လူနာတွေထဲမှာ လူနာအမှတ် (၃၉၅) နဲ့ထိတွေ့သူ(၃) ဦး၊ Case (၃၉၆) နဲ့ထိတွေ့သူ (၆) ဦး၊ Case – ၃၇၇ နဲ့ထိတွေ့သူ (၂) ဦး၊ ၃၇၈ နဲ့ထိတွေ့သူ (၁) ဦးနဲ့ (၃၇၉) နဲ့ထိတွေသူ (၄) ဦးရှိကာ ဒီကနေ့ တစ်မနက်တည်းမှာပဲ အတည်ပြုလူနာ (၁၆) ဦးတွေ့ခဲ့တာဖြစ်ပါတယ်။

Photo- Rakhine Fire Force Community
#voiceofmyanmar #VOM #စစ်တွေ

Zawgyi

စစ္ေတြကေန ေမာင္ေတာခ႐ိုင္ကို သြားေရာက္သူေတြ Quarantine ၂၁ရက္ဝင္ရမယ္

စစ္ေတြ၊ ဩဂုတ္ ၂၂- ၂၀၂၀
ေကာင္းလက္်ာ၊ ထက္ေအာင္စိုင္း (VOM)

လက္ရွိ ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕ရွိမႈ တစ္ဟုန္ထိုးျမင့္တက္ေနတဲ့ ရခိုင္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕ကေန ေမာင္ေတာခ႐ိုင္၊ ဘူးသီးေတာင္ၿမိဳ႕နဲ႔ ေမာင္ေတာၿမိဳ႕ေတြကို ဘယ္လို အေၾကာင္းကိစၥနဲ႔ သြားလာသူမဆို ေနအိမ္တြင္းမွာ ၂၁ ရက္ Quarantine ဝင္ရမွာျဖစ္တယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က VOM ကို အတည္ျပဳေျပာပါတယ္။

လက္တေလာ ေမာင္ေတာခ႐ိုင္ထဲက ၿမိဳ႕ေတြကိုလာတဲ့သူတိုင္း စစ္ေတြကဆိုရင္ Home Quarantine ဝင္ရမွာျဖစ္ၿပီး ႏွာေခါင္းနဲ႔အာေခါင္ တို႔ဖတ္ယူကာ စစ္ေဆးမယ့္အျပင္ ေနအိမ္ျပင္ပကို ထြက္ခြာသြားလာေနတာေတြ႕ရင္ အုပ္ခ်ဳပ္ေရးဌာနကို တိုင္ၾကားႏိုင္တယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ေျပာတာက “ စစ္ေတြကေန ေမာင္ေတာကို လာတဲ့လူေတြကို Quarantine ဝင္ခိုင္မယ္ဆိုတာ ဟုတ္ပါတယ္။ စစ္ေတြကလာတဲ့ သူေတြကို သီးသန႔္ထားဖို႔ အေဆာင္ေတြလည္း အကုန္အဆင္ေျပပါတယ္။ အရင္တုန္းကလည္း ထားတာပါ။ ပုံမွန္အတိုင္းပါပဲ။ ၁၄ ရက္သီးသန႔္ထားမယ္။ တို႔ဖက္နမူနာယူမယ္။ ပိုးမေတြ႕ဘူးဆိုရင္ အိမ္မွာ (Home Quarantine) (၇) ရက္ထပ္ထားမယ္။ က်ေနာ္တို႔ ခ႐ိုင္ကအရင္လည္းျဖစ္ခဲ့ဖူးတာဆိုေတာ့ လုပ္စရာရွိတာေတာ့ ဆက္လုပ္ေနပါတယ္။ အခုကေတာ့ စစ္ေတြကဝင္လာတဲ့လူေတြ ေသခ်ာစစ္ဖို႔ပဲလိုတာေပါ့။” လို႔ ေျပာပါတယ္။

ေမာင္ေတာအခ႐ိုင္အတြင္းမွာ တစ္ဖက္ႏိုင္ငံက ခိုးဝင္လာသူေတြကို အေရးယူေနေၾကာင္းနဲ႔ လက္ရွိအခ်ိန္မွာ ျပည္ပကခိုးဝင္လာသူ မရွိေတာ့ဘူးလို႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

အခုလ ၁၆ ရက္ေန႔ကေနစၿပီး စစ္ေတြမွာ ကိုဗစ္၁၉ေရာဂါပိ္ုး ေတြ႕ရွိတာေၾကာင့္ စစ္ေတြၿမိဳ႕ကေန အေျခစိုက္ေျပးဆြဲေနတဲ့ ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းေတြယာယီရပ္နားထားၿပီး မေန႔ ဩဂုတ္လ ၂၁ ရက္ေန႔ မနက္ပိုင္းကထြက္ခြာတဲ့ ေရေၾကာင္းခရီစဥ္ေတြက လူေတြနဲ႔ တျခားစစ္ေတြၿမိဳ႕နယ္ဖက္က လာေရာက္သူေတြကို သီးသန႔္ခြဲျခားေနထိုင္တဲ့ ပုံစံနဲ႔ထားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာ ဒီကေန႔ ဩဂုတ္လ ၂၂ ရက္ေန႔ မနက္ပိုင္းက ကိုဗစ္ပိုးေတြ႕တဲ့ လူနာသစ္ (၁၆) ေယာက္ထပ္ေတြ႔ထားတာျဖစ္ၿပီး ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တစ္ၿမိဳ႕တည္းမွာ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရသူ ၄၀ေက်ာ္အထိရွိလာၿပီျဖစ္ပါတယ္။

ေျမာက္ဦးၿမိဳ႕မွာလည္း ကိုဗစ္၁၉ေရာဂါပိုးေတြ႔တဲ့လူနာတစ္ဦးေတြ႕ရွိတဲ့အျပင္ ကိုဗစ္ဒုတိယလႈိင္းအႏၲရာယ္ စိုးရိမ္ရတာေၾကာင့္ စစ္ေတြၿမိဳ႕ကို ညမထြက္ရအမိန႔္နဲ႔ မိမိအိမ္မွာေနထိုင္ေရး (Stay Home)အမိန႔္ေတြကို ထုတ္ျပန္ထားၿပီး ကိုဗစ္ပိုးကူးစက္မႈကို ေလ်ာ့ခ်ဖို႔ ႀကိဳးစားေနၾကတာလည္းျဖစ္ပါတယ္။

စစ္ေတြၿမိဳ႔မွာ ကိုဗစ္ပိုးေတြ႕လူနာေတြမ်ားလာတာေၾကာင့္ ဩဂုတ္ ၂၁ ရက္ေန႔ကစတင္ကာ ေမာင္ေတာၿမိဳ႕တြင္းကို ဝင္ေရာက္လာတဲ့ ခရီးသည္တင္ယာဥ္၊ ကုန္တင္ယာဥ္နဲ႔ အိမ္စီး‌ကားေတြအျပင္ သုံးဘီးအငွားယာဥ္နဲ႔ ဆိုင္ကယ္သမားေတြကို အပူခ်ိန္တိုင္းတာစစ္‌ေဆးတာေတြ ႏွာေခါင္းစည္း (Mask) ေတြ အခမဲ့ေပးေဝတာေတြလည္းရွိတယ္လို႔ ေမာင္ေတာေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္းအုန္းကေတာ့” က်ေနာ္တို႔ကေတာ့ ျပည္တြင္းမွာ ကိုဗစ္ကူးစပ္မႈေတြနဲ႔ ဘယ္လိုကာကြယ္ၾကမလဲဆိုတာကို ခ႐ိုင္အစည္းအေဝးတစ္ခု လုပ္သင့္တယ္ဆိုၿပီး တင္ျပထားတယ္ေလ။ ဒီေန႔မဟုတ္ရင္ မနက္ျဖန္ေလာက္ေတာ့ အစည္းအေဝးေခၚဖို႔ရွိတယ္။ ျပည္သူေတြအေနနဲ႔ စိုးရိမ္မႈေတြ အမ်ားႀကီးရွိတာေတြ႕ရပါတယ္။ မေန႔ကလည္း ေမာင္ေတာၿမိဳ႕အဝင္မွာ သက္ဆိုင္ရာေတြက ႏွာေခါင္းစည္း (Mask) ေတြေဝတယ္၊ အပူတိုင္းတာေတြကို ေတြ႕ပါတယ္။” လို႔ လက္ရွိေမာင္ေတာခ႐ိုင္အေျခအေနနဲ႔ ပတ္သတ္ၿပီး ေျပာပါတယ္။

ဒီကေန႔ စစ္ေတြမွာေတြ႕တဲ့ ကိုဗစ္အတည္ျပဳပိုးေတြ႕လူနာေတြထဲမွာ လူနာအမွတ္ (၃၉၅) နဲ႔ထိေတြ႕သူ(၃) ဦး၊ Case (၃၉၆) နဲ႔ထိေတြ႕သူ (၆) ဦး၊ Case – ၃၇၇ နဲ႔ထိေတြ႕သူ (၂) ဦး၊ ၃၇၈ နဲ႔ထိေတြ႕သူ (၁) ဦးနဲ႔ (၃၇၉) နဲ႔ထိေတြသူ (၄) ဦးရွိကာ ဒီကေန႔ တစ္မနက္တည္းမွာပဲ အတည္ျပဳလူနာ (၁၆) ဦးေတြ႕ခဲ့တာျဖစ္ပါတယ္။

Photo- Rakhine Fire Force Community
#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW