ကိုဗစ်အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့ ရာအိမ်မှူးကို အရေးယူပေးဖို့တောင်းဆို

ကိုဗစ်အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့ ရာအိမ်မှူးကို အရေးယူပေးဖို့တောင်းဆို

မန္တလေး၊ သြဂုတ် ၂၂-၂၀၂၀
ဖြူဖြူ (VOM)

ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးကုန်းကျေးရွာမှာ ရာအိမ်မှူးတစ်ဦးကနေ ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေးကိုအကြောင်းပြပြီး ကျေးရွာသူ၊ ကျေးရွာသားတွေဆီကနေ ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေတဲ့အတွက် အရေးယူပေးဖို့ ဒီကနေ့မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။

“ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးသမားတွေကို ကျွေးမယ်၊ သုံးမယ်ဆိုပြီးပြောကောက်တာ။ တကယ့်တကယ်ကျ ကျွေးလည်းမကျွေးရဘူး။ ရွာမှာလည်း အဲလိုမျိုးလူတွေ(Quarantine) ဝင်နေသူတွေမရှိဘူး။”လို့ ဒေသခံ ဒေါ်စိုးဝင်းကပြောပါတယ်။

အဲ့ဒီရာအိမ်မှူးဟာ နေအိမ် တစ်အိမ်ကို ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းနှုန်းနဲ့ ကောက်ယူမှုတွေလုပ်ခဲ့ပြီး ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အမှန်တကယ်သုံးစွဲကြောင်း ရှင်းတမ်းလည်းထုတ်မပေးတာကြောင့် အရေးယူပေးဖို့အတွက် ကျေးရွာဒေသခံအချို့က မန္တလေးမြို့ ၊မီဒီယာစင်တာမှာ ရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဧပြီလကတည်းက ကောက်ယူခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြီးခဲ့တဲ့လက တိုင်ကြားစာတွေပေးပို့ခဲ့ပေမယ့် အကြောင်းမထူးတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံးကိုစာပို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရွာကမှ အဆင်မပြေတဲ့ရွာ။ ကိုဗစ်ကာလမှာ လုပ်ငန်းတွေကအစ အဆင်မပြေ၊ စားဝတ်နေရေးကအစ လမ်းမတန်းနေတာကို အခုလိုငွေကြေးကောက်ခံတယ်။ အဲ့ဒါတွေကိုလည်း ငွေဘယ်လောက်ရတယ်၊ ဘာတွေလုပ်ထားတယ်ဆိုတာလဲ မပြောဘူး။ ဒါကိုမြို့နယ်အုပ်ချုပ်ရေးလည်းတိုင်တယ်။ ဘာမှမထူးဘူး။”လို့ ဒေသခံ ဦးညွန့်မောင်က ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ဦးလွင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းပြောတာက “ ဒီကိုတိုင်ထားလို့ စုံခုံဖွဲ့စစ်ထားတဲ့အဆင့်ပဲရှိသေးတယ်။ မြို့နယ်ကိုပေ့ါ၊ ဒီဟာနဲ့ပတ်သက်လို့ စုံခုံဖွဲ့စစ်ပြီး အရေးယူပါလို့ အကြောင်းကြားထားတုန်းပဲ။”လို့ ပြောပါတယ်။

စစ်ဆေးပြီးစီးလို့ ငွေကြေးကောက်ခံကြောင်းမှန်ကန်ပါက အရေးယူသွားမှာဖြစ်သလို လိုအပ်တဲ့လမ်းညွှွန်မှုခံယူဖို့အတွက်လည်း တိုင်းအစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့
ဦးတင်မောင်ဝင်းက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးကုန်းကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

ကိုဗစ္အေၾကာင္းျပၿပီး ေငြေၾကးေကာက္ခံတဲ့ ရာအိမ္မႉးကို အေရးယူေပးဖို႔ေတာင္းဆို

မႏၲေလး၊ ၾသဂုတ္ ၂၂-၂၀၂၀
ျဖဴျဖဴ (VOM)

ျပင္ဦးလြင္ၿမိဳ႕နယ္၊ ထုံးဘိုေက်း႐ြာအုပ္စု၊ ထုံးကုန္းေက်း႐ြာမွာ ရာအိမ္မႉးတစ္ဦးကေန ကိုဗစ္ ၁၉ေရာဂါ ကာကြယ္ေရးကိုအေၾကာင္းျပၿပီး ေက်း႐ြာသူ၊ ေက်း႐ြာသားေတြဆီကေန ေငြေၾကးေကာက္ခံမႈေတြ လုပ္ေဆာင္ေနတဲ့အတြက္ အေရးယူေပးဖို႔ ဒီကေန႔မွာပဲ သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ေဒသခံေတြကေတာင္းဆိုလိုက္ပါတယ္။

“ကိုဗစ္နဲ႔ပတ္သက္ၿပီး က်န္းမာေရးသမားေတြကို ေကြၽးမယ္၊ သုံးမယ္ဆိုၿပီးေျပာေကာက္တာ။ တကယ့္တကယ္က် ေကြၽးလည္းမေကြၽးရဘူး။ ႐ြာမွာလည္း အဲလိုမ်ိဳးလူေတြ(Quarantine) ဝင္ေနသူေတြမရွိဘူး။”လို႔ ေဒသခံ ေဒၚစိုးဝင္းကေျပာပါတယ္။

အဲ့ဒီရာအိမ္မွဴးဟာ ေနအိမ္ တစ္အိမ္ကို ေငြက်ပ္ တစ္ေသာင္း၊ ႏွစ္ေသာင္း၊ သုံးေသာင္းႏႈန္းနဲ႔ ေကာက္ယူမႈေတြလုပ္ခဲ့ၿပီး ကိုဗစ္ ၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ အမွန္တကယ္သုံးစြဲေၾကာင္း ရွင္းတမ္းလည္းထုတ္မေပးတာေၾကာင့္ အေရးယူေပးဖို႔အတြက္ ေက်း႐ြာေဒသခံအခ်ိဳ႕က မႏၲေလးၿမိဳ႕ ၊မီဒီယာစင္တာမွာ ရွင္းလင္းပြဲျပဳလုပ္စဥ္ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

ဧၿပီလကတည္းက ေကာက္ယူခဲ့တာျဖစ္ၿပီး ဒီကိစၥနဲ႔ပတ္သက္လို႔ ေျဖရွင္းေပးဖို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ၿပီးခဲ့တဲ့လက တိုင္ၾကားစာေတြေပးပို႔ခဲ့ေပမယ့္ အေၾကာင္းမထူးတာေၾကာင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးကိုစာပို႔ထားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

“႐ြာကမွ အဆင္မေျပတဲ့႐ြာ။ ကိုဗစ္ကာလမွာ လုပ္ငန္းေတြကအစ အဆင္မေျပ၊ စားဝတ္ေနေရးကအစ လမ္းမတန္းေနတာကို အခုလိုေငြေၾကးေကာက္ခံတယ္။ အဲ့ဒါေတြကိုလည္း ေငြဘယ္ေလာက္ရတယ္၊ ဘာေတြလုပ္ထားတယ္ဆိုတာလဲ မေျပာဘူး။ ဒါကိုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးလည္းတိုင္တယ္။ ဘာမွမထူးဘူး။”လို႔ ေဒသခံ ဦးၫြန႔္ေမာင္က ေျပာပါတယ္။

အခုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပင္ဦးလြင္ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ဝင္းေျပာတာက “ ဒီကိုတိုင္ထားလို႔ စုံခုံဖြဲ႕စစ္ထားတဲ့အဆင့္ပဲရွိေသးတယ္။ ၿမိဳ႕နယ္ကိုေပ့ါ၊ ဒီဟာနဲ႔ပတ္သက္လို႔ စုံခုံဖြဲ႕စစ္ၿပီး အေရးယူပါလို႔ အေၾကာင္းၾကားထားတုန္းပဲ။”လို႔ ေျပာပါတယ္။

စစ္ေဆးၿပီးစီးလို႔ ေငြေၾကးေကာက္ခံေၾကာင္းမွန္ကန္ပါက အေရးယူသြားမွာျဖစ္သလို လိုအပ္တဲ့လမ္းၫႊြန္မႈခံယူဖို႔အတြက္လည္း တိုင္းအစိုးရအဖြဲ႕ကို တင္ျပသြားမယ္လို႔
ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္၊ ထုံးဘိုေက်း႐ြာအုပ္စု၊ ထုံးကုန္းေက်း႐ြာမွာ အိမ္ေျခ ၃၀၀ နီးပါးရွိတယ္လို႔ ေဒသခံေတြေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW