ကိုဗစ်ကာလမှာ သတင်းထောက် ၂၀၀ ကျော် အလုပ်ရပ်နားခံရပြီး လစာဖြတ်ခံရသူနဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့

ကိုဗစ်ကာလမှာ သတင်းထောက် ၂၀၀ ကျော် အလုပ်ရပ်နားခံရပြီး လစာဖြတ်ခံရသူနဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့

ရန်ကုန် ၊သြဂုတ် ၂၃-၂၀၂၀
သိင်္ဂီ (VOM)

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ဖြစ်ပွားနေတဲ့ကာလမှာ သတင်းထောက် (၂၀၀) ကျော် အလုပ်ရပ်နားခံခဲ့ရပြီး လစာဖြတ်ခံရသူ နဲ့ ဆိုင်းငံံ့ခံရသူ ၈၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ သတင်းထောက်ပေါင်း ၆၀၀ လောက်ရှိနေပြီး အဲ့ဒီထဲကနေ ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်အကိုင်ရပ်ဆိုင်းခံလိုက်ရတဲ့ သတင်းထောက်ပေါင်း ၂၁၇ ဦး ၊ လစာဖြတ်ခံရသူပေါင်း ၆၇ ဦး ၊ ဆိုင်းငံခံလိုက်ရသူပေါင်း ၁၆ ဦး ရှိခဲ့တဲ့အတွက် သတင်းထောက် ၅၀ ရာခိုင်နူန်းခန့် အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့တယ်လို့ ဒေတာပြုစုနေသူ Myanmar free press က ကိုဂျေပိုင်ကပြောပါတယ်။

“တစ်နိုင်ငံလုံးစာရင်းပါ။ ကျန်တာတွေလည်းရှိသေးတယ်။ တနိုင်ငံလုံးမရတဲ့တိုက်တွေလည်းရှိတယ်။ အထူးသဖြင့် ဌာနကြီးတချို့က မပူးပေါင်းတဲ့အတွက် ဒေတာက မစုံလင်ပေမယ့် အလုပ်ပြုတ်တဲ့ရာခိုင်နှုန်းကတော့ စုံပါတယ်။ အလုပ်ခက်ခဲသွားတဲ့ ဒေတာက စုံပါတယ်။ အားလုံးပူးပေါင်းရင်တော့စုံမှာပါ။ အလုပ်အခက်အခဲနယ်က လက်လှမ်းမမီတာတွေရှိတယ်။”လို့ ကိုဂျေပိုင်ကပြောပါတယ်။

အခုထက်ပိုပြီး တိကျသေချာတဲ့ ဒေတာတွေရရှိဖို့အတွက် နောက် ၆ လအတွင်းမှာ အချက်အလက်အကြမ်းရရှိဖို့အတွက် ကောက်ခံဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလမှာ အလုပ်ကနေရပ်နားခံလိုက်ရတဲ့ သတင်းထောက်အများစုဟာ ရန်ကုန်အခြေစိုက်သတင်းထောက်တွေဖြစ်ပြီး ရန်ကုန်မှာ ဝန်ထမ်းအများဆုံးရပ်နားခဲ့တဲ့ သတင်းဌာနတွေကတော့ မြန်မာတိုင်းမ်သတင်းဌာနနဲ့ အကုန်သိသတင်းဌာနတို့ဖြစ်ပါတယ်။

” ရပ်နားခံရတဲ့သတင်းထောက်တွေကို ထိုက်သင့်တဲ့ လစာပေးတယ်။ ဒါပေမယ့် သတင်းထောက်ဘက်ကတော့ ခုထိအလုပ်သစ်ပြန်ရှာမရဘူး။ ပုံမှန်ဝင်ငွေမရှိတော့ဘူး။ အလွတ်တန်းသတင်းထောက်လုပ်ဖို့ကျလည်း တိုက်တွေချိတ်ဆက်နေပေမယ့် သိပ်အဆင်မပြေဘူး”လို့ အလုပ်ရပ်နားခံထားရတဲ့ သတင်းထောက်တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားတဲ့ မတ်လကစပြီး အလုပ်ရပ်နားခံရခြင်း၊ လုပ်ငန်းများရပ်နားခြင်း ၊လစာလျှော့ချခံရခြင်း နဲ့ သတင်းပေးပို့မှုရပ်နားခံရတဲ့ အလွတ်တန်းသတင်းထောက်တွေကို စာရင်းကောက်ယူပြီး ထောက်ပံ့တွေပြုလုပ်နေရာ မတ်လကနေ ဇူလိုင်လအထိစာရင်းအရ ၂၀၇ ဦးကို ဆန် ၊ ဆီ ၊ ဆား ၊ ပဲ စတဲ့အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့တယ်လို့် သိရပါတယ်။

“ လက်ရှိမှာထောက်ပံ့ထားတာ ၂၀၇ ဦးရှိထားတယ်။ မေ၊ ဇွန် ၊ ဇူလိုင်လဆန်းလောက်အထိပေါ့။ အဲ့ဒီနောက်ပိုင်းတော့ လျှောက်လွှာထပ်ရောက်လာတာ မရှိသေးဘူး။ ခုချိန်ထိလည်း လျှောက်လို့ရပါတယ်။ ဆရာတို့ကြေငြာထားတဲ့အတိုင်း မတ်လ နောက်ပိုင်းဆိုရင် အကုန်အကျုံးဝင်ပါတယ်။”လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်ကပြောပါတယ်။

ဒါ့ပြင် ကိုဗစ်ကာလ သတင်းလုပ်ငန်းဆောင်ရွက်ရင်း ကွာရန်တင်းဝင်ရောက်ခဲ့ရတဲ့ သတင်းထောက်တွေကိုလည်း စာရင်းကောက်ယူပြီး ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

အခုလို ငွေကြေး၊ဆန်၊ ဆီ အခြေခံစားသောက်ကုန်ထောက်ပံ့တာနဲ့ ပတ်သက်ပြီး ဇူလိုင်လ နောက်ပိုင်းကစလို့ ခုချိန်ထိ လျှောက်လွှာတွေ ထပ်မံလက်ခံရရှိတာ မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် သတင်းထောက်တွေအနေ နဲ့ မြန်မာသတင်းမီဒီယာကောင်စီကနေ ကြေငြာထားတဲ့အတိုင်း မတ်လကစပြီး အလုပ်ကနေ ရပ်နားခံရခြင်း ၊ လစာလျှော့ခံရခြင်း ၊ ကိုဗစ်ကာ လ သတင်းပို့ခွင့်ရပ်နားခြင်းခံရတဲ့ အလွတ်တန်းသတင်းထောက်တွေဟာ အခြေခံစားသောက်ကုန် ထောက်ပံ့မှုကို လျှောက်ထားနိုင်တယ်လို့ ဦးမြင့်ကျော်ကပြောပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္ကာလမွာ သတင္းေထာက္ ၂၀၀ ေက်ာ္ အလုပ္ရပ္နားခံရၿပီး လစာျဖတ္ခံရသူနဲ႔ ဆိုင္းငံံ့ခံရသူ ၈၀ ေက်ာ္႐ွိခဲ့

ရန္ကုန္ ၊ႀသဂုတ္ ၂၃-၂၀၂၀
သိဂႌ (VOM)

ကမ႓ာ့ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္ျဖစ္ပြားေနတဲ့ကာလမွာ သတင္းေထာက္ (၂၀၀) ေက်ာ္ အလုပ္ရပ္နားခံခဲ့ရၿပီး လစာျဖတ္ခံရသူ နဲ႔ ဆိုင္းငံံ့ခံရသူ ၈၀ ေက်ာ္႐ွိခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံမွာ သတင္း​ေထာက္ေပါင္း ၆၀၀ ေလာက္႐ွိေနၿပီး အဲ့ဒီထဲကေန ကုိဗစ္ကပ္ေရာဂါကာလမွာ အလုပ္အကုိင္ရပ္ဆုိင္းခံလိုက္ရတဲ့ သတင္းေထာက္ေပါင္း ၂၁၇ ဦး ၊ လစာျဖတ္ခံရသူေပါင္း ၆၇ ဦး ၊ ဆုိင္းငံခံလုိက္ရသူေပါင္း ၁၆ ဦး ႐ွိခဲ့တဲ့အတြက္ သတင္းေထာက္ ၅၀ ရာခိုင္ႏူန္းခန္႔ အလုပ္အကိုင္အခက္အခဲျဖစ္ခဲ့တယ္လို႔ ေဒတာျပဳစုေနသူ Myanmar free press က ကိုေဂ်ပိုင္ကေျပာပါတယ္။

“တစ္ႏုိင္ငံလုံးစာရင္းပါ။ က်န္တာေတြလည္းရွိေသးတယ္။ တႏုိင္ငံလုံးမရတဲ့တုိက္ေတြလည္းရွိတယ္။ အထူးသျဖင့္ ဌာနႀကီးတခ်ိဳ႕က မပူးေပါင္းတဲ့အတြက္ ေဒတာက မစုံလင္ေပမယ့္ အလုပ္ျပဳတ္တဲ့ရာခုိင္ႏႈန္းကေတာ့ စုံပါတယ္။ အလုပ္ခက္ခဲသြားတဲ့ ေဒတာက စုံပါတယ္။ အားလုံးပူးေပါင္းရင္ေတာ့စုံမွာပါ။ အလုပ္အခက္အခဲနယ္က လက္လွမ္းမမီတာေတြရွိတယ္။”လို႔ ကိုေဂ်ပိုင္ကေျပာပါတယ္။

အခုထက္ပုိျပီး တိက်ေသခ်ာတဲ့ ေဒတာေတြရရွိဖို့အတြက္ ေနာက္ ၆ လအတြင္းမွာ အခ်က္အလက္အႀကမ္းရရွိဖို႔အတြက္ ေကာက္ခံဖို့ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ကိုဗစ္ကာလမွာ အလုပ္ကေနရပ္နားခံလိုက္ရတဲ့ သတင္းေထာက္အမ်ားစုဟာ ရန္ကုန္အေျခစိုက္သတင္းေထာက္ေတြျဖစ္ၿပီး ရန္ကုန္မွာ ဝန္ထမ္းအမ်ားဆုံးရပ္နားခဲ့တဲ့ သတင္းဌာနေတြကေတာ့ ျမန္မာတိုင္းမ္သတင္းဌာနနဲ႔ အကုန္သိသတင္းဌာနတို ႔ျဖစ္ပါတယ္။

” ရပ္နားခံရတဲ့သတင္းေထာက္ေတြကို ထိုက္သင့္တဲ့ လစာေပးတယ္။ ဒါေပမယ့္ သတင္းေထာက္ဘက္ကေတာ့ ခုထိအလုပ္သစ္ျပန္႐ွာမရဘူး။ ပုံမွန္ဝင္ေငြမ႐ွိေတာ့ဘူး။ အလြတ္တန္းသတင္းေထာက္လုပ္ဖို႔က်လည္း တိုက္ေတြခ်ိတ္ဆက္ေနေပမယ့္ သိပ္အဆင္မေျပဘူး”လို႔ အလုပ္ရပ္နားခံထားရတဲ့ သတင္းေထာက္တစ္ဦးကေျပာပါတယ္။

ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကေတာ့ ျမန္မာႏုိင္ငံမွာ ကိုဗစ္စတင္ျဖစ္ပြားတဲ့ မတ္လကစၿပီး အလုပ္ရပ္နားခံရျခင္း၊ လုပ္ငန္းမ်ားရပ္နားျခင္း ၊လစာေလွ်ာ့ခ်ခံရျခင္း နဲ့ သတင္းေပးပို႔မႈရပ္နားခံရတဲ့ အလြတ္တန္းသတင္းေထာက္ေတြကုိ စာရင္းေကာက္ယူၿပီး ေထာက္ပံ့ေတြျပဳလုပ္ေနရာ မတ္လကေန ဇူလိုင္လအထိစာရင္းအရ ၂၀၇ ဦးကို ဆန္ ၊ ဆီ ၊ ဆား ၊ ပဲ စတဲ့အေျခခံစားေသာက္ကုန္ေတြ ေထာက္ပံ့ေပးခဲ့တယ္လို္႔ သိရပါတယ္။

“ လက္ရွိမွာေထာက္ပံ့ထားတာ ၂၀၇ ဦးရွိထားတယ္။ ေမ၊ ဇြန္ ၊ ဇူလုိင္လဆန္းေလာက္အထိေပါ့။ အဲ့ဒီေနာက္ပုိင္းေတာ့ ေလွ်ာက္လႊာထပ္ေရာက္လာတာ မရွိေသးဘူး။ ခုခ်ိန္ထိလည္း ေလွ်ာက္လို႔ရပါတယ္။ ဆရာတုိ႔ေႀကၿငာထားတဲ့အတုိင္း မတ္လ ေနာက္ပုိင္းဆိုရင္ အကုန္အက်ဳံး၀င္ပါတယ္။”လို႔ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီမွ တြဲဖက္အတြင္းေရးမွဴး ဦးျမင့္ေက်ာ္ကေျပာပါတယ္။

ဒါ့ျပင္ ကုိဗစ္ကာလ သတင္းလုပ္ငန္းေဆာင္ရြက္ရင္း ကြာရန္တင္း၀င္ေရာက္ခဲ့ရတဲ့ သတင္းေထာက္ေတြကုိလည္း စာရင္းေကာက္ယူၿပီး ေငြေၾကးေထာက္ပံ့ခဲ့တာျဖစ္ပါတယ္။

အခုလို ေငြေၾကး၊ဆန္၊ ဆီ အေျခခံစားေသာက္ကုန္ေထာက္ပံ့တာနဲ႔ ပတ္သက္ၿပီး ဇူလုိင္လ ေနာက္ပုိင္းကစလို႔ ခုခ်ိန္ထိ ေလွ်ာက္လႊာေတြ ထပ္မံလက္ခံရရွိတာ မရွိဘူးလို႔ သိရပါတယ္။

ဒါေျကာင့္ သတင္းေထာက္ေတြအေန နဲ႔ ျမန္မာသတင္းမီဒီယာေကာင္စီကေန ​ေျကၿငာထားတဲ့အတိုင္း မတ္လကစၿပီး အလုပ္ကေန ရပ္နားခံရျခင္း ၊ လစာေလွ်ာ့ခံရျခင္း ၊ ကိုဗစ္ကာ လ သတင္းပုိ႔ခြင့္ရပ္နားျခင္းခံရတဲ့ အလြတ္တန္းသတင္းေထာက္ေတြဟာ အေျခခံစားေသာက္ကုန္ ေထာက္ပံ့မႈကို ေလွ်ာက္ထားနုိင္တယ္လို႔ ဦးျမင့္ေက်ာ္ကေျပာပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW