ကျပ်သိန်း ၁ဝဝဝ အောက် စည်းကြပ်မှုလွတ်နေတဲ့ ဝင်ငွေခွန်ကို ၆ ရာခိုင်နူန်း တိုးမြှင့်ကောက်ခံမယ်

ကျပ်သိန်း ၁ဝဝဝ အောက် စည်းကြပ်မှုလွတ်နေတဲ့ ဝင်ငွေခွန်ကို ၆ ရာခိုင်နူန်း တိုးမြှင့်ကောက်ခံမယ် နေပြည်တော်၊ဩဂုတ်၂၉-၂၀၂၀ ကောင်းလက်ျာ(VOM) ကျပ်သိန်း ၁၀၀၀ အောက် စည်းကြပ်မှုကင်းလွတ်နေတဲ့ ဝင်ငွေခွန်တွေကို ၆ ရာခိုင်းနူန်း တိုးမြှင့်ကောက်ခံသွားမယ့်အပြင် ကျပ်သိန်းတစ်ထောင်နဲ့အထက်ကိုတော့ ၁၀ ရာခိုင်နူန်းကနေ ၃၀ ရာခိုင်နူန်းထိပြင်ဆင် တိုးမြင့်ကောက်ခံသွားမယ်လို့ဩဂုတ် ၂၈ ရက်ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ” ပြင်ဆင်‌ချက်အဆိုကို တင်တဲ့သူက တင်ထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ‌ဆွေးနွေးသဘောတူညီချက်တွေရပြီးမှ အတည်ပြုလိုက်တဲ့ သဘောပါ။ အခွန်နဲ့ပတ်သက်လို့ ဆေးလိပ်လို ကန့်သတ်ကုန်စည်တွေဆိုလည်း ပြားစွန်းလောက်တိုးတယ်။ စည်းကြပ်မှုလွတ်နေတဲ့အခွန်ကတော့ နှစ်ဆနီးပါး တိုးတာပေါ့” လို့ အစိုးရမဟုတ်သောပြည်တွင်းပြည်ပအဖွဲ့စည်းများဆိုင်ရာကော်မတီဥက္ကဌ၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ပြောပါတယ်။ ၂၀၁၉ခုနှစ် ထုတ်ပြန်ထားတဲ့ အခွန်အကောက်ဥပဒေမှာတော့ စည်းကြပ်မှုလွတ်ကင်းနေတဲ့ ဝင်ငွေများ၊ ဝင်ငွေရေရပေါက်ရလမ်းမဖော်ပြနိုင်သော ဝင်ငွေများအ‌ပေါ်တွင်လည်းကောင်း၊ အခွန်ကောက်ခံရာမှာ ကျပ်သိန်းတစ်ထောင်အောက် ၃ ရာခိုင်နှုန်း…

Read More

ဟုမ္မလင်းမြို့နယ်ရှိ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေတူးဖော်ရေးစွန့်ပစ်မျောမှီးများဝင်ရောက်မှုကြောင့် ဒေသခံများအခက်ကြုံနေရ

ဟုမ္မလင်းမြို့နယ်ရှိ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေတူးဖော်ရေးစွန့်ပစ်မျောမှီးများဝင်ရောက်မှုကြောင့် ဒေသခံများအခက်ကြုံနေရ မုံရွာ၊ သြဂုတ် ၂၉-၂၀၂၀ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်၊ အောက်တောင်ပေါ်ကျေးရွာမှာ ရွှေမျောလုပ်ငန်းတွေက မျောမှီးနွံရေတွေဟာ ကျေးရွာအတွင်းဝင်ရောက်တာတွေရှိနေတဲ့အတွက် ဒေသခံတွေမှာ စိုက်ခင်းမြေတွေပျက်စီးတဲ့အပြင် သွားလာရခက်ခဲနေတယ်လို့ အောက်တောင်ပေါ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကပြောပါတယ်။ အဲ့ဒီ မျောမှီးနွံရေတွေဟာ ကျေးရွာထဲက လူနေအိမ်တွေအပြင် ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနဲ့ လယ်ယာစိုက်ခင်းမြေတွေထဲ ဝင်ရောက်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ” အခုထိ အိမ်တွေမှာ ဒါတွေဝင်တော့ ဘယ်လိုသွားလို့ သွားရမှန်းကို မသိတော့ဘူး။ အိမ်ခြေ ၄၀ လောက် အခြေအနေဆိုးတယ်၊ စိုက်ခင်းတွေထဲလည်းဝင်တယ် ၊ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းပါ ဝင်တယ်။ အပင်တွေဆိုရင် နွံဖုံးလို့ သေကုန်ပြီ။ ကျန်းမာရေးအရဆိုရင်လည်း ဒီမျောနွံရေတွေကြောင့် စိုးရိမ်ရတယ်။ အရင်ကလည်း ဒီလိုဖြစ်ခဲ့လို့ ခံဝန်လက်မှတ် သုံးကြိမ်ထိုးခိုင်းပြီးပြီ ၊ ဒါ…

Read More

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည်

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည်

ရွှေဘိုကမ္ဘောဇဘဏ်ခွဲ မန်နေဂျာက လုပ်ငန်းရှင်တစ်ဦးဆီကနေ သိန်းတစ်ထောင်ကျော် လိမ်လည် မန္တလေး ၊ သြဂုတ်- ၂၉ -၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် (၆) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁)က မန်နေဂျာဟာ ပဲပွဲရုံလုပ်ငန်းရှင် ဦးစိုးတင့် ဆီကနေ စိုက်စပ်လို့ခေါ်တဲ့ ချေးငွေလုပ်ငန်းလုပ်ဖို့ပြောပြီး ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်ခဲ့တယ်လို့ မန္တလေးမြို့က မီဒီယာစင်တာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အလိမ်ခံရသူ ဦးစိုးတင့်က ပြောခဲ့ပါတယ်။ ပဲလုပ်ငန်းလုပ်ကိုင်ဖို့ ငွေလိုအပ်နေတဲ့အတွက် ဦးစိုးတင့်ဟာ အမှတ် (၆) ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ် ဘဏ်ခွဲ (၁)မှာ အိမ်ကိုပေါင်နှံပြီး သိန်း ၁၅၀၀ ချေးခဲ့တာဖြစ်ပြီး ၁၁၈၆ သိန်းကို ၂၀၁၉ ခုနှစ်အတွက် ဘဏ်ကို အကျေအလည်ဆပ်ဖို့ ပြန်သွင်းထားတဲ့အချိန်မှာ ဘဏ်မန်နေဂျာ ဒေါ်ခင်အေးမြင့်က ငွေကိုဒီအတိုင်းထားရင် အကျိုးမရှိဘူး ငွေတွေလည်းနစ်နာတယ်၊ ဒီအတိုင်းမထားပါနဲ့…

Read More

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ပထမအကြိမ်မြေရောင်းချမှု ငွေကျပ် သန်း ၅၀၀၀ ကျော်သာ ရရှိထား

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ပထမအကြိမ်မြေရောင်းချမှု ငွေကျပ် သန်း ၅၀၀၀ ကျော်သာ ရရှိထား ရန်ုကုန် ၊ သြဂုတ် ၂၉-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ ပထမအကြိမ် ရောင်းချပေးခဲ့တဲ့ မြေကွက်တန်ဖိုး ကျပ်သန်းပေါင်း ၁၇၃၀၅ သန်းကျော်ဖို့ရှိခဲ့ပေမယ့် အမှန်တကယ် ရောင်းရပြီး ငွေလက်ခံရရှိတာက ကျပ်သန်း ၅၀၀၀ ကျော်သာရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေတွေကို ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ထုတ်ရောင်းပေးမှုအတွက် မြေကွက် ၁၉၇ ကွက်(တန်ဖိုး ငွေကျပ် သန်း ၁၇၀၀၀ကျော်) ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူခွင့်ရရှိသူတွေဟာ မြေကွက် ၆၉ ကွက်တန်ဖိုး ကျပ် သန်းပေါင်း ၅ထောင်ကျော်ကိုသာ လာရောက်ပေးသွင်းခဲ့တာကြောင့် ရောင်းချရတဲ့မြေကွက်ရဲ့ သုံးပုံ တစ်ပုံနီးပါးသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ” ငွေပေးသွင်းခြင်းမရှိတဲ့ ကျန်မြေကွက်တွေကို နောက်ဆုံးထားပေးသွင်းရမယ့်ရက်လည်း သတ်မှတ်ပေးခဲ့ပေမယ့် လာမသွင်းခဲ့ဘူး။ဒါကြောင့်…

Read More

ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်းရုတ်သိမ်း

ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်းရုတ်သိမ်း ပုဏ္ဏားကျွန်း၊ ဩဂုတ် ၂၉- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်က ရဲကင်းစခန်းတစ်ခုဖြစ်တဲ့ ယိုးတရုတ်ကျေးရွာရဲကင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က စခန်းကနေထွက်ခွာသွားတယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဆီကနေသိရပါတယ်။ ယိုတရုတ်ရဲကင်းစခန်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းက နေရာ (၂)ခုမှာ စခန်းချနေထိုင်ကြတာဖြစ်ပြီး ယိုးတရုတ်ကနေ ကျောက်တော်မြို့ဖက် အထွက်လမ်းမှာရှိတဲ့ ပေါ်တော်မူဘုရားမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်ပိုင်းက မမြင်တွေ့ရတော့ဘဲ ရွာကနေထွက်ခွာသွားကြတာဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ ယိုးတရုတ်ရဲကင်းစခန်းမှာရှိတဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေထွက်ခွာသွားတဲ့ အကြောင်းအရင်းကို မသိရှိကြောင်းနဲ့ ဒေသခံပြည်သူတွေကြားမှာပြောနေတာကတော့ ရန်ကုန်- စစ်တွေကားလမ်း၊ ကန်စောက်တောင်အနီးရှိ တပ်မတော် (၅၃၉)တပ်ရင်းကို သွားတာဖြစ်ဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းပြောပြတာက” ထွက်သွားကြတာတော့ ဟုတ်ပါတယ်။ ရဲစခန်းမှာတော့ ရဲကလူတွေမရှိတော့ဘူး။ ဘယ်အချိန်လောက်က ထွက်သွားကြလည်းဆိုတာတော့မသိဘူး။…

Read More
VOM News

FREE
VIEW