အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်နေ့တည်း ကမ္ဘာ့စံချိန်တင်

အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်နေ့တည်း ကမ္ဘာ့စံချိန်တင်

ဒေလီ၊ သြဂုတ်-၃၀-၂၀၂၀
မျိုးဆက် (VOM)

ကိုဗစ်-၁၉ ရောဂါကူးစက်ပံျံ့နှံ့မှုရဲ့ ဗဟိုချက်ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ တစ်နေ့တည်းစံချိန်တင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက သြဂုတ် ၃၀ ရက်မှာပြောပါတယ်။

ကူးစက်ခံရသူအရေအတွက်ဟာ တစ်နေ့တည်း ၇၈၇၆၁ ဦးရှိပြီး ဇူလိုင် ၁၆ ရက်က အမေရိကန်မှာ စံချိန်တင်ခဲ့တဲ့ တစ်နေ့တည်းကူးစက်ခံရသူ ၇၇၂၉၉ ဦးထက်ကို ကျော်လွန်သွားတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဟာ ၃ ဒသမ ၅၄ သန်းရှိနေပြီး အမေရိကန်၊ ဘရာဇီးနိုင်ငံတို့ပြီးရင် ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃ အဖြစ် ရပ်တည်နေပါတယ်။

ဒါပေမယ့် နေ့စဉ်ကူးစက်မှုနှုန်းမှာတော့ အဲဒီနှစ်နိုင်ငံထက် အိန္ဒိယနိုင်ငံက သာလွန်နေပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဟာ ၆၃၄၉၈ ဦးရှိနေပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရောဂါကူးစက်မှုတွေ မြင့်တက်နေပေမယ့် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုကို လျှော့ချဖို့အတွက် ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်ရန် ဝန်ကြီးချုပ်မိုဒီက တွန်းအားပေးဆောင်ရွက်နေပါတယ်။

ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် မတ်လအတွင်းမှာ အိန္ဒိယနိုင်ငံတစ်ဝန်း လော့ခ်ဒေါင်းအစီအမံတွေချမှတ်ခဲ့တာကြောင့် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်ပွားခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေလည်း များစွာထိခိုက်ခဲ့ရပါတယ်။

Ref : Reuters
Photo : Getty Images
#voiceofmyanmar #VOM #ဒေလီ

Zawgyi

အိႏၵိယမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူ တစ္ေန႔တည္း ကမၻာ႔စံခ်ိန္တင္

ေဒလီ၊ ၾသဂုတ္-၃၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုဗစ္-၁၉ ေရာဂါကူးစက္ပံ်ံ႕နွံ႕မႈရဲ႕ ဗဟိုခ်က္ျဖစ္လာတဲ႔ အိႏိၵယနုိင္ငံမွာ ေရာဂါကူးစက္ခံရသူအေရအတြက္ဟာ တစ္ေန႔တည္းစံခ်ိန္တင္ခဲ႔တယ္လို႔ အိႏိၵယနုိင္ငံက ၾသဂုတ္ ၃၀ ရက္မွာေျပာပါတယ္။

ကူးစက္ခံရသူအေရအတြက္ဟာ တစ္ေန႔တည္း ၇၈၇၆၁ ဦးရိွျပီး ဇူလိုင္ ၁၆ ရက္က အေမရိကန္မွာ စံခ်ိ္န္တင္ခဲ႔တဲ႔ တစ္ေန႔တည္းကူးစက္ခံရသူ ၇၇၂၉၉ ဦးထက္ကို ေက်ာ္လြန္သြားတာျဖစ္ပါတယ္။

ကမၻာေပၚမွာ ဒုတိယလူဦးေရအမ်ားဆံုးျဖစ္တဲ႔ အိႏိၵယနုိင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ခံရသူဟာ ၃ ဒသမ ၅၄ သန္းရိွေနျပီး အေမရိကန္၊ ဘရာဇီးနိုု္င္ငံတို႔ျပီးရင္ ကူးစက္မႈအျမင္႔ဆံုးနိုင္ငံေတြထဲမွာ အဆင္႔ ၃ အျဖစ္ ရပ္တည္ေနပါတယ္။

ဒါေပမယ္႔ ေန႔စဥ္ကူးစက္မႈနႈန္းမွာေတာ႔ အဲဒီနွစ္နုိင္ငံထက္ အိႏိၵယနုိင္ငံက သာလြန္ေနပါတယ္။

လက္ရိွအခ်ိန္ထိ နိုင္ငံတစ္၀န္းမွာ ကိုဗစ္-၁၉ ေၾကာင္႔ ေသဆံုးသူဟာ ၆၃၄၉၈ ဦးရိွေနျပီလို႔ အိႏၵိယက်န္းမာေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။

ေရာဂါကူးစက္မႈေတြ ျမင္႔တက္ေနေပမယ္႔ ကပ္ေရာဂါေၾကာင္႔ စီးပြားေရးထိခိုက္မႈကို ေလွ်ာ႔ခ်ဖို႔အတြက္ ပံုမွန္အေျခအေနအတိုင္း ျပန္ျဖစ္ရန္ ၀န္ၾကီးခ်ဳပ္မိုဒီက တြန္းအားေပးေဆာင္ရြက္ေနပါတယ္။

ကပ္ေရာဂါ စတင္ျဖစ္ပြားျပီးေနာက္ မတ္လအတြင္းမွာ အိႏိၵယနိုင္ငံတစ္၀န္း ေလာ႔ခ္ေဒါင္းအစီအမံေတြခ်မွတ္ခဲ႔တာေၾကာင္႔ လူသန္းေပါင္းမ်ားစြာ အလုပ္လက္မဲ႔ျဖစ္ပြားခဲ႔ျပီး စီးပြားေရးလုပ္ငန္းေတြလည္း မ်ားစြာထိခိုက္ခဲ႔ရပါတယ္။

Ref : Reuters
Photo : Getty Images
#voiceofmyanmar #VOM #ေဒလီ

Related posts

Leave a Comment

VOM News

FREE
VIEW