ဘရာဇီးကနေ တရုတ်ကိုပို့တဲ့ အေးခဲကြက်တောင်ပံတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ ပေကျင်း၊ သြဂုတ်-၁၃-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံတောင်ပိုင်း၊ ရှန်ကျန်းမြို့မှာ ဘရာဇီးနိုင်ငံကနေ တရုတ်နိုင်ငံကို တင်သွင်းတဲ့ အေးခဲကြက်တောင်ပံနမူနာတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရှန်ကျန်းမြို့တာဝန်ရှိသူတွေက သြဂုတ် ၁၃ ရက်မှာ ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိတဲ့ အဲ့ဒီအေးခဲကြက်သားတွေနဲ့ ထိတွေ့ခဲ့တဲ့သူအားလုံးကို ရှန်ကျန်းအာဏာပိုင်တွေက ခြေရာခံ စမ်းသပ်စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်မှုမရှိဘူးလို့ဆိုပါတယ်။ တရုတ်နိုင်ငံကို အီကွေဒေါနိုင်ငံကနေ တင်သွင်းတဲ့ အေးခဲပုဇွန်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ရှန်မန်၊ ဒါလီယန်ဆိပ်ကမ်းမြို့တွေအပါဝင် အခြားတရုတ်မြို့ကြီးတွေမှာလည်း ဇူလိုင်လအတွင်းက ဒီလိုဖြစ်စဉ်တွေကြောင့် အီကွေဒေါနိုင်ငံကနေ ပုဇွန်တင်သွင်းမှုတွေကို တရုတ်အစိုးရက ချက်ချင်းရပ်တန့်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ဝူဟန်မြိုကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံအတွင်းမှာ ဇွန်လအတွင်းက ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် အဓိကဆိပ်ကမ်းတွေမှာရှိတဲ့ အသားနဲ့ ပင်လယ်စာတင်သွင်းမှုတွေကို တရုတ်အစိုးရက တင်းတင်းကြပ်ကြပ်…
Read MoreMonth: August 2020
Covid19 ရောဂါကုသပျောက်ကင်းတာ ၆လကျော်ကြာရှိတဲ့အမျိုးသမီးမှာ ရောဂါပိုး ပြန်တွေ့
Covid19 ရောဂါကုသပျောက်ကင်းတာ ၆လကျော်ကြာရှိတဲ့အမျိုးသမီးမှာ ရောဂါပိုး ပြန်တွေ့ ဂျင်ဂျုံ ၊ ဩဂုတ် -၁၃-၂၀၂၀ လဲ့လဲ့ဝင်း (VOM) ဩဂုတ်၉ရက်နေ့က ဟူးပိန့်ပြည်နယ် ၊ ဂျင်ဂျုံမြို့က အသက် ၆၈နှစ် အရွယ်အမျိုးသမီးတစ်ယောက်ဟာ ဂျင်ဂျုံမြို့က ဆေးရုံမှာ နေမကောင်းလို့ ဆေးကုသမှုခံရင်း စစ်ဆေးကြည့်တဲ့အခါမှာ Covid19 ရောဂါပိုး ပြန်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအမျိုးသမီးဟာ ဖေဖေါ်ဝါရီ ၈ ရက်နေ့က Covid19ရောဂါကုသပျောက်ကင်းခဲ့သူဖြစ်ပြီး ခုလို ၆လကျော်ကြာမှ Covid19ရောဂါပိုး ပြန်လည်တွေ့ရှိတာကြောင့် ဆရာဝန်တွေအံ့ဩစေရပါတယ်။ ဒါ့ကြောင့် အဲဒီအမျိုးသမီးနဲ့ ထိတွေ့သူတွေကို စစ်ဆေးတဲ့အခါမှာတော့ ရောဂါကူးစက်ခံရတာမရှိဘူးလို့ ဒေသတွင်းသတင်းတွေက ရေးသားကြပါတယ်။ ဒါပေမယ့် ရောဂါထပ်မံကူးဆက်မပြန့်ပွားစေဖို့ ဝေဒနာရှင်အမျိုးသမီးနေတဲ့အိမ်နဲ့ ပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖြန်းတာ အသွားအလာကန့်သတ်တာတွေလုပ်ပြီး ထိန်းချုပ်ထားနိုင်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။ ဩဂုတ်လ ၁၂ရက် ညပိုင်းအချိန်ထိ တရုတ်နိုင်ငံက ပြည်နယ် ၃၁ ခုမှာ ကူးစက်ခံရသူစုစုပေါင်း…
Read Moreကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပေါ် စိုးရိမ်ပူပန်မှု အခြေအမြစ်မရှိဘူးလို့ ရုရှားတုံ့ပြန်
ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပေါ် စိုးရိမ်ပူပန်မှု အခြေအမြစ်မရှိဘူးလို့ ရုရှားတုံ့ပြန် မော်စကို၊ သြဂုတ်-၁၃-၂၀၂၀ မျိုးဆက် (VOM) ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှုအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ ရုရှားနိုင်ငံက ပယ်ချလိုက်ပါတယ်။ အဲဒီဆေးကို လူသားတွေနဲ့ စမ်းသပ်ပြီး နှစ်လအကြာမှာ စည်းမျဉ်းဆိုင်ရာတွေကို ခွင့်ပြုပေးခဲ့တယ်လို့ ရုရှားနိုင်ငံက သြဂုတ် ၁၁ ရက်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားနိုင်ငံက ကာကွယ်ဆေးကိုအလျှင်အမြန်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ စိုးရိမ်ပူပြန်မှုတွေ အလျှင်အမြန်မြင့်တက်နေပြီး ကာကွယ်ဆေးအပေါ် သံသယရှိတယ်လို့ ထုတ်ဖော်ပြောဆိုတဲ့ နိုင်ငံတွေလည်း တိုးပွားလာနေပါတယ်။ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အမေရိကန်တို့မှသိပ္ပံပညာရှင်တွေကလည်း ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သတိထားကြဖို့ တိုက်တွန်းထားပါတယ်။ ရုရှားကျန်းမာရေးဝန်ကြီး မီခေးမာရာရှာကိုကတော့ အခြားနိုင်ငံတွေဟာ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးရဲ့ တိကျတဲ့ယှဉ်ပြိုင်မှုအားသာချက်တွေကို သိရှိနေပြီး လုံးဝအခြေအမြစ်မရှိတဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့…
Read Moreမြန်မာ အိန္ဒိယနယ်စပ်ကနေ ခိုးဝင်လာတဲ့ ကသည်းလူမျိုး ၅ ဦးကို မုံရွာ-ချင်းတွင်းတံတားမှာ ဖမ်းမိ
မြန်မာ အိန္ဒိယနယ်စပ်ကနေ ခိုးဝင်လာတဲ့ ကသည်းလူမျိုး ၅ ဦးကို မုံရွာ-ချင်းတွင်းတံတားမှာ ဖမ်းမိ မုံရွာ သြဂုတ် ၁၃. ၂၀၂၀ ကိုတိုးကြီး (VOM) မြန်မာ-အိန္ဒိယနယ်စပ် ခိုးဝင်ပေါက်ကနေ ခိုးဝင်လာတဲ့ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုး အမျိုးသား လေးယောက်ကို မုံရွာ ချင်းတွင်းတံတား တက်ဂိတ်မှာ တာဝန်ကျနေတဲ့ မုံရွာမူးယစ်တပ်ဖွဲ့စုက ဖမ်းဆီးလိုက်ကြောင်း မုံရွာမြို့မရဲစခန်းကနေ သိရပါတယ်။ ‘” လဝကဦးစီးမှုး ဦးဆန်းမင်အောင်က တရားလိုပြုလုပ် တိုင်တန်းထားပါတယ် ခိုးဝင် ကသည်းလေးယောက်နဲ့ ကားသမားတစ်ယောက်ကိုတော့ မုံရွာပြည်သူ့ဆေးရုံးကြီးက ဂါတ်ဝပ်မှာ ကွာရန်တီး ၂၁ ရက်ဝင်နေပါတယ် “လို့ မုံရွာမြို့မရဲစခန်းမှုး ဒု-ရဲမှူး ဝင်းနိုင်ကပြောပါတယ်။ အထောက်အထားမဲ့ ခိုးဝင်လာတဲ့ အိန္ဒိယနိုင်ငံသား ကသည်းလူမျိုးလေးယောက်ဟာ ကလေးမြို့က ဦးကျော်ထွန်နိုင် မောင်းလာတဲ့ ကားပေါ်ကနေ ဖမ်းဆီးရမိတာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ အိန္ဒိယ နိုင်ငံသား ကသည်းလူမျိုး လေးဦးကတော့…
Read Moreအလုပ်သမား ၆ ယောက် သေဆုံးတဲ့ယာဉ်တိုက်မှုမှာ ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို ပုဒ်မငါးခုနဲ့အရေးယူ
အလုပ်သမား ၆ ယောက် သေဆုံးတဲ့ယာဉ်တိုက်မှုမှာ ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို ပုဒ်မငါးခုနဲ့အရေးယူ ရန်ကုန်၊ သြဂုတ် ၁၃-၂၀၂၀ အေးချမ်းသူ(VOM) ရွှေပြည်သာမြို့နယ်၊ ရေစင်မှတ်တိုင်အနီးမှာဖြစ်ပွားခဲ့တဲ့ စက်ရုံကြိုပို့ယာဉ်နှစ်စီးတိုက်မှုမှာ ထွက်ပြေးနေတဲ့ power fashion အထည်ချုပ်စက်ရုံက ယာဉ်မောင်းဖြစ်သူကို ပုဒ်မငါးခုနဲ့ အမှုဖွင့်ထားတယ်လို့ ရွှေပြည်သာမြို့မရဲစခန်းကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ညပိုင်းက ရွှေပြည်သာမြို့နယ်၊ ရေစင်မှတ်တိုင်အနီးမှာ powerfashion အထည်ချုပ်က အလုပ်သမားကြိုပို့ယာဉ်ဟာ ဝါးတစ်ရာစက်မှုဇုန် YFM သိုးမွေးအထည်ချုပ်စက်ရုံက ယာဉ်ကိုတိုက်ခဲ့ရာ အလုပ်သမား ၆ ယောက်သေဆုံးခဲ့ ပြီး ၃၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့က ကိုနိူင်ဌေးလွင် က ပြောပါတယ်။ “အခင်းဖြစ်တဲ့နေ့က ညပိုင်းမှာ ၅ဦးသေတယ်၊ မနက်ပိုင်းရောက်တော့ တစ်ဦးထပ်သေတယ်။ ယာဉ်မောင်းက ထွက်ပြေးနေပါတယ်”လို့ ကိုနိုင်ဌေးလွင်က ပြောပါတယ်။ ဝါးတစ်ရာစက်မှုဇုန် YFM သိုးမွှေးစက်ရုံက အိအိစိုး ၁၅…
Read Moreကျောက်တော်ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူးသေဆုံး
ကျောက်တော်ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီး စခန်းမှူးသေဆုံး ကျောက်တော်၊ ဩဂုတ် ၁၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တာ်မြို့မရဲစခန်းမှာ မနေ့ ညနေ ၇ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး ကျောက်တော်မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦး သေဆုံးသွားခဲ့ပါတယ်။ ကျောက်တော်မြို့မှာ အရင်ကတာဝန်ကျခဲ့ဖူးတဲ့ ရဲအရာရှိတစ်ဦးပြောပြတာက “ စခန်းမှူးကတော့ ကျသွားတာပေါ့။ ထိသွားတာပေါ့။ စခန်းမှူးက မနေ့က ဆုံးသွားတယ်။ ကျနော်တို့လည်း သတင်းကပဲ သိရတယ်။ အဲလောက်ပဲ သိရပါတယ်။ ကျန်တာမသိပါဘူး။” လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို ဆက်သွယ်ခဲ့ ပေမယ့် မရရှိခဲ့ ပါဘူး။ ကျောက်တော်မြို့က ဒေသခံတစ်ဦးကလည်း မနေ့က ကျောက်တော်မြို့မရဲစခန်းဖက်မှာ ပစ်ခတ်သံတွေကြားကြောင်းနဲ့ အရာရှိတစ်ယောက် ပစ်ခတ်ခံရကြောင်း ပြောပါတယ်။ ” အသေးစိတ်ကို ကျနော်တို့လည်း…
Read Moreမသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေအခမဲ့သင်ကြားပေးမယ့် Training Centre ရန်ကုန်မှာဖွင့်
မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေအခမဲ့သင်ကြားပေးမယ့် Training Centre ရန်ကုန်မှာဖွင့် ရန်ကုန်၊ သြဂုတ် ၁၃-၂၀၂၀ ကျော်ကျော်(VOM) မသန်စွမ်းသူတွေအတွက် ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေသင်ကြားပေးမယ့် Golden HopeTraining Centreကို မနေ့ဩဂုတ် ၁၂ ရက်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးတောင်ပိုင်းရပ်ကွက်၊ အောင်သိဒ္ဓိလမ်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Golden HopeTraining Centre ကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ဖွင့်လှစ်တာဖြစ်ပြီး မသန်စွမ်းသူတွေအတွက် သင်တန်းတွေအခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ မုန့်ဖုတ်သင်တန်း၊ ကော်ဖီဖျော်သင်တန်း၊ ကွန်ပျူတာသင်တန်းတွေကို စတင်သင်ကြားပေးဖို့ရည်ရွယ်ထားပြီး မုန့်ဖုတ်သင်တန်းအတွက် သင်တန်းသား ၁၀ ဦးကို တစ်ပတ်ခြောက်ရက်နဲ့ တစ်လတာသင်တန်း စတင်သင်ကြားပေးနေပြီဖြစ်ပါတယ်။ “မသန်စွမ်းတွေက အလုပ်အကိုင်အခွင့်အလမ်းဆုံးရံှူးမှုတွေရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အတတ်ပညာတတ်ဖို့လိုလိမ့်မယ်။ အဲဒါကြောင့် ပထမအသုတ်အဖြစ် သင်တန်းသား သင်တန်းစပေးနေပြီ။ ဒီနှစ်ထဲမှာ ကျွန်တော်တို့ ၆၀ လောက်မွေးထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ အခမဲ့သင်တန်းပေးတာအပြင်…
Read More10天内,从边境偷进来的中国人被抓的一共有65人。
10天内,从边境偷进来的中国人被抓的一共有65人。 木姐/2020年8月12日 Voice of Myanmar (VOM) 根据木姐警察局称,在短短10天内,通过缅中边境非法进入缅甸的中国公民数量已达到69名。 “从上个月七月底以来,每天都有越来越多的外国人通过边境口岸走私。”是/否中国公民;有/没有新型冠状病毒。木姐警察局中相关的警员说:“我们将进行基本调查后采取法律行动。” 警方从木姐城市105码。比道苏路,莫当村庄,南博桥和木姐城市这些地方都抓到了偷渡进来的中国人。 在木姐的研究中-缅事务的大学讲师U Nyein Kyaw说:“在选举前,必须先进行选民登记。这种工作被称为国家注册。 无证件移民很可能是登记公民身份的第一步,特别是在选举前。” 在7月30日至8月10日的10天中,木姐警察局根据《刑法》第367条和《移民法》第13(1)/ 13(5)条逮捕和起诉了69名中国公民。 Translation by:Lei Lei Win
Read Moreမှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုများ မြဝတီ ရွှေဈေးကွက်အတွင်းဝင်ရောက်လာ
မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုများ မြဝတီ ရွှေဈေးကွက်အတွင်းဝင်ရောက်လာ မြဝတီ ၊ သြဂုတ် ၁၂ – ၂၀၂၀ ကိုတိုးကြီး (VOM) ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ မြဝတီမြို့မှာ ဒီရက်ပိုင်းအတွင်း မှတ်ကျောက်တင် စစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုတွေ ဝင်ရောက်လာတာကြောင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှာကို ဒေသခံ ရွှေရတနာလုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။ မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ၊ ဘုရင့်နောင်ဈေးကြီးအနီးမှာရှိတဲ့ ရွှေပြည့်လျှံ ရွှေရတနာ ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်ပြောပြတာက “ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အမျိုးသမီးတစ်ယောက်ဟာ သာမန် မှတ်ကျောက်တင် အစစ်ဆေးခံနိုင်တဲ့ ရွှေထည်ပစ္စည်းအတုတွေကို လာရောက်ပေါင်နှံတယ် ၊ သုံးကြိမ်မြောက် လာရောက်ပေါင်နှံတာကြောင့် မသင်္ကာလို့ အဲ့ဒီ ပစ္စည်းတွေကို ဓားသွေးကျောက် အကြမ်းကြီးပေါ် သေခြာပွတ်တိုက်ပြီး စစ်ဆေးကြည့်တဲ့အခါ ရွှေထည်ပစ္စည်းတွေက အတုဖြစ်နေတာကို သိရတယ် ၊…
Read Moreနယ်စပ်ကနေ ခိုးဝင်လာလို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားဦးရေ ဆယ်ရက်အတွင်း(၆၉)ဦးရှိ
နယ်စပ်ကနေ ခိုးဝင်လာလို့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားဦးရေ ဆယ်ရက်အတွင်း(၆၉)ဦးရှိ မူဆယ် ၊ သြဂုတ် ၁၂ – ၂၀၂၀ ကိုတိုးကြီး (VOM) မြန်မာ – တရုတ်နယ်စပ် ခိုးဝင်ပေါက်တွေကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတဲ့ တရုတ်နိုင်ငံသား အရေအတွက်ဟာ ၁၀ ရက်တာ ကာလအတွင်းမှာပဲ (၆၉) ယောက်ရှိသွားပြီဖြစ်တယ်လို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း သီတင်းပတ်က စတင်လို့ နယ်စပ် ခိုးဝင်ပေါက်တွေကနေ နေ့စဉ်လိုလို ခိုးဝင်လာတဲ့ တဖက်နိုင်ငံသားတွေများလာတယ် ၊ တရုတ်နိုင်ငံသား ဟုတ် / မဟုတ် ၊ ကူးဆက်မြန် ကပ်ရောဂါ ကိုဗစ်ပိုး ရှိ / မရှိ အရင်ဆုံး စစ်ဆေးတယ် ၊ အခြေခံ စစ်ဆေးမှုတွေလုပ်ပြီးမှ ဥပဒေအရ အရေးယူတာဖြစ်ပါတယ် ”လို့…
Read More