အလုပ်သမား ၆ ယောက် သေဆုံးတဲ့ယာဉ်တိုက်မှုမှာ ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို ပုဒ်မငါးခုနဲ့အရေးယူ

အလုပ်သမား ၆ ယောက် သေဆုံးတဲ့ယာဉ်တိုက်မှုမှာ ထွက်ပြေးနေတဲ့ ယာဉ်မောင်းကို ပုဒ်မငါးခုနဲ့အရေးယူ

ရန်ကုန်၊ သြဂုတ် ၁၃-၂၀၂၀
အေးချမ်းသူ(VOM)

ရွှေပြည်သာမြို့နယ်၊ ရေစင်မှတ်တိုင်အနီးမှာဖြစ်ပွားခဲ့တဲ့ စက်ရုံကြိုပို့ယာဉ်နှစ်စီးတိုက်မှုမှာ ထွက်ပြေးနေတဲ့ power fashion အထည်ချုပ်စက်ရုံက ယာဉ်မောင်းဖြစ်သူကို ပုဒ်မငါးခုနဲ့ အမှုဖွင့်ထားတယ်လို့ ရွှေပြည်သာမြို့မရဲစခန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ညပိုင်းက ရွှေပြည်သာမြို့နယ်၊ ရေစင်မှတ်တိုင်အနီးမှာ powerfashion အထည်ချုပ်က အလုပ်သမားကြိုပို့ယာဉ်ဟာ ဝါးတစ်ရာစက်မှုဇုန် YFM သိုးမွေးအထည်ချုပ်စက်ရုံက ယာဉ်ကိုတိုက်ခဲ့ရာ အလုပ်သမား ၆ ယောက်သေဆုံးခဲ့
ပြီး ၃၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရောင်ခြည်ဦးအလုပ်သမားရေးရာအဖွဲ့က ကိုနိူင်ဌေးလွင် က ပြောပါတယ်။

“အခင်းဖြစ်တဲ့နေ့က ညပိုင်းမှာ ၅ဦးသေတယ်၊ မနက်ပိုင်းရောက်တော့ တစ်ဦးထပ်သေတယ်။ ယာဉ်မောင်းက ထွက်ပြေးနေပါတယ်”လို့ ကိုနိုင်ဌေးလွင်က ပြောပါတယ်။

ဝါးတစ်ရာစက်မှုဇုန် YFM သိုးမွှေးစက်ရုံက အိအိစိုး ၁၅ နှစ် ၊ မကြည်ကြည်သိန်း၂၈ နှစ်၊ မမေစီ ၂၄ နှစ်၊ မမြမြမိုး၂၅ နှစ်၊ မသူဇာလွင် ၂၅ နှစ် နဲ့ မလေးလေးမြင့် ၃၂ နှစ် စုစုပေါင်းအမျိုးသမီး ၆ ယောက်သေဆုံးခဲ့တာဖြစ်ပါတယ်။

ရွှေပြည်သာမြို့မရဲစခန်းမှ power fashion အထည်ချုပ်စက်ရုံက ယာဉ်မောင်းကို ပေါ့ လျော့မှုကြောင့် လူသေမှုပုဒ်မ ၃၀၄(က)အပါအဝင် ပုဒ်မ ၃၃၇၊ ၃၃၈၊ ၂၉၄၊ ၂၀၂ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

#VoiceofMyanmar #VOM #ယာဉ်တိုက်မှု

Zawgyi

အလုပ္သမား ၆ ေယာက္ ေသဆုံးတဲ့ယာဥ္တိုက္မႈမွာ ထြက္ေျပးေနတဲ့ ယာဥ္ေမာင္းကို ပုဒ္မငါးခုနဲ႔အေရးယူ

ရန္ကုန္၊ ၾသဂုတ္ ၁၃-၂၀၂၀
ေအးခ်မ္းသူ(VOM)

ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေရစင္မွတ္တိုင္အနီးမွာျဖစ္ပြားခဲ့တဲ့ စက္႐ုံႀကိဳပို႔ယာဥ္ႏွစ္စီးတိုက္မႈမွာ ထြက္ေျပးေနတဲ့ power fashion အထည္ခ်ဳပ္စက္႐ုံက ယာဥ္ေမာင္းျဖစ္သူကို ပုဒ္မငါးခုနဲ႔ အမႈဖြင့္ထားတယ္လို႔ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၀ ရက္ေန႔ညပိုင္းက ေ႐ႊျပည္သာၿမိဳ႕နယ္၊ ေရစင္မွတ္တိုင္အနီးမွာ powerfashion အထည္ခ်ဳပ္က အလုပ္သမားႀကိဳပို႔ယာဥ္ဟာ ဝါးတစ္ရာစက္မႈဇုန္ YFM သိုးေမြးအထည္ခ်ဳပ္စက္႐ုံက ယာဥ္ကိုတိုက္ခဲ့ရာ အလုပ္သမား ၆ ေယာက္ေသဆုံးခဲ့
ၿပီး ၃၅ ဦးဒဏ္ရာရရွိခဲ့တယ္လို႔ ေရာင္ျခည္ဦးအလုပ္သမားေရးရာအဖြဲ႕က ကိုႏိူင္ေဌးလြင္ က ေျပာပါတယ္။

“အခင္းျဖစ္တဲ့ေန႔က ညပိုင္းမွာ ၅ဦးေသတယ္၊ မနက္ပိုင္းေရာက္ေတာ့ တစ္ဦးထပ္ေသတယ္။ ယာဥ္ေမာင္းက ထြက္ေျပးေနပါတယ္”လို႔ ကိုႏိုင္ေဌးလြင္က ေျပာပါတယ္။

ဝါးတစ္ရာစက္မႈဇုန္ YFM သိုးေမႊးစက္႐ုံက အိအိစိုး ၁၅ ႏွစ္ ၊ မၾကည္ၾကည္သိန္း၂၈ ႏွစ္၊ မေမစီ ၂၄ ႏွစ္၊ မျမျမမိုး၂၅ ႏွစ္၊ မသူဇာလြင္ ၂၅ ႏွစ္ နဲ႔ မေလးေလးျမင့္ ၃၂ ႏွစ္ စုစုေပါင္းအမ်ိဳးသမီး ၆ ေယာက္ေသဆုံးခဲ့တာျဖစ္ပါတယ္။

ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းမွ power fashion အထည္ခ်ဳပ္စက္႐ုံက ယာဥ္ေမာင္းကို ေပါ့ ေလ်ာ့မႈေၾကာင့္ လူေသမႈပုဒ္မ ၃၀၄(က)အပါအဝင္ ပုဒ္မ ၃၃၇၊ ၃၃၈၊ ၂၉၄၊ ၂၀၂ ပုဒ္မေတြနဲ႔ အမႈဖြင့္ထားတာျဖစ္ပါတယ္။

#VoiceofMyanmar #VOM #ယာဥ္တိုက္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW