ကိုဗစ်ကူးစက်ခံရတဲ့ ပရဟိတသမားတွေကို ခွဲခြားဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး မော်လမြိုင်က ပရဟိတခေါင်းဆောင် ကိုဘိုလိုဝင်းနဲ့ တွေ့ဆုံမေးမြန်းချက်

ကိုဗစ်ကူးစက်ခံရတဲ့ ပရဟိတသမားတွေကို ခွဲခြားဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး မော်လမြိုင်က ပရဟိတခေါင်းဆောင် ကိုဘိုလိုဝင်းနဲ့ တွေ့ဆုံမေးမြန်းချက်

နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀
ကောင်းလက်ျာ(VOM)

မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ် ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ပရဟိတအဖွဲ့နှစ်ခုက လူငယ် ၄ ဦးရဲ့ မိသားစုဝင်တွေနဲ့ ပရဟိတလုပ်ကိုင်နေသူတွေရဲ့မိသားစုတွေကို ခွဲခြားဆက်ဆံမှုတွေ ကန့်သတ်ချုပ်ချယ်မ‌ှုတွေကို သူတို့နေထိုင်ရာ ရပ်ကွက်‌ဒေသခံအချို့က ပြုလုပ်နေတယ်ဆိုတဲ့ ပြဿနာနဲ့ပတ်သက်ပြီး မော်လမြိုင်မြို့ဘိုဘိုဝင်းလူမှုကယ်‌ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးဘိုဘိုဝင်းကို Voice Of Myanmarသတင်းထောက် ကိုကောင်းလက်ျာက မေးမြန်းထားတာဖြစ်ပါတယ်။

VOM- မော်လမြိုင်မှာ ကိုဗစ်ပိုးတွေ့တဲ့ ပရဟိတလုပ်ကိုင်နေသူ လူငယ် ၄ ဦးရဲ့ မိသားစုဝင်တွေကို ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှုတွလုပ်နေတဲ့ကိစ္စကို ရှင်းပြပေးပါ

BBW – အခု ကလေးတွေက ဆေးရုံမှာ ကု‌သနေရတယ်။ ဒီကလေးတွေက ရောဂါဝေဒနာရှင်နဲ့ထိတွေ့ရာက ကူးစက်ခံထားရသူတွေပါ။ ဒါကို ပတ်ဝန်းကျင်က သူတို့မိသားစု‌ဝင်တွေကို ခွဲခြားဆက်ဆံမှုတွေလုပ်လာတယ်။အခုပြ ဿနာက ကျန်းမာရေးဌာနက ညွန်ကြားတာမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်က လုပ်လာတာပါ။

VOM-ဘယ်လိုခွဲခြားဆက်ဆံမှုတွေလုပ်သလဲ

BBW-ပရဟိတလုပ်ကိုင်‌နေသူ‌တွေရဲ့မိသားစုဝင်ချို့က အလုပ်သွား၊ အလုပ်ပြန်လုပ်တာတွေကို မလုပ်ရဘူး။ အပြင်သွားလာလို့မရတာတွေလုပ်လာတယ်။ ပိုးတွေ့ထားတဲ့ ကလေးတွေရဲ့မိသားစုကလည်း စတေဟုမ်းနေကြရသူတွေပါ။ ပရဟိတလုပ်ကိုင်နေသူတွေကို ဦးတည်ပြောဆိုလာတာ ဝေဖန်လာတာ ကန့်သတ်လာတာမျိုးလုပ်လာတယ်။

VOM- အကိုတို့လို ရောဂါပိုးမရှိတဲ့ ပရဟိတသမားတွေကိုရော ဘယ်လို ဆက်ဆံလာကြသေးလဲ

BBW-ကျွန်တော်တို့ကိုယ်တိုင် အခု တက္ကသိုလ်ထဲက အဆောင်မှာကျူဝင်နေတာပါ။ အသင်းရုံးမှာကျန်ခဲ့တဲ့ ထမင်းချက်အဒေါ်ကြီးက ထမင်လိုက်ပို့တာကိုတောင် တားမြစ်တာမျိုး
လုပ်လာကြတယ်။ နောက်တစ်ခုက ပရဟိတအဖွဲ့ဝင်တွေရဲ့ မိသားစုတွေက အလုပ်‌ထွက် မလုပ်ကြရင် ဘယ်လိုဖြစ်မလဲ တွေးသားကြည်‌့တော့။

VOM-ဒီလိုလုပ်လာကြတဲ့အပေါ် ပရဟိတသမားတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ

BBW- ဝမ်းနည်းစိတ်မကောင်းဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတွေက ကိုယ်ကျိုးအတ္တတွက်လုပ်နေကြသူတွေ မဟုတ်ပါဘူး။ ခွဲခြားဆက်ဆံမှုတွေမလုပ်ဖို့ ဖေးမကူညီပေးဖို့ တောင်ဆိုပါတယ်။

VOM-ဒီလိုခွဲခြားဆက်ဆံမှုတွေလုပ်လာရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ

BBW-ဒီလိုခွဲခြားဆက်ဆံခံရတဲ့အခါ နောက်လုပ်ကြကိုင်ကြရမယ့် ပရဟိတလုပ်ကိုင်သူတွေ နောက်တွန့်လာနိုင်သလို အခုလက်ရှိဆေးရုံမှာ ကုသမှုခံယူနေရတဲ့ ကလေးငယ်လေးတွေဆို ဘယ်လောက် အားငယ် စိတ်ဓါတ်ကျသွားမလဲဆိုတာ နားလည်သူတိုင်းသိပါတယ်။ကျန်းမာရေးညွန်ကြားချက်အတိုင်း လိုက်နာနေသ၍ ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့ ဒီနေ
ရာက မေတ္တာရပ်ခံပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင် #လူမူကယ်ဆယ်ရေး #ခွဲခြားဆက်ဆံမှု

Zawgyi

ကိုဗစ္ကူးစက္ခံရတဲ့ ပရဟိတသမားေတြကို ခြဲျခားဆက္ဆံခံေနရတာနဲ႔ ပတ္သက္ၿပီး ေမာ္လၿမိဳင္က ပရဟိတေခါင္းေဆာင္ ကိုဘိုလိုဝင္းနဲ႔ ေတြ႕ဆံုေမးျမန္းခ်က္

ေနျပည္ေတာ္၊ စက္တင္ဘာ ၃-၂၀၂၀
ေကာင္းလက္်ာ(VOM)

ေမာ္လၿမိဳင္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ကိုဗစ္ ေရာဂါပိုး ကူးစက္ခံခဲ့ရတဲ့ ပရဟိတအဖြဲ႕ႏွစ္ခုက လူငယ္ ၄ ဦးရဲ႕ မိသားစုဝင္ေတြနဲ႔ ပရဟိတလုပ္ကိုင္ေနသူေတြရဲ႕မိသားစုေတြကို ခြဲျခားဆက္ဆံမႈေတြ ကန႔္သတ္ခ်ဳပ္ခ်ယ္မ‌ႈေတြကို သူတို႔ေနထိုင္ရာ ရပ္ကြက္‌ေဒသခံအခ်ိဳ႕က ျပဳလုပ္ေနတယ္ဆိုတဲ့ ျပႆနာနဲ႔ပတ္သက္ၿပီး ေမာ္လၿမိဳင္ၿမိဳ႕ဘိုဘိုဝင္းလူမႈကယ္‌ဆယ္ေရးအဖြဲ႕ေခါင္းေဆာင္ ဦးဘိုဘိုဝင္းကို Voice Of Myanmarသတင္းေထာက္ ကိုေကာင္းလက္်ာက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ေမာ္လၿမိဳင္မွာ ကိုဗစ္ပိုးေတြ႕တဲ့ ပရဟိတလုပ္ကိုင္ေနသူ လူငယ္ ၄ ဦးရဲ႕ မိသားစုဝင္ေတြကို ပတ္ဝန္းက်င္က ခြဲျခားဆက္ဆံမႈတြလုပ္ေနတဲ့ကိစၥကို ရွင္းျပေပးပါ

BBW – အခု ကေလးေတြက ေဆး႐ုံမွာ ကု‌သေနရတယ္။ ဒီကေလးေတြက ေရာဂါေဝဒနာရွင္နဲ႔ထိေတြ႕ရာက ကူးစက္ခံထားရသူေတြပါ။ ဒါကို ပတ္ဝန္းက်င္က သူတို႔မိသားစု‌ဝင္ေတြကို ခြဲျခားဆက္ဆံမႈေတြလုပ္လာတယ္။အခုျပ ႆနာက က်န္းမာေရးဌာနက ၫြန္ၾကားတာမ်ိဳးမဟုတ္ဘဲ ပတ္ဝန္းက်င္က လုပ္လာတာပါ။

VOM-ဘယ္လိုခြဲျခားဆက္ဆံမႈေတြလုပ္သလဲ

BBW-ပရဟိတလုပ္ကိုင္‌ေနသူ‌ေတြရဲ႕မိသားစုဝင္ခ်ိဳ႕က အလုပ္သြား၊ အလုပ္ျပန္လုပ္တာေတြကို မလုပ္ရဘူး။ အျပင္သြားလာလို႔မရတာေတြလုပ္လာတယ္။ ပိုးေတြ႕ထားတဲ့ ကေလးေတြရဲ႕မိသားစုကလည္း စေတဟုမ္းေနၾကရသူေတြပါ။ ပရဟိတလုပ္ကိုင္ေနသူေတြကို ဦးတည္ေျပာဆိုလာတာ ေဝဖန္လာတာ ကန႔္သတ္လာတာမ်ိဳးလုပ္လာတယ္။

VOM- အကိုတို႔လို ေရာဂါပိုးမရွိတဲ့ ပရဟိတသမားေတြကိုေရာ ဘယ္လို ဆက္ဆံလာၾကေသးလဲ

BBW-ကြၽန္ေတာ္တို႔ကိုယ္တိုင္ အခု တကၠသိုလ္ထဲက အေဆာင္မွာက်ဴဝင္ေနတာပါ။ အသင္း႐ုံးမွာက်န္ခဲ့တဲ့ ထမင္းခ်က္အေဒၚႀကီးက ထမင္လိုက္ပို႔တာကိုေတာင္ တားျမစ္တာမ်ိဳး
လုပ္လာၾကတယ္။ ေနာက္တစ္ခုက ပရဟိတအဖြဲ႕ဝင္ေတြရဲ႕ မိသားစုေတြက အလုပ္‌ထြက္ မလုပ္ၾကရင္ ဘယ္လိုျဖစ္မလဲ ေတြးသားၾကည္‌့ေတာ့။

VOM-ဒီလိုလုပ္လာၾကတဲ့အေပၚ ပရဟိတသမားတစ္ေယာက္အေနနဲ႔ ဘယ္လိုခံစားရလဲ

BBW- ဝမ္းနည္းစိတ္မေကာင္းျဖစ္ပါတယ္။ ပရဟိတလုပ္ငန္းလုပ္ကိုင္ေနသူေတြက ကိုယ္က်ိဳးအတၱတြက္လုပ္ေနၾကသူေတြ မဟုတ္ပါဘူး။ ခြဲျခားဆက္ဆံမႈေတြမလုပ္ဖို႔ ေဖးမကူညီေပးဖို႔ ေတာင္ဆိုပါတယ္။

VOM-ဒီလိုခြဲျခားဆက္ဆံမႈေတြလုပ္လာရင္ ေနာက္ဆက္တြဲ ဘာေတြျဖစ္လာႏိုင္မလဲ

BBW-ဒီလိုခြဲျခားဆက္ဆံခံရတဲ့အခါ ေနာက္လုပ္ၾကကိုင္ၾကရမယ့္ ပရဟိတလုပ္ကိုင္သူေတြ ေနာက္တြန႔္လာႏိုင္သလို အခုလက္ရွိေဆး႐ုံမွာ ကုသမႈခံယူေနရတဲ့ ကေလးငယ္ေလးေတြဆို ဘယ္ေလာက္ အားငယ္ စိတ္ဓါတ္က်သြားမလဲဆိုတာ နားလည္သူတိုင္းသိပါတယ္။က်န္းမာေရးၫြန္ၾကားခ်က္အတိုင္း လိုက္နာေနသ၍ ခြဲျခားဆက္ဆံမႈေတြ မလုပ္ဖို႔ ဒီေန
ရာက ေမတၱာရပ္ခံပါတယ္။

#voiceofmyanmar #VOM #ေမာ္လၿမိဳင္ #လူမူကယ္ဆယ္ေရး #ခြဲျခားဆက္ဆံမႈ

Related posts

Leave a Comment

VOM News

FREE
VIEW