ကိုဗစ်လူနာအမှတ်-၇၈၈နဲ့ လေယာဉ်တစီးထဲ စီးလာသူတွေကို ကွာရန်တင်းပြုလုပ်ထားရ

ကိုဗစ်လူနာအမှတ်-၇၈၈နဲ့ လေယာဉ်တစီးထဲ စီးလာသူတွေကို ကွာရန်တင်းပြုလုပ်ထားရ ဖားကန့် ၊ စက်တင်ဘာ ၃-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာက ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (Covid-19)ပိုးတွေ့လူနာနဲ့အတူ လေယာဉ်စီးခဲ့သူတွေကို စက်တင်ဘာ ၂ရက်နေ့က နေအိမ်ကနေခေါ်ယူပြီး ကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့တယ်လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ် ။ လူနာအမှတ်-၇၈၈ နဲ့လေယာဉ်တစီးထဲစီးခဲ့သူဟာ ဖားကန့်မြို့ နယ်၊ ဆိပ်မူအုပ်စု၊ နမ့်မှော်ကျေးရွာမှာ နေထိုင်သူ မိသားစု ၄ ဦးဖြစ်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။ စက်တင်ဘာ ၂ရက်နေ့က လူနာအမှတ်-၇၈၈ နဲ့လေယာဉ်အတူစီးခဲ့သူ မိသားစု ၄ ဦးအပါအဝင် တအိမ်ထဲအတူနေထိုင်သူ (၅)ဦး စုစုပေါင်း (၉)ဦးကို သက်ဆိုင်ရာက ခေါ်ယူပြီး ဆိပ်မူကျေးရွာရှိ တရုတ်ဘုံကျောင်းမှာ Facility Quarantine ထားရှိလိုက်ပြီဖြစ်တယ်လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။…

Read More

ကိုဗစ်ကာလ ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ 4G အင်တာနက်ဖွင့်ပေးဖို့ တောင်းဆို

ကိုဗစ်ကာလ ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ 4G အင်တာနက်ဖွင့်ပေးဖို့ တောင်းဆို စစ်တွေ၊ စက်တင်ဘာ ၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ရောဂါကူးစပ်မှု တစ်နေ့တစ်ခြားမြင့်တက်လာတာကြောင့် ရောဂါနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့အတွက် ရောဂါကူးစပ်မှုမြင့်တက်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ မြန်နှုန်းမြင့် 4G အင်တာနက်ဖွင့်ပေးဖို့ ဒေသခံတွေနဲ့ လှုပ်ရှားသူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကိုဗစ်ကူးစပ်မှုမြှင့်တက်နေတဲ့ ပြည်နယ်မြို့တော်စစ်တွေမှာ အင်တာနက်လိုင်းတွေကောင်းမွန်စွာအသုံးပြုနိုင်ပေမယ့် ရောဂါပိုးကူးစပ်မှုတွေမြင့်တက်နေတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ်တော်တော်များများမှာ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖွင့်ပေးထားတဲ့ 2G အင်တာနက်လိုင်းတွေဟာ အသုံးပြုလို့မရကြောင်းနဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သတ်ပြီးစိုးရိမ်မှုရှိတဲ့အတွက် အင်တာနက်လိုင်းတွေကို ကောင်းမွန်စွာ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ တောင်ဆိုနေကြတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အနက် (၁၆) မြို့နယ်မှာ ကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာတွေ တွေ့ရှိထားတာဖြစ်ပြီး ရမ်းဗြဲမြို့နယ်တစ်ခုတည်းမှာသာ ကိုဗစ်အတည်ပြုလူနာမတွေ့ရှိသေးတာဖြစ်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ရာနဲ့ချီတိုးလာနေတဲ့…

Read More

ရန်ကုန်ကနေ ထိုင်းနိုင်ငံကိုအလုပ်သွားလုပ်မယ့် နိုင်ငံသားအထောက်အထားမဲ့သူတွေကို မြဝတီမှာဖမ်းမိ

ရန်ကုန်ကနေ ထိုင်းနိုင်ငံကိုအလုပ်သွားလုပ်မယ့် နိုင်ငံသားအထောက်အထားမဲ့သူတွေကို မြဝတီမှာဖမ်းမိ မြဝတီ ၊ စက်တင်ဘာ ၃-၂၀၂၀ သူရိန်(VOM) ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက် ရန်ကုန်မြို့ကတဆင့် မြဝတီမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးကို မနေ့ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကိုသွားဖို့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကတဆင့် စစ်တွေမြို့နဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့မှာ အဆင့်ဆင့်နေထိုင်ခဲ့ပြီး မြဝတီမြို့ကို ရောက်ရှိနေထိုင်တဲ့ နိုင်ငံသားအထောက်အထားမဲ့သူ(၇)ဦးကို မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းရှိ နေအိမ်တန်းလျားတစ်ခုမှာ သက်ဆိုင်ရာကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေအိမ်တန်းလျားမှာ ငှားရမ်းနေထိုင်သူ မောင်ထွန်းနိုင်(ခ)ရမ်ရတ်(ခ်) ၂၇ နှစ် ယာဉ်မောင်းလုပ်ကိုင်သူရဲ့တန်းလျားအခန်းမှာ ရခိုင်ပြည်နယ်ဘက်က နိုင်ငံသားအထောက်အထားမဲ့သူတွေ လာရောက်နေထိုင်တယ်လို့ သတင်းရတဲ့အတွက် မြဝတီမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကနေလာတဲ့…

Read More

နေပြည်တော်ကို ကိုဗစ်ရောဂါကာကွယ်မှုအတွက် အသွားအလာတင်းကြပ်ထားပြီး Swabအဖြေရမှသာ သွားလာခွင့်ရမယ်

နေပြည်တော်ကို ကိုဗစ်ရောဂါကာကွယ်မှုအတွက် အသွားအလာတင်းကြပ်ထားပြီး Swabအဖြေရမှသာ သွားလာခွင့်ရမယ် နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀ ကိုလတ် (VOM) ကိုဗစ်ရောဂါကာကွယ်မှုအတွက် နေပြည်တော် ဝင်လာသူတွေကို Quarantine ဝင်ခိုင်းပြီးသူတို့ရဲ့ နှာခေါင်း အာခေါင် တို့ဖတ်နာမူနာ (Swab) ရယူစစ်ဆေးထားတဲ့အဖြေပေါ်မူတည်ကာ သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။ “နေပြည်တော်ထဲကို ဝင်ရောက်လာတဲ့ ပြည်သူလူထုဟာ ဘယ်ကပဲ လာတာဖြစ်စေ ပထမဆုံးအနေဖြင့် နေပြည်တော်ထဲ သတ်မှတ်ထားတဲ့ Quarantine စင်တာမှာ နှာခေါင်း အာခေါင် တု့ိဖတ် Swab နမူနာယူရမှာဖြစ်တယ်။ အဲ့ Swab နမူနာရရှိတဲ့ အဖြေပေါ်မှာ မူတည်ပြီး သူတို့သွားရောက်ဆောင်ရွက်လိုတဲ့ လုပ်ငန်းနေရာနဲ့ အခြားသွားရောက်လိုတဲ့ နေရာတွေကို ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်”လို့ ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ပြောပါတယ်။ အဲ့ဒီလို Q ဝင်ချိန်ကာလအတွင်းနဲ့ Swab အတွက် ကုန်ကျစရိတ်ကိုလည်း ကိုယ်တိုင်ကျခံရမှာဖြစ်ပြီး Swabအတွက် ကုန်ကျစရိတ် ၂…

Read More

အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၆၇၀သာ ရရှိတဲ့အတွက် အလုပ်သမားတွေနစ်နာကြေး တစ်ဝက်သာရရှိ

အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၆၇၀သာ ရရှိတဲ့အတွက် အလုပ်သမားတွေနစ်နာကြေး တစ်ဝက်သာရရှိ ရန်ကုန်၊စက်တင်ဘာ ၃၊၂၀၂၀ အေးချမ်းသူ(VOM) အလုပ်ရှင်ထွက်ပြေးသွားတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ Myanmar Royal Apolloအထည်ချုပ်စက်ရုံကို ဒီကနေ့မနက်ပိုင်းက လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်း၆၇၀သာရရှိတဲ့အတွက် အလုပ်သမားတွေနစ်နာကြေး တစ်ဝက်သာရရှိခဲ့တယ်လို့ အဲ့ဒီစက်ရုံကအလုပ်သမားတွေကပြောပါတယ်။ အဲ့ဒီအထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်ဦးမင်းဆွေဦးပြောပြတာကတော့ “ကိုဗစ်ကာလလည်းဖြစ်နေတယ်၊ အဆင်မပြေဘူး၊ လေလံကလည်း ဒီထက်ဈေးက ထပ်တိုးတောင်းလို့မရတော့ဘူး။ ပထမလေလံပွဲကို ဖျက်မလို့ ပြန်စဉ်းစားတော့ ဖျက်လိုက်ရင်လည်း ကိုယ်တွေပဲနစ်နာမှာ”လို့ ပြောပါတယ်။ Myanmar Royal Apoloအထည်ချုပ်စက်ရုံက လေလံတင်ရောင်းချခဲ့တဲ့ပစွည်းတွေကတော့ အပ်ချုပ်စက်များ၊ pattemစက်များ၊ အခြားစက်ပစွည်များနဲ့ အထွေထွေပစွည်းများ စုစုပေါင်း ၃၄၈၅ခုကို သိန်း၆၇၀နဲ့ လေလံတင်ရောင်းချခဲ့တာဖြစ်တယ်လို့ ဦးမင်းဆွေဦးကပြောပါတယ်။ ရောင်းချရရှိတဲ့ငွေဟာ အလုပ်သမားဦးရေ ၅၀၀ရရှိမယ့် နစ်နာကြေးရဲ့တစ်ဝက်သာရှိခဲ့တဲ့အတွက် လေလံပွဲကိုဖျက်ဖို့စီစဉ်ခဲ့ပေမယ့်လည်း ပြန်လည်ညိုနှိုင်းမှုကြောင့် ပြေလည်ခဲ့တာဖြစ်ပါတယ်။ ကနဦးအနေနဲ့ အလုပ်သမားတွေကို ငွေသိန်း ၇၀ကျပ်ပေးခဲ့ပြီး ကျန်တဲ့ငွေ သိန်း၆၀၀…

Read More

ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲတယ်လို့ သမ္မတအမိန့်ထုတ်

ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲတယ်လို့ သမ္မတအမိန့်ထုတ် နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀ Voice Of Myanmar ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို မြေယာနဲ့စက်ယန္တယားဝယ်ယူရေးကိစ္စတွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ စွပ်စွဲပြစ်တင်တဲ့ကိစ္စ စုံစမ်းစစ်‌ဆေးမှုအပြီးမှာ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ခူးသဲရယ် က ပြောပါတယ်။ ” နိုင်ငံတော်သမ္မတရုံးက စာပေးပို့လိုက်တာ၊ နေ့လည်ကရပြီ။ အခြေခံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ၂၆၃ ပုဒ်မခွဲ(၅) ၊ ပုဒ်မခွဲငယ် (၂)အရ ရာထူးကရပ်စဲလိုက်တာပါ”လို့ ခူးသဲရယ်ကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝန်ကြီးချုပ်က လာရောက်စစ်ဆေးမှုမခံပေမယ့် စုံစမ်းမှုများပြီးသွားချိန် စက်တင်ဘာ ၁ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက် မဲ ၄ မဲ၊ ‌ထောက်ခံမဲ၁၄ မဲနဲ့အတည်ပြုခဲ့တာကြောင့် တာဝန်ကရပ်ဆိုင်းဖို့ သမ္မတကို တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုရဲ့ လူမူကွန်ယက်စာမျက်နှာမှာတော့…

Read More

အိုင်စီစီရှေ့နေချုပ်နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန်အရေးယူပိတ်ဆို့

အိုင်စီစီရှေ့နေချုပ်နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန်အရေးယူပိတ်ဆို့ ဝါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်အစိုးရဟာ အိုင်စီစီရှေ့နေချုပ်နဲ့ Fatou Bensouda အပါအဝင် တရားရုံးက အခြားထိပ်တန်းတာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်ပါတယ်။ အိုင်စီစီဟာ အမေရိကန်နိုင်ငံသားတွေအပေါ် တရားစီရင်ဖို့ တရားမဝင်ကြိုးစားအားထုတ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲထားပါတယ်။ သည်ဟိဂ်အခြေစိုက် အိုင်စီစီတရားရုံးဟာ အာဖဂန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းရှိမရှိကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်။ တရားရုံးကို စတင်ဖွဲ့စည်းစဉ်ကတည်းက တရားရုံးအပေါ် အမေရိကန်က ဝေဖန်မှုတွေပြုခဲ့ပြီး အမေရိကန်ဟာ အိုင်စီစီအဖွဲ့ဝင်မထားတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေဟာ အဆိုးရွားဆုံးရာဇဝတ်မှုတွေကို ကျူးလွန်ခံထားရသူတွေအတွက် တရားမျှတမှုရှိအောင်လုပ်ဆောင်ရေး အမေရိကန်ရဲ့ကတိကဝတ်တွေအပေါ် ရှက်ဖွယ်လိလိဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထိပ်တန်းအကြံပေးBalkees Jarrah ကဝေဖန်ပြောဆိုပါတယ်။ အိုင်စီစီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ဖို့နဲ့ သူတို့ကို နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ဖို့ ခွင့်ပြုထားတဲ့အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း ဇွန်လအတွင်းမှာ အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Ref…

Read More

ကိုဗစ်ကူးစက်ခံရတဲ့ ပရဟိတသမားတွေကို ခွဲခြားဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး မော်လမြိုင်က ပရဟိတခေါင်းဆောင် ကိုဘိုလိုဝင်းနဲ့ တွေ့ဆုံမေးမြန်းချက်

ကိုဗစ်ကူးစက်ခံရတဲ့ ပရဟိတသမားတွေကို ခွဲခြားဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး မော်လမြိုင်က ပရဟိတခေါင်းဆောင် ကိုဘိုလိုဝင်းနဲ့ တွေ့ဆုံမေးမြန်းချက် နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀ ကောင်းလက်ျာ(VOM) မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ် ရောဂါပိုး ကူးစက်ခံခဲ့ရတဲ့ ပရဟိတအဖွဲ့နှစ်ခုက လူငယ် ၄ ဦးရဲ့ မိသားစုဝင်တွေနဲ့ ပရဟိတလုပ်ကိုင်နေသူတွေရဲ့မိသားစုတွေကို ခွဲခြားဆက်ဆံမှုတွေ ကန့်သတ်ချုပ်ချယ်မ‌ှုတွေကို သူတို့နေထိုင်ရာ ရပ်ကွက်‌ဒေသခံအချို့က ပြုလုပ်နေတယ်ဆိုတဲ့ ပြဿနာနဲ့ပတ်သက်ပြီး မော်လမြိုင်မြို့ဘိုဘိုဝင်းလူမှုကယ်‌ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးဘိုဘိုဝင်းကို Voice Of Myanmarသတင်းထောက် ကိုကောင်းလက်ျာက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- မော်လမြိုင်မှာ ကိုဗစ်ပိုးတွေ့တဲ့ ပရဟိတလုပ်ကိုင်နေသူ လူငယ် ၄ ဦးရဲ့ မိသားစုဝင်တွေကို ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှုတွလုပ်နေတဲ့ကိစ္စကို ရှင်းပြပေးပါ BBW – အခု ကလေးတွေက ဆေးရုံမှာ ကု‌သနေရတယ်။ ဒီကလေးတွေက ရောဂါဝေဒနာရှင်နဲ့ထိတွေ့ရာက ကူးစက်ခံထားရသူတွေပါ။ ဒါကို ပတ်ဝန်းကျင်က သူတို့မိသားစု‌ဝင်တွေကို ခွဲခြားဆက်ဆံမှုတွေလုပ်လာတယ်။အခုပြ…

Read More

ဂျပန်နိုင်ငံကပြည်သူတွေကို အိုလံပစ်ပွဲမကျင်းပခင် COVID-19ကာကွယ်ဆေးထိုးပေးဖို့စီစဉ်

ဂျပန်နိုင်ငံကပြည်သူတွေကို အိုလံပစ်ပွဲမကျင်းပခင် COVID-19ကာကွယ်ဆေးထိုးပေးဖို့စီစဉ် စက်တင်ဘာလ ၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ဂျပန်အစိုးရက COVID-19ကာကွယ်ဆေးထိုးချင်တဲ့ နိုင်ငံသားတွေကို အခမဲ့ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပြီး အစိုးရကနေ သက်ကြီးရွယ်သူ နဲ့ ဆေးသက်ဆိုင်ရာဝန်ထမ်းများကို ဦးစားပေး ထိုးပေးသွားမှာဖြစ်တယ်လို့ South China Morning Postသတင်းဌာနကနေ ဖော်ပြထားတာဖြစ်ပါတယ်။ အဲ့ဒီလို ဦးစားပေးသူတွေကို ဆေးထိုးပေးပြီးနောက်ပိုင်းမှာ ကျန်တဲ့လူတွေကို ထက်ထိုးပေးမှာဖြစ်ပြီး တက်နိုင်သမျှ နိုင်ငံအတွင်းကလူတွေကို ကိုယ်ခံစွမ်းအားအမြန်ရရှိနိုင်ဖို့ အစိုးရကကုန်ကျစရိတ်ခံပြီး ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှ ကူးစက်ရောဂါဗေဒပညာရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေဟာ အစိုးရ ဦး ဆောင်တဲ့ အထူးအစည်းအဝေးတွေမှာ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကိုဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ ဂျပန်နိုင်ငံအစိုးရက အမေရိကန်ရဲ့ Pfizerဆေးကုမ္ပဏီ ၊ ဗြီတိန် ရဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတွေနဲ့ ညှိနိုင်းပြီး ၂၀၂၁မှာကျင်းပမယ့် ဂျပန်နိုင်ငံရဲ့ အိုလံပစ်ပွဲ မကျင်းပခင်အချိန်မှာ ပြည်သူတွေကို COVID-19ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အိုလံပစ်ပွဲဟာ လာမယ့်…

Read More

ရန်ကုန်မြို့က Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချခွင့်ပြု

ရန်ကုန်မြို့က Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချခွင့်ပြု ရန်ကုန် ၊ စက်တင်ဘာ ၃-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်တိုင်းအတွင်းရှိ Stay at Homeအဖြစ်သက်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်အဖြစ်နဲ့သာ ပြန်လည်ရောင်းချဖို့ မေတ္တာရပ်ခံထားတယ်လို့ Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOM ကိုပြောပါတယ်။ ” လက်ဖက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေကို ပါဆယ်ပဲရောင်းဖို့အတွက် မေတ္တာရပ်ခံထားတာပါ။ ဘယ်လောက်ကာလ ကြာမယ်ဆိုတာတော့ပြောမရသေးပါဘူး။ အမိန့်တစ်ရပ်အနေနဲ့ဆိုင်တွေကရောင်းမယ်ဆိုရင် ဖမ်းမယ်မဟုတ်ပါဘူး မေတ္တာရပ်ခံတာပါ ။ ဒီနေ့မှ အစဆိုတော့ တချို့ဆိုင်တွေက ကျန်နေအုံးမှာပါ ။ တဖြေးဖြေးချင်းဖြစ်လာမှာပါ ။ဗဟိုကနေပြီး Stay at Home လွတ်ပြီဆိုမှ ပုံမှန်ပြန်ဖြစ်မှာပါ”လို့ ဒေါက်တာကျော်စွာဦးကပြောပါတယ်။ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနဟာ လတ်တလောပြန်လည်ဖြစ်ပွားနေတဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါ…

Read More
VOM News

FREE
VIEW